top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at 2023 Substantive Session of UN Disarmament Commission




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate of the 2023 Substantive Session of the United Nations Disarmament Commission, held on 4 April 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


၂၀၂၃ ခုနှစ် ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်၏ အထွေထွေရေးရာဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ မြန်မာစစ်တပ်၏ လူမဆန်သောလုပ်ရပ်များကို ခံစားနေရသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် လက်နက်ကြောင့် လူနေမှုဘဝများပျက်စီးဆုံးရှုံးရခြင်းနှင့် ဒေသတွင်းလုံခြုံရေးအားခြိမ်းခြောက်ခြင်းတို့ကို ကောင်းစွာနားလည်သောကြောင့် လက်နက်ဖျက်သိမ်းရေးလုပ်ငန်းစဉ်များအား ထောက်ခံပြီး မြန်မာစစ်တပ်ထံ လက်နက်တင်ပို့သည့် နိုင်ငံများအနေဖြင့် လက်နက်တင်ပို့မှုကို ချက်ချင်းရပ်ရန် တောင်းဆိုကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်)


၁။ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်၏ အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပါသည်။ အဆိုပါဆွေးနွေးပွဲ၏ အထွေထွေရေးရာဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ မိန့်ခွန်းပြောကြားရာတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မြှင့်တင်ရန်သည် မိမိတို့အားလုံး၏ တူညီသော ရည်မှန်းချက်ဖြစ်သော်ငြားလည်း၊ စစ်အေးတိုက်ပွဲပြီးနောက်ပိုင်း နိုင်ငံတကာလုံခြုံမှု အခြေအနေသည် ယခုအခါအနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိနေကြောင်း၊ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးလုပ်ငန်းများကို မိမိတို့အနေဖြင့် အချိန်နှင့်အရင်းအမြစ်များကို အတိုင်းအတာတစ်ခုအထိ အသုံးပြုခဲ့ကြပြီး၊ ရရှိထားသည့် ထိရှလွယ်သောရလဒ်များသည် အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှု များ ဖြစ်ပေါ်စေကြောင်း၊


(ခ) လက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးအတွက် ဆောင်ရွက်နေသည့် ကုလသမဂ္ဂလက်နက် ဖျက်သိမ်းရေးကော်မရှင်အပါအဝင် သက်ဆိုင်ရာအဖွဲ့စည်းအားလုံးအား ပိုမိုအားကောင်းစေရန်ရှိပြီး ကတိကဝတ်များနှင့်‌ ကြိုးပမ်းအားထုတ်မှုများကို ဆထက်တိုးဆောင်ရွက်သွားခြင်းမှတစ်ဆင့် ဤနိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများက မိမိတို့အကြား စည်းလုံးမှုရှိစေမည်ဖြစ်ကြောင်း၊


(ဂ) နျူကလီးယားလက်နက်အလုံးစုံပပျောက်ရေး ဆောင်ရွက်ခြင်းဖြင့်သာ နျူကလီးယားလက်နက်၏ အသုံးမပြုမှု၊ ခြိမ်းခြောက်မှုအန္တရာယ်မှ လွတ်မြောက်မည်ဖြစ်ကြောင်း၊ နျူကလီးယားစစ်ပွဲဆိုသည်မှာ မည်သူမျှအောင်နိုင်ခြင်းရှိမည်မဟုတ်ဘဲ၊ နျူကလီးယားစစ်မက်ဖြစ်ပွားစရာ အကြောင်းမရှိသည်ကို မိမိတို့ အားလုံးသိရှိ နားလည်ထားပြီးဖြစ်ကြောင်း၊ နျူကလီးယားလက်နက်သည် စစ်မက်မဖြစ်ပွားရေး တားဆီးပေး သည့်အရာမဟုတ်ဘဲ၊ မီးလောင်ရာလေပင့်ပေးသည့် အခြေအနေမျိုးပင်ဖြစ်နေကြောင်း၊


(ဃ) နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်သည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးအတွက် အရေးပါသည့်စာချုပ်တစ်ခုဖြစ်ရာ စာချုပ်၏ အဓိကမဏ္ဍိုင် (၃) ခု (နျူကလီးယား လက်နက်ဖျက်သိမ်းရေး၊ မပြန့်ပွားရေးနှင့် ငြိမ်းချမ်းစွာနျူကလီးယားစွမ်းအင်အသုံးပြုရေး) မျှတစွာ အကောင်အထည်ဖော်ခြင်းမရှိပါက စာချုပ်၏အရေးပါမှု ယုံကြည်မှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်စေ ကြောင်း၊ ထို့ပြင် (၉) ကြိမ်နှင့် (၁၀) ကြိမ်မြောက် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ရေးဆိုင်ရာညီလာခံများမှ မည်သည့်ရလဒ်မျှ ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ခြင်းအပေါ် လွန်စွာစိတ်ပျက်မိကြောင်း၊


(င) အလုံးစုံနျူကလီးယားစမ်းသပ်မှုတားမြစ်ရေးစာချုပ် (Comprehensive Nuclear Test Ban Treaty) အသက်ဝင်ရေး အရေးကြီးကြောင်း၊ ယင်းစာချုပ်အသက်ဝင်ရေးအတွက် နောက်ဆက်တွဲ (၂) ပါ နိုင်ငံများအနေဖြင့် စာချုပ်အား ဆောလျင်စွာ ပါဝင်လက်မှတ်ရေးထိုးကြရန် တိုက်တွန်းကြောင်း၊


(စ) မြန်မာစစ်တပ်၏ ပြည်သူများအပေါ် လူမဆန်သောကျူးလွန်မှုများကို ခံစားနေရသည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် လက်နက်ကြောင့် လူနေမှုဘဝများပျက်စီးဆုံးရှုံးရခြင်းနှင့် ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက် နိုင်ခြင်းတို့ကို ကောင်းစွာနားလည်ကြောင်း၊ ထို့ကြောင့် နျူကလီးယားလက်နက် အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် လူသားချင်းစာနာထောက်ထားမှုအခြေအနေများနှင့် နျူကလီးယားလက်နက် လွှဲပြောင်းမှုကြောင့် ဖြစ်ပေါ်လာမည့် လုံခြုံရေးဆိုင်ရာ အန္တရာယ်များအပေါ် များစွာစိုးရိမ်ကြောင်း၊


(ဆ) အာကာသဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာအသုံးပြုရေးနှင့် စစ်ရေးပြိုင်ဆိုင်မှု အတွက် အသုံးပြုခြင်းမှ ကာကွယ်ရန်မှာ လွန်စွာအရေးကြီးကြောင်း၊ နိုင်ငံအနည်းငယ်မှ အသုံးပြုခြင်းမှာ မဖြစ်သင့်ဘဲ အာကာသကိုငြိမ်းချမ်းစွာ အသုံးပြုရေးကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ၎င်းတို့၏ လုပ်ဆောင်နိုင်မှုနှင့် လိုအပ်ချက်များနှင့်အညီလုပ်ဆောင်ရေး စွမ်းအားများမြှင့်တင်ပေးရေး အစီအစဉ်များ ပိုမိုလုပ်ဆောင်ပေးစေလိုကြောင်း၊


(ဇ) မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ စစ်တပ်၏တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှုမဖြစ်ပွားခဲ့ပါက ယခုအချိန်တွင် နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေး ဆိုင်ရာစာချုပ် (Treaty on the Prohibition of Nuclear Weapons- TPNW) အား အတည်ပြုလက်မှတ်ရေးထိုးပြီး ဖြစ်မည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားသည့် IAEA ၏ နောက်ဆက်တွဲစာချုပ်များ သည်လည်း အာဏာသက်ဝင်နေမည်ဖြစ်ကြောင်း၊ ထို့အပြင် တရားမဝင်အာဏာသိမ်းရန် ကြိုးပမ်းခြင်း မရှိခဲ့ပါက ယခင်က ဂျပန်နိုင်ငံ၊ Hokkaido တက္ကသိုလ်နှင့် မြန်မာ့လေကြောင်းတက္ကသိုလ်တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းများ စောင့်ကြည့်လေ့လာရေး ဂြိုလ်တုတပ်ဆင်ရေး လုပ်ငန်းများသည်လည်း အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဖြစ်နေမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ အား စစ်တပ်၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်မသွားစေရန် ဆောင်ရွက်ပေးခြင်းအတွက် ဂျပန်နိုင်ငံအားများစွာ ကျေးဇူးတင်ကြောင်း၊


(ဈ) နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) ၏ အာတီကယ် (၃) နှင့် အညီ နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာအသုံးပြုရေးကို မြန်မာနိုင်ငံအနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ ငြိမ်းချမ်းစွာအသုံးပြုရေးတွင် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာနိုင်ငံများမှ ဆင်ခြင်နိုင်စွမ်းဖြင့် အသုံးပြုရေးမှာ အရေးကြီးကြောင်း၊ မြန်မာစစ်တပ်မှ ပွင့်လင်းမြင်သာမှုမရှိမှု၊ နျူကလီးယားစက်ရုံလည်ပတ်ရေးအတွက် လိုက်နာရမည့် စည်းကမ်းများ၊ စီမံခန့်ခွဲသည့်စနစ်များ မရှိပါကြောင်း၊ ထို့အပြင် စစ်တပ်အနေဖြင့် တရားဥပဒေစိုးမိုးရေးကို လျစ်လျူရှု၍ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအပါအဝင် နိုင်ငံတကာဥပဒေများအား လိုက်နာခြင်းအလျဉ်းမရှိခြင်းတို့ကြောင့် မြန်မာစစ်တပ်က အသေးစားနျူကလီးယားဓါတ်ပေါင်းရုံ တည်ဆောက်ရေး ကြိုးပမ်းနေမှုအပေါ် နိုင်ငံတကာမှ အလေးထားအာရုံစိုက် စောင့်ကြည့်ပေးကြရန် သတိပေးလိုကြောင်း၊


(ည) မြန်မာစစ်တပ်ထံသို့ လက်နက်စီးဆင်းစေခြင်းသည် အပြစ်မဲ့မြန်မာပြည်သူများအား အသက်ဆုံးရှုံးစေခြင်းဖြစ်ကြောင်း၊ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လူပေါင်း (၃,၂၀၀) ကျော် အသက်ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း၊ စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကြောင့် နေအိမ် (၆၂,၀၀၀) ကျော် ပျက်စီးခဲ့ကြောင်း၊


(ဋ) မြန်မာစစ်တပ်ထံသို့ စီးဆင်းလာသည့် လက်နက်ခဲယမ်းများနှင့် ဆက်စပ်နည်းပညာများသည် ဝေဟင်မှဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများအပါအဝင် အပြစ်မဲ့မြန်မာပြည်သူများအပေါ် စစ်တပ်မှ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် အားပေးမှုဖြစ်စေကြောင်း၊


(ဌ) လက်နက်များအား တိုင်းပြည်ကာကွယ်ရေးအတွက် မဟုတ်ဘဲ ၎င်းတို့အား ဆန့်ကျင်သော နိုင်ငံသားများကို သတ်ဖြတ်နှိပ်စက်ရေးတွင် အသုံးပြုမည့် မည်သည့်အာဏာရှင်များထံသို့မဆို မရောက်ရှိ ရေးအတွက် တာဝန်သိသော မည်သည့်နိုင်ငံမဆို လက်နက်ရောင်းချမှု ပြုလုပ်မည်မဟုတ်ကြောင်း၊


(ဍ) မြန်မာစစ်တပ်ထံသို့ လက်နက်ရောင်းချမှု ထိန်းချုပ်ခြင်းသည် မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ရာ မြန်မာစစ်တပ်ထံသို့ လက်နက်တင်ပို့ရောင်းချနေသည့် နိုင်ငံများ အနေဖြင့် လက်နက်ရောင်းချမှုများ ချက်ချင်းရပ်ရန် မြန်မာပြည်သူများကိုယ်စား တောင်းဆိုကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations

at the General Debate of the 2023 Substantive Session of the

United Nations Disarmament Commission


(New York, 4 April 2023)


Mr. Chair,


Let me begin by congratulating you and your bureau on your appointment for this session of the Disarmament Commission. Myanmar aligns itself with statements of NAM and ASEAN. I wish to assure you of our delegation’s full support towards achieving a successful outcome of this session.


Mr. Chair,

Despite our shared goals of promoting peace and stability, the international security environment is now at its lowest with looming nuclear threats since the end of the Cold War. It takes a considerable amount of time and resources from all of us to build disarmament and non-proliferation architecture, but this fragile achievement has always been susceptible to heighten tensions among major powers.

Recurring challenges to international peace and security should unite us in reaffirming and redoubling our efforts and commitments to strengthening all institutions, including the UN Disarmament Commission, that aim to implement disarmament and non-proliferation.


Mr. Chair,

Myanmar steadfastly believes the total elimination of nuclear weapons is the only surefire way to guarantee the use or threat of use of nuclear weapons. We all agree that nuclear war cannot be won and must never be fought, and thus there is no point in nuclear saber-rattling, which nowadays no longer serves as deterrence, and only contributes to fueling the flame.


The integrity and credibility of the Nuclear Non-Proliferation Treaty, which remains the bedrock of nuclear disarmament and non-proliferation, will be questioned if the three pillars of this treaty are not implemented in a balanced manner. We once again express our disappointment over the failures of the 9th and 10th NPT Review Conferences to adopt the final outcome document.


The long overdue entry-into-force of the Comprehensive Nuclear-Test-Ban Treaty remains hostage to some Annex II states, and we urge them to ratify the Treaty at their earliest opportunity.


As a nation suffering from its military's inhumane and brutal atrocities, Myanmar fully understands the devastating impact of weapons on human lives and regional security. As such we are deeply concerned by the catastrophic humanitarian consequences of any use of nuclear weapons and the security consequences of the transfer of nuclear weapons to any recipient.


Mr. Chair,

On the issue of outer space, we attach great importance to the need to preserve outer space for peaceful uses only and prevent any attempt to make an arms race there. We support any practical measures and initiatives that can lead to this end. In addition, access to outer space should not be exclusive to a few states. We wish to see more capacity-building programmes tailored to developing countries in accordance with their needs and existing capacity for promoting peaceful uses of outer space.


Mr. Chair,

I will now speak about my country Myanmar. If the military did not launch the attempted illegal coup back in February 2021, Myanmar would now have ratified the Treaty on the Prohibition of Nuclear Weapons and brought Myanmar’s Additional Protocol with the IAEA into force and updated its Small Quantity Protocol.


Moreover, in the absence of the said illegal military coup, it would now have been able to access its first microsatellite for monitoring agriculture and fisheries, which would be one of our initial steps towards outer space activities. It was built by Japan’s Hokkaido University in a joint project with Myanmar Aerospace Engineering University. We express our appreciation to Japan for ensuring that this satellite has not fallen into the control of the military junta eyeing to appropriate it for military use against its own citizens.


Myanmar acknowledges the use of nuclear energy for peaceful purposes under Article III of the NPT. Any peaceful use of nuclear weapons should involve rational state actors and stakeholders and follow the stringent guidelines of the IAEA. However, the security sector of the military lacks transparency and necessary regulatory and management systems to safely operate a nuclear power facility. Given their consistent disregard for the rule of law and non-compliance with applicable international law, including international humanitarian law, we stress that the international community remains vigilant about the military's recent attempt to build a small-scale nuclear reactor.


Mr. Chair,

I cannot stress enough that continuing arms flow to the military junta is bringing a severe toll to the people of Myanmar. Since the coup, more than 3,200 civilians including women and children have been brutally killed by the military and over 62,000 residential homes have been destroyed subject to whole-sale burnings and aerial bombings by the military.


Imported arms, munitions, associated technologies and equipment have enabled the military to employ indiscriminate aerial bombings, strafing runs and heavy artillery shelling as parts of their atrocities being committed against its own people in deliberate widespread, systematic and coordinated manners.

No self-respecting and responsible countries should sell their arms and associated technologies to any totalitarian brutal regimes, knowing well that these arms will not be used for national defense but for killing and maiming their own citizens that oppose the regimes.

Therefore, controlling access to weapons to the inhumane military junta saves the lives of Myanmar's people.

On behalf of the people of Myanmar, I once again appeal to those states which are exporting arms and ammunitions to the brutal military junta in Myanmar to stop arming them now.

I thank you, Chair.


*****









bottom of page