• Myanmar Mission To UN

Intervention by Ambassador Kyaw Moe Tun under Agenda Item 68 at 3C of 77th UNGA




Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, Agenda item 68: Promotion and Protection of Human Rights Interactive Dialogue with Chair Rapporteur of the Working Group on Enforced or Involuntary Disappearance at the Third Committee of the 77th Session of the UN General Assembly, held on 18 October 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် အတင်းအကြပ်ပျောက်ကွယ်စေမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် အပြန်အလှန်

ဆွေးနွေးမှုအစီအစဉ်၌ စစ်တပ်တွင် ခိုင်ခိုင်မြဲမြဲ အမြစ်တွယ်နေသော ဒဏ်ခတ်ခြင်းမခံရသည့် အစဉ်အလာက ၎င်းတို့အား အတင်းအကြပ်ပျောက်ကွယ်စေခြင်းကဲ့သို့ ပြစ်မှုများကို ဆက်လက်ကျူးလွန်နေစေရန် အားပေးအားမြှောက်ပြုနေဟုပြောကြား


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ရက်)


၁။ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီတွင် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေးဘာသာရပ်အောက်၌ အတင်းအကြပ်ပျောက်ကွယ်စေခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ (Chair of the Working Group on the Enforced or Involuntary Disappearance) နှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်ကို ၁၈-၁၀-၂၀၂၂ ရက်နေ့၊ နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ခဲ့ရာ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းမှ ပါဝင်ဆွေးနွေးခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ဆွေးနွေးပြောကြားမှုတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-


(က) အတင်းအကြပ်ပျောက်ကွယ်စေခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌအား ၎င်း၏ အစီရင်ခံစာနှင့်မိန့်ခွန်း တို့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ၎င်း၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည့်အတိုင်း မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အတင်းအကြပ်ပျောက်ကွယ်စေမှုအခြေအနေသည် တစ်နေ့ထက်တစ်နေ့ ကြောက်မက်ဖွယ်ကောင်းအောင် ဆိုးရွားလာလျက်ရှိကြောင်း၊


(ခ) အတင်းအကြပ်ပျောက်ကွယ်စေခြင်းမှ ကာကွယ်ပေးခြင်းဆိုင်ရာ ကြေညာစာတမ်း (၁၉၉၂ ခုနှစ်) တွင် ဖော်ပြထားသည့်အတိုင်း အတင်းအကြပ်ပျောက်ကွယ်စေခြင်း (Enforced Disappearance) သည် တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်တို့အား လေးစားလိုက်နာရန် ကတိကဝတ် ပြုထားသော လူ့အဖွဲ့အစည်းများ၏ အနက်ရှိုင်းဆုံးတန်ဖိုးများကို ထိခိုက်ပျက်ပြားစေသည်ဟု မြန်မာနိုင်ငံ အနေဖြင့် လက်ခံမှတ်ယူကြောင်း၊


(ဂ) ယခင်နှစ်ကတည်းက ဖြစ်ပေါ်ခဲ့သည့် တရားမဝင်စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် အပြစ်မဲ့ပြည်သူ များအနေဖြင့် စစ်တပ်မှ ကျူးလွန်ဖောက်ဖျက်နေသော လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့် စစ်ရာဇဝတ်မှု များနှင့် အခြားသော ရက်စက်ကြမ်းကြုတ်မှုများစွာကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊


(ဃ) ဤတွင် စစ်တပ်အနေဖြင့် သံသယရှိသူထံမှ သတင်းအချက်အလက်များ ပိုမိုရရှိနိုင်ရန် သို့မဟုတ် လူ့အဖွဲ့အစည်းအား အကြောက်တရားဖြစ်ပေါ်စေရန်နှင့် စစ်တပ်အားခုခံဆန့်ကျင်မှု ပိုမိုမဖြစ်လာစေရေး အတွက် ကြိုတင်ကာကွယ်ရန် ပြုကျင့်လျက်ရှိသော လူမဆန်သည့်လုပ်ရပ်များအနက် အတင်းအကြပ် ပျောက်ကွယ်စေခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊


(င) မြန်မာနိုင်ငံတွင် လွန်ခဲ့သော လပေါင်း (၂၀) အတွင်း၌ အတင်းအကြပ်ပျောက်ကွယ်စေမှု ဖြစ်စဉ် အမြောက်အများရှိခဲ့ကြောင်း၊ စစ်တပ်မှ ပြည်သူများကို ဥပဒေမဲ့စွာဖမ်းဆီးပြီးလျှင် ယင်းပြည်သူများ မည်သည့်နေရာများသို့ ရောက်ရှိနေသည်ကိုပင် မသိရှိရတော့ကြောင်း၊ အချို့သောဖြစ်စဉ်များတွင် ဖမ်းဆီးခံရသူများ၏ သေဆုံးမှုကို ဖမ်းဆီးခံရပြီး တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း သက်ဆိုင်ရာ မိသားစုများက အကြောင်းကြားလာခြင်း များရှိကြောင်း၊ အခြားသောဖြစ်စဉ်များတွင် ဖမ်းဆီးချုပ်နှောင်ခံ ထားရသူများ၏ အခြေအနေကို ဖုံးကွယ်ထားခြင်း၊ ထို့ထက်ပိုပါက မိသားစုများကိုပင် အသိမပေးခြင်း များလည်းရှိကြောင်း၊


(စ) ထို့ကြောင့် စစ်တပ်၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်းကိုခံထားရသူများ၏ သက်ဆိုင်ရာမိသားစု ဝင်များအနေဖြင့် စစ်တပ်အား ထိတ်လန့်နေရသည့်အခြေအနေတွင် နိုင်ငံတကာအသိုက်အဝန်းမှ ဝင်ရောက် ဖြေရှင်းပေးခြင်းမရှိပါက စစ်တပ်အနေဖြင့် သက်သေအထောက်အထားများ သို့မဟုတ် တိုင်တန်းချက်များ အတွက် စိုးရိမ်ပူပန်ရခြင်း အလျဉ်းမရှိဘဲ ၎င်းတို့၏ဆန္ဒအလျောက် ဖမ်းဆီးထားသူများနှင့် ပြည်သူများ အပေါ် ပိုမို ညှဉ်းပန်းနှိပ်စက်ခွင့် သို့မဟုတ် မလျော်ကန်စွာဆက်ဆံခွင့်ပေးရာရောက်နေမည်ဖြစ်ကြောင်း၊


(ဆ) အထူးသဖြင့် စစ်တပ်တွင် ခိုင်ခိုင်မြဲမြဲ အမြစ်တွယ်နေသော ဒဏ်ခတ်ခြင်းမခံရသည့် အစဉ်အလာက ၎င်းတို့အား အဆိုပါပြစ်မှုများကို ဆက်လက်ကျူးလွန်နေစေရန် အားပေးအားမြှောက်ပြုနေကြောင်း။


၃။ သို့ဖြစ်ရာ စစ်တပ်၏ မြဲမြံစွာ အမြစ်တွယ်နေသော ဒဏ်ခတ်ခြင်းမခံရသည့် အစဉ်အလာကို ထည့်သွင်းစဉ်းစားလျက် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသကဲ့သို့ ပျောက်ဆုံးသွားသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ထိရောက်စွာ အကူအညီပေးအပ်နိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းမှ လုပ်ငန်းအဖွဲ့အား မည်သို့ကူညီနိုင်မည်၊ လုပ်ငန်းအဖွဲ့အနေဖြင့်လည်း မည်သို့သော နည်းလမ်းများကို အသုံးပြုနိုင်မည်ကို သိလိုပါကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌအား မေးမြန်းခဲ့ပါသည်။


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် ဆွေးနွေးပြောကြားမှု အပြည့်အစုံ (အင်္ဂလိပ် ဘာသာ) အား ပူးတွဲတင်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Intervention by Ambassador Kyaw Moe Tun,

Permanent Representative of Myanmar to the United Nations,

Agenda item 68: Promotion and Protection of Human Rights

Interactive Dialogue with Chair Rapporteur of the Working Group on

Enforced or Involuntary Disappearance

at the Third Committee of the 77th Session of UNGA


(New York, 18 October 2022)


Mr. Chair,


I wish to thank the Chair Rapporteur of the Working Group for the report and the statement. As the Working Group mentioned, the situation of enforced disappearances in Myanmar has been alarmingly getting serious day by day.


As stated in the Declaration, Myanmar agrees that enforced disappearance undermines the deepest values of any society committed to respect for the rule of law, human rights and fundamental freedoms, and that the systematic practice of such acts is of the nature of a crime against humanity.


Mr. Chair,


Since the illegal military coup last year, every single day, the innocent civilians have been experiencing atrocities and crimes against humanities perpetrated by the military. Enforced disappearance was one of the military’s inhumane activities in order to interrogate suspect for more information or to instill fear into the society and to prevent further resistance acts against the military.


There were many such cases over last 20 months in Myanmar, in which, the civilians were abducted and their whereabouts were unknown. In some cases, within one or two days, their families were informed of the deaths of the abducted persons. For others, information of the detainees’ situation was either concealed or restricted even to their families. While the respective families have been under pressure with fear for the military, without any intervention from the international community, this kind of situation allows the military more chances to mistreat or torture the detainees and citizens at large as they wish without any worries for the evidence or complaints. The culture of impunity deeply rooted in the military encourages them to commit such crimes.


Madam Chair Rapporteur,


Taking into account of the military’s deep-rooted culture of impunity, what are the possible methods the Working Group could use and the possible assistance the international community can render to the Working Group to effectively assist the disappeared persons and their families in affected countries like in Myanmar?


I thank you.


*****