top of page
  • Facebook Social Icon

Myanmar joined the Joint Statement on Women, Peace and Security

Writer: Myanmar Mission To UN
Myanmar Mission To UN
7 hours ago
1 min read

Photo Credit: Cyprus Mission to the UN

Myanmar joined the Joint Statement on Women, Peace and Security, at the Unite Nations Security Council Media Stake-in on 27 Oct 2026


သတင်းအဖြစ်ထုတ်ပြန်ချက်


မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် (၇၂) နိုင်ငံနှင့် ဥရောပသမဂ္ဂတို့မှ

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ခြင်း


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်)


၁။       နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ လုံခြုံရေးကောင်စီတွင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးခေါင်းစဉ်ဖြင့် နှစ်စဉ်ပြုလုပ်သည့်တံခါးဖွင့်အစည်းအဝေးကို ၂၇-၁၀-၂၀၂၆ ရက်နှင့် ၂၈-၁၀-၂၀၂၆ ရက်နေ့တွင် ကျင်းပလျက်ရှိပါသည်။

၂။         အဆိုပါ အစည်းအဝေး မကျင်းပမီ Shared Commitments on Women, Peace and Security အား အတည်ပြုထားကြသည့် လက်ရှိ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော ကိုလံဘီယာ၊ ဒိန်းမတ်၊ ပြင်သစ်၊ လက်ဗီးယား၊ လိုင်ဘီးရီးယား၊ ပနားမား၊ ယူကေနှင့် ဂရိနိုင်ငံတို့မှ ဦးဆောင်လျက် “အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးတွဲထုတ်ပြန်ချက် (Women, Peace and Security Joint Statement)” အား ၂၇-၁၀-၂၀၂၆ ရက်၊ မွန်းလွဲတွင် ထုတ်ပြန်ခဲ့ပါသည်။

၃။        ယင်းပူးတွဲထုတ်ပြန်ချက်ကို မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်(၇၂) နိုင်ငံနှင့် ဥရောပ သမဂ္ဂတို့က ပူးတွဲအဆိုရှင်များအဖြစ် ပါဝင်ထောက်ခံအတည်ပြုခဲ့ကြပြီး ဂရိနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Giorgos Gerapetritis က လုံခြုံရေးကောင်စီ Media Stake-in ၌ ဖတ်ကြားခဲ့ပါသည်။

၄။    အတည်ပြုခဲ့သည့်ပူးတွဲထုတ်ပြန်ချက်တွင် အောက်ပါအချိန်များကို အဓိကဖော်ပြထားပါသည် -

-      ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်အားလုံး၌ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ်အား ထည့်သွင်းရေး၊ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ခံစားရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်ရေး၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုအကြမ်းဖက်မှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စော်ကားမှုများအားလုံးကို ပြင်းထန်စွာ ရှုတ်ချရေး၊

-      ထို့ပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အပြီးသတ်ချုပ်ငြိမ်းစေရန် သန္နိဋ္ဌာန်ချမှတ်ထားရှိမှုကို ထပ်လောင်းအတည်ပြုကာ တာဝန်ခံမှုရှိစေရေး အစီအမံများအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး၏ လုပ်ဆောင်ချက်များက အရေးကြီးကြောင်းနှင့် ၂၀၂၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်ဆက်စပ်၍ တရားစွဲဆိုရေးကွန်ရက်ဖွဲ့စည်းခဲ့မှုကို ကြိုဆိုမှု၊

-      ထို့နောက် အကြမ်းဖက်မှုခံရသူများနှင့် အသက်ရှင်ကျန်ရစ်သူများအတွက် ဘက်စုံဖြစ်သော အသက်ကယ်ဆယ်ရေးဆိုင်ရာအကူအညီများ ပေးအပ်ရန် လိုအပ်နေခြင်းအတွက် ကြိုတင်ခန့်မှန်း တွက်ချက်နိုင်ပြီး လုံလောက်၍ ရေရှည်တည်တံ့သောဘဏ္ဍာရေးရန်ပုံငွေများ ပံ့ပိုးပေးရန်တောင်းဆိုမှု၊

-      ထို့အတူ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် အခြားသူများ၏ လုပ်ဆောင်ချက်များကို ချီးကျူးမှုကာ တိုးတက်လာသည့် နည်းပညာများကို အပြုသဘောနှင့် အကျိုးရှိစွာ အသုံးပြုရန်နှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဤကိစ္စရပ်အတွက် အမျိုးသားရေးအဆင့် စီမံကိန်းများကို အတည်ပြုချမှတ်ရန် တောင်းဆိုမှု။

၅။     အဆိုပါဖော်ပြချက်များသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းလာစေရေး ကြိုးပမ်းမှုများနှင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ်အပေါ်ထားရှိသည့် မြန်မာနိုင်ငံ၏မူသဘောထားများနှင့် ကိုက်ညီမှုရှိပါသဖြင့် ပူးတွဲထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ခဲ့ပါသည်။

၆။   ထုတ်ပြန်ခဲ့သည့် “အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာပူးတွဲထုတ်ပြန်ချက်” (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။


၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page