top of page
  • Facebook Social Icon

News Release with Report of Credentials Committee

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • Dec 18, 2023
  • 1 min read

News release with the Report of the Credentials Committee, held on 18 December 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် Credentials Committee အစီရင်ခံစာအား အတည်ပြုချမှတ်ခဲ့၊ မြန်မာနိုင်ငံကိုယ်စားပြုမှုနှင့်ပတ်သက်၍ ရွေးချယ်ခန့်အပ်ရန် ဆိုင်းငံ့ခဲ့သဖြင့် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိ


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်)


၁။       (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ (၄၈) ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးကို ၁၈-၁၂-၂၀၂၃ ရက် (တနင်္လာနေ့)၊ မွန်းလွဲ (၁၅၀၀) နာရီတွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ် ရွေးချယ်ရေးနှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်ရွေးချယ်ရေးကော်မတီ (Credentials Committee) ၏ အစီရင်ခံစာအား အတည်ပြု ချမှတ်ခဲ့ပါသည်။


၂။       Credentials Committee ၏ အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် ဆော်လမွန်အိုင်းလန်းမှ ကိုယ်စားလှယ်က ဖတ်ကြားတင်သွင်းခဲ့ပြီး မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုနှင့် ပတ်သက်၍ ကိုယ်စားလှယ်တင်သွင်းမှု (၂) နေရာမှ လက်ခံရရှိထားသဖြင့် ရွေးချယ်ခန့်အပ်ရေးအား ဆိုင်းငံ့ထားရန် ကော်မတီက မဲမခွဲဘဲ အတည်ပြုခဲ့သည်ဟု တင်ပြခဲ့ပါသည်။ ထို့နောက် အဆိုပါ Credentials Committee ၏ အစီရင်ခံစာကို အထွေထွေညီလာခံ၌ မဲခွဲခြင်းမရှိဘဲ အတည်ပြုချမှတ် ခဲ့ပါသည်။  ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုခဲ့သည့် Credentials Committee ၏ အစီရင်ခံစာကို ကို ပူးတွဲဖော်ပြအပ်ပါသည်။


၃။       သို့ဖြစ်ပါ၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေး၊ အထွေထွေညီလာခံပင်မကော်မတီ အစည်းအဝေးများနှင့် အခြားဆက်စပ် အစည်းအဝေး များကို ဆက်လက် ပါဝင်တက်ရောက်သွားမည်ဖြစ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။






Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page