top of page
  • Writer's pictureMyanmar Mission To UN

Intervention by Ambassador Kyaw Moe Tun at 2024 ECOSOC Special Meeting on International Cooperation in Tax Matters




Intervention by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the 2024 ECOSOC Special Meeting on International Cooperation in Tax Matters, held on 18 March 2024


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီမှ ကြီးမှူးကျင်းပသည့် ၂၈ ကြိမ်မြောက် နိုင်ငံတကာအခွန် ကိစ္စရပ်များပူးပေါင်းဆောင်ရွက်ရေး အထူးအစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က နိုင်ငံတကာရာဇဝတ်ဂိုဏ်းများ၊ မြန်မာနိုင်ငံရှိစစ်အာဏာရှင်များနှင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေသော လက်အောက်ခံအဖွဲ့များ က အဓိကလုပ်ဆောင်နေသော နိုင်ငံဖြတ်ကျော်ငွေကြေးခဝါချမှုအပါအဝင် တရားမဝင်ငွေကြေး စီးဆင်းမှုများကို နိုင်ငံ တကာအသိုင်းအဝိုင်းအနေဖြင့် တားဆီးပေးရန် အထူးလိုအပ်ပါကြောင်း ပြောကြားခဲ့ 


(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်)


၁။       ၂၈ ကြိမ်မြောက် နိုင်ငံတကာအခွန်ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်း အဝေးကျင်းပမှုနှင့် ပတ်သက်၍ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်၌ စီးပွားရေးနှင့် လူမှုရေးကောင်စီမှ ကြီးမှူး၍ နိုင်ငံတကာအခွန်ကိစ္စရပ်များပူးပေါင်းဆောင်ရွက်ရေး အထူး အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ် ၁၈ ရက်နေ့တွင်လည်းကောင်း၊ နိုင်ငံတကာအခွန်ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအစည်းအဝေးကို မတ်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ လည်းကောင်း ကျင်းပပြုလုပ်လျက်ရှိပါသည်။

 

၂။       နိုင်ငံတကာအခွန်ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးအထူးအစည်းအဝေးသို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်ခဲ့ပြီး၊ အပြန်အလှန်ဆွေးနွေးပြောကြားမှုတွင် ဝင်ရောက်ဆွေးနွေးပြောကြားခဲ့ပါသည်။


၃။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားမှုတွင် အောက်ဖော်ပြပါအချက်များ အဓိကပါဝင်ပါသည်-


(က)    ကုလသမဂ္ဂ အထွေထွေညီလာခံမှ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အဆို 78/230 “Promotion of inclusive and effective international tax cooperation at the United Nations” အား ထောက်ခံကြိုဆိုကြောင်း၊ ယင်းဆုံးဖြတ်ချက်အဆိုတွင် အခွန်ရှောင်ခြင်းနှင့် အခွန်ရှောင်ခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများအပေါ် ပြင်းထန်သောသက်ရောက်မှု၊ ငွေကြေးခိုင်မာမှု၊ တရားဥပဒေစိုးမိုးမှုနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုများကို အလေးပေးဖော်ပြထားသည့်အပြင် နိုင်ငံတကာအခွန်ပူးပေါင်း ဆောင်ရွက်ရေးမှ တရားမဝင်ငွေကြေး စီးဆင်းမှုတိုက်ဖျက်ခြင်း၊ ဘဏ္ဍရေးခိုင်မာမှု မြှင့်တင်ခြင်းနှင့် အစိုးရအဖွဲ့အစည်းများ တိုးတက်ကောင်းမွန်စွာ ဆောင်ရွက်ခြင်း များမှ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာငွေမြှင့်တင်ရေးကိုပါ ဖော်ပြထားကြောင်း၊


(ခ)     မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် တရားမဝင် စစ်တပ်အာဏာသိမ်းယူမှုဖြစ်ပြီး နောက်ပိုင်း တရားမဝင်ငွေကြေးစီးဆင်းမှုများရှိပြီး၊ ယင်းအပေါ် တုန့်ပြန်နိုင်မှုတွင် နိုင်ငံတကာ အခွန်ပူးပေါင်းဆောင်ရွက်ရေး၏ အခန်းကဏ္ဍကိုလည်း ထောက်ပြလို ကြောင်း၊


(ဂ)     ၂၀၁၆ ခုနှစ် ရွေးကောက်ခံအရပ်သားအစိုးရ တက်လာသည့် လက်ထက်တွင် မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးစည်းမျဉ်းများနှင့် အကျင့်ပျက်ခြစား မှု တိုက်ဖျက်ရေးတို့တွင် သိသာထင်ရှားသော တိုးတက်မှုများရှိခဲ့ကြောင်း၊ သို့ရာတွင် တရားမဝင် စစ်တပ်အာဏာသိမ်းယူပြီးနောက် တရားဥပဒေစိုးမိုးမှုပျက်ပြားခြင်း၊ ကာစီနိုလုပ်ငန်းများ ပိုမိုများပြားလာပြီး၊ အွန်လိုင်းလိမ်လည်လှည့်ဖြားမှုများနှင့် မူးယစ်ရောင်းဝယ်ဖောက်ကားမှုများအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ် လုပ်ငန်းများ ပိုမိုပြန့်ပွား၊ ပိုမိုဆိုးရွားလာခဲ့ကြောင်း၊


(ဃ)    အဂတိလိုက်စားမှုသည် အခွန်ကောက်ခံမှုကို အဓိကဆုံးရှုံးစေခြင်းဖြစ်ရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အခွန်ကောက်ခံရေးနှင့် နိုင်ငံတကာအခွန်ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးတို့တွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊


(င)     တစ်ချိန်တည်းမှာပင် နိုင်ငံတကာရာဇဝတ်ဂိုဏ်းများ၊ မြန်မာနိုင်ငံရှိ စစ်အာဏာရှင် များနှင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေသော လက်အောက်ခံအဖွဲ့များက အဓိက လုပ်ဆောင်နေသော နိုင်ငံဖြတ်ကျော်ငွေကြေးခဝါချမှုအပါအဝင် တရားမဝင်ငွေကြေး စီးဆင်းမှုများကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တားဆီးပေးရန် အထူးလိုအပ်ပါကြောင်း၊


၄။       မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။


၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Intervention by Ambassador Kyaw Moe Tun, Permanent Representative of the

Republic of the Union of Myanmar to the United Nations at the 2024 ECOSOC Special Meeting on International Cooperation in Tax Matters


(New York, 18 March 2024)


Mr. President,


I wish to thank you for convening this special meeting. I also thank the Deputy Secretary-General and distinguished speakers for delivering their opening remarks and the keynote address.


Myanmar supports the resolution 78/230, entitled “Promotion of inclusive and effective international tax cooperation at the United Nations”. The resolution stressed the corrosive effects of aggressive tax avoidance and tax evasion on trust, financial integrity, the rule of law and sustainable development, particularly on the poorest and the most vulnerable. It also underscored the importance of strengthening international tax cooperation to generate financing for development through combating illicit financial flows, promoting financial integrity and improving public institutions.


In this regard, I wish to draw your attention to illicit financial flows in my country Myanmar and the role of international tax cooperation to countermeasure them effectively following the illegal military coup in 2021.


Mr. President,


Under the elected civilian government in 2016, Myanmar made significant progress towards better enforcement of anti-money laundering rules and fighting against corruption.


Unfortunately, the breakdown of the rule of law, after the illegal military coup, has exacerbated the proliferation of the underground illicit economy, including cross-border smuggling and the casino industry, most seriously the rise of transnational organized crimes such as online scam and drug trafficking.


Corruption negatively affect taxation. Here, I wish to emphasize that in addition to addressing the traditional challenges, fighting against corruption and strengthening rule of law play a key role towards effective taxation and international tax cooperation.


At the same time, it is imperative to explore effective cooperation and decisive counter measures by the international community to curb illicit financial flows, including transnational money-laundering, enabled by interanational criminal syndicates as well as the military junta and its affiliates.


I thank you.


 

*****





bottom of page