top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun Agenda Item 71: ID with Special Rapporteur-3C of 78th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, under Agenda Item 71: Interactive Dialogue with Special Rapporteur on the Human Rights of Internally Displaced Persons at the Third Committee of the 78th session of the UNGA, held on 23 October 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူနှင့် အပြန်အလှန် ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ အခြေခံအခွင့်အရေးများကို အကာအကွယ်ပေးအပ်၍ လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ပေးအပ်ရမည့်အစား လူမဆန်သော စစ်တပ်သည် မကြာသေးမီကပင် ကချင်ပြည်နယ်၊ လိုင်ဇာဒေသရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် (၁၃) ဦး အပါအဝင် လူပေါင်း (၃၀) သေဆုံးခဲ့ပြီး များစွာဒဏ်ရာရရှိခဲ့ကြောင်း ထောက်ပြခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်)


၁။ နယူးယောက်မြို့၌ ကျင်းပလျက်ရှိသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ (တတိယကော်မတီ) ၌ ၂၃-၁၀-၂၀၂၃ ရက် (တနင်္လာနေ့)၊ နံနက်ပိုင်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့်‌ အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။


၂။ အဆိုပါ အစီအစဉ်တွင် Special Rapporteur on the human rights of internally displaced persons Ms. Paula GAVIRIA BETANCUR က ၎င်း၏ အစီရင်ခံစာကို အဓိက ဆွေးနွေးတင်ဆက်ခဲ့ပြီး နိုင်ငံအများအပြားမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ ဆွေးနွေးပြောကြားမှုတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-

(က) ကမ္ဘာတဝှမ်းရှိ နေရပ်စွန့်ခွာသူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို အထူးအစီရင်ခံစာ တင်သွင်းသူ၏ အစီရင်ခံတွင် ထည့်သွင်းဖော်ပြပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊

(ခ) မိမိတို့ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း၌ တရားမဝင် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ချိန်မှစ၍ စစ်တပ်မှ အရပ်သားပြည်သူများအား မဆင်မခြင်တိုက်ခိုက်မှုကြောင့် (၁.၇) သန်းသော ပြည်သူများသည် နေအိမ်များမှ စွန့်ခွာခဲ့ရကြောင်း၊ ယခုအခါ ပြည်တွင်းနေရပ်စွန့်ခွာသူ (၂) သန်းခန့် ရှိနေပြီဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ဆေးခန်းများ၊ စာသင်ကျောင်းများနှင့် ဘုရားကျောင်းများ စသည်ဖြင့် အဆောက်အဦ (၈၂,၀၀၀) ခန့်မှာ မီးရှို့ခံရခြင်း သို့မဟုတ် ဖျက်ဆီးခြင်းခံထားရကြောင်း၊

(ဂ) အဓိကအားဖြင့် ပြည်သူ (၁၈) သန်းကျော်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အထူးလိုအပ်လျက်ရှိပြီး လူဦးရေတစ်ဝက်ခန့်မှာလည်း အမျိုးသားရေး ဆင်းရဲနွမ်းပါးမှုမျဉ်း အောက်တွင် နေထိုင်နေရကြောင်း၊

(ဃ) အခြားတစ်ဖက်တွင်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီ အပြည့်အဝမရရှိသဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ နေထိုင်ရာ စစ်ဘေးရှောင်စခန်းများ၏ အခြေအနေသည် ယခင်ကထက် ဆိုးရွားလာလျက်ရှိကြောင်း၊ လူမဆန်သည့် စစ်တပ်အနေဖြင့် အဆိုပါ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သည့် အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် နေရပ်စွန့်ခွာသူများထံသို့ အသက်ကယ်အကူအညီများ အပါအဝင် လိုအပ်သည့် ထောက်ပံ့မှုများ မရောက်ရှိစေရန် တားဆီးပိတ်ပင်ထားကြောင်း၊

(င) ထိုမျှမက နေရပ်စွန့်ခွာသူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် လူကုန်ကူးခံရမည့် အန္တရာယ်ကိုလည်း ရင်ဆိုင်နေရကြောင်း၊

(စ) ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ အခြေခံအခွင့်အရေးများကို အကာအကွယ်ပေးအပ်၍ လိုအပ် သည့် ထောက်ပံ့ကူညီမှုများ ပေးအပ်ရမည့်အစား လူမဆန်သော စစ်တပ်သည် မကြာသေးမီကပင် ကချင်ပြည်နယ်၊ လိုင်ဇာဒေသရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းမှတဆင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကလေးငယ် (၁၃) ဦး အပါအဝင် လူပေါင်း (၃၀) သေဆုံးခဲ့ပြီးများစွာ ဒဏ်ရာရရှိခဲ့ကြောင်း၊

(ဆ) ယင်းဖြစ်စဉ်မှာ စစ်တပ်မှ အရပ်သား ပြည်သူများအပေါ် ကျူးလွန်နေသည့် ရက်စက် ကြမ်းကြုတ်မှုများအနက် တစ်ခုမျှသာ ဖြစ်ကြောင်း၊ စစ်တပ်သည် အရပ်သားပြည်သူများ နေထိုင်ရာ အခြားသော နေရာဒေသများကို ပစ်မှတ်ထား တိုက်ခိုက်သည့်ဖြစ်စဉ်ပေါင်း မြောက်များစွာ ရှိပါကြောင်း၊

(ဇ) ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်စေရန် စစ်တပ်အပေါ် ထိရောက်သော အရေးယူများပြုလုပ်ရန် တိုက်တွန်းပါ ကြောင်း၊

(ဈ) နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများကို ချမှတ်ရန် ပျက်ကွက်နေသည့်အလျောက် စစ်ဘေးရှောင်စခန်းများတွင် မြန်မာပြည်သူများ ခံစားနေရသော ဒုက္ခဆင်းရဲသည်လည်း အဆမတန် ဆိုးရွားလာမည်သာဖြစ်ပြီး လူကုန်ကူးခြင်းခံရမည့် အန္တရာယ်လည်း မြင့်တက်လာမည်ဖြစ်ကြောင်း၊

(ည) မြန်မာနိုင်ငံကို ဥပမာထားလျက် နေရပ်စွန့်ခွာသူများအား ထိရောက်စွာ အကူအညီ ပေးအပ် နိုင်ရေး၊ ၎င်းတို့ ခံစားနေရသည့် ဒုက္ခများကို ပျောက်ပျက်နိုင်ရေးအတွက် ဆောင်ရွက်ရန် ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအား အကြံပြုပေးစေလိုပါကြောင်း။


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations

Agenda Item 71: Interactive Dialogue with Special Rapporteur on the Human Rights of Internally Displaced Persons

at the Third Committee of the 78th session of the UNGA


(New York, 23 October 2023)



Mr. Chair,


I thank Special Rapporteur for her report and her work in addressing challenges faced by internally displaced persons (IDPs) around the world.


In 2022 alone, a total of 28.3 million people were displaced by conflict and violence, approximately 2.3 million of whom were displaced by causes related to generalized violence. We are confronting with unprecedented series of crisis, ranging from climate change to conflict, violence, human rights violations, which have resulted in the forcible displacement.


In my country Myanmar, since the illegal military coup in February 2021, 1.7 million people have been driven out of their homes by the military indiscriminate attacks on the civilian population. The total number of IDPs is now nearly 2 million. Nearly 82,000 civilian structures including clinics, schools and places of worship have been burnt down or destroyed. Over 18 million people need humanitarian assistance. Almost half of the population is living below the national poverty line.


Conditions at IDP camps have worsened owing to inadequate humanitarian assistance. Aids including life-saving assistance are being blocked by the inhumane military junta from reaching these camps where hundreds of thousands, including women and children are taking shelter.


Many IDPs especially women and girls have become more vulnerable for being trafficked.


Let alone to protect internally displaced person’s basic rights and offer assistance, the inhumane military junta, in fact, recently launched aerial attacks on an IDP camp in Laiza, Kachin State, killing 30 civilians including 13 children and injuring many. This is not only one instance of military atrocities; there have been numerous others targeting civilian areas.


Therefore, we urge the international community to take decisive action against the military junta to stop its atrocities on the people.


Every moment passes by with lack of decisive action from the international community; the sufferings of IDP in Myanmar get worse and their vulnerability for becoming victims of human trafficking get higher.


Mdm Special Rapporteur, taking the example of Myanmar, what is your advice to the UN and member states to help the IDPs effectively and alleviate their suffering?


I thank you.



*****








bottom of page