Intervention by Ambassador Kyaw Moe Tun, on the Report of the United Nations High Commissioner for Refugees at the Third Committee at the Eightieth Session of the UN General Assembly
- Myanmar Mission To UN
- 4 hours ago
- 5 min read




Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, on the Report of the United Nations High Commissioner for Refugees at the Third Committee at the Eightieth Session of the UN General Assembly, held on 6 November2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ နှစ်စဉ်အစီရင်ခံစာအား အပြန်အလှန် ဆွေးနွေးသည့် အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မိမိတို့ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်မှု အကျပ်အတည်းသည် စစ်အုပ်စုမှ စနစ်တကျ တွက်ချက် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုတစ်ခုဖြစ်၊ ဤသို့ လူကလုပ်သည့် အကျပ်အတည်း၏ ကြီးထွားမှု ပမာဏသည် အလွန့်အလွန် ကြီးမား၊
ပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် ကလေးသူငယ်များအနေဖြင့် မှန်းဆမရနိုင်သော ဒုက္ခဆင်းရဲ ဝန်တာများကို ခါးစည်းခံနေရ၊
အချို့သော ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေသူများမှာလည်း အွန်လိုင်း လိမ်လည်မှုများနှင့် လူနှင့် မူးယစ်ဆေးဝါး ကုန်ကူးခြင်းတို့ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ၏ သားကောင်များ ဖြစ်လာခဲ့ရ၊
ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည့် ရာဇဝတ်သားများကမူ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား ဆက်လက် အကျိုးခံစားကာ ဆိုးရွားသောရာဇဝတ်မှုများကို ကျူးလွန်ဆဲ ကျူးလွန်မြဲဖြစ်၊
ယခုအခါ စစ်အုပ်စု သည် ၎င်းတို့ ကျူးလွန်ထားသည့် ယုတ်မာမှုများကို ဖုံးကွယ်ရှောင်လွှားနိုင်ရန် အတုအယောင် ရွေးကောက်ပွဲ လမ်းစဉ်ကို ကြိုးပမ်းနေ၊ အတုအယောင် ရွေးကောက်ပွဲသည် တရားဝင်မှု အလျဉ်း မရှိ၊ အလိမ်အညာ လုပ်ငန်းစဉ်တစ်ခုမျှသာဖြစ်၊ အကြမ်းဖက်မှုများနှင့်
မတည်ငြိမ်မှုများကို ပိုမို တိုးပွားစေနိုင်ပြီး ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများကိုသာ သာ၍ တိုးပွားလာစေမည်ဖြစ်၊
ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများအပေါ် မပျက်ကွက်သင့်၊
ပြဿနာ၏ ဇစ်မြစ်အား ဖြေရှင်းမှသာလျှင် အဖြေကို ရှာဖွေနိုင်မည်ဖြစ်၊ မြန်မာနိုင်ငံ၏ အကျပ်အတည်းအတွက် ရေရှည်တည်တံ့သည့် နည်းလမ်း ရှာဖွေနိုင်ရန် နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂနှင့် ၎င်း၏ အေဂျင်စီများက အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအားလုံးနှင့် ရိုးသားစွာ ထိတွေ့ ဆက်ဆံရေးက အလွန်အရေးကြီးပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်)
၁။ ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ နှစ်စဉ်အစီရင်ခံစာ (Report of the UNHCR) အား အပြန်အလှန်ဆွေးနွေးသည့်အစည်းအဝေးအား ၆-၁၁-၂၀၂၅ ရက် (ကြာသပတေးနေ့)၊ မွန်းလွဲပိုင်း တွင် ကျင်းပခဲ့ပါသည်။
၂။ အဆိုပါ အစည်းအဝေးတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo GRANDI က ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည့် ဒုက္ခသည်များဆိုင်ရာ အချက်အလက်များနှင့် အခြေအနေများကို အဓိကအခြေခံကာ ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၅၀) ကျော်မှ ပါဝင် ဆွေးနွေးခဲ့ပါသည်။
၃။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့် ဆွေးနွေးမှုတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-
(က) ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာ၌ကမ္ဘာတစ်ဝှမ်းရှိ ဒုက္ခသည်များ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအားကောင်းစွာ ထင်ဟပ်ရေးသားဖော်ပြထားပြီး မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော ဆိုးရွားသည့်အခြေအနေနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် နယ်ပယ်အမျိုးမျိုးမှ ကျရောက်သည့် ကြီးလေးသော သက်ရောက်မှုတို့ကိုလည်း ထည့်သွင်းဖော်ပြပါရှိသဖြင့် ကျေးဇူးတင်ပါကြောင်း၊
(ခ) မိမိတို့ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်မှု အကျပ်အတည်း သည် စစ်အုပ်စုမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရား စစ်အာဏာသိမ်းယူခဲ့သည့်အချိန်မှစ၍ စနစ်တကျ တွက်ချက် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုတစ်ခုဖြစ်ကြောင်း၊
(ဂ) ဤသို့ လူကလုပ်သည့် အကျပ်အတည်း၏ ကြီးထွားမှု ပမာဏသည် အလွန့်အလွန် ကြီးမားပါ ကြောင်း၊
(ဃ) ၂၀၂၅ ခုနှစ်၊ နှစ်လယ်ပိုင်းအထိ ရရှိထားသော ကိန်းဂဏန်းများအရ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၃.၅ သန်းကျော်အထိ မြင့်တက်လာခဲ့ပြီး ဒေသတွင်း၌လည်း ဒုက္ခသည်နှင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ ၁.၅၇ သန်းအထိ ထပ်မံ တိုးပွားလာလျက်ရှိကြောင်း၊ ဒုက္ခသည်ဦးရေ ဒီရေကဲ့သို့ အတိုင်းအဆ ကြီးမားစွာ မြင့်တက်လာခြင်းမှာ စစ်အုပ်စု၏ အလွန်အမင်း ရက်စက်သော မြေလှန်စနစ်ကြောင့် ဖြစ်ကြောင်း၊ စစ်အုပ်စုမှ ကျူးလွန်သည့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုများနှင့် ကျေးရွာများကို ဖျက်ဆီးမှုများကြောင့် အချို့သော ကျေးရွာနေပြည်သူများအနေဖြင့် ရွာလုံးကျွတ် နေရပ်စွန့်ခွာသူများ ဖြစ်လာခဲ့ရကြောင်း၊
(င) ပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် ကလေးသူငယ်များ အနေဖြင့် မှန်းဆမရနိုင်သော ဒုက္ခဆင်းရဲ ဝန်တာများကို ခါးစည်းခံနေရကြောင်း၊
(စ) ဒုက္ခသည် လူဦးရေ စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းဖြစ်သော အမျိုးသမီးနှင့် မိန်းကလေးငယ်များ အနေဖြင့် ကျားမအခြေပြု အကြမ်းဖက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများနှင့် လူကုန်ကူးခံရသည့် ကြီးမားသော အန္တရာယ်တို့ကို ရင်ဆိုင်နေရကြောင်း၊
(ဆ) ဒုက္ခသည်လူဦးရေ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းဖြစ်သော ကလေးသူငယ်များအနေဖြင့်လည်း ကြီးမားသော စိတ်ဒဏ်ရာများကို အံတုနေထိုင်နေရကြောင်း၊ ခန့်မှန်းအားဖြင့် ၆ သန်းခန့်သော ကလေးသူငယ်များမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အရေးပေါ် လိုအပ်လျက်ရှိကြောင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ကလေးသူငယ်များ၏ ကျောင်း နေမှုနှုန်းမှာ သိသိသာသာ ကျဆင်းခဲ့သဖြင့် အဆိုပါ မျိုးဆက်အားပညာရေးဆုံးရှုံးစေ ကြောင်း၊ တစ်ဖက်တွင်းလည်း စစ်အုပ်စု၏ အဓမ္မတပ်သားစုဆောင်းမှုနှင့် စစ်မှုထမ်းစေခြင်း ရန်စွယ် တို့ကြောင့် လည်း ထိရှလွယ်လျက်ရှိကြောင်း၊ အခြားတစ်ဖက်တွင်လည်း ကလေးငယ် ၁ သန်း ကျော်မှာ ၎င်းတို့အတွက် လိုအပ်သော ပုံမှန် ကာကွယ်ဆေးများ ထိုးခွင့် အခွင့်အရေးကိုပင် ဆုံးရှုံးကာ ကာကွယ်နိုင်သည့် ရောဂါများ အတုံးအရုံး ပြန့်ပွားလာနိုင်သည့် ဘေးအန္တရာယ်ဆိုးနှင့်လည်း ရင်ဆိုင်နေရကြောင်း၊
(ဇ) အချို့သော ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေသူများမှာလည်း အွန်လိုင်း လိမ်လည် မှုများနှင့် လူနှင့် မူးယစ်ဆေးဝါး ကုန်ကူးခြင်းတို့အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ၏ သားကောင်များ ဖြစ်လာခဲ့ရကြောင်း၊
(ဈ) မိမိတို့အနေဖြင့် ရိုဟင်ဂျာဒုက္ခသည်များ ကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခကိုလည်း ဖော့ထား၍ မရသကဲ့သို့ ယင်းကိစ္စရပ်အား မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လူသားစာနာ အကျပ်အတည်းဖြစ်စဉ် တစ်ခုလုံးအောက်မှ သီးခြားခွဲထုတ်၍လည်း မရကြောင်း၊
(ည) သို့သော် ရာဇဝတ်မှုများကိုကျူးလွန်လျက်ရှိသည့်ရာဇဝတ်သားများကမူ ပြစ်ဒဏ်ကင်းလွတ်ခွင့် အား ဆက်လက် အကျိုးခံစားကာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့် လူ့အခွင့်အရေးဥပဒေတို့အား ကျူးလွန်ဆဲ ကျူးလွန်မြဲဖြစ်ကြောင်း၊
(ဋ) စစ်အုပ်စုအနေဖြင့် အကူအညီများကို အမြဲတစေ၊ စနစ်တကျ လက်နက်သဖွယ် အသုံးချရုံသာမက လိုအပ်နေသည့် အသိုက်အဝန်းများထံသို့ ထောက်ပံ့ကူညီမှုများ ဘေးကင်းလုံခြုံစွာ ရောက်ရှိရေးကိုလည်း တားဆီးပိတ်ပင်လျက်ရှိကြောင်း၊
(ဌ) ထို့ပြင် ၎င်းတို့အနေဖြင့် မဆင်မခြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဒုက္ခသည်စခန်းများကို မကြာခဏ တိုက်ခိုက်ခြင်းတို့ကို တိုးချဲ့လုပ်ဆောင်လာခဲ့ပြီး ထောင်ပေါင်းများစွာသော အရပ်သားပြည်သူများကို သတ်ဖြတ်လျက်ရှိကြောင်း၊
(ဍ) ထိုသို့ ကြီးလေးသော ပြစ်မှုများသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ မြောက်ကြောင်း၊
(ဎ) ယခုအခါ စစ်အုပ်စုနှင့် ၎င်းတို့ဆက်စပ်နေသည့် အစွယ်အပွားများသည် ၎င်းတို့ ကျူးလွန်ထား သည့် ယုတ်မာမှုများကို ဖုံးကွယ်ရှောင်လွှားနိုင်ရန် အတုအယောင် ရွေးကောက်ပွဲ လမ်းစဉ်ကို ကြိုးပမ်းနေကြောင်း၊
(ဏ) မိမိအနေဖြင့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲသည် တရားဝင်မှု အလျဉ်း မရှိကြောင်း နှင့် ယင်းမှာ အလိမ်အညာ လုပ်ငန်းစဉ်တစ်ခုမျှသာဖြစ်ကြောင်းကို ထပ်ခါတလဲလဲ ရှင်းလင်းစွာ ပြောကြားထားပြီးဖြစ်ကြောင်း၊
(တ) ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲသည် အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများကို ပိုမို တိုးပွားစေနိုင်ပြီး ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများကိုသာ သာ၍ တိုးပွားလာစေမည်ဖြစ်ကြောင်း၊
(ထ) ပြီးခဲ့သော(၃)လအတွင်း၌ပင် စစ်အုပ်စု၏လက်ချက်ကြောင့်ဖမ်းဆီးထိန်းသိမ်းခံရသူ အယောက် (၈၀) အထိ ရှိလာခဲ့ကြောင်း၊ စင်စစ်အားဖြင့် ပြည်သူများက ဆိုရှယ်မီဒီယာပေါ်ရှိ အတုအယောင် ရွေးကောက်ပွဲနှင့် ဆက်နွယ်နေသည့် ပို့စ်များကို တစ်မျိုးမျိုး တုံ့ပြန်ရုံမျှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊
(ဒ) စစ်အုပ်စု၏ အစီအစဉ်တွင် လွတ်လပ်မှု၊ မျှတမှုနှင့် အားလုံးပါဝင်မှု စသည့် နှုန်းစံတန်ဖိုးများကို စိုးစဉ်းမျှပင် မမြင်တွေ့ရပါကြောင်း၊
(ဓ) သို့ဖြစ်ပါ၍ မိမိအနေဖြင့် ကုလသမဂ္ဂ အဖွဲ့နိုင်ငံ တစ်နိုင်ငံချင်းစီနှင့် နိုင်ငံတကာ အသိုက်အဝန်း အား ဒီမိုကရေစီစံနှုန်းနှင့် အလုံးစုံ ဆန့်ကျင်နေသည့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို တခဲနက် ပြင်းထန်စွာ ကန့်ကွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊
(န) တစ်ချိန်တည်းမှာပင် နိုင်ငံတကာအသိုက်အဝန်း၊ အထူးအားဖြင့် သက်ဆိုင်ရာ ပါဝင်ပတ်သတ် နေသူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီများ တိုးမြှင့်ပေးရန်နှင့် အမှန်တကယ် လိုအပ်နေသူများထံသို့ လိုအပ်သည့် အသက်ကယ် အထောက်အပံ့ အကူအညီများ ပြည့်ဝစွာ ပို့ဆောင်ပေးရန် တောင်းဆိုလိုပါကြောင်း၊
(ပ) ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများအပေါ် မပျက်ကွက်သင့်ပါကြောင်း၊
(ဖ) ထို့ပြင် လူသားစာနာ အကျပ်အတည်းတစ်ခုတည်းအား ဖြေရှင်းခြင်းဖြင့် မြန်မာ့အကျပ်အတည်း တစ်စုံလုံးကို ဖြေရှင်းရန် လုံလောက်မှု မရှိကြောင်းကိုလည်း ထပ်လောင်း ပြောကြားလိုကြောင်း၊
(ဗ) ပြဿနာ၏ ဇစ်မြစ်အား ဖြေရှင်းမှသာလျှင် အဖြေကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း၊
(ဘ) ထို့ကြောင့် မြန်မာနိုင်ငံ၏အကျပ်အတည်းအတွက် ရေရှည်တည်တံ့သည့် နည်းလမ်း ရှာဖွေနိုင်ရန် နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂနှင့် ၎င်း၏ အေဂျင်စီများက အမျိုးသားညီညွတ်ရေး အစိုးရ အပါအဝင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအားလုံးနှင့် ရိုးသားစွာ ထိတွေ့ ဆက်ဆံရေးက အလွန်အရေးကြီးပါကြောင်း၊
(မ) မြန်မာပြည်သူများအနေဖြင့် မြန်မာနိုင်ငံတွင်သာမက ဒေသတွင်းနှင့် အခြားနေရာဒေသများ၌ပါ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အား ပြန်လည်အသက်သွင်းနိုင်ရန် မြန်မာနိုင်ငံတွင် စစ်အာဏာ ရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထွန်းကားစေရေး လုပ်ဆောင်နေသည့် ကြိုးပမ်းအားထုတ်မှုများကိုအားလုံး ဝိုင်းဝန်းထောက်ပံ့ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း။
(မိန့်ခွန်းပြောကြားချိန် အချိန်အကန့်အသတ်ကြောင့် အချို့အချက်များကို ချန်လှပ်ပြောကြားခဲ့ရပါသည်။)
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်ဆွေးနွေးချက် အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, on the Report of the United Nations High Commissioner for Refugees at the Third Committee at the Eightieth Session of the UN General Assembly
(New York, 6 November2025)
Mr. Chair,
Myanmar thanks the High Commissioner for his comprehensive report, which provides a stark and necessary overview of the global challenges facing refugees, including the devastating situation in Myanmar and its severe impact on the region and international peace and security across various aspects.
Mr. Chair,
The crisis of displacement in my country is a calculated atrocity inflicted by the military junta since February 2021 through an unlawful military coup.
The scale of this man-made crisis is staggering.
As of mid-2025, the number of internally displaced persons has soared to over 3.5 million, with an additional 1.57 million Myanmar refugees and asylum-seekers scattered across the region and beyond. This is a massive human tide driven by the junta's brutal "scorched earth" policies. The whole residents in some villages and towns became displaced due to the junta’s aerial and artillery attacks and destruction of villages.
People especially women and girls and children are bearing unbearable burdens.
Women and girls, comprising about 50 percent of the refugee population, have been facing an extreme risk of gender-based violence, sexual exploitation, and human trafficking.
Children, who make up over 40 percent of the refugee population, are enduring immense trauma. An estimated 6 million children in Myanmar are now in need of humanitarian assistance. School attendance for displaced children has plummeted, leaving a generation deprived of education and vulnerable to forced conscription and recruitment by the military. Over 1 million children are losing their rights and opportunities to receive vital, regular immunization, and are at risk of massive outbreaks of preventable diseases.
Some IDPs became victims of transnational organized crimes including online scam, human and drug trafficking.
Moreover, the plight of Rohingya cannot be understated, nor can it be separated from the larger humanitarian crisis faced in Myanmar.
Yet, the perpetrators continue committing serious violation of international humanitarian law and human rights law with constant enjoyment of impunity.
They are consistently and systematically weaponizing aid, blocking safe and unhindered access to communities in dire need.
They have further amped up their reliance on indiscriminate airstrikes, often striking schools, hospitals, and IDP camps and killing thousands of civilians.
These serious crimes are amounting to war crimes and crimes against humanity.
The junta and its affiliates are now attempting to mask this depravity with a sham election. I have repeatedly made clear that the junta’s planned scam election is illegal and a deceitful process.
This sham election will create more violence and instability and produce more refugees and IDPs.
Just in last three months, more than 80 individuals have been arrested by the junta. People simply reacting to social media posts related to their sham elections are detained.
No values of freedom, fairness and inclusivity can be found in their plan.
Therefore, I urge every Member State and the international community to categorically reject the junta’s sham elections which clearly stand against democratic norms.
At the same time, I wish to request the international community, especially all relevant stakeholders, to increase humanitarian response efforts and make meaningful life-saving aid delivery to those in need.
The UN should not fail the people of Myanmar.
I would also like to reiterate that addressing the humanitarian aspect of the issue alone will not be sufficient to resolve the crisis in Myanmar.
Only by addressing the root cause of the issue will we find a solution.
Therefore, sincere engagements by the international community, the UN and its agencies with all relevant stakeholders including the NUG are crucial for finding a sustainable solution of the crisis in Myanmar.
We urge you all to support the people of Myanmar in ending the military dictatorship and building a genuine federal democratic union in Myanmar to reinforce peace and stability not only in the country, but also in the region and beyond.
I thank you.
*****










