top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at 3C of 77th UNGA on Agenda Item 64: Rights of Children




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of 77th Session of UNGA on Agenda Item 64: Rights of Children - General Discussion, held on 10 October 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးတွင် ကလေးသူငယ်များအခွင့်အရေးနှင့် စပ်လျဉ်း၍ ကလေးသူငယ်များ၏ အသက်နှင့်အခွင့်အရေးများကို ကာကွယ်ပေးသည့်ဆောင်ရွက်ချက်များအပါအဝင် မြန်ဆန်ပြတ်သားသည့် ဆောင်ရွက်ချက်များ နိုင်ငံတကာအသိုက်အဝန်းက ထိရောက်စွာပြုလုပ်ရန်လိုအပ်ကြောင်း ပြောကြား


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်)

၁။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ ၏ ကလေးသူငယ်များအခွင့်အရေး ဘာသာရပ်ခေါင်းစဉ်ဖြင့် ဆွေးနွေးမှု၌ အထွေထွေမိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့ပါသည်။


၂။ ထိုသို့ပြောကြားခဲ့သည့် မိန့်ခွန်း၌ အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) ကမ္ဘာအနှံ့အပြား၌ ဖြစ်ပွားလျက်ရှိသည့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရချိန်တွင် ကလေးသူငယ်များ အနေဖြင့် ၎င်းတို့၏အခြေခံအခွင့်အရေးများကို ဖိနှိပ်ချိုးဖောက်ခံရခြင်းမရှိဘဲ အပြည့်အဝခံစားနိုင်ရေး လေးနက်ပြတ်သားသည့် အာမခံချက်များ ရရှိသင့်ကြောင်း၊


(ခ) မြန်မာနိုင်ငံမှ ကလေးသူငယ်များအတွက်မူ ယင်းသို့ ကာကွယ်ပေးမှုမျိုး မရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် စစ်တပ်မှ တရားမဝင်အာဏာသိမ်းရန်ကြိုးပမ်းမှု၏ နောက်ဆက်တွဲအနေဖြင့် အကြမ်းဖက်စစ်တပ်ကြောင့် ကလေးသူငယ်များသည် အသက်အန္တရာယ်၊ လွတ်လပ်ခွင့်ကန့်သတ်ခံရခြင်းနှင့် အခွင့်အရေးများဖိနှိပ် ခံရခြင်းတို့ကို ကြုံတွေ့နေရကြောင်း၊


(ဂ) ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့အထိ အရပ်သားပြည်သူ ၂၃၃၈ ဦး သည် အကြမ်းဖက် စစ်တပ်၏ ရက်စက်စွာသတ်ဖြတ်ခြင်း ခံရပြီးဖြစ်ကြောင်း၊ ယင်းတို့မှ (၉၁) ဦး သည် အသက် (၁၄) နှစ် အောက် ကလေးငယ်များဖြစ်ပြီး၊ (၂၀၉) ဦး မှာ အသက် (၁၅) မှ (၁၉) နှစ် အကြား လူငယ်များဖြစ်ကြောင်း၊


(ဃ) ကလေးသူငယ်များသည် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များတွင် အဓိကပစ်မှတ်ထားခံနေရ ကြောင်း၊ ဥပမာအဖြစ်ပြောရပါက ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းတွင် အသက် (၃) နှစ် (၃) လ အရွယ် ကလေးငယ်သည် ၎င်း၏ မိခင်၊ အဖွားဖြစ်သူတို့နှင့်အတူ ထောင်ဒဏ် (၃) နှစ် ချခံခဲ့ရကြောင်း၊ ယင်းသို့ (၃) နှစ် (၃) လ အရွယ် ကလေးငယ်အနေဖြင့် ရာဇဝတ်သားတစ်ဦးကဲ့သို့ ဆက်ဆံခံနေရသည့်အချိန်တွင် မိမိတို့အနေဖြင့် မည်သည့်ဆောင်ရွက်မှုမျှမရှိဘဲ ဘေးတွင်ဆိတ်ဆိတ်ထိုင်နေနိုင်ခြင်းမျိုး လုပ်နေနိုင်မည်ကို သဘာပတိနှင့် ကိုယ်စားလှယ်များကို မေးခွန်းထုတ်လိုပါကြောင်း၊


(င) အခြားဥပမာတစ်ခုအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့က အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ယက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ရပ်ရွာအခြေပြု စာသင်ကျောင်းကို ဗုံးကြဲခဲ့ကြောင်း၊ ယင်းကြောင့် အပြစ်မဲ့ကျောင်းသားများစွာ ရက်ရက်စက်စက်သေဆုံး ခဲ့ရပြီး၊ ၎င်းတို့၏ အလောင်းများကိုလည်း မိဘများထံ ပြန်မပေးခဲ့ကြောင်း၊ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သော ဆရာမများနှင့် ကျောင်းသားများကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း၊


(စ) စစ်တပ်အနေဖြင့် ကျောင်းဆရာ/ ဆရာမများစွာကို ဖမ်းဆီးခြင်းနှင့် နိုင်ငံအနှံ့အပြားရှိ ကျောင်း များတွင် တပ်စွဲခြင်းများ ပြုလုပ်ကြောင်း၊ ယင်းလုပ်ရပ်များသည် ပညာသင်ကြားခွင့် အခွင့်အရေးကို ချိုးဖောက်သည့်အပြင် အစစ်အမှန်ပညာသင်ကြားမှုလမ်းကြောင်းတွင် ကြီးမားသည့်အတားအဆီးများ ဖန်တီးဖြစ်ပေါ်စေကြောင်း၊


(ဆ) အခြားတစ်ဖက်တွင်မူ အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာနိုင်ငံအတွင်းရှိ ကလေးငယ်များ အနေဖြင့် ၎င်းတို့၏ မူပိုင်အခွင့်အရေးများကို ကောင်းမွန်သေချာစွာ ရရှိခံစားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဦးစားပေးလုပ်ငန်းများအနေဖြင့် ထိန်းသိမ်းခံထားရသော အသက်မပြည့်သေး သူများအား အကာအကွယ်ပေးခြင်း၊ ဆန္ဒပြပွဲများအတွင်း အသက်သေဆုံးသွားသော သို့မဟုတ် ဒဏ်ရာရရှိသည့် ကလေးသူငယ်များအား ကူညီပေးခြင်း၊ အကျဉ်းထောင်အတွင်း သို့မဟုတ် ပုန်းအောင်း နေရသည့် အမျိုးသမီးများ၊ လူငယ်များနှင့် ကလေးငယ်များအတွက် ဥပဒေနှင့် ငွေကြေးဆိုင်ရာထောက်ပံ့မှု များပေးခြင်း၊ ကလေးသူငယ်အခွင့်အရေးအပါအဝင် အခြေခံအခွင့်အရေးများနှင့် စပ်လျဉ်း၍ အကြံပေးခြင်း နှင့် အသိပညာပေးခြင်းစသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊


(ဇ) ပြီးခဲ့သည့် ရက်ပေါင်း ၆၀၀ ကျော်အတွင်း နိုင်ငံတကာအသိုက်အဝန်းထံမှ ရံဖန်ရံခါထွက်ပေါ် လာတတ်သည့် အချို့မိန့်ခွန်းများ၊ ရှုတ်ချမှုများနှင့် တောင်းဆိုမှုများရှိခဲ့သော်လည်း အကြမ်းဖက်စစ်တပ် အနေဖြင့် ပြစ်မှုကင်းလွတ်ခွင့်အခွင့်အရေးကို ဆက်လက်ရရှိခံစားလျက်ရှိကြောင်း၊


(ဈ) အကြမ်းဖက်စစ်တပ်သည် မြန်မာနိုင်ငံအတွင်းရှိ ကလေးငယ်များအပေါ် အကြမ်းဖက်လုပ်ရပ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်လျက်ရှိကြောင်း၊ စိုးရိမ်ပူပန်ကြောင်း နှုတ်ဖြင့် ပြောကြားမှုများသည် စစ်တပ်၏ လူမဆန်သည့်လုပ်ရပ်များကို ရပ်တန့်နိုင်ခြင်းမရှိကြောင်း၊ သို့ဖြစ်၍ ကလေးသူငယ်များကို ကာကွယ်ပေးနိုင်ရေးအတွက် ပူးပေါင်းညှိနှိုင်းပြီး တိကျသည့်ဆောင်ရွက်ချက်များကို ချက်ချင်းအရေးယူဆောင်ရွက်ခြင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုခြင်းတို့အပါအဝင် ပိုမိုထင်ရှားသောခြေလှမ်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊


(ည) နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်စစ်တပ်အပေါ် အရေးယူတုံ့ပြန်သည့် ဆောင်ရွက်ချက်များကို ပြုလုပ်ရန် နှောင့်နှေးနေသည့်အချိန်တိုင်းတွင် ကလေးသူငယ်များ၏ အသက်များနှင့် လွတ်လပ်ခွင့်များ ပေးဆပ်နေရကြောင်းကို သတိပေးလိုကြောင်း၊ သို့ဖြစ်၍ ကုလသမဂ္ဂအနေဖြင့် အထူးသဖြင့် ကလေးသူငယ်များ၏ အသက်နှင့် အခွင့်အရေးများကို ကာကွယ်ပေးသည့် ဆောင်ရွက်ချက် များအပါအဝင် မြန်ဆန်ပြတ်သားသည့် ဆောင်ရွက်ချက်များ ပြုလုပ်ရန် ထပ်မံ၍ တိုက်တွန်းကြောင်း၊ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများကို ကာကွယ်ပေးရန် တာဝန်ယူရမည်ဖြစ်ကြောင်း၊ ယင်းသို့တာဝန်ယူရန် နောက်ကျလျက်ရှိကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations, at the Third Committee of 77th Session of UNGA on Agenda Item 64: Rights of Children - General Discussion


(New York, 10 October 2022)


Mr. Chair,


I wish to thank the Special Representatives and the respective committees for their reports and statements.


Myanmar strongly believes that, with the increasing global challenges that we face across the world, children must have our unequivocal and solemn assurance that they can enjoy their fundamental rights without deprivation or violation.


For the children of Myanmar now, there is no such protection. The attempted military coup last year continues to put their lives at risk, their liberties under restriction and their rights deprived by the terrorist military. The UN General Assembly, in particular, this Committee will take seriously that, as of 7 October 2022, 2,338 people have been brutally killed by this military junta. Some 91 of these victims are children under 14; a further 209 victims are between 15 and 19.


It is clear that children have been targeted victims of the military’s terrorist activities. Allow me to give just a few out of many harrowing examples.


In March 2022, a three-year-and-three-month old girl was sentenced a 3-year-imprisonment together with her mother and grandmother. Mr. Chair, distinguished delegates, I ask you whether we can sit idly by while this three-year-and-three-month old girl is treated as a criminal.


On 16 September 2022, the junta bombed the community-based school in the monastery of Let Yet Kone Village in Saigaing. Many innocent students died a brutal death. The junta did not return the bodies to their parents, and detained all those students and teachers who were seriously injured. May I ask what did those students do wrong that they had to encounter such senseless death and tragedy?


Moreover, the junta has arrested many school teachers and has deployed troops in schools across the country. Those actions violate the right to education and create huge obstacles in the way of true learning.


Mr. Chair,


On the contrary, the National Unity Government of Myanmar has been working to ensure that all children in Myanmar are able to enjoy their inalienable rights. The NUG prioritizes activities that include protection for detained minors, help for children injured or killed during protests, legal and monetary support for women, youth and children in prison and in hiding, as well as advocacy and awareness raisingfor fundamental rights including Child Rights.


Mr. Chair,


Over the past 600 days, despite some scattered statements, condemnations and demands made by the international community, the junta has continued to enjoy impunity. It continues to commit atrocities and human rights violations against children in Myanmar. Expressing verbal concern has failed to stop the junta’s inhumane actions. Therefore more significant steps, including immediate coordinated decisive action and the recognition of the NUG as the legitimate government of Myanmar are necessary to protect children.


My delegation wishes to remind the international community that every moment they delay in taking these actions against the terrorist military is paid for by the lives and liberties of children. Thus, Myanmar reiterates our appeal to the United Nations to take swift and decisive action, especially for the protection of the lives and rights of children. It is well overdue that the international community including the UNSC must take responsibility to protect Myanmar people.


I thank you.


*****








bottom of page