Intervention by Ambassador Kyaw Moe Tun on “Empowering Youth for a Culture of Peace” at the High-Level Forum on the Programme of Action on a Culture of Peace
- Myanmar Mission To UN
- 1 day ago
- 4 min read





Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, on “Empowering Youth for a Culture of Peace” at the High-Level Forum on the Programme of Action on a Culture of Peace, held on 2 September 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ အထွေထွေညီလာခံ ၌ ပြုလုပ်သည့် "ငြိမ်းချမ်းရေးဓလေ့အတွက် လူငယ်များကို စွမ်းဆောင်ရည် မြှင့်တင်ခြင်း" ခေါင်းစဉ်ဖြင့် ကျင်းပသည့် ငြိမ်းချမ်းရေးဓလေ့ဆိုင်ရာ ဆွေးနွေးပွဲ၌ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ရေရှည်တည်တန့်သော ငြိမ်းချမ်းရေးဓလေ့ ကို တည် ဆောက်နိုင်ရန်အတွက် လူငယ်များ၏ အဓိပ္ပာယ် ပြည့်ဝသော ပါဝင်မှုနှင့် ဆုံးဖြတ်ပိုင်ခွင့်တို့သည် မရှိမဖြစ်လိုအပ်၊
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးအစဉ်အလာများအတွက် လူငယ်များ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် စပ်လျဉ်း၍ လူငယ်များအတွက် ပျိုးထောင်ပေးနိုင်သော ပတ်ဝန်းကျင်ကောင်း တစ်ရပ်အား ဖန်တီးပေးရန်၊ ငြိမ်းချမ်းရေး ဆိုင်ရာ ပညာပေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်၊ အပြစ်ပေးအရေးယူခြင်းမှ လွတ်ကင်းနေသည့်ဓလေ့အား အဆုံးသတ်ရန်၊ မြန်မာပြည်သူများကသာ ပိုင်ဆိုင်၍ မြန်မာပြည်သူများ ကသာ ဦးဆောင်သော ပြည်တွင်းမှ ပေါက်ဖွားလာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးရန် တို့ဖြစ်၊
မြန်မာနိုင်ငံရှိ လူငယ်အများအပြားသည် နိုင်ငံရေးနှင့် လူမှုရေး လွတ်လပ်ခွင့်များ ပိုမိုခံစားခဲ့ရသည့်ကာလတွင် ကြီးပြင်းလာခဲ့ကြ၊ အကြမ်းဖက်စစ်တပ်၏ တရားမဝင်အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း လူငယ် ပေါင်း ၅၀၀,၀၀၀ ခန့်သည် နိုင်ငံတွင်းမှ ထွက်ခွာသွားခဲ့၊ မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် နှင့် စီးပွားရေး တည်ငြိမ်မှုအပေါ် ရေရှည်တွင် သက်ရောက်မှုများ ရှိနိုင်၊
အရပ်သား ကြီးကြပ်မှုအောက်တွင် တရားမျှတ၍ တာဝန်ခံနိုင်သော အဖွဲ့အစည်းများ တည်ရှိမှု သည် မြန်မာ နိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဓလေ့အတွက် ကြိုတင်လိုအပ်ချက်များပင်ဖြစ်၊ လူငယ် လူရွယ် များသည် စစ်အာဏာရှင်စနစ်နှင့် ၎င်း၏ အမြစ်တွယ်နေသော အပြစ်ပေးအရေးယူခြင်းမှ လွတ်ကင်းသည့် ဓလေ့ကို တွန်းလှန်ရန် ၎င်းတို့၏ လက်ဝယ်ရှိသည့် နည်းလမ်းအားလုံးကို အသုံးပြု တိုက်ပွဲဝင်လျက်ရှိ၊
စစ်အာဏာရှင်စနစ်ကို အဆုံးသတ် ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရန် မြန်မာ ပြည်သူများနှင့် မြန်မာလူငယ် များ ၏ သန္နိဋ္ဌာန်ချ ဆောင်ရွက်နေမှု ကို ပံ့ပိုးကူညီပေးကြရန် နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းမေတ္တာရပ်ခံ ပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်)
၁။ ကုလသမဂ္ဂအထွေထွေညီလာခံ၌ "ငြိမ်းချမ်းရေးဓလေ့အတွက် လူငယ်များကို စွမ်းဆောင်ရည် မြှင့်တင် ခြင်း" ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးဓလေ့ဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ် ကို ၂-၉-၂၀၂၅ ရက်နေ့တွင် ကျင်းပ ပြုလုပ် ခဲ့ပါ သည်။ အဆိုပါဆွေးနွေးပွဲ သို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်၍ မိန့်ခွန်း ပြောကြားခဲ့ပါသည်။
၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိက အချက်များ ပါဝင်ပါသည်-
(က) ရေရှည်တည်တန့်သောငြိမ်းချမ်းရေးဓလေ့ကို တည်ဆောက်နိုင်ရန်အတွက် လူငယ်များ၏ အဓိပ္ပာယ် ပြည့်ဝသော ပါဝင်မှုနှင့် ဆုံးဖြတ်ပိုင်ခွင့်တို့သည် မရှိမဖြစ် လိုအပ်ပါကြောင်း၊ ယခုအခါ လက်နက်ကိုင် ပဋိပက္ခများ တိုးပွားလာခြင်း၊ ပြည်သူ့နီတိနှင့် လူအခွင့်အရေး လေးစားလိုက်နာမှု များ ကင်းမဲ့လာခြင်း၊ တရားမျှတမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများ ပျက်ပြားလာခြင်း တို့သည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ လူငယ်များ၏ အနာဂတ်နှင့် ငြိမ်းချမ်းရေးအတွက် ၎င်းတို့၏ ပံ့ပိုးဆောင်ရွက်မှုများကို ခြိမ်းခြောက်လျက်ရှိပါကြောင်း၊
(ခ) မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးအစဉ်အလာများအတွက် လူငယ်များ၏ စွမ်းဆောင်ရည် မြှင့်တင် ခြင်း နှင့်ပတ်သက်၍ အောက်ပါအချက်များကို မီးမောင်းထိုးပြလိုပါကြောင်း၊ ပထမအချက် အနေဖြင့် လူငယ်များအတွက် ပျိုးထောင်ပေးနိုင်သော ပတ်ဝန်းကျင်ကောင်း တစ်ရပ်အား ဖန်တီး ပေးခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ လူငယ်အများအပြားသည် နိုင်ငံရေးနှင့် လူမှုရေး လွတ်လပ် ခွင့်များ ပိုမိုခံစားခဲ့ရသည့်ကာလတွင် ကြီးပြင်းလာခဲ့ကြပါကြောင်း၊ အကြမ်းဖက်စစ်တပ်၏ တရားမဝင်အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးလာခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မတရားဖမ်းဆီးကာ အတင်းအကြပ် စစ်မှုထမ်းခိုင်းစေမှု ခံရခြင်းတို့သည် လူငယ်များ၏ အဖိုးထိုက်တန်လှသည့် အလားအလာနှင့် အနာဂတ်များကို ကြေမွပျက်စီးစေခဲ့ပါကြောင်း၊
(ဂ) ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် ၏ ထုတ်ပြန်ချက်အရ၊ လူငယ်ပေါင်း ၅၀၀,၀၀၀ ခန့်သည် အထက်ဖော်ပြပါ စိမ်ခေါ်မှုများမှ လွတ်မြောက်နိုင်ရန်အလို့ငှာ နိုင်ငံတွင်းမှ ထွက်ခွာသွားကြ ကြောင်း၊ လူငယ်အများအပြား ရွှေ့ပြောင်းထွက်ခွာမှုသည် မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်း အမြစ် နှင့် စီးပွားရေးတည်ငြိမ်မှုအပေါ် ရေရှည်တွင် သက်ရောက်မှုများ ရှိနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာလူငယ်များ၏ ဒုက္ခဆင်းရဲကို မမေ့လျော့သင့်သလို နောက်ထပ်အသက်ဆုံးရှုံးမှုများကို တားဆီးရန်နှင့် အနာဂတ်မျိုးဆက်သစ်များကို ကယ်တင်ရန် အရေးပေါ် လုပ်ဆောင်ချက်များကို ချက်ချင်းလုပ်ဆောင်သင့်ပါကြောင်း၊
(ဃ) ဒုတိယအချက်အနေဖြင့် ငြိမ်းချမ်းရေးဆိုင်ရာ ပညာပေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အမှတ် ၇၉/၃၂၁ တွင်ဖော်ပြထားသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး တက္ကသိုလ် အပါအဝင် သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ဉီးဆောင် ပြုလုပ်သည့် လုပ်ငန်းများကို မှတ်သားအပ်ပါကြောင်း၊ သို့ရာတွင် အဆိုပါ ဆောင်ရွက်ချက်များ အနေဖြင့် သင့်လျော်သော အုပ်စုများ၊ အထူးသဖြင့် လူငယ်ရပ်ရွာခေါင်းဆောင်များ၊ လူငယ် လူ့ အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားများကို ပစ်မှတ်ထား ချိတ်ဆက်၍ ၎င်းတို့ ပိုမိုဆောင်ရွက်နိုင်စေရန် ပံ့ပိုးသင့်ပါကြောင်း၊ စစ်တပ်နှင့် ဆက်နွယ်သူများနှင့် မည်သည့် မိတ်ဖက် ပြုမှုမဆိုသည် ပြည်သူများအကျိုးနှင့် ငြိမ်းချမ်းရေးမြှင့်တင်မှုကို ဖော်ဆောင်ရာ မရောက် ပါကြောင်း၊
(င) တတိယအချက်အနေဖြင့် အပြစ်ပေးအရေးယူခြင်းမှ လွတ်ကင်းနေသည့်ဓလေ့အား အဆုံးသတ် ခြင်းပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဓလေ့ကို စွမ်းဆောင်ရည်မြှင့်တင်ရာတွင် တာဝန်ယူမှု တာဝန်ခံမှုနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုများမှတစ်ဆင့် စစ်တပ်က ခံစားခွင့်ရှိနေသည့် အပြစ်ပေးအရေးယူခြင်းမှ လွတ်ကင်းနေသည့် ဓလေ့အား အဆုံးသတ်ခြင်းကို အဓိကထားသင့်ပါကြောင်း၊ ထို့ကြောင့် တရားဥပဒေစိုးမိုးရေး ပြန်လည်ထူထောင်ခြင်း၊ အရပ်သား ကြီးကြပ်မှုအောက်တွင် တရားမျှတ၍ တာဝန်ခံနိုင်သော အဖွဲ့အစည်းများ တည်ရှိမှု သည် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဓလေ့အတွက် ကြိုတင်လိုအပ်ချက်များ ပင် ဖြစ်ပါကြောင်း၊
(စ) တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံရှိ လူငယ်၊ လူရွယ်များသည် စစ်အာဏာရှင်စနစ်နှင့် ၎င်း၏ အမြစ်တွယ်နေသော အပြစ်ပေးအရေးယူခြင်းမှ လွတ်ကင်းသည့်ဓလေ့ကို တွန်းလှန်ရန် ၎င်းတို့၏ လက်ဝယ်ရှိသည့် နည်းလမ်းအားလုံးကို အသုံးပြု တိုက်ပွဲဝင်လျက်ရှိပါကြောင်း၊ စစ်အာဏာရှင် စနစ်သည် ငြိမ်းချမ်းရေးဓလေ့၏ ဆန့်ကျင်ဘက်ဖြစ်နေသည်ကို မြန်မာနိုင်ငံ၏ သမိုင်းက ရှင်းလင်းစွာ ညွှန်ပြနေပါကြောင်း၊
(ဆ) နောက်ဆုံးအချက်အနေဖြင့် မြန်မာပြည်သူများကသာ ပိုင်ဆိုင်၍ မြန်မာပြည်သူများကသာ ဦးဆောင်သော ပြည်တွင်းမှ ပေါက်ဖွားလာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးခြင်းပင် ဖြစ်ပါကြောင်း၊ စစ်မှန်သော ငြိမ်းချမ်းရေးသည် နိုင်ငံပြင်ပမှ ချုပ်ကိုင်၍ မရသကဲ့သို့ အကြမ်းဖက် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းစဉ်မှတစ်ဆင့် အတင်းအကြပ် ပြုလုပ်၍ လည်း မရနိုင်ပါကြောင်း၊ အားလုံးပါဝင်သော ဆွေးနွေးပွဲများ၊ အဓိပ္ပာယ်ပြည့်ဝသော ပါဝင် ဆွေးနွေးမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့မှတစ်ဆင့်သာ မြန်မာပြည်သူများက ပိုင်ဆိုင် ပြီး၊ ဦးဆောင်ရမည် ဖြစ်ပါကြောင်း၊
(ဇ) အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအားလုံးတို့သည် တစ်နိုင်ငံလုံး၏ သာယာဝပြောမှု၊ တရားမျှတမှု၊ ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်မှုကို အာမခံချက်ပေးသော အနာဂတ်မြန်မာနိုင်ငံတော် ဖြစ်ပေါ်ရေး အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ် ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရန် မြန်မာပြည်သူများနှင့် မြန်မာလူငယ် များ ၏ သန္နိဋ္ဌာန်ချ ဆောင်ရွက်နေမှု ကို ပံ့ပိုးကူညီပေးကြရန် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းမေတ္တာရပ်ခံ ပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် ဆွေးနွေးပြောကြားချက် အပြည့်အစုံ (အင်္ဂလိပ် ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative of the
Republic of the Union of Myanmar to the United Nations,
on “Empowering Youth for a Culture of Peace”
at the High-Level Forum on the Programme of Action on a Culture of Peace
(New York, 2 September 2025)
Mr. President,
I wish to begin by thanking you for convening this meeting and delivering the opening remarks. I also thank other speakers for sharing their insights.
A sustainable culture of peace cannot be achieved without the meaningful participation of and decision-making by youth. Myanmar welcomes the advancements in institutionalizing the youth, peace and security agenda in the report of the Secretary-General and calls for more investment in youth-led peace inititatives.
Unfortunately, the increase in armed conflicts, the shriking of civic space and the erosion of human rights, justice and accountability are threatening the future of youth and their contributions to peace around the world, including my own country, Myanmar.
Against this backdrop, I wish to highlight the following points on empowering the youth for a culture of peace in Myanmar.
First, providing a nurturing environment for youth– Many young people in Myanmar grew up during a time of expanding political and civil freedoms. Since the attempted military coup, the lack of education and employment opportunies, human rights violations, and unlawful forced conscription have shattered the potential and the future of our youth.
Acoording to UNDP, up to 500,000 young people are estimated to have left the country to escape these challenges.The migration of young people risks long-term implications for Myanmar’s human capital and economic stability.
The international community should not forget the plight of the youth of Myanmar and should take urgent actions to prevent further loss of lives and save the future generation.
Second, promoting peace education and activities– Myanmar takes note of the initiatives by relevent UN bodies, including the University for Peace in resolution 79/321. However, we are of the view that such actions should target and engage with an appropriate cohort, particularly youth community leaders, young human rights defenders, and students to amplify their voices.
Any other partnership with the military affiliates does a disservice to the people and the promotion of peace.
Third, ending the culture of impunity– empowering the culture of peace in Myanmar should be centered around ending the culture of impunity enjoyed by the miltiarythrough accountability and transitional justice. Therefore, the restoration of the rule of law, just and accountable institutions under civilian oversights are preconditions for lasting and sustainable culture of peace in Myanmar.
At the same time, young people in Myanmar are using all available means at their disposal to resist the military dictatorship and its entrenched culture of impunity.Our history simply indicates that the military dictatorship is the antithesis of the culture of peace.
Finally, supporting the home-grown and Myanmar-owned, Myanmar-led peace process –Genuine peace cannot be imposed from outside norcooerced by the military junta through their deceitfulsham election process. It must be owned and led by the people of Myanmar through inclusive dialogue, meaningful participation and national reconciliation.
The National Unity Government, our allied ethnic resistance organizations and relevant stakeholders have been in talks for future Myanmar that ensures prosperity, justice, peace and stability for all.
Taking this opportunity, I appeal to the international community to support the people of Myanmar and our youth in their determination to end the military dictatorship and build a federal democratic union.
I thank you.
*****





