Intervention by Ambassador Kyaw Moe Tun, during the Interactive Dialogue with the UNDP Administrator at the Annual Session 2026 of the Executive Board of UNDP/ UNFPA/ UNOPS
- Myanmar Mission To UN

- Jun 10
- 4 min read




Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations during the Interactive Dialogue with the UNDP Administrator at the Annual Session 2026 of the Executive Board of UNDP/ UNFPA/ UNOPS , held on 10 June 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်အတွက် UNDP/ UNFPA/ UNOPS အမှုဆောင်ဘုတ်အဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးအတွင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) အုပ်ချုပ်ရေးမှူး နှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်
သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံတစ်ဝန်းရှိ ရပ်ရွာလူထုများသည် ရာသီဥတုဆိုင်ရာ ထိခိုက်မှုများနှင့် သဘာဝဘေးအန္တရာယ်များ၏ ဒဏ်ကိုသာမက စစ်အာဏာသိမ်းစစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ခွဲခြားခြင်းမရှိ တိုက်ခိုက်ပြုလုပ်လျက်ရှိသည့်
လေကြောင်း တိုက်ခိုက်မှုများ၊ ဗုံးကြဲတိုက်ခိုက်မှုများ၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများနှင့် ရက်စက် ကြမ်းကြုတ်သော အကြမ်းဖက်မှုများ အပါအဝင် ရပ်ရွာဒေသများပါမကျန်
မီးရှို့ဖျက်ဆီးသည့် မူဝါဒ (scorched-earth policies) ၏ ဒဏ်ကိုပါ ခံစားနေကြရ၊
ဤသို့သောအခြေအနေအောက်တွင် ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် ဆန်းသစ် တီထွင်သော နည်းလမ်းများမှတစ်ဆင့် ရပ်ရွာလူထု၏ ခံနိုင်မှုစွမ်းရည်ကို မြှင့်တင်ဆောင်ရွက်ခြင်းသည် မဟာဗျူဟာအရ မရှိမဖြစ် လိုအပ်ချက်တစ်ရပ် ဖြစ်လာ၊
မြန်မာ့လူငယ်များသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ပညာရေးကဏ္ဍများ၌
ထိခိုက်မှုများကို တွေ့ကြုံနေရရုံမျှမက ၎င်းတို့၏ လူငယ်လိုအင်ဆန္ဒများကို အကောင်အထည်ဖော်ရရှိနိုင်မှု ကင်းမဲ့နေခြင်း၊ ကြောက်လန့်မှုကင်းကင်းဖြင့် ရှင်သန်နိုင်ခွင့် ကင်းမဲ့နေခြင်း၊
လူ့ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ရပ်တည်နိုင်ခွင့် ကင်းမဲ့နေခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့နေကြရ၊
ယခုအခါ မြန်မာနိုင်ငံ သည် မျိုးဆက်တစ်ဆက်လုံး ဆုံးရှုံးရမည့် ကြီးလေးသော အန္တရာယ်နှင့် ရင်ဆိုင်နေရ၊
အနာဂတ်မျိုးဆက်များအပေါ် ရင်းနှီးမြှုပ်နှံပြီး ၎င်းတို့၏ အလားအလာစွမ်းရည်များကို
အပြည့်အဝ ဖော်ထုတ်ပေးခြင်းမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည် မဟုတ်၊
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများကို ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရာတွင် ဒေသခံဦးဆောင်မှုကို မြှင့်တင်ပေးရုံသာမက ငြိမ်းချမ်းရေးကို စိတ်ရင်းမှန်ဖြင့် ခိုင်မာစွာ ကတိပြုဆောင်ရွက်နေသည့် သက်ဆိုင်ရာအဖွဲ့ အစည်းများကိုပါ
ပံ့ပိုးကူညီရန် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများ လိုအပ်၊
ဖွံ့ဖြိုးတိုးတက်မှုသည် လုံခြုံရေး၊ တည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊
လူမှုစည်းလုံးညီညွတ်မှုနှင့် ယုံကြည်မှုတို့နှင့် ခွဲခြား၍မရ၊
ဖျက်ဆီးအကြမ်းဖက်လျက်ရှိသော အကြမ်းဖက်စစ်အုပ်စုသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရန် စစ်မှန်သော အခန်းကဏ္ဍလည်းမရှိ၊ ဆန္ဒလည်းမရှိကြောင်း အထင်အရှား တွေ့မြင်နိုင်၊
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် မည်သူ့ကိုမျှ ချန်လှပ်ထား၍မရသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် မြန်မာပြည်သူများနှင့် ၎င်းတို့၏ကြိုးပမ်းဆောင်ရွက်မှုများကို ပံ့ပိုးကူညီကြပါရန် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်းအပ်ပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်)
၁။ ၂၀၂၆ ခုနှစ်အတွက် UNDP/ UNFPA/ UNOPS အမှုဆောင်ဘုတ်အဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေး ကို နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိ ပြီး ၁၀-၆-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သော ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) အုပ်ချုပ်ရေးမှူးနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်ဆွေးနွေး မိန့်ခွန်း ပြောကြားခဲ့ပါသည်။
၂။ ပြောကြားခဲ့သည့် မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-
(က) UNDP ၏ မဟာဗျူဟာစီမံကိန်းသစ် (Strategic Plan) နှင့် ၎င်းစီမံကိန်း အကောင်အထည်ဖော်မှုကို အရှိန်မြှင့်တင်ရန် ချမှတ်ထားသည့် အဓိကဦးစားပေးလုပ်ငန်းစဉ် (၅) ရပ် (five flagships) တို့ကို အပြည့်အဝ ထောက်ခံအားပေးကြောင်းကို ထပ်လောင်းအတည်ပြုပါကြောင်း၊ တရားမဝင် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံအတွက် အထူးအရေးပါသည့်အချက်မှာ ပဋိပက္ခနှင့် ထိခိုက်လွယ်သော အခြေအနေများ (crisis and fragile settings) တွင် UNDP ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ပြန်လည်အားကောင်းလာစေရေး ဖြစ်ပါကြောင်း၊
(ခ) အဆိုပါအရေးနှင့်စပ်လျဉ်း၍ အောက်ပါအချက် (၃) ချက်ကို အလေးထား ပြောကြားလိုပါ ကြောင်း၊
- ပထမဆုံးအချက်အနေဖြင့် ရပ်ရွာလူထု၏ အခက်အခဲများကို ခံနိုင်မှုစွမ်းရည် (community resilience) တည်ဆောက်နိုင်ရေး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ ရပ်ရွာလူထုများသည် ရာသီဥတုဆိုင်ရာ ထိခိုက်မှုများနှင့် သဘာဝဘေးအန္တရာယ်များ၏ ဒဏ်ကိုသာမက စစ်အာဏာ သိမ်းစစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ်ခွဲခြားခြင်းမရှိ တိုက်ခိုက်ပြုလုပ်လျက်ရှိသည့် လေကြောင်းတိုက်ခိုက်မှုများ၊ ဗုံးကြဲတိုက်ခိုက်မှုများ၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများနှင့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများအပါအဝင် ရပ်ရွာဒေသများပါမကျန် မီးရှို့ ဖျက်ဆီးသည့် မူဝါဒ (scorched-earth policies) ၏ ဒဏ်ကိုပါ ခံစားနေကြရပါကြောင်း၊
- ဤသို့သောအခြေအနေအောက်တွင် ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ဆန်းသစ် တီထွင် သောနည်းလမ်းများမှတစ်ဆင့် ရပ်ရွာလူထု၏ ခံနိုင်မှုစွမ်းရည်ကို မြှင့်တင်ဆောင်ရွက်ခြင်းသည် မဟာဗျူဟာအရ မရှိမဖြစ် လိုအပ်ချက်တစ်ရပ် ဖြစ်လာသည်မှာ ထင်ရှားပါကြောင်း၊
- ကြိုတင်သတိပေးစနစ်များ (early warning systems) သည် ထိခိုက်လွယ်မှုများ လျော့ပါး စေပြီး၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ ပဋိပက္ခဒဏ်ခံဒေသများတွင် သဘာဝဘေး အန္တရာယ် များနှင့် လူတို့ဖန်တီးသည့်ဘေးအန္တရာယ်များနှစ်ရပ်စလုံးမှ အရပ်သားပြည်သူများကို ကာကွယ်ပေးနိုင်သည့် အသက်ကယ်ကိရိယာများအဖြစ် အသွင်ပြောင်းလဲ အသုံးချနိုင်သည်ဟု ယုံကြည် ရှုမြင်ပါကြောင်း၊
- ဒုတိယအချက်အနေဖြင့် လူငယ်များအပေါ် ရင်းနှီးမြှုပ်နှံမှုများကို ပေါင်းစပ်ထည့်သွင်း ဆောင်ရွက်ရေး ဖြစ်ပါကြောင်း၊ UNDP အစီအရင်ခံစာ၏ ဖော်ပြချက်အရ မြန်မာ့လူငယ်များ သည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ပညာရေးကဏ္ဍများ၌ ထိခိုက်မှုများကို တွေ့ကြုံနေရရုံမျှမက ၎င်းတို့၏ လူငယ်လိုအင်ဆန္ဒများကို အကောင်အထည်ဖော်ရရှိနိုင်မှု ကင်းမဲ့နေခြင်း၊ ကြောက်လန့်မှုကင်းကင်းဖြင့် ရှင်သန်နိုင်ခွင့် ကင်းမဲ့နေခြင်း၊ လူ့ဂုဏ်သိက္ခာနှင့်အညီ ရှင်သန် ရပ်တည်နိုင်ခွင့် ကင်းမဲ့နေခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့နေကြရပါကြောင်း၊
- ယခုအခါ မြန်မာနိုင်ငံသည် မျိုးဆက်တစ်ဆက်လုံး ဆုံးရှုံးရမည့် ကြီးလေးသော အန္တရာယ်နှင့် ရင်ဆိုင်နေရပါကြောင်း၊
- သို့ဖြစ်ရာ အနာဂတ်မျိုးဆက်များအပေါ် ရင်းနှီးမြှုပ်နှံပြီး ၎င်းတို့၏ အလားအလာ စွမ်းရည်များကို အပြည့်အဝ ဖော်ထုတ်ပေးခြင်းမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည် မဟုတ် ပါကြောင်း၊ စီးပွားရေးနှင့် ပညာရေးအခွင့်အလမ်းများ၊ အသက်မွေးဝမ်းကျောင်း ပညာသင်တန်းများ၊ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှု (psychosocial support) တို့တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် လူငယ်များအနေဖြင့် နိုင်ငံ့အနာဂတ် ပုံဖော်တည်ဆောက်ရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရေး အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊
- တတိယအချက်အနေဖြင့် လူသားချင်းစာနာထောက်ထားမှု-ဖွံ့ဖြိုးရေး-ငြိမ်းချမ်းရေး ပေါင်းစပ်ချိတ်ဆက်မှု (humanitarian-development-peace nexus) ခိုင်မာအားကောင်းစေရေး ဖြစ်ပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများကို ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရာတွင် ဒေသခံဦးဆောင်မှုကို မြှင့်တင်ပေးရုံ သာမက ငြိမ်းချမ်းရေးကို စိတ်ရင်းမှန်ဖြင့် ခိုင်မာစွာ ကတိပြုဆောင်ရွက်နေသည့် သက်ဆိုင်ရာအဖွဲ့ အစည်းများကိုပါ ပံ့ပိုးကူညီရန် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများ လိုအပ်ပါကြောင်း၊
(ဂ) အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာနိုင်ငံရှိ အဓိက တိုင်းရင်းသားဒီမိုကရေစီ အင်အားစုများ သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) မှတစ်ဆင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတွင် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးနှင့် တည်ငြိမ် ရေးရရှိရန် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ် (state building) ကို အကောင်အထည် ဖော်ဆောင်နေသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားစွာ ဖော်ပြလျက်ရှိပါကြောင်း၊
(ဃ) နိဂုံးချုပ်အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုသည် လုံခြုံရေး၊ တည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူမှုစည်းလုံးညီညွတ်မှုနှင့် ယုံကြည်မှုတို့နှင့် ခွဲခြား၍မရဆိုသည့် (UNDP) အကြီးအကဲ၏ ပြောကြားချက်ကို ထပ်ဆင့်အလေးပေး ပြောကြားလိုပါကြောင်း၊
(င) ဖျက်ဆီး အကြမ်းဖက်လျက်ရှိသော အကြမ်းဖက်စစ်အုပ်စုသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရန် စစ်မှန်သော အခန်းကဏ္ဍလည်းမရှိ၊ ဆန္ဒလည်း မရှိ ကြောင်းကို အထင်အရှား တွေ့မြင်နိုင်ပါကြောင်း၊
(စ) သို့ဖြစ်ပါ၍ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် မည်သူ့ကိုမျှ ချန်လှပ်ထား၍မရသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် မြန်မာပြည်သူများနှင့် ၎င်းတို့၏ ကြိုးပမ်း ဆောင်ရွက်မှုများကို ပံ့ပိုးကူညီကြပါရန် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်းအပ်ပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ ဆွေးနွေးမှုနှင့်ပတ်သက်၍ UNDP အုပ်ချုပ်ရေးမှူးက UNDP အနေဖြင့် ပြည်သူများနှင့်အတူ ဒေသန္တရအဆင့်တွင် အဓိကထား ဆောင်ရွက်လျက်ရှိပြီး အကျပ်အတည်းကြားမှ ရှင်သန်ရပ်တည်နေကြရသော ပြည်သူများထံ ဒေသန္တရအဆင့် ဝန်ဆောင်မှုများ အစဉ်တစိုက်ရောက်ရှိစေရေး အစွမ်းကုန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် UNDP နှင့် ကုလသမဂ္ဂ အရင်းအနှီး ဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့ (UNCDF) တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် မည်သို့ပင် ခက်ခဲသောအခြေအနေတွင်ဖြစ်စေ အသေးစား စီးပွားရေးလုပ်ငန်းများအား ငွေကြေးပံ့ပိုးရန် လိုအပ်ကြောင်း သက်သေပြနေသည့် သာဓကကောင်းတစ်ရပ် ဖြစ်ပါကြောင်း၊ UNDP က ထူထောင်ထားသည့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်းတန် ချေးငွေအစီအစဉ်ဖြင့် အသေးစား လုပ်ငန်းပေါင်း ၆,၀၀၀ ကျော်ကို ပံ့ပိုးကူညီနိုင်ခဲ့ပြီး၊ ယင်းတို့အနက် ၈၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဦးဆောင်စီမံနေသော လုပ်ငန်းများ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations
during the Interactive Dialogue with the UNDP Administrator
at the Annual Session 2026 of the Executive Board of UNDP/ UNFPA/ UNOPS
(New York, 10 June 2026)
Mr. President, Mr. Administrator,
I wish to begin by thanking you for your comprehensive remark. I also thank the Members of the Executive Board for their tireless efforts.
Myanmar aligns itself with the statement delivered by the LDC and the G77 and China.
We reaffirm our full support to the new UNDP Strategic Plan, including five flagships to accelerate its implementation.
Of particular importance to Myanmar, following the illegal military coup, is revitalizing UNDP’s work in crisis and fragile settings.
In this regard, I wish to underscore the following three points:
First, build community resilience: communities across Myanmar are suffering not only from climate shocks and natural disasters, but also from scorched-earth policies, including indiscriminate airstrikes, bombings, burning villages and ruthless violence against civilians by the military junta.
Against this backdrop, fostering community resilience through preventive and innovative measures has clearly become a strategic necessity.
We are of the view that early warning systems can be transformed into lifesaving tools that reduce vulnerabilities and protect civilians from both natural and man-made disasters, particularly in conflict-affected areas of Myanmar.
Second, integrate investments in youth: according to UNDP, Myanmar’s youth are not only struggling with disrupted livelihoods and education, but also with the loss of freedom from want, freedom from fear, and freedom from indignity. Now Myanmar is at serious risk of losing a generation.
Development therefore cannot be nurtured without investing in future generations and unlocking their full potential.
Investments in economic and educational opportunities, vocational training, mental health, and psychosocial support can help enable young people to play an active role in shaping our country’s future.
Third, strengthen the humanitarian-development-peace nexus: coupling humanitarian response with development requires sustained efforts not only to reinforce local leadership, but also to support relevant stakeholders that are genuinely committed to peace.
The National Unity Government and major ethnic democratic forces in Myanmar are coordinating through the Steering Council for the Emergence of a Federal Democratic Union (SCEF), clearly demonstrating the active phase of state building to achieve lasting peace and stability in the country.
Finally, I wish to conclude by echoing Mr. Administrator that development is indivisible from security, stability, economic growth, social cohesion and trust.
It is crystal clear that the destructive and violent military junta has no genuine role or desire to build peace and development in Myanmar.
Therefore, I urge the international community to support the people of Myanmar and their efforts to eradicate the military dictatorship and build a federal democratic union that leaves no one behind.
I thank you.
*****










