top of page
  • Facebook Social Icon

Intervention by Ambassador Kyaw Moe Tun, at the Third Committee of the Eighty-first Session of the UN General Assembly, at the Interactive Discussion with the President of the Human Rights Council

Writer: Myanmar Mission To UN
Myanmar Mission To UN
2 minutes ago
4 min read

Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations, at the Third Committee of the Eighty-first Session of the UN General Assembly, at the Interactive Discussion with the President of the Human Rights Council, held 30 October 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌနှင့် အပြန်အလှန် ဆွေးနွေးသည့်အစီအစဉ်၌

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက

ကောင်စီတွင် မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်နှစ်ရပ်ကို တူညီဆန္ဒဖြင့် အတည်ပြုခဲ့ခြင်းနှင့်

ရိုဟင်ဂျာမွတ်ဆလင်များနှင့်အခြားသော တိုင်းရင်းသားလူနည်းစုများ၏

လူ့အခွင့်အရေးအခြေအနေများ အပါအဝင်

မြန်မာနိုင်ငံ၏ ဆိုးရွားသော လူ့အခွင့်အရေးအခြေအနေအား အစီရင်ခံပေးသည့်အပေါ်  ကြိုဆို၊

ကောင်စီ၏ ဆုံးဖြတ်ချက်များသည် မိမိတို့နိုင်ငံအတွက် အလွန်အရေးကြီးသည့် အချိန်အခါ၌ ထွက်ပေါ်လာခြင်းဖြစ်သော်လည်း လက်တွေ့တွင် နိုင်ငံတကာ၏ အရေးယူဆောင်ရွက်မှုများ

အားနည်းလျက်ရှိသည့်အပေါ် မိမိတို့ အားမရမှု ဖြစ်ရ၊

တရားမဝင် စစ်အာဏာသိမ်းပြီးနောက် (၅) နှစ်ကျော်လာခဲ့သည့် ကာလတစ်လျှောက်

မြန်မာပြည်သူများအနေဖြင့် ကြောက်မက်ဖွယ်ကောင်းသော ဆင်းရဲဒုက္ခများကို

နေ့စဉ်ကြုံတွေ့ခံစားနေရ၊

စစ်အုပ်စုအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာများအားမီးရှို့ဖျက်ဆီးမှုများ၊ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းမှုများ အကြွင်းမဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် ကျူးလွန်လျက်ရှိ၊

စင်စစ်အားဖြင့် စစ်အုပ်စု ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို IIMM က စနစ်တကျ မှတ်တမ်းထားရှိကာ သက်သေအဖြစ် စုဆောင်းထားပြီးဖြစ်၊

အပြည်ပြည်ဆိုင်ရာတရားရုံးမှ ချမှတ်ရန်ရှိသော စီရင်ချက်ဖြင့် စစ်အုပ်စု ကာလရှည်ကြာ

အကျိုးခံစားနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်နိုင်ရန်

မိမိတို့အနေဖြင့် အားထားမျှော်မှန်းလျက်ရှိပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်)


၁။        ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ)တွင် လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌနှင့် အပြန်အလှန်ဆွေးနွေးသည့်အစီအစဉ်ကို ၃၀-၁၀-၂၀၂၆ ရက် (သောကြာနေ့)၊ မွန်းလွဲပိုင်းတွင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ပါဝင်၍ ဆွေးနွေးခဲ့ကြပါသည်။

၂။         ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့် ဆွေးနွေးချက်တွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-

(က)     လူ့အခွင့်အရေးကောင်စီအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးပြဿနာများနှင့် ၎င်းတို့ ကြောင့်ဖြစ်ပေါ်သည့် နောက်ဆက်တွဲစိန်ခေါ်မှုများအား အစဉ်တစိုက် ဖြေရှင်းပေးလျက်ရှိသည့်အပေါ် မြန်မာနိုင်ငံအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊

(ခ)    အထူးသဖြင့် ကောင်စီတွင် မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်နှစ်ရပ်ကို တူညီဆန္ဒဖြင့် အတည်ပြုခဲ့ခြင်းနှင့် ရိုဟင်ဂျာမွတ်ဆလင်များနှင့်အခြားသော တိုင်းရင်းသားလူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေများအပါအဝင် မြန်မာနိုင်ငံ၏ဆိုးရွားသောလူ့အခွင့်အရေးအခြေအနေအား အစီရင်ခံပေး သည့်အပေါ် ကြိုဆိုကြောင်း၊

(ဂ)       အစီရင်ခံစာများတွင် ကောင်စီအနေဖြင့် စစ်အုပ်စုအား ပြည့်ပြည့်ဝဝ ပြစ်တင်ကန့်ကွက်ရှုတ်ချထားပြီး မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် အကျပ်အတည်းပြဿနာကို ရှင်းလင်းစွာဖော်ပြ ထားခြင်းက နိုင်ငံတကာတာဝန်ခံမှုအတွက် မရှိမဖြစ် လိုအပ်သော အကိုးအကားတစ်ခုမည်ကြောင်း၊

(ဃ)     ကောင်စီ၏ဆုံးဖြတ်ချက်များသည် မိမိတို့နိုင်ငံအတွက် အလွန်အရေးကြီးသည့် အချိန်အခါ၌ ထွက်ပေါ်လာခြင်းဖြစ်သော်လည်း လက်တွေ့တွင် နိုင်ငံတကာ၏အရေးယူဆောင်ရွက်မှုများ အားနည်း လျက်ရှိသည့်အပေါ် မိမိတို့ အားမရမှု ဖြစ်ရပါကြောင်း၊

(င)       တရားမဝင် စစ်အာဏာသိမ်းပြီးနောက် (၅) နှစ်ကျော်လာခဲ့သည့် ကာလတစ်လျှောက် မြန်မာ ပြည်သူများအနေဖြင့် ကြောက်မက်ဖွယ်ကောင်းသော ဆင်းရဲဒုက္ခများကို နေ့စဉ်ကြုံတွေ့ခံစားနေရကြောင်း၊ ရိုဟင်ဂျာဒုက္ခသည်များ၏ ဒုက္ခသည် ဆိုးရွားလာလျက်ရှိပြီး ၎င်းတို့အား ကူညီပေးလျက်ရှိသော အိမ်ရှင်နိုင်ငံများတွင် လေးလံသော ဝန်တာများကို ထမ်းပိုးထားရကြောင်း၊ သို့နှင့်တိုင် အဆိုပါဒုက္ခသည်များ နေရပ်သို့ ဘေးကင်းလုံခြုံစွာ၊ သိက္ခာရှိစွာနှင့် ဆန္ဒအလျောက် ပြန်လည်သွားရောက်နိုင်ရေးအတွက် သင့်လျော်သည့်အခြေအနေတစ်ရပ် ယခုတိုင် ဖြစ်ပေါ် ခြင်း မရှိကြောင်း၊

(စ)       ထို့ပြင် စစ်အုပ်စုအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာများအားမီးရှို့ဖျက်ဆီးမှုများ၊ တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းမှုများ အကြွင်းမဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် ကျူးလွန်လျက် ရှိကြောင်း၊

(ဆ)     အထူးသဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော အကျပ်အတည်းသည် နေ့စဉ်နှင့်အမျှ ပိုမို နက်ရှိုင်းလာနေပြီး အကြမ်းဖက်မှုများ မြင့်တက်ခြင်း၊ လူအလုံးအရင်းဖြင့် နေရပ်စွန့်ခွာခြင်းနှင့် အခြေခံအဆောက်အဦများ ပြိုလဲပျက်စီးခြင်းတို့ဖြင့် ပြည့်နှက်နေကြောင်း၊

(ဇ)       ထိုမျှမက နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကွန်ရက်များသည်လည်း မြန်မာနိုင်ငံ၏ နယ်စပ်ဒေသနှင့် ဒေသတွင်းကိုပင် ကျော်လွန်၍ ဖြစ်ပွားလျက်ရှိကြောင်း၊

(ဈ)      အဓိကအားဖြင့် စစ်အုပ်စု အကျိုးခံစားနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်သည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဆိုးဆိုးရွားရွား အန္တရာယ်ပြု ခြိမ်းခြောက်လျက်ရှိကြောင်း၊

(ည)     ထို့ကြောင့် ဒေသတွင်းလုံခြုံရေးနှင့် နိုင်ငံတကာစံနှုန်းများအား ပျက်စီးစေနိုင်သည့် စစ်အုပ်စု ၏ ဖျက်အားကို လျှော့မတွက်ဘဲ သတိထားရန် လိုအပ်ကြောင်း၊

(ဋ)     စင်စစ်အားဖြင့် စစ်အုပ်စုကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို IIMM က စနစ်တကျ မှတ်တမ်းထားရှိကာ သက်သေအဖြစ် စုဆောင်းထားပြီးဖြစ်ကြောင်း၊

(ဌ)       သို့ဖြစ်ရာ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်တွင် IIMM နှင့် အခြားသော အထူးလုပ်ပိုင်ခွင့် အပ်နှင်းထားခံရသည့်တာဝန်ရှိသူများအနေဖြင့် ၎င်းတို့၏တာဝန်များကို အပြည့်အဝ ဖော်ဆောင် နိုင်ရန် ၎င်းတို့အား အင်ပြည့်အားပြည့် ပံ့ပိုးပေးရန်နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း ထားသည့်အချက်ကို မိမိတို့ ထောက်ခံကြောင်း၊

(ဍ)       ထို့နည်းတူ ကောင်စီအနေဖြင့် စစ်အုပ်စုမှ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ နှင့် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်တို့အား လိုက်နာဖော်ဆောင်ရန် ပျက်ကွက်နေခြင်းအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချထားကြောင်း၊

(ဎ)       သို့သော် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စည်းနှောင်မှုအပိုင်းတွင် ပျက်ကွက်လျက်ရှိ ကြောင်း၊

(ဏ)     ယခုအခါ မိမိတို့အနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးမှ ချမှတ်ရန်ရှိသော စီရင်ချက်ဖြင့် စစ်အုပ်စု ကာလရှည်ကြာ အကျိုးခံစားနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်နိုင်ရန် အားထားမျှော်မှန်းလျက်ရှိကြောင်း၊

(တ)     သို့ဖြစ်ပါ၍ လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌအနေဖြင့် လူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက်ပါ အကြံပြုချက်များအား အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့နှင့် ချိတ်ဆက်ကာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေမည့် တိကျသော မဟာ ဗျူဟာများကို အကြံပြုပေးစေလိုကြောင်း၊ ကွာဟချက်များရှိကလည်း ထုတ်ဖော်ပေးစေလိုကြောင်း။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်ဆွေးနွေးမှု အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Intervention by Ambassador Kyaw Moe Tun, Permanent Representative

of the Republic of the Union of Myanmar to United Nations, at the Third Committee of the Eighty-first Session of the UN General Assembly, at the

Interactive Discussion with the President of the Human Rights Council


(New York, 30 October 2026)


Mr. Chair,

I congratulate Ambassador Sidharto Reza Suryodipuro of Indonesia, President of the Human Rights Council for his well-deserved position and thank him for the briefing today.

Myanmar deeply appreciates the Council’s continued dedication to addressing global human rights issues and the consequential challenges they present.

We particularly welcome the Council’s consensus adoption of the two resolutions on Myanmar and reporting of the dire situation of human rights in Myanmar, including the situation of human rights of Rohingya Muslims and other minorities in Myanmar.

In the reports, the Council’s comprehensive condemnation of the military junta and its clear outline of our crisis serve as an essential reference for immediate international accountability.

These resolutions come at a pivotal moment. But we note with concern that the international action is still lacking.

For more than 5 years now since the unlawful military coup, the people of Myanmar continue to endure daily horrors. The plight of Rohingya refugees is devastating. Host countries are carrying the heavy burdens. Yet, the conditions for their safe, dignified and voluntary return remains far from being conducive.

In addition, the military commits horrific abuses with absolute impunity, utilizing indiscriminate air strikes, village burnings, and arbitrary detentions.

The conflict deepens daily, characterized by escalating violence, massive displacement, and collapsing infrastructure. With the transnational criminal networks expending beyond Myanmar’s border and the region, the junta’s enjoyment of impunity is causing a severe threat to the international peace and security. We must not downplay the junta’s ability to destabilize regional security and undermine international norms.

In fact, the atrocities brutally committed by the military junta in Myanmar have been carefully and systematically documented and collected as evidence by the IIMM.

We therefore agree with the HRC resolutions on Myanmar urging for full support and collaboration with the Mechanism, as well as to all other special mandate holders so that they could fully discharge their duties.

Moreover, the Council has condemned in the strongest terms the lack of progress by the military in the implementation of security Council resolution 2669 (2022) and the ASEAN five-point consensus.

Regrettably, enforcement is lacking.

At this point, Mr. Chair, we now eagerly anticipate the forthcoming judgment from the International Court of Justice as a vital step toward dismantling the military's entrenched impunity.

In this regard, what specific strategies do you recommend, Mr. President, to enhance synergy with the General Assembly and the Security Council to ensure that the recommendations within Human Rights Council resolutions translate into meaningful, enforceable measures that hold perpetrators of crimes against humanity accountable? What gaps could be identified?


I thank you.

*****





Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page