top of page
  • Facebook Social Icon

Intervention by Ambassador Kyaw Moe Tun, at the World Peace Forum and “Basi Shines a Light for Peace” – Opening Ceremony of the Exhibition on Protecting Terrestrial Life

Writer: Myanmar Mission To UN
Myanmar Mission To UN
1 minute ago
4 min read

Intervention by Ambassador Kyaw Moe Tun, Permanent Representative of the

Republic of the Union of Myanmar to the United Nations, at the World Peace Forum and “Basi Shines a Light for Peace” – Opening Ceremony of the Exhibition on Protecting Terrestrial Life, held on 18 November 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ်နှင့် “ငြိမ်းချမ်းရေးအလင်းရောင်ဖော်ဆောင်ပေးသည့် ဘာစီ”

အစီအစဉ်မှ– ကုန်းနေသတ္တဝါများ ကာကွယ်စောင့်ရှောက်ရေးပြပွဲဖွင့်လှစ်မှု (Basi Shines a Light for Peace) အခမ်းအနားတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်

သံအမတ်ကြီး ဦးကျော်မိုးထွန်း က

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခများ၊ ဆင်းရဲဒုက္ခများနှင့် လုံခြုံမှု ကင်းမဲ့ခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်

ကုန်းနေသတ္တဝါများ ကာကွယ်စောင့်ရှောက်ရေးတို့ ဖော်ဆောင်ရာတွင် ငြိမ်းချမ်းရေး၊

ခိုင်မာတောင့်တင်းသည့်အဖွဲ့အစည်းများနှင့် ကောင်းမွန်သောအုပ်ချုပ်မှုစနစ်တို့၏ အရေးပါမှုကို

ကောင်းစွာ နားလည်သိရှိ၊

မြန်မာနိုင်ငံ၏ လက်ရှိတွေ့ကြုံနေရသော အခြေအနေများက

ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေး၊ ခိုင်မာတောင့်တင်းသည့်အဖွဲ့အစည်းများ ပေါ်ပေါက်လာရေးတို့သည် ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ကုန်းနေသတ္တဝါများအား ရေရှည်တည်တံ့စွာ

ကာကွယ်စောင့်ရှောက်ရေးအတွက် အခြေခံအုတ်မြစ်များဖြစ်သည်ကို ထင်ရှားစွာ ဖော်ပြ၊

စစ်အာဏာရှင်အဖွဲ့၏ အနုပညာလွတ်လပ်ခွင့်အပေါ် ကန့်သတ်ချုပ်ချယ်မှုများနှင့် ဆင်ဆာဖြတ်တောက်မှုများကို ရင်ဆိုင်နေရသော်လည်း ပြည်ပရောက် မြန်မာအနုပညာရှင်များသည်

ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းမှုတွင် အနုပညာဖျော်ဖြေတင်ဆက်မှုများ၊ လှုပ်ရှားမှုများ၊

သင်္ကေတများ၊ ဖန်တီးထုတ်လုပ်ထားသည့်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများမှတစ်ဆင့်

၎င်းတို့၏ အနုပညာကို တီထွင်ဖန်တီးမှုရှိစွာ ဆက်လက်ဖော်ပြလျက်ရှိ၊

မိမိ၏အတွေ့အကြုံများအရ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးကြိုးပမ်းမှုတွင်

အနုပညာရှင်များနှင့် ၎င်းတို့၏ အနုပညာဖန်တီးမှုများ၏ အခန်းကဏ္ဍသည်

အလွန်ပင် အားကောင်း၊ စစ်အာဏာရှင်တိုက်ဖျက်မှုတွင် ပါဝင်တိုက်ပွဲဝင်နေသည့်

မြန်မာအနုပညာရှင်များအား ဂုဏ်ပြုအပ်ပါကြောင်းနှင့် တရားမျှတမှုရှိပြီး အားလုံးပါဝင်နိုင်သော၊ ငြိမ်းချမ်း၍ ပိုမိုကောင်းမွန်သည့် မြန်မာနိုင်ငံကြီး ပေါ်ထွန်းလာရေးအတွက်

၎င်းတို့၏ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်)


၁။        ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံးစိုက်ရာ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂဆိုင်ရာ တီမောလက်စ်တ်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် ကုလသမဂ္ဂလူမှုရေးနှင့် စီးပွားရေးကောင်စီအောက်ရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် UCT International Culture Development Inc တို့မှ ပူးပေါင်းဦးစီး၍ ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ်နှင့် “ငြိမ်းချမ်းရေး အလင်းရောင် ဖော်ဆောင်ပေးသည့် ဘာစီ” အစီအစဉ်မှ ကုန်းနေသတ္တဝါများ ကာကွယ် စောင့်ရှောက်ရေးပြပွဲဖွင့်လှစ်မှုကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။  

၂။         အဆိုပါဆွေးနွေးပွဲသို့ ကုလသမဂ္ဂဆိုင်ရာ တီမောအမြဲတမ်းကိုယ်စားလှယ်၏ ဖိတ်ကြားချက်အရ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပါဝင်မိန့်ခွန်း ပြောကြား ခဲ့ပါသည်။

၃။     မြန်မာအမြဲတမ်းကိုယ်စားလှယ်မှပြေကြားရာတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-

ယနေ့အခမ်းအနားတွင် မိန့်ခွန်းပြောကြားသူတစ်ဦးအဖြစ် ပါဝင်ဆွေးနွေးရန် ဖိတ်ကြားပေးခဲ့သည့် ကုလသမဂ္ဂဆိုင်ရာ တီမောအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Dionísio အား ဦးစွာ ကျေးဇူး တင်ကြောင်း၊  ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ်တွင် ဆွေးနွေးသူတစ်ဦးအဖြစ် ပါဝင်ခွင့်ရရှိခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ မိမိအနေဖြင့် ငြိမ်းချမ်းရေး၏အခန်းကဏ္ဍနှင့် ငြိမ်းချမ်းရေးရရှိရန် အနုပညာဖြင့် ဖော်ပြခြင်း စသည့် အချက် (၂) ချက်ကို အဓိကပြောကြားလိုကြောင်း-

-          ပထမအချက်အနေဖြင့် ငြိမ်းချမ်းရေးနှင့်ကုန်းနေသတ္တဝါများ ကာကွယ်စောင့်ရှောက်ရေး၊ မိမိတို့ မြန်မာနိုင်ငံသည် နယ်စပ်ဒေသများတွင် အပူပိုင်းနှင့် သမပိုင်းနွေး သစ်တောများ၊ အလယ်ပိုင်း မိုးနည်းရေရှားဒေသနှင့် မြောက်ပိုင်းတောင်တန်းဒေသများ ရှိကြပြီး မတူကွဲပြားသည့် ကုန်းမြေဂေဟစနစ်များ တည်ရှိနေသောကြောင့် ဇီဝမျိုးကွဲများ အလွန်ကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊

-    သို့ရာတွင် အဆိုပါသဘာဝဂေဟစနစ်များအား ကောင်းမွန်သော ထိန်းသိမ်းမှုမရှိခြင်း၊ အထူးသဖြင့် အကျင့်ပျက်ခြစားသော စစ်အာဏာရှင်အဖွဲ့ဝင်များ၏ သဘာဝအရင်းအမြစ်များ အလွန်အကျွံ ထုတ်ယူခြင်း၊ ဥပဒေမဲ့ သဘာဝသယံဇာတ ထုတ်ယူခြင်း၊ တရားမဝင် မြေယာသိမ်းယူခြင်းများနှင့် လူတို့၏အခြားသောလုပ်ဆောင်ချက်များကြောင့် ထိခိုက်ပျက်စီးလွယ်သည့် အခြေအနေတွင် ရှိနေကြောင်း၊

-          ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခများ၊ ဆင်းရဲဒုက္ခများနှင့် လုံခြုံမှု ကင်းမဲ့ ခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကုန်းနေသတ္တဝါများ ကာကွယ်စောင့်ရှောက်ရေးတို့ဖော်ဆောင်ရာတွင် ငြိမ်းချမ်းရေး၊ ခိုင်မာတောင့်တင်းသည့် အဖွဲ့အစည်းများနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်တို့၏ အရေးပါမှုကို ကောင်းစွာ နားလည်သိရှိကြောင်း၊

-          ငြိမ်းချမ်းရေး၏အခြေခံအုတ်မြစ်များ ပြိုကွဲလာသည့်အခါ အမြတ်ထုတ်မှုများ တိုးပွားလာမှု၊ အကျင့်ပျက်ခြစားမှုများ အဆမတန်မြင့်တက်လာမှု၊ တရားဥပဒေစိုးမိုးမှု ပြိုလဲမှု၊ တရားမဝင် လုပ်ဆောင်မှုများ ပိုမိုကျယ်ပြန့်လာပြီး ဇီဝမျိုးကွဲများ ဆုံးရှုံးပျောက်ကွယ်မှုများသည်လည်း လျင်လျင်မြန်မြန် ဖြစ်ပေါ်လာလျက်ရှိကြောင်း၊

-          မြန်မာနိုင်ငံ၏ လက်ရှိတွေ့ကြုံနေရသော အခြေအနေများက ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေး၊ ခိုင်မာတောင့်တင်းသည့်အဖွဲ့အစည်းများ ပေါ်ပေါက်လာရေးတို့သည် ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ကုန်းနေသတ္တဝါများအား ရေရှည်တည်တံ့စွာ ကာကွယ်စောင့်ရှောက်ရေးအတွက် အခြေခံအုတ်မြစ်များ ဖြစ်သည်ကို ထင်ရှားစွာ ဖော်ပြလျက်ရှိကြောင်း၊

-          ဒုတိယအချက်အနေဖြင့် ငြိမ်းချမ်းရေးအတွက် အနုပညာဖြင့် ဖော်ပြမှု၊ မိမိတို့သည် ပုံစံ အမျိုးမျိုးဖြင့် တင်ဆက်ထားသည့် အနုပညာဖျော်ဖြေမှုများ၊ ပြပွဲများနှင့် ရုပ်ပုံဖော်ပြမှုများကို အမှန်တကယ်နှစ်သက်ခံစားရကြကြောင်း၊ ငြိမ်းချမ်းရေးကိုယ်စားပြုသည့် မီးထွန်းခြင်းအစီအစဉ်သည်လည်း  စိတ်အားတက်ကြွစေပြီး ရင်တွင်း၌ နက်ရှိုင်းစွာ ခံစားစေခဲ့ရကြောင်း၊ ဆက်လက်ကျင်းပမည့်အစီအစဉ်တွင် နောက်ထပ်အနုပညာဖျော်ဖြေတင်ဆက်မှုများကိုလည်း မျှော်လင့်စောင့်စားလျက်ရှိကြောင်း၊

-          အခမ်းအနားအစီအစဉ်တွင်ဖော်ပြထားသည့်အတိုင်း အနုပညာဖြင့်ဖော်ပြမှုနှင့် ယဉ်ကျေးမှု ဖလှယ်မှုတို့မှတစ်ဆင့် လူသားများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုတို့ကို တည်ဆောက်နိုင်ကြောင်း၊ အနုပညာသည် ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ပထဝီဝင်ဆိုင်ရာ နယ်နိမိတ်အကန့်အသတ်များကို ကျော်လွန်နိုင်စွမ်း ရှိကြောင်း၊

-          စစ်အာဏာရှင်အဖွဲ့၏ အနုပညာလွတ်လပ်ခွင့်အပေါ် ကန့်သတ်ချုပ်ချယ်မှုများနှင့် ဆင်ဆာ ဖြတ်တောက်မှုများကို ရင်ဆိုင်နေရသော်လည်း ပြည်ပရောက် မြန်မာအနုပညာရှင်များသည် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းမှုတွင် အနုပညာဖျော်ဖြေတင်ဆက်မှုများ၊ လှုပ်ရှားမှုများ၊ သင်္ကေတများ၊ ဖန်တီးထုတ်လုပ်ထားသည့်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများမှတစ်ဆင့် ၎င်းတို့၏ အနုပညာကို တီထွင်ဖန်တီးမှုရှိစွာ ဆက်လက်ဖော်ပြလျက်ရှိကြောင်း၊

-          အနုပညာဖြင့်ဖော်ပြမှုကို ငြိမ်းချမ်းရေးအတွက် အသုံးချသည့်အခါ အသိပညာနှင့် နားလည်သိရှိမှု မြှင့်တင်ခြင်း၊ စိတ်ခံစားမှုများကို နိုးကြားစေခြင်းနှင့် ပြည်သူလူထုနှင့် အတူ စည်းလုံးညီညွတ်မှု တည်ဆောက်ခြင်းတို့အတွက် ထိရောက်စွာ အထောက်အကူပြု နိုင်ပါကြောင်း၊

-          မိမိ၏အတွေ့အကြုံများအရ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး ကြိုးပမ်းမှုတွင် အနုပညာရှင်များနှင့် ၎င်းတို့၏ အနုပညာဖန်တီးမှုများ၏အခန်းကဏ္ဍသည် အလွန်ပင် ကြီးမားအားကောင်းကြောင်း၊ ဤနေရာမှ စစ်အာဏာရှင်တိုက်ဖျက်မှုတွင် ပါဝင်တိုက်ပွဲဝင်နေသည့် မြန်မာအနုပညာရှင်များအား ဂုဏ်ပြုအပ်ပါကြောင်းနှင့် တရားမျှတမှုရှိပြီး အားလုံးပါဝင်နိုင်သော၊ ငြိမ်းချမ်း၍ ပိုမိုကောင်းမွန်သည့် မြန်မာနိုင်ငံကြီး ပေါ်ထွန်းလာရေးအတွက် ၎င်းတို့၏ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးဂုဏ်ပြုအပ်ပါကြောင်း၊

-         မြန်မာနိုင်ငံသည် အနုပညာ၊ ယဉ်ကျေးမှုနှင့် ဆွေးနွေးပြောဆိုမှုတို့မှတစ်ဆင့် ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး၊ အပြန်အလှန်နားလည်မှုနှင့် ထိရောက်သော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဖော်ဆောင်ရေးအတွက် အားလုံးနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း။

၄။        မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ  ၁၈ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Intervention by Ambassador Kyaw Moe Tun, Permanent Representative of the

Republic of the Union of Myanmar to the United Nations,

at the World Peace Forum and

“Basi Shines a Light for Peace” – Opening Ceremony of the Exhibition

on Protecting Terrestrial Life

(New York, 18 November 2026)

 

Excellencies,  distinguished representatives,  dear colleagues and guests,

Allow me to begin by thanking the Permanent Representative of Timor Leste, Ambassador Dionísio, for inviting me to be a speaker at the event today.

It is an honor and a privilege to join all of you as a panelist at the World Peace Forum.

My remarks this evening will be focused on two areas –  the role of peace in protecting terrestrial life and expressing art to achieve peace.

Both are centered on peace.

First, peace and protection of life on land.

My country, Myanmar, is highly rich in biodiversity, underpinned by a variety of terrestrial ecosystems, including tropical and subtropical forests on the borderland, central dry zone and northern alpine terrain.

Often left unchecked, these natural ecosystems are also highly susceptible to over-exploitiation, unregulated resource extraction, illicit land grabs and other anthropogenic activities, particularly by corrupted military junta personnel.

As a country undergoing conflict, suffering and insecurity after the 2021 military coup, Myanmar understands the fundamental value of peace and strong institutions as well as good governance in guiding environmental conservation and protection of life on land.

When the fabric of peace is fractured, exploitation grows; corruption explodes; rule of law collapses, illicit activities proliferate; and the loss of biodiversity accelerates.

Our current experience in Myanmar demonstrates that achieving peace, justice and strong institutions are the foundation to the sustained protection of ecosystems, biodiversity and terrestrial life.

Second, artistic expression for peace.

I wish to echo others that we truly enjoy different forms of artistic presentations, visual exhibition and imagery.

I am also inspired and moved by a symbolic peace-lighting moment and look forward to more artistic performances in the next program.

As noted in the concept note, people can build understanding, trust and solidarity through artistic expression and cultural exchange.

Artistic expression transcends linguistic, cultural and geographical boundaries.

Despite facing restrictions on their artistic freedom and censorship by the military junta, artists of the Myanmar diaspora continue to creatively express their art through performances, campaigns, symbols, products and accessories in their pursuit of peace.

When artistic expression is harnessed for peace, it can effectively serve the purpose of raising awareness, evoking emotions and building solidaritywith the people.

Based on our owned experience, the role of the artists and their arts are so much powerful for our fight against the military dictatorship.

I take this opportunity to pay tribute to the artists of Myanmar and commend their efforts for a just, inclusive, peaceful and better Myanmar.

Finally, Myanmar stands ready to join hands with all of you to advance sustainable peace, mutual understanding and effective international cooperation through art, culture and dialogue.

I thank you.

*****



Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page