Intervention by Ambassador Kyaw Moe Tun, during the Interactive Dialogue with the UNDP Administratorat the First Regular Session 2026 of the Executive Board of UNDP/ UNFPA/ UNOPS
- Myanmar Mission To UN
- 4 hours ago
- 5 min read




Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, during the Interactive Dialogue with the UNDP Administrator at the First Regular Session 2026 of the Executive Board of UNDP/ UNFPA/ UNOPS, held on 3 February 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်ဆိုင်ရာ Executive Board of UNDP, UNFPA and UNOPS ၏ ပထမအကြိမ်ပုံမှန်အစည်းအဝေး၊ UNDP အုပ်ချုပ်ရေးမှူးနှင့် အပြန်အလှန် ဆွေးနွေးမှုအစီအစဉ်၌
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်း က
အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ လုပ်ခလစာတိုးမြင့်မှုမရှိခြင်း၊ အထူးသဖြင့် လူငယ်အမျိုးသားများကို ပစ်မှတ်ထားသည့် အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းမှုတို့ကြောင့် လူငယ်များ အလုံးအရင်းဖြင့် ပြည်ပထွက်ခွာမှု စိုးရိမ်ဖွယ်ကောင်းစွာဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး အလားအလာများကို ခြိမ်းခြောက်လျက်ရှိ၊
အကြမ်းဖက်စစ်အုပ်စုသည် အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအဖွဲ့အစည်းများနှင့် လွတ်လပ်သော တရားစီရင်ရေးစနစ်များကို ဖြိုချ ဖျက်ဆီးခဲ့ပါကြောင်း၊ တရားဥပဒေစိုးမိုးရေး ပြိုလဲခြင်း၊ ရာဇဝတ်မှုနှုန်းများ မြင့်တက်လာခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေခြင်းတို့ကြောင့် ကျယ်ပြန့်သော ကြောက်ရွံ့မှုနှင့် မလုံခြုံမှုအခြေအနေများကို ဖြစ်ပေါ်စေခဲ့၊
တရားမဝင်အာဏာသိမ်းမှုနှင့် ၎င်း၏အကျိုးဆက်များသည် မြန်မာနိုင်ငံသားများ ခက်ခက်ခဲခဲ ကြိုးပမ်းအားထုတ် ရရှိခဲ့သော ဖွံ့ဖြိုးတိုးတက်မှုရလဒ်များကို ဆုတ်ယုတ်စေခဲ့သည့်အပြင် ရှိရင်းစွဲအားနည်းချက်များကို ပိုမိုဆိုးရွားစေကာ မြန်မာနိုင်ငံ၏ လူမှုအဖွဲ့အစည်းကို ပြိုကွဲစေခဲ့၊
နိုင်ငံအတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိရေးအတွက် စစ်မှန်သော
ဒီမိုကရေစီကို အပြည့်အဝပြန်လည်ထူထောင်ရန်နှင့် ပြည်သူလူထု၏ဆန္ဒများကို
ဖြည့်ဆည်းပေးရန် လိုအပ်၊
အကြမ်းဖက်စစ်အုပ်စုက ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲများနှင့်
ကြိုတင်ဖန်တီးထားသော ရလဒ်များသည် မြန်မာနိုင်ငံရှိ အကျပ်အတည်းနှင့် အကြမ်းဖက်မှုများကို ပိုမို ရှည်ကြာစေမည်သာဖြစ်၊
အုပ်ချုပ်ရေးမှူး ပြောကြားသည့် "မတည်မငြိမ်အခြေအနေများတွင် စောင့်ဆိုင်းခြင်းသည် သတိထားခြင်းမဟုတ်ဘဲ၊ စောင့်ဆိုင်းခြင်းသည် ကျရှုံးခြင်းဖြစ်ပြီး ရွေးချယ်မှုများအနက်မှ ပေးဆပ်မှု အများဆုံးသော ရွေးချယ်မှုသာဖြစ်သည်" ဟူသော စကားရပ်ကို ထင်ဟပ်ပြောကြားလို၊
တရားမဝင်စစ်အာဏာသိမ်းမှု ငါးနှစ်တာကာလအတွင်း ထိခိုက်လွယ်သော အခြေအနေတွင်ရှိ သည့် မြန်မာပြည်သူများကို ကယ်တင်ရန် ကုလသမဂ္ဂနှင့် ၎င်း၏အဖွဲ့အစည်းများအနေဖြင့် ထိရောက် ပြတ်သားစွာ ဆောင်ရွက်ရန် နောက်ထပ်စောင့်ဆိုင်းနေ၍ မရနိုင်တော့၊
မြန်မာပြည်သူ ပြည်သားများ အထူးသဖြင့် လူငယ်များသည် နှစ်များစွာကို အကျိုးမဲ့ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)
၁။ UNDP/UNFPA/UNOPS အုပ်ချုပ်မှု အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ၂၀၂၆ ခုနှစ် ပထမအကြိမ် ပုံမှန် အစည်းအဝေးများကို ၂-၂-၂၀၂၆ ရက်နေ့မှ ၅-၂-၂၀၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပါသည်။ UNDP အုပ်ချုပ်ရေးမှူး နှင့် အပြန်အလှန်ဆွေးနွေးမှု အစီအစဉ်ကို ၃-၂-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အပြန်အလှန်ဆွေးနွေးမှုသို့ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၄၂ နိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေး ပြောကြားခဲ့ကြပါသည်။
၂။ UNDP အုပ်ချုပ်ရေးမှူး Mr. Alexander De Croo က ၎င်း၏ တင်ပြဆွေးနွေး ပြောကြားချက်တွင် နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးအပေါ် ယုံကြည်မှုပြန်လည်တည်ဆောက်ရေးသည် လက်ရှိမျိုးဆက်အတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ကြောင်း၊ ယခင် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ် မဟာဗျူဟာစီမံကိန်းအောက်တွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်များတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးရလဒ်များ ရရှိအောင် UNDP အနေဖြင့် စွမ်းဆောင်နိုင်ခဲ့ပါကြောင်း၊ ရန်ပုံငွေလိုငွေပြမှုရှိနေသည့် အခြေအနေတွင် UNDP အနေဖြင့် လိုက်လျောညီထွေမှု ရှိစေရန် လုပ်ဆောင်ခဲ့ပါကြောင်း၊ လက်ရှိ ဖြစ်ပေါ်တိုးတက်နေသော အခင်းအကျင်းနှင့်အညီ ဦးစားပေးမူ (၃) ရပ်ကို ချမှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း စသည့်အချက်များကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါသည်။
၃။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆွေးနွေးပြောကြားရာတွင်အောက်ပါအချက်များ အဓိကပါဝင်ပါသည်-
(က) ယခုကဲ့သို့ ခက်ခဲသည့် အချိန်ကာလတွင် UNDP အုပ်ချုပ်ရေးမှူးအသစ်အဖြစ် တာဝန် ထမ်းဆောင်မှုအပေါ်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊
(ခ) မြန်မာနိုင်ငံအနေဖြင့် UNDP ၏ ၂၀၂၆-၂၀၂၉ မဟာဗျူဟာစီမံကိန်းနှင့် မဟာဗျူဟာရည်မှန်းချက် လေးရပ်နှင့် အရှိန်မြှင့်တင်မှု မူဘောင်သုံးရပ်အောက်တွင် လူသားဖွံ့ဖြိုးတိုးတက်မှုကို စုပေါင်း တိုးမြှင့်ဆောင်ရွက်မည့် ရည်မှန်းချက်အား ကြိုဆိုပါကြောင်း၊ အဆိုပါ မဟာဗျူဟာ စီမံကိန်း အသစ်အောက်ရှိ ရည်မှန်းချက်များနှင့် အရှိန်မြှင့်တင်မှုများ၏ ပေါင်းစပ်ဖွဲ့စည်းမှု အမျိုးမျိုးကို နိုင်ငံတစ်နိုင်ငံချင်းစီ၏အခြေအနေနှင့် ကိုက်ညီအောင် ညှိနှိုင်းဆောင်ရွက်သင့်ပြီး လူ့အခွင့်အရေး နှင့် မည်သူ့ကိုမျှ ချန်လှပ်ထားရှိမှု မရှိစေရေး ကတိကဝတ်များအပေါ် အခြေခံသင့်ပါကြောင်း၊
(ဂ) မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ် တရားမဝင်အာဏာသိမ်းမှုအပြီး အခြေအနေများကို အောက်ပါ မဟာဗျူဟာရည်မှန်းချက် နယ်ပယ်များဆက်စပ်နှိုင်းယှဉ်၍ အလေးပေးပြောကြားလိုပါကြောင်း၊
(ဃ) ပထမအချက်အနေဖြင့် လူတိုင်းစေ့ သာယာဝပြောရေးနှင့် စပ်လျဉ်း၍ UNDP ၏ အစီရင်ခံစာ အရ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် ယခုအခါ နိုင်ငံ၏ ဆင်းရဲမွဲတေမှု သတ်မှတ် ချက် မျဉ်းအောက်သို့ ရောက်ရှိလာပြီး လူလတ်တန်းစား လူတန်းစား ပျောက်ကွယ်လုနီးဖြစ်ကာ မြို့ပြဆင်းရဲမှုပမာဏလည်း သိသိသာသာ မြင့်တက်လာခဲ့ပါကြောင်း၊ လက်ရှိအချိန်အထိ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူ ၃.၆ သန်းကျော်ရှိပြီး၊ လူဦးရေ ၂၂ သန်းနီးပါးသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လိုအပ်လျက်ရှိပါကြောင်း၊
(င) အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ လုပ်ခလစာတိုးမြင့်မှုမရှိခြင်း၊ အထူးသဖြင့် လူငယ် အမျိုးသားများကို ပစ်မှတ်ထားသည့် အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းမှုတို့ကြောင့် လူငယ်များ အလုံးအရင်းဖြင့် ပြည်ပထွက်ခွာမှု စိုးရိမ်ဖွယ်ကောင်းစွာ ဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံ၏ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး အလားအလာများကို ခြိမ်းခြောက်လျက် ရှိပါကြောင်း၊
(စ) ဒုတိယအချက်ဖြစ်သည့် ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် စပ်လျဉ်း၍ ဒီမိုကရေစီအုပ်ချုပ်ရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် လူ့အဖွဲ့အစည်းများနှင့် စီးပွားရေးများ ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် လူသားလုံခြုံမှုတည်တံ့ခိုင်မြဲရေးအတွက် အခြေခံအုတ်မြစ် များဖြစ်ပါကြောင်း၊
(ဆ) သို့ရာတွင် အကြမ်းဖက်စစ်အုပ်စုသည် အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကျူးလွန်ကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအဖွဲ့အစည်းများနှင့် လွတ်လပ်သော တရားစီရင်ရေးစနစ်များကို ဖြိုချဖျက်ဆီးခဲ့ပါကြောင်း၊ တရားဥပဒေစိုးမိုးရေး ပြိုလဲခြင်း၊ ရာဇဝတ်မှုနှုန်းများ မြင့်တက်လာခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေခြင်းတို့ကြောင့် ကျယ်ပြန့်သောကြောက်ရွံ့မှုနှင့် မလုံခြုံမှုအခြေအနေများကို ဖြစ်ပေါ်စေခဲ့ပါကြောင်း၊
(ဇ) တတိယအချက်အနေဖြင့် ပဋိပက္ခအကျပ်အတည်းများကို ခံနိုင်ရည်ရှိမှုနှင့်စပ်လျဉ်း၍ တရားမဝင်အာဏာသိမ်းမှုနှင့် ၎င်း၏အကျိုးဆက်များသည် မြန်မာနိုင်ငံသားများ ခက်ခက်ခဲခဲ ကြိုးပမ်းအားထုတ်ရရှိခဲ့သော ဖွံ့ဖြိုးတိုးတက်မှုရလဒ်များကို ဆုတ်ယုတ်စေခဲ့သည့်အပြင် ရှိရင်းစွဲ အားနည်း ချက်များကို ပိုမိုဆိုးရွားစေကာ မြန်မာနိုင်ငံ၏လူမှုအဖွဲ့အစည်းကို ပြိုကွဲစေခဲ့ပါကြောင်း၊
(ဈ) သို့ဖြစ်ပါ၍ နိုင်ငံအတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိရေးအတွက် စစ်မှန်သောဒီမိုကရေစီကို အပြည့်အဝပြန်လည်ထူထောင်ရန်နှင့် ပြည်သူလူထု၏ ဆန္ဒများကို ဖြည့်ဆည်းပေးရန် လိုအပ်ပါကြောင်း၊
(ည) အကြမ်းဖက်စစ်အုပ်စုက ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲများနှင့် ကြိုတင်ဖန်တီး ထားသော ရလဒ်များသည် မြန်မာနိုင်ငံရှိ အကျပ်အတည်းနှင့် အကြမ်းဖက်မှုများကို ပိုမို ရှည်ကြာစေမည်သာ ဖြစ်သည်ကို ထင်ရှားစွာ တွေ့မြင်နိုင်ပါကြောင်း၊
(ဋ) အထက်ဖော်ပြပါ မဟာဗျူဟာရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေးသည် မြန်မာနိုင်ငံ ပဋိပက္ခ၏ အရင်းခံအကြောင်းရင်းကို ဖြေရှင်းနိုင်ခြင်းအပေါ် မှီတည်နေပါကြောင်း၊
(ဌ) နိဂုံးချုပ်အနေဖြင့် အုပ်ချုပ်ရေးမှူးပြောကြားသည့်"မတည်မငြိမ်အခြေအနေများတွင် စောင့်ဆိုင်း ခြင်းသည် သတိထားခြင်းမဟုတ်ဘဲ၊ စောင့်ဆိုင်းခြင်းသည် ကျရှုံးခြင်းဖြစ်ပြီး ရွေးချယ်မှုများအနက်မှ ပေးဆပ်မှုအများဆုံးသော ရွေးချယ်မှုသာဖြစ်သည်" ဟူသော စကားရပ်ကို ထင်ဟပ် ပြောကြားလိုပါကြောင်း၊
(ဍ) တရားမဝင်စစ်အာဏာသိမ်းမှု ငါးနှစ်တာကာလအတွင်း ထိခိုက်လွယ်သော အခြေအနေတွင်ရှိ သည့် မြန်မာပြည်သူများကို ကယ်တင်ရန် ကုလသမဂ္ဂနှင့် ၎င်း၏အဖွဲ့အစည်းများအနေဖြင့် ထိရောက် ပြတ်သားစွာ ဆောင်ရွက်ရန် နောက်ထပ်စောင့်ဆိုင်းနေ၍ မရနိုင်တော့ပါကြောင်း၊
(ဎ) မြန်မာပြည်သူပြည်သားများ အထူးသဖြင့် လူငယ်များသည် နှစ်များစွာကို အကျိုးမဲ့ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါကြောင်း၊
(ဏ) သို့ဖြစ်ရာ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနှင့် မိမိတို့၏အနာဂတ်ကို တည်ဆောက်ရန် မြန်မာပြည်သူများ၏ ခိုင်မာသောဆုံးဖြတ်ချက်အား နိုင်ငံတကာ အသိုက်အဝန်းနှင့် ကုလအဖွဲ့ဝင်နိုင်ငံများက ထောက်ခံကူညီပေးကြရန် တိုက်တွန်းပါကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ ဆွေးနွေးချက်နှင့်စပ်လျဉ်း၍ UNDP အုပ်ချုပ်ရေးမှူးက မြန်မာနိုင်ငံတွင် ဒေသခံခေါင်းဆောင်မှုပိုင်း၊ ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ကာ ပြည်သူလူထုထံ ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်စွာ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ပြောကြားခဲ့ပြီး၊ ရခိုင်ပြည်နယ်တွင် UNDP မှ ဆောင်ရွက်နေသည်များကို ဥပမာပေးပြောကြား၍ ဒေသတွင်းစားနပ်ရိက္ခာထုတ်လုပ်ရေးနယ်ပယ်၌ လူဦးရေတစ်သန်းကျော်ကို ကူညီထောက်ပံ့နိုင်မှုကို ထည့်သွင်း၍ ပြန်လည် ဖြေကြားသွားပါသည်။
၅။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၃ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative
ofthe Republic of the Union of Myanmar to the United Nations,
during the Interactive Dialogue with the UNDP Administrator
at the First Regular Session 2026 of the Executive Board of UNDP/ UNFPA/ UNOPS
(New York, 3 February 2026)
Mr. Chair, Mr. Administrator,
At the outset, I wish to congratulate you and members of the Bureau for you elections.
I also congratulate you, Mr, Administrator, on embarking on the role as the new UNDP Administrator at this critical juncture.
Myanmar aligns itself with the statement delivered by the G77 and China.
The 2025 Human Development Report showed that human development is fragile and losing momentum after 30 years of progress. The current development landscape is further compounded by the erosion of trust in multilateral institutions along with funding shortfalls.
Against this backdrop, Myanmar welcomes the UNDP Strategic Plan (2026-2029) and its overarching goal to collectively advance human development under the framework of four strategic objectives and three accelerators.
We are of the view that different combinations of objectives and accelerators under the new Strategic Plan should be tailored to each country's context and underpinned by a commitment to human rights and to leaving no one behind. In this context, I wish to highlight the following strategic objective areas after the 2021 illegal coup in Myanmar.
First, prosperity for all – UNDP reported that nearly half of Myanmar's population is now living below the national poverty line with a disappearing middle class, and the scale of urban poverty has also surged.
More than 3.6 million people are internally displaced, and almost 22 million people are in need of humanitarianassistance.
A lack of employment opportunities, stagnant wages, forced conscription, particularly targeting young men, are fueling an alarming youth exodus, threatening Myanmar’s long-term development and poverty reduction prospects.
Second, effective governance – democratic governance, human rights and the rule of law are fundamental for thriving societies and economies, for sustaining peace and human security.
Unfortunately, the military junta has dismantled our democratic institutions and independent judicial systems while committing human rights violations and atrocities against civilians. Collapse of the rule of law, rising crime rates and ongoing armed conflict have contributed to a pervasive climate of fear and insecurity.
Third and last, crisis resilience – the military coup and its consequences have reversed our hard-earned development gains, exacerbated our preexisting vulnerabilities and shattered the fabric of our societies.
Therefore, sustainable peace and stability in the country requires the full restoration of genuine democracy and fulfilling the aspirations of our people.
It is crystal clear that the sham elections and its manufactured results by the military junta will only prolong the crisis and violence in Myanmar.
Taken together, the prospect of achieving these strategic objectives is contingent upon addressing the root cause of the conflict in Myanmar.
Finally, I wish to conclude by echoing Mr. Administrator’s statement that “in fragile contexts, waiting is not caution. Waiting is failure and the most expensive choice we can make.”
Five years since the illegal military coup, the UN and its entities cannot wait any longer to act decisively and effectively to save the people of Myanmar in their fragility. Our people especially our youth have already lost many years.
I appeal to the international community and Member States to support the people of Myanmar in their determination to end the military dictatorship and build a federal democratic union and their future.
I thank you.
*****









