top of page
  • Writer's pictureMyanmar Mission To UN

Intervention by Ambassador Kyaw Moe Tun on Agenda Item 57: Report of UNHCR at 3C of 77th UNGA




Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, on Agenda Item 57: Report of the United Nations High Commissioner for Refugees, questions relating to refugees, returnees and displaced persons and humanitarian questions, at the Third Committee of the 77th Session of the UN General Assembly, held on 1 November 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးဘာသာရပ်အောက်၌ ကျင်းပပြုလုပ်သော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့်အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်၌ တရားမဝင် စစ်အာဏာသိမ်းမှုပြီးနောက် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ရသူများအနေဖြင့် မြန်မာနိုင်ငံတွင် အသက်အန္တရာယ်၊ ညဉ်းပန်းနှိပ်စက်မှုနှင့် ဖမ်းဆီးခံရခြင်း ဘေးအန္တရာယ်များအပြင် အိမ်နီးချင်းနိုင်ငံများတွင်လည်း ဖမ်းဆီးခံရခြင်းနှင့် နေရပ်ပြန်လည်ပို့ဆောင်ခံရခြင်း ဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်)


၁။ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီတွင် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေး ဘာသာရပ်အောက်၌ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့် အပြန် အလှန်ဆွေးနွေးမှုအစီအစဉ်ကို ၁-၁၁-၂၀၂၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင်ကျင်းပပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပါဝင်ဆွေးနွေးခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ဆွေးနွေးပြောကြားမှုတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်သည့်တိုင် ဆက်လက်ဖြစ်ပေါ်နေသည့် ပဋိပက္ခများ ၏ နောက်ဆက်တွဲအကျိုးဆက်ကြောင့် ပြည်သူအများအပြားအနေဖြင့် အခြားနိုင်ငံများသို့ ပြောင်းရွှေ့ နေထိုင်ရကြောင်း၊ ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားမဝင် စစ်အာဏာသိမ်းမှုဖြစ်ပေါ် ခဲ့ပြီးနောက် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် နေရပ်စွန့်ခွာသူဦးရေကို သိသိသာသာ မြင့်မားလာစေခဲ့ သည့်အပြင် အိမ်နီးချင်းနိုင်ငံများသို့လည်း ဒုက္ခသည်များ ရောက်ရှိလျက်ရှိကြောင်း၊ အထူးသဖြင့် ကော့ဘဇား (Cox’s Bazar) နှင့် အိန္ဒိယ၊ ထိုင်းနှင့် မလေးရှား စသည့် အိမ်နီးချင်းနိုင်ငံများတွင် မြန်မာ ဒုက္ခသည်နှင့် နေရပ်စွန့်ခွာသူများစွာရှိကြောင်း၊


(ခ) တရားမဝင် စစ်အာဏာသိမ်းမှုပြီးနောက် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ရသူများအနေဖြင့် မြန်မာနိုင်ငံတွင် အသက်အန္တရာယ်၊ ညဉ်းပန်းနှိပ်စက်မှုနှင့် ဖမ်းဆီးခံရခြင်း ဘေးအန္တရာယ်များအပြင် အိမ်နီးချင်းနိုင်ငံများတွင်လည်း ဖမ်းဆီးခံရခြင်းနှင့် နေရပ်ပြန်လည်ပို့ဆောင်ခံရခြင်း ဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း၊ အများစုအနေဖြင့် စိတ်ဒဏ်ရာရရှိနေပြီး အချို့မှာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်နေပြီဖြစ်ကြောင်း၊ အချို့မှာလည်း ၎င်းတို့၏ ကျန်းမာ‌ရေးနှင့် လုံခြုံရေးတို့အတွက် အမြဲတစေစိုးရိမ်ပူပန်နေရကြောင်း၊ ထို့ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်နှင့် ၎င်းတို့၏ အခွင့်အရေးများအား ကာကွယ်ပေးရန် အရေးတကြီး တောင်းဆိုလျက်ရှိကြောင်း၊ အကယ်၍ ၎င်းတို့အား အချိန်မီကာကွယ်ပေးနိုင်ခြင်း မရှိပါက လူကုန်ကူးခြင်းနှင့် လိင်ပိုင်းဆိုင်ရာအမြတ် ထုတ်ခြင်း စသည်တို့၏ သားကောင်များ ဖြစ်လာနိုင်ခြေရှိကြောင်း၊ မိမိတို့အနေဖြင့် ယင်းကိစ္စအပေါ် အထူးစိုးရိမ်ကြောင်း၊


(ဂ) သို့ရာတွင် ဒုက္ခသည်များအတွက် အကူအညီပေးမှုနှင့် မျှော်လင့်ချက်တို့ ကင်းမဲ့သဖြင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များ မိမိကိုယ်ကို အဆုံးစီရင်သည့်ဖြစ်စဉ်မှာ ထိတ်လန့်ဖွယ် ကောင်းအောင် ပေါ်ပေါက်လာ ခဲ့ကြောင်း၊ ဥပမာအားဖြင့် လွန်ခဲ့သော လအနည်းငယ်အတွင်းက အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ၌ UNHCR ၏ အကာအကွယ်အား တောင်းခံထားသည့် အမျိုးသားတစ်ဦးသည် ၎င်း၏ ကလေးငယ် (၂) ဦးကို တံတားပေါ်မှ ပစ်ချ၍ ၎င်းကိုယ်၎င်းပါ အဆုံးစီရင်သည့်ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ကြောင်း၊


(ဃ) အချို့အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ခိုလှုံ၍ UNHCR ထံမှ အကာအကွယ်တောင်းခံခဲ့သူများ အနေဖြင့်လည်း နေရပ်ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရကြောင်း၊ အချို့မှာ နေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်း ခံရပါက ဖမ်းဆီးခံရနိုင်သည့် အန္တရာယ်ရှိနိုင်သည်ကို သိလင့်ကစား ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း၊ ယခုအခါ ၎င်းတို့သည် လူမဆန်သည့် စစ်တပ်၏ လက်ထဲ၌ ဒုက္ခကြုံတွေ့နေပြီဖြစ်ကြောင်း၊


(င) မြန်မာနိုင်ငံမှ အိမ်နီးချင်းနိုင်ငံသို့ စွန့်ခွာ၍ UNHCR ၏ အကာအကွယ်အား တောင်းခံနေသူများ အနေဖြင့် အဆင်မပြေမှုများဖြင့်သာ အဆုံးသတ်ကြုံတွေ့နေရကြောင်း၊ ဤနေရာတွင် ပွင့်လင်းမြင်သာမှု သည် အရေးကြီးသည်ဟု မှတ်ယူကြောင်းနှင့် လိုအပ်သည့် သတင်းအချက်အလက်များအား အများပြည်သူ ထံသို့ချပြခြင်း၊ လွယ်ကူစွာဆက်သွယ်နိုင်ခြင်းကလည်း ညီတူညီမျှ အရေးကြီးကြောင်း။


၃။ ထို့ကြောင့် UNHCR အနေဖြင့် ၎င်းတို့ထံမှ အကူအညီတောင်းခံနေသူများအား ကြိုတင်မှန်းဆနိုင် သော အကူအညီများကို မည်ကဲ့သို့ လျင်မြန်ထိရောက်စွာဖြင့် ပေးအပ်နိုင်မည်ကို သိရှိလိုကြောင်း ပြောကြားခဲ့ပါသည်။


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ ဆွေးနွေးပြောကြားချက်များ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။



၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Intervention by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations,

on Agenda item 57: Report of the United Nations High Commissioner for Refugees, questions relating to refugees, returnees and displaced persons and humanitarian questions

at Third Committee of the 77th Session of UN General Assembly


(New York, 1 November 2022)


Mr. Chair,

Myanmar thanks the High Commissioner for his presentation of the report.


In my country of Myanmar, as a consequence of decades-long internal conflicts, many people have migrated to other countries. The military’s atrocities following the illegal coup in February 2021 has created an enormous increase in the number of displaced persons, and then exporting refugees to neighbouring countries. There are many refugees and displaced person in Cox’s Bazar as well as in other neighbouring countries such as India, Thailand and Malaysia.


Especially for those who fled after the illegal military coup, these individuals are in seriously precarious situations whereby they are in danger in Myanmar of death, torture and arrest, and in danger in neighbouring countries of arrest and deportation. Many are in trauma, some of them are mentally and physically affected; some have continuing concerns for their health and safety. Therefore, assistance and protection to their rights are urgently demanded. If there is no protection in time, they are likely to become victims of human trafficking or sexual exploitation. This is great concern for us.


Unfortunately, due to lack of help and hope, there have occurred some shocking suicide cases of refugees from Myanmar. For instance, a man who applied for refugee status in a neighbouring country tossed his two children over the bridge and committed suicide a couple of months ago.


Some Myanmar nationals who fled to neighbouring countries and sought protection from UNHCR have been deported recently. Some of them were sent back despite knowing of the risk of arrest back in the country. Now they are in danger in the hands of the inhumane military.


Mr. High Commissioner,


Some displaced persons who are trying to seek UNHCR protection in neighbouring countries are most of the time ending up in distress. We are of the view that transparency is vital. Making relevant information public and accessibility are also equally important.


Therefore, I wish to ask, how your office can protect and provide those who are seeking UNHCR protection with predictable assistance in an effective and urgent manner.


I thank you.


*****






bottom of page