Intervention by Ambassador Kyaw Moe Tun, at the UN-Women Executive Board First Regular Session 2026
- Myanmar Mission To UN

- 8 hours ago
- 4 min read



Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations, at the UN-Women Executive Board First Regular Session 2026, held on 18 February 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ အမျိုးသမီးရေးရာ အမှုဆောင်ဘုတ်အဖွဲ့၏
၂၀၂၆ ခုနှစ်ဆိုင်ရာ ပထမအကြိမ် ပုံမှန် အစည်းအဝေးတွင်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက
မတရား စစ်အာဏာသိမ်း မှု (၅) နှစ်ကျော် ကြာမြင့်လာခဲ့ပြီး စစ်တပ်မှ ကျယ်ကျယ် ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကြောင့် ဒုက္ခအတိရောက်နေရသည့်လူဦးရေ အဆမတန် မြင့်မားလျက်ရှိ၊
ပကတိဖြစ်ပေါ်နေသည့် ဘက်ပေါင်းစုံ အကျပ်အတည်းက အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ရင်ဆိုင်နေရသည့်အန္တရာယ်ကို ပိုမိုမြင့်တက်စေလျက်ရှိ၊
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ထိပါးနှောင့်ယှက်မှု၊ နေရပ်စွန့်ခွာစေမှု၊ ကျန်းမာရေးနှင့် တရားမျှတမှုများ ပိတ်ဆို့ခံရမှုတို့သည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ နေ့စဉ်ရင်ဆိုင်နေရသည့် အမှန်တရားများပင်ဖြစ်၊
စစ်အုပ်စု၏ အဓမ္မ စစ်သားစုဆောင်းမှုကြောင့်လည်း မိန်းကလေးငယ်များ ကိုယ်တိုင်နှင့် ၎င်းတို့၏ မိဘများအနေဖြင့် နေ့စဉ်နှင့်အမျှ အကြောက်တရားအောက်တွင် ရှင်သန်နေရ၊
မြန်မာနိုင်ငံရှိ အိမ်ထောင်စုတိုင်းအတွက် စစ်အုပ်စုနှင့် ၎င်းတို့လက်အောက်တွင်
လုပ်ကိုင်ဆောင်ရွက်နေသူများသည်သာလျှင် ပင်မခြိမ်းခြောက်မှုဖြစ်၊
စစ်အုပ်စုနှင့် မိတ်ဖက်ဆက်ဆံခြင်းသည် ကြံရာပါမြောက်၊
ကုလသမဂ္ဂအပါအဝင် အလှူရှင်နိုင်ငံများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များ၊အမျိုးသမီးများ ဦးဆောင်သည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် မြေပြင်တွင် လှုပ်ရှားနေသည့် ဒေသခံ မိတ်ဖက်အဖွဲ့များနှင့်သာ ဦးတည်၍
စစ်မှန်စွာ ပူးပေါင်းဆောင်ရွက်သင့်၊
ကုလသမဂ္ဂအမျိုးသမီးရေးရာအဖွဲ့အနေဖြင့် လာမည့် CSW70 အစည်းအဝေးတွင် “တရားမျှတမှု” အတွက် အဓိက နှိုးဆော်ရန် ပြင်ဆင်နေသည့်အလျောက် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းပြဿနာနှင့် စစ်အုပ်စု၏ ပြစ်ဒဏ်မှ ကင်းလွတ်နေမှုကို မရှည်ကြာစေသင့်၊
ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် စစ်အုပ်စုမှ အတုအယောင် ရွေးကောက်ပွဲများကို အသုံးချကာ ၎င်းတို့ တရားဝင်မှု ရရှိနိုင်ရေး၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပါအဝင် ပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို ဖုံးကွယ်နိုင်ရေးတို့အတွက် ကြိုးပမ်းနေသည့် မည်သည့် လုပ်ဆောင်ချက်ကိုမဆို ငြင်းပယ်ကန့်ကွက်ရန်
တိုက်တွန်းတောင်းဆိုပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်)
၁။ ကုလသမဂ္ဂ အမျိုးသမီးရေးရာအမှုဆောင်ဘုတ်အဖွဲ့၏ ၂၀၂၆ ခုနှစ်ဆိုင်ရာ ပထမအကြိမ် ပုံမှန် အစည်းအဝေး (2026 First Regular Session of the UN-Women Executive Board) ကို ၁၈-၂-၂၀၂၆ ရက်နှင့် ၁၉-၂-၂၀၂၆ ရက်နေ့တို့တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပ လျက်ရှိပါသည်။
၂။ အစည်းအဝေးဖွင့်ပွဲ၌ UN-Women ၏ အမှုဆောင်ညွန်ကြားရေးမှူး Madam Sima Bahous က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၃၀) ကျော် ပါဝင်ဆွေးနွေးခဲ့ကြပါ သည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့်မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိကပါဝင်ပါသည်-
(က) UN-Women အမှုဆောင်ညွန်ကြားရေးမှူးအနေဖြင့် ယုံကြည်မှုနှင့်အင်အားတို့အပေါ် အခြေခံသည့် တောင့်တင်းခိုင်မာသော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုအားတည်ဆောက်ကာ ကမ္ဘာ့အကျပ်အတည်းများကို အရေးတကြီးဖြေရှင်းရမည်ဟု ၎င်း၏အဖွင့်အမှာစကားတွင် မှန်ကန်စွာ ထောက်ပြပြောကြားခဲ့ကြောင်း၊
(ခ) ထိုသို့ ခိုင်မာအားကောင်းသည့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု လိုအပ်ချက်သည် မိမိတို့၏ နိုင်ငံအတွက် အလွန်အရေးပါသကဲ့သို့ အစမ်းသပ်ခံနေရသည်မှာလည်း ထင်ရှားကြောင်း၊
(ဂ) မြန်မာနိုင်ငံတွင် မတရား စစ်အာဏာသိမ်းမှု (၅) နှစ်ကျော် ကြာမြင့်လာခဲ့ပြီး စစ်တပ်မှ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကြောင့် ဒုက္ခ အတိရောက်နေရသည့် လူဦးရေ အဆမတန် မြင့်မားလျက်ရှိကြောင်း၊
(ဃ) အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပါအဝင် လူ (၇,၈၀၀) ကျော် စစ်တပ်၏သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ၃.၆ သန်းကျော်မှာ နေရပ်စွန့်ခွာနေထိုင်နေရကြောင်း၊ ၂၂ သန်းခန့်မှာလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အထူးလိုအပ်လျက်ရှိကြောင်း၊ ၎င်းတို့ အနက် ၁၀.၄ သန်းကျော်မှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များဖြစ်ပြီး ကလေးငယ် ၆.၃ သန်းကျော်အထိ ပါဝင်နေကြောင်း၊
(င) မြန်မာနိုင်ငံတွင် ပကတိ ဖြစ်ပေါ်နေသည့် ဘက်ပေါင်းစုံ အကျပ်အတည်းက အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ရင်ဆိုင်နေရသည့် အန္တရာယ်ကို ပိုမို မြင့်တက်စေလျက်ရှိကြောင်း၊
(စ) မတရားစစ်အာဏာသိမ်းမှုတစ်လျှောက်တွင်လည်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များ သည် လိင်အခြေပြုအကြမ်းဖက်မှုနှင့် လူကုန်ကူးမှုရန်စွယ်များကြောင့် အထူးထိရှလွယ်လာခဲ့ပြီး ၎င်းတို့အနေဖြင့် စစ်တပ်မှ နိုင်ငံတစ်နံတစ်လျား၌ ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၏ဒဏ်ကို အလွန်အမင်း ခါးစည်းခံနေရကြောင်း၊
(ဆ) မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ထွက်ပြေးစရာမြေ မရှိပါ ကြောင်း၊
(ဇ) အကြမ်းဖက်စစ်အုပ်စုအနေဖြင့် လက်နက်ကြီးများကို အသုံးပြုခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းနှင့် ပေါက်ကွဲလွယ်သောလက်နက်များကို အသုံးချခြင်းတို့ကို မဆင်မခြင် ကျူးလွန်နေရုံသာမက ၎င်းတို့ ကျူးလွန်မြဲကျူးလွန်လျက်ရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို တစ်ပုံစံတည်း ဆက်၍ ဆက်၍သာ ကျူးလွန်လျက်ရှိကြောင်း၊
(ဈ) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ထိပါးနှောင့်ယှက်မှု၊ နေရပ်စွန့်ခွာစေမှု၊ ကျန်းမာရေးနှင့် တရားမျှတမှုများ ပိတ်ဆို့ခံရမှုတို့သည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ နေ့စဉ်ရင်ဆိုင်နေရသည့် အမှန်တရားများပင်ဖြစ်ကြောင်း၊
(ည) ထို့ပြင် စစ်အုပ်စု၏ အဓမ္မ စစ်သားစုဆောင်းမှုကြောင့်လည်း မိန်းကလေးငယ်များ ကိုယ်တိုင်နှင့် ၎င်းတို့၏ မိဘများအနေဖြင့် နေ့စဉ်နှင့်အမျှ အကြောက်တရားအောက်တွင် ရှင်သန်နေရကြောင်း၊
(ဋ) မြန်မာနိုင်ငံရှိအိမ်ထောင်စုတိုင်းအတွက် စစ်အုပ်စုနှင့် ၎င်းတို့လက်အောက်တွင် လုပ်ကိုင် ဆောင်ရွက်နေသူများသည်သာလျှင် ပင်မ ခြိမ်းခြောက်မှုဖြစ်ကြောင်း၊
(ဌ) သို့ဖြစ်ရာ စစ်အုပ်စုနှင့် မိတ်ဖက် ဆက်ဆံခြင်းသည် ကြံရာပါမြောက်ကြောင်း၊
(ဍ) ထို့ကြောင့် ကုလသမဂ္ဂ အပါအဝင် အလှူရှင်နိုင်ငံများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ အမျိုးသမီးများဦးဆောင်သည့်အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် မြေပြင်တွင်လှုပ်ရှားနေသည့် ဒေသခံမိတ်ဖက်အဖွဲ့များနှင့်သာ ဦးတည်၍ စစ်မှန်စွာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊
(ဎ) စဉ်ဆက်မပြတ်ရှိပြီး၊ မှန်းဆနိုင်သည့်နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးအစီအစဉ်များသည် အမှန်တကယ် အကူအညီ လိုအပ်နေသူများထံသို့ အကူအညီများ ရောက်ရှိစေမည်ဖြစ်ကြောင်း၊
(ဏ) ကုလသမဂ္ဂအမျိုးသမီးရေးရာအဖွဲ့အနေဖြင့် လာမည့် CSW70 အစည်းအဝေးတွင် “တရား မျှတမှု” အတွက် အဓိကနှိုးဆော်ရန် ပြင်ဆင်နေသည့်အလျောက် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းပြဿနာနှင့် စစ်အုပ်စု၏ပြစ်ဒဏ်မှ ကင်းလွတ်နေမှုကို မရှည်ကြာစေသင့်တော့ကြောင်း၊
(တ) ထို့ကြောင့် ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် စစ်အုပ်စုမှ အတုအယောင် ရွေးကောက်ပွဲများကို အသုံးချကာ ၎င်းတို့တရားဝင်မှုရရှိနိုင်ရေး၊ အမျိုးသမီးများနှင့် မိန်းကလေး ငယ်များအပါအဝင် ပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို ဖုံးကွယ်ရေးတို့အတွက် ကြိုးပမ်းနေသည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို ငြင်းပယ်ကန့်ကွက်ရန် တိုက်တွန်းတောင်းဆိုပါကြောင်း၊
(ထ) အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ဒေသခံမိတ်ဖက်အဖွဲ့များအနေဖြင့် အမျိုးသမီးနှင့် မိန်းကလေးငယ်တိုင်း၏အခွင့်အရေးအား ကာကွယ်ပေးနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အုတ်မြစ်ချ ဆောက်တည်ရန် ကတိကဝတ်ပြုထားပါကြောင်း၊
(ဒ) မြန်မာအမျိုးသမီးများအနေဖြင့် ၎င်းတို့ မုချအနိုင်ရရှိမည်ဟု ယုံကြည်လျက်ရှိကြောင်း၊ ကုလသမဂ္ဂ အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် အဆိုပါယုံကြည်ချက်နှင့် တစ်သားတည်း လျှောက်လှမ်း ပေးရန်နှင့် မြန်မာအမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် နိုင်ငံရေးဆန္ဒဖြင့် ရပ်တည်ပေးရန် တောင်းဆိုပါကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations, at the UN-Women Executive Board First Regular Session 2026
(New York, 18 February 2026)
Mr. President,
At the outset, we wish to congratulate you and the Bureau members on your well-deserved election. Please be assured of my delegation’s full support.
Madam Executive Director,
Thank you for your insightful remarks.
You have rightly pointed out the urgency for building stronger partnerships rooted in confidence and strength to navigate global crises. Nowhere is this partnership more critical and more tested than in my country.
In Myanmar, the unlawful military coup has persisted for over five years, with the military junta’s widespread and systematic atrocities inflicting a devastating human toll.
Over 7800 people including women and girls were killed by the military junta. More than 3.6 million people are displaced. Almost 22 million people are in need of humanitarian assistance. Among them, over 10.4 million are women and girls, and children alone account for over 6.3 million.
The grim reality is that the current multi-layered crisis has increased the risks of women and girls in Myanmar. Throughout the illegal coup, they have become highly vulnerable to gender-based violence and human trafficking and continue to bear the heaviest burdens of the military junta’s campaign of terror across the country.
Mr. President, Madam Executive Director,
In Myanmar, there is no escape for women and girls.
Not only does the junta indiscriminately utilize heavy weapons, airstrikes, and explosive ordnance against the civilians, but they are also exercising the same patterns of atrocities without any changes. Sexual violence, harassment, displacement, lack of access to healthcare and justice are the daily reality of these vulnerable groups. Furthermore, girls and young women, as well as their parents, live in constant fear due to the military junta’s forced conscription.
For every household in Myanmar, the military junta and those working for them represent the primarythreat.
Therefore, partnership with the junta is complicity.
It is imperative for donors including the UN to strengthen the direct true partnership with the NUG, EROs, women-led CSOs and local partners.
Sustainable and predictable cross-border funding pathways to local CSOs will ensure aid reaches to those in need.
As UN-Women prepares for CSW70’s calls for "Justice", we cannot the crisis and the impunity enjoyed by the junta continue.
Therefore, we ask the UN and all member states to reject any attempts by the junta to use its sham elections to gain legitimacy and to conceal their atrocities against the population especially women and girls.
The NUG, together with EROs, CSOs, and local partners, is committed to laying the foundation for a federal democratic union where the rights of every woman and girl are guaranteed.
The women of Myanmar have "unbreakable confidence" in their victory. We ask UN Women to match that confidence with the political will to stand with them.
I thank you.
*****












