top of page
  • Facebook Social Icon

Ambassador Kyaw Moe Tun, attended the "UN Charter’s 80th Anniversary" at the United Nations General Assembly

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • 1 minute ago
  • 1 min read

Ambassador Kyaw Moe Tun, attended the "UN Charter’s 80th Anniversary" at the United Nations General Assembly, held on 26 June 2026


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ (၈၀) ပြည့်နှစ်မြောက်အခမ်းအနားသို့

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ထပ်လောင်း ကတိကဝတ်ပြုသည့်အနေဖြင့် ပဋိညာဉ်စာတမ်း၏ နိဒါန်းပိုင်းပါရှိသော အထိမ်းအမှတ်ပိုစတာကို လက်မှတ်‌ရေးထိုးခဲ့ခြင်း


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်)


၁။ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ (၈၀) ပြည့်နှစ်မြောက်အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့ပါသည်။


၂။ အဆိုပါအခမ်းအနား၌ ကုလသမဂ္ဂအထွေထွေညီလာခံသဘာပတိ H.E. Annalena Baerbock ၊ ကုလသမဂ္ဂအတွင်း‌ရေးမှူးချုပ် H.E. António Guterres နှင့် လူငယ်ကိုယ်စားလှယ်တစ်ဦးတို့မှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြပြီး၊ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကာ မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။


၃။ အထွေထွေညီလာခံ သဘာပတိနှင့် ကုလသမဂ္ဂအတွင်း‌ရေးမှူးချုပ်တို့က ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းသည် ကမ္ဘာကြီးကို ဘေးအန္တရာယ်ထဲမှ ပိုမိုကောင်းမွန်သော ကမ္ဘာတည်ဆောက်ရန် သတ္တိဖြင့် မွေးဖွားလာခဲ့ပြီး ထိုလုပ်ငန်းသည် ပြီးဆုံးခြင်းမရှိသေးဘဲ မိမိတို့အနေဖြင့် အတူတကွ တစ်ညီတစ်ညွတ်တည်း ဆက်လက် ရင်ဆိုင်သွားရမည် ဖြစ်ပါကြောင်း၊ "အတူတကွ ပိုမိုကောင်းမွန်စွာ၊ ပဋိညာဉ်စာတမ်းတစ်ခုတည်း၊ အနာဂတ်တစ်ခုတည်း (Better together, One Charter, One future) ဖြင့် အတူတကွ ရင်ဆိုင်ကြမည်ဆိုပါက မိမိတို့အနေဖြင့် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းသည် လူသားများ၏ အံ့ဩဖွယ်ကောင်းသည့် အောင်မြင်မှုတစ်ရပ် ဖြစ်ပါကြောင်းတို့ကို အလေးပေးပြောကြားခဲ့ပါသည်။


၄။ အဆိုပါအခမ်းအနားမတိုင်မီရက်များက ကုလသမဂ္ဂအထွေထွေညီလာခံသဘာပတိ၊ အတွင်း‌ရေးမှူးချုပ်၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ အမြဲတမ်းကိုယ်စားလှယ်/ ကိုယ်စားလှယ်များက ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ထပ်လောင်း ကတိကဝတ်ပြုသည့်အနေဖြင့် ပဋိညာဉ်စာတမ်း၏ နိဒါန်းပိုင်း ဖော်ပြပါရှိသော အထိမ်းအမှတ် ပိုစတာကို လက်မှတ်‌ရေးထိုးခဲ့ကြပါသည်။ ထိုသို့ လက်မှတ်ရေးထိုးရာတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အမြဲတမ်းကိုယ်စားလှယ်များနှင့်အတူ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။


၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page