top of page
  • Writer's pictureMyanmar Mission To UN

Participation of Myanmar Delegation to the Closing of the 77th UNGA and the Opening of the 78th UNGA





Participation of Myanmar delegation led by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations, to the closing of the 77th Session of the UN General Assembly and the opening of the 78th Session of the UN General Assembly, held on 5 September 2023


[Below Myanmar Text]



သတင်းအဖြစ်ထုတ်ပြန်ချက်


ယနေ့ စတင်ကျင်းပသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးသို့

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိ


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်)


၁။ နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသည့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွညီလာခံ (77th session of the United Nations General Assembly – 77th UNGA) ၏ ပိတ်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက် (အင်္ဂါနေ့)၊ နံနက် (၁၀၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (78th session of the United Nations General Assembly – 78th UNGA) ၏ ပထမဆုံး မျက်နှာစုံညီ အစည်းအဝေးနှင့် ဖွင့်ပွဲအခမ်းအနားကို ယင်းနေ့မွန်းလွဲပိုင်း (၁၅၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးများသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။


၂။ 77th UNGA ပိတ်ပွဲအခမ်းအနားအား ကျင်းပရာတွင် ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် Ms. Amina J. Mohammed က 77th UNGA ၏ သဘာပတိ (President of the General Assemble – PGA) H.E. Csaba Kőrösi အား ဂုဏ်ပြုစကားပြောကြားခဲ့ပြီး၊ သဘာပတိမှလည်း ၎င်းတာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်ချက်များ၊ တွေ့ရှိချက်များ၊ နောင်လာမည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအားလုံးမှ ပူးပေါင်းဆောင်ရွက်ရေး အကြံပြုချက်များနှင့်တကွ သက်ဆိုင်သူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် 78th UNGA အတွက် သဘာပတိအဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံထားရသည့် President-elect ထြီနီဒတ်နှင့် တိုဘာဂိုနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး H.E. Mr. Dennis Francis က ကုလသမဂ္ဂကျင့်ထုံးနှင့်အညီ ကျမ်းသစ္စာကျိန်ဆိုကာ 77th UNGA သဘာပတိထံမှ Gavel အား လွှဲပြောင်းလက်ခံခဲ့ပါသည်။


၃။ မွန်းလွဲပိုင်းတွင် 78th UNGA ၏ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးနှင့် ဖွင့်ပွဲအခမ်းအနား အား ကျင်းပပြုလုပ်ရာ၊ 78th UNGA သဘာပတိဖြစ်သူ ထြီနီဒတ်နှင့် တိုဘာဂိုနိုင်ငံမှ H.E. Mr. Dennis Francis က ကုလသမဂ္ဂ အထွေထွေညီလာခံ၏ စည်းမျဉ်း (၆၂) အရ (၁) မိနစ် ငြိမ်သက်ခြင်း အစီအစဉ် ဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် သဘာပတိ H.E. Dennis Francis နှင့် ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ် Ms. Amina J. Mohammed တို့က မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။ H.E. Mr. Dennis Francis ၏ မိန့်ခွန်းတွင် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် ၎င်း၏ အဓိကရည်မှန်းချက်ဖြစ်သော “ငြိမ်းချမ်းရေး (Peace)၊ သာယာဝပြောရေး (Prosperity)၊ တိုးတက်မှု (Progress) နှင့် Sustainability (ရေရှည်တည်တံ့ရေး)” တို့အား အပြည့်အဝဖော်ဆောင်မည်ဖြစ် ကြောင်း၊ အဆိုပါရည်မှန်းချက်များ ပြည့်မီနိုင်ရန် ဒေသတွင်းနှင့် အခြားအဖွဲ့အစည်းများနှင့် ပိုမိုထိတွေ့ ဆက်ဆံသွားမည်ဖြစ်သကဲ့သို့ ကမ္ဘာ့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေကိုလည်း ဖန်တီးမှုပုံစံအသစ်ဖြင့် မြှင့်တင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။


၄။ ထို့နောက် အဖွဲ့ဝင် (၉) နိုင်ငံ ပါရှိရမည့် Credentials Committee အား အန်ဒိုရာ၊ တရုတ်၊ ဂရီနေဒါ၊ နိုင်ဂျီရီးယား၊ ရုရှား၊ ဆော်လမွန်အိုင်းလန်း၊ ဆူရီနမ်၊ တိုဂိုနှင့် အမေရိကန်ပြည်ထောင်စုတို့ဖြင့် ဖွဲ့စည်းခန့်အပ်ခဲ့ပါသည်။


၅။ (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ခုံနေရာချထားမှုအား ကုလသမဂ္ဂအထွေထွေ ညီလာခံဆုံးဖြတ်ချက် A/RES/71/323 ပါ စာပိုဒ် (၄၂) နှင့်အညီ မဲနှိုက်၍ ရရှိလာသည့် ရလဒ်အရ မြောက်မက်စီဒိုးနီးယားနိုင်ငံဖြင့် စတင်၍ နိုင်ငံများအား အင်္ဂလိပ်အက္ခရာစဉ်အလိုက် နေရာချထားပါ ကြောင်း ဖော်ပြအပ်ပါသည်။




၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့





bottom of page