Intervention by Ambassador Kyaw Moe Tun, at the Joint Briefing by the Presidents of the General Assembly and the Economic and Social Council on the role of the GA and the ECOSOC
- Myanmar Mission To UN
- 19 hours ago
- 5 min read




Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Joint Briefing by the Presidents of the General Assembly and the Economic and Social Council on the role of the GA and the ECOSOC, held on 30 January 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် စီးပွားရေးနှင့်လူမှုရေးကောင်စီတို့၏ အခန်းကဏ္ဍများကို သက်ဆိုင်ရာ ပင်မအင်္ဂါအဖွဲ့အစည်းနှစ်ခုမှ သဘာပတိများက
ပူးတွဲရှင်းလင်းတင်ပြသည့်အစည်းအဝေးတွင်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က
မိမိတို့ မြန်မာနိုင်ငံဖြစ်စဉ်သည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆက်နွယ်မှု ပြတ်တောက်သွားပါက ဖြစ်ပေါ်လာနိုင်သည့်အခြေအနေကို အကောင်းဆုံးပြသပေးသော သာဓကဖြစ်စဉ်ပင်ဖြစ်၊
၂၀၂၁ ခုနှစ်အတွင်း၌ စစ်အုပ်စု၏ မတရားစစ်အာဏာသိမ်းမှုခံခဲ့ရချိန်မှစတင်၍ ပြည်သူများသည် ကြီးလေးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကြံ့ကြံ့ခံ ဖြတ်ကျော်နေရ၊ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် လူအလုံးလိုက် အရင်းလိုက် နေရပ်စွန့်ခွာ နေထိုင်နေကြရပြီး လူသားစာနာ အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပေါ်လာခဲ့၊
ယခုအခါ လူသားအရင်းအမြစ်များနှင့် အလားအလာ ကောင်းသော ဖွံ့ဖြိုးတိုးတက်မှုများပါ
သိသိသာသာနှင့် မြန်မြန်ဆန်ဆန်ပင် ပြုန်းတီးလျက်ရှိ၊
လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသောကြောင့် မြန်မာနိုင်ငံသည် ဆိုက်ဘာ မှုခင်းများ၊
အွန်လိုင်း လိမ်လည်မှု ကွန်ယက်များနှင့် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ ပျော်စံရာ ဗဟိုချက်ဖြစ်လာခဲ့၊
စိတ်မကောင်းစွာပင် မြန်မာပြည်သူများသည် နှစ်များစွာ အလကားဆုံးရှုံးခဲ့ရပြီးဖြစ်၊ ယခုအခါ မိမိတို့အတွက် မျိုးဆက်တစ်ခုလုံး ဆုံးရှုံးရတော့မည့်အရေးမှာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီဖြစ်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းတို့အနေဖြင့် မြန်မာပြည်သူများအပေါ်တွင်
ယနေ့တိုင် ပျက်ကွက်လျက်ရှိ၊
မိမိတို့၏ ကျော်ဖြတ်ခဲ့သည့် အတွေ့အကြုံများအရ မြန်မာနိုင်ငံတွင်
ရေရှည်တည်တံ့ခိုင်မြဲသော အနာဂတ် တည်ဆောက်နိုင်ရန် စစ်အာဏာရှင်စနစ်အား
အပြီးတိုင်ဖယ်ရှား၍ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ခြင်း လမ်းစဉ်မှလွဲ၍
အခြားသော လမ်းကြောင်းများ မရှိ၊
ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ပြဿနာ၏ ဇစ်မြစ်ကို ဖြေရှင်းခြင်းက အဓိကကျကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်)
၁။ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကမ္ဘာကြီး လက်ရှိ ရင်ဆိုင်နေရသော စိန်ခေါ်မှု အခြေအနေများ၌ အထွေထွေညီလာခံနှင့် စီးပွားရေးနှင့် လူမှုရေးကောင်စီတို့၏ အခန်းကဏ္ဍများကို သက်ဆိုင်ရာ ပင်မအင်္ဂါ အဖွဲ့အစည်းနှစ်ခု၏ သဘာပတိများက ပူးတွဲ ရှင်းလင်းတင်ပြသည့် အစည်းအဝေး (Joint Briefing by the Presidents of the General Assembly and the Economic and Social Council) ကို ၃၀-၁-၂၀၂၆ ရက် (သောကြာနေ့)၊ နံနက်တွင် ကျင်းပခဲ့ပါသည်။
၂။ အစည်းအဝေး ကျင်းပရာတွင် အထွေထွေညီလာခံနှင့် စီးပွားရေးနှင့် လူမှုရေးကောင်စီ သဘာပတိတို့က စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ ပြည့်မှီအောင် ဖော်ဆောင်ရေး၊ ကုလသမဂ္ဂ အဖွဲ့အစည်းအား ထိရောက်မှု ရှိစေရန် ပြန်လည်ပြုပြင်ပြောင်းလဲရေးနှင့် ကုလသမဂ္ဂစနစ်အတွင်းရှိ အဖွဲ့အစည်းများအားလုံးအကြား၌ ညီညွတ်မှုရှိစေရေးနှင့် ထိတွေ့မှု အားကောင်းစေရေးနှင့် ကုလသမဂ္ဂ ပဋိညာဉ် ကို အပြည့်အဝ လေးစားလိုက်နာခြင်းဖြင့် ကုလသမဂ္ဂစနစ်အတွင်းရှိ အဖွဲ့အစည်းများအား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာများကို ထိထိရောက်ရောက် ဖော်ဆောင်ရေးတို့ကို လုပ်ဆောင်ရန် လိုအပ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ကြပါသည်။
၃။ ယင်းနောက် မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ(၃၀)ကျော်မှဒေသတွင်းအဖွဲ့အစည်း များကို ကိုယ်စားပြု၍လည်းကောင်း၊ နိုင်ငံ့ကိုယ်စားပြု၍လည်းကောင်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
၄။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး၏ မိန့်ခွန်းတွင် အောက်ပါ အချက်များ အဓိက ပါဝင်ပါသည်-
(က) ပထဝီနိုင်ငံရေးတင်းမာမှုများ၏ ဖိအားအောက်တွင် နိုင်ငံပေါင်းစုံဝါဒ အားနည်းလာသဖြင့် အထွေထွေညီလာခံနှင့် စီးပွားရေးနှင့် လူမှုရေးကောင်စီတို့အကြား ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်မှုရှိခြင်းသည် ရုံးလုပ်ငန်းဆိုင်ရာ ရွေးချယ်မှုမျှသာ မဟုတ်တော့ဘဲ လုပ်ငန်းစဉ်အရ မဖြစ်မနေ လိုအပ်သည့် အချက်တစ်ချက်ပင်ဖြစ်လာကြောင်း၊
(ခ) အထွေထွေညီလာခံနှင့် စီးပွားရေးနှင့် လူမှုရေးကောင်စီတို့အနေဖြင့် ကုလသမဂ္ဂပဋိညာဉ်အရ ကိုယ်ပိုင် လုပ်ပိုင်ခွင့်အာဏာများ သီးခြားစီ ရှိကြသော်လည်း ၎င်းတို့၏ လုပ်ငန်းဆောင်တာများ အား တစ်ခုနှင့်တစ်ခု အပြန်အလှန် အမှီသဟဲပြုရန် တည်ဆောက်ထားကြောင်း၊
(ဂ) ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့သည်လည်း ထိုသို့သော သဘောတရားပင်ဖြစ်ပြီး တစ်ခု နှင့် တစ်ခု ခွဲ၍ မရအောင် ချိတ်ဆက်ထားကြောင်း၊
(ဃ) သို့ဖြစ်ပါ၍ ကုလသမဂ္ဂ အဖွဲ့အစည်းအား ပိုမို ထိရောက်မှုရှိသော၊ စွမ်းဆောင်ရည် မြင့်မားသော၊ ခိုင်မာသောနိုင်ငံတကာအဖွဲ့အစည်းအဖြစ် ပြန်လည်ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် အထွေထွေ ညီလာခံနှင့် စီးပွားရေးနှင့် လူမှုရေးကောင်စီတို့အား ပို၍ ဟန်ချက်ညီစွာ ပူးပေါင်းလုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံအနေဖြင့် အချက် (၃) ချက်ကို အကြံပြု ဆွေးနွေးလိုပါကြောင်း၊
(င) ပထမအချက် - မူဝါဒ ချမှတ်ခြင်းနှင့် လက်တွေ့ အကောင်အထည်ဖော်လုပ်ဆောင်မှုများအကြား ဖြစ်ပေါ်နေသည့် ကွာဟချက်ကို ဖြည့်တင်းရန်၊ အထွေထွေညီလာခံအနေဖြင့် ၎င်း၏ ဆုံးဖြတ်ချက်များဖြင့် နိုင်ငံရေးအရ အဖြေရှာပေးရမည်ဖြစ်ပြီး စီးပွားရေးနှင့် လူမှုရေးကောင်စီကလည်း ထိရှအလွယ်ဆုံးသူများထံသို့ ဖွံ့ဖြိုးတိုးတက်ရေး ယန္တရားများ ရောက်ရှိစေရန် ထိရောက်စွာ ပို့ဆောင်ပေးခြင်းအားဖြင့် အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များကို အပြည့်အဝ ပံ့ပိုးပေးသင့်ကြောင်း၊
(စ) ဒုတိယအချက် - UN80 Initiative အား လက်တွေ့အကောင်အထည်ဖော်ရန်၊ ပင်မအင်္ဂါအဖွဲ့အစည်းနှစ်ခု လက်တွဲလုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းရေး၊ လုံခြုံရေး ထိန်းသိမ်းရေးဆိုင်ရာ အစီအမံများကို ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်များနှင့်အညီ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး ပြောင်းပြန်အားဖြင့်လည်း အကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ ဤနည်းအားဖြင့် တစ်သီးတစ်ခြား လုပ်ဆောင်နေရသည့် အဖွဲ့အစည်း လုပ်ဆောင်ချက်များကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊
(ဆ) တတိယအချက် - ဟန်ချက်ညီမှုအား မြှင့်တင်ရန်၊ ပင်မအင်္ဂါအဖွဲ့အစည်းနှစ်ခုအကြားအပြင် အခြားအဖွဲ့အစည်းများနှင့်ပါ ညီညွတ်မှုကို လက်တွေ့ကျင့်သုံးနိုင်ခြင်းက သီးခြား လုပ်ဆောင်လျက်ရှိသော အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များတွင် ဖြစ်ပေါ်နေသည့် ဟာကွက်များကို ဖြည့်တင်းပေးရာ၌ လည်းကောင်း၊ ကမ္ဘာ့အကျပ်အတည်းများအပေါ် စုပေါင်းကျရောက်သည့်အကျိုးသက်ရောက်မှု များကို မြှင့်တင်ပေးရာ၌လည်းကောင်း အလွန် အရေးပါကြောင်း၊
(ဇ) ယင်းသို့ ဟန်ချက်ညီခြင်းအားဖြင့် အထွေထွေညီလာခံကလည်း နိုင်ငံရေး တရားဝင်မှုပေးခြင်း
နှင့် အဆင့်မြင့်ဆုံးဖြတ်ချက်များ ချမှတ်ရန် လိုအပ်သည့် ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်းများ ဆောင်ကျဉ်းပေးခြင်း ကဲ့သို့သော ၎င်း၏ ပင်မတာဝန်များကို ဆက်လက် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် လူမှုရေးကောင်စီအနေဖြင့်လည်း ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ ပေးအပ်ခြင်း နှင့် ဆုံးဖြတ်ချက်များအား စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရေး ရည်မှန်းချက်များအား မြေပြင်တွင် လက်တွေ့ အကောင်အထည်ဖော်ဆောင်နိုင်မည့် မူဘောင်များ ညှိနှိုင်းချမှတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊
(ဈ) မိမိတို့ မြန်မာနိုင်ငံဖြစ်စဉ်သည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆက်နွယ်မှု ပြတ်တောက် သွားပါက ဖြစ်ပေါ်လာနိုင်သည့် အခြေအနေကို အကောင်းဆုံး ပြသပေးသော သာဓကဖြစ်စဉ်ပင် ဖြစ်ကြောင်း၊
(ည) မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်အတွင်း၌ စစ်အုပ်စု၏ မတရား စစ်အာဏာသိမ်းမှု ခံခဲ့ရချိန်မှစတင်၍ ပြည်သူများသည် ကြီးလေးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကြံ့ကြံ့ခံဖြတ်ကျော်နေရကြောင်း၊ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် လူအလုံး လိုက် အရင်းလိုက် နေရပ်စွန့်ခွာနေထိုင်နေကြရပြီး လူသားစာနာ အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပေါ်လာခဲ့ကြောင်း၊ ယခုအခါ လူသားအရင်းအမြစ်များနှင့် အလားအလာကောင်းသော ဖွံ့ဖြိုး တိုးတက်မှုများပါ သိသိသာသာနှင့် မြန်မြန်ဆန်ဆန်ပင် ပြုန်းတီးလျက်ရှိကြောင်း၊
(ဋ) ထို့ပြင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသောကြောင့် မြန်မာနိုင်ငံသည် ဆိုက်ဘာ မှုခင်းများ၊ အွန်လိုင်းလိမ်လည်မှုကွန်ယက်များနှင့် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ ပျော်စံရာ ဗဟိုချက်ဖြစ်လာခဲ့ကြောင်း၊ ယင်းဖြစ်စဉ်များက ဒေသတွင်း နှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေပြီဖြစ်ကြောင်း၊
(ဌ) စိတ်မကောင်းစွာပင် မြန်မာပြည်သူများသည် နှစ်များစွာ အလကားဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း၊ ယခုအခါ မိမိတို့အတွက် မျိုးဆက်တစ်ခုလုံး ဆုံးရှုံးရတော့မည့်အရေးမှာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊
(ဍ) ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းတို့အနေဖြင့် မြန်မာပြည်သူများအပေါ်တွင် ယနေ့တိုင် ပျက်ကွက်လျက်ရှိကြောင်း၊
(ဎ) မိမိတို့၏ ကျော်ဖြတ်ခဲ့သည့် အတွေ့အကြုံများအရ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော အနာဂတ် တည်ဆောက်နိုင်ရန် စစ်အာဏာရှင်စနစ်အား အပြီးတိုင်ဖယ်ရှား၍ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ခြင်းလမ်းစဉ်မှလွဲ၍ အခြားသော လမ်းကြောင်းများ မရှိပါကြောင်း၊
(ဏ) သို့ဖြစ်ပါ၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြဿနာ၏ ဇစ်မြစ်ကို ဖြေရှင်းခြင်းက အဓိကကျကြောင်း၊
(တ) ထို့ကြောင့် အထွေထွေညီလာခံနှင့် စီးပွားရေးနှင့် လူမှုရေးကောင်စီတို့အနေဖြင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အား ထိန်းသိမ်းရန်နှင့် စီးပွားရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှု တို့အား မြှင့်တင်နိုင်ရေး ပူးတွဲ ဦးဆောင်ရာတွင် အဆိုပါကြိုးပမ်းများကို ကူညီပံ့ပိုးပေးနိုင်မည့် အစီအမံအားလုံးကို ထည့်သွင်းပေးပါရန် တိုက်တွန်းတောင်းဆိုလိုပါကြောင်း။
၅။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the
Joint Briefing by the Presidents of the General Assembly and
the Economic and Social Council on the role of the GA and the ECOSOC
(New York, 30 January 2026)
Madam President and Mr. President,
Thank you both for convening this timely joint briefing.
Myanmar aligns with the statements of the LDC and the G77 and China.
Madam President and Mr. President,
As multilateralism splinters under the weight of geopolitical tension, the synergy between the General Assembly and the Economic and Social Council is not merely a bureaucratic preference, but a functional necessity.
While these two primary organs bear distinctive mandates under the UN Charter, they are designed to function interdependently.
So too are the concepts of peace and development, existing in an unbreakable nexus.
To synergize the GA and the ECOSOC in reforming the UN into a more effective, efficient and stronger international organization, Myanmar suggests the following three key measures:
First, bridge the policy and action gap. The GA must signal political resolve through its resolutions, while ECOSOC ensures that those resolutions are backed by efficient development delivery mechanisms that reach the most vulnerable.
Second, operationalize the UN80 Initiative. By working in tandem, these bodies can ensure that security interventions are informed by developmental needs, and vice versa, thereby reducing institutional silos.
Third, enhance coherence. Coherence in practice between these two bodies and beyond is crucial for bridging the gap in their respective processes and enhancing their collective impact on global crises.
Through this synergy, the GA can continue to discharge its principal duty of providing political legitimacy and universal platform required for high-level decision-making, while ECOSOC provides technical expertise and coordination framework necessary to translate those decisions into sustainable developmental outcomes on the ground.
The situation in my own country, Myanmar, provides a somber case study of what happens when the peace-development nexus is severed.
Since the unlawful military coup of 2021, our people have endured a severe humanitarian crisis. The military junta’s atrocities have forced mass displacement and created a humanitarian emergency that is rapidly eroding our human capital and development potential.
In the absence of security and the rule of law, Myanmar has further become an epicenter for transnational organized crimes, including cybercrimes, scam centers, and drug and human trafficking, imposing threats to regional and international peace and stability.
The people of Myanmar, sadly, have already lost many years. Now we are worried about the loss of a generation.
So far, the UN and the international community have failed the people of Myanmar.
Based on our own experience, there is no path toward a sustainable future other than the eradication of military dictatorship and the establishment of a federal democratic union.
Therefore, addressing the root cause is essential for sustaining peace and development.
In this spirit, we urge the GA and the ECOSOC to include the measures necessary to support such endeavours as they consolidate their leadership in the maintenance of international peace and security and the advancement of economic and social development.
I thank you.
*****









