top of page
  • Facebook Social Icon

Intervention by Ambassador Kyaw Moe Tun at Informal interactive multi-stakeholder hearing as part of preparatory process for high-level meeting of General Assembly on appraisal of UN Global Plan

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • 2 days ago
  • 4 min read

Intervention by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the Informal interactive multi-stakeholder hearing as part of the preparatory process for the high-level meeting of the General Assembly on the appraisal of the United Nations Global Plan of Action to Combat Trafficking in Persons, held on 30 June 2025


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


United Nations Global Plan of Action to Combat Trafficking in Persons အတွက် အဆင့်မြင့် အစည်းအဝေး ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သက်ဆိုင်ရာတာဝန်ခံများနှင့် အလွတ်သဘော အပြန်အလှန် ဆွေးနွေးသည့် အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အရပ်သားပြည်သူများ၊​ အထူးသဖြင့် အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ ကလေးသူငယ်များ နှင့် လူငယ်လူရွယ်များအနေဖြင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို ခါးစည်းခံနေရ၊

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသ၌ လူကုန်ကူးခြင်းနှင့် ဆက်နွယ်နေသည့် အွန်လိုင်းလိမ်လည်မှုများနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားရာဒေသ တစ်ခု ဖြစ်လာ၊

စီးပွားရေးကျဆင်းမှု၊ နေရပ်စွန့်ခွာမှုနှင့် ထိုက်သင့်ဆီလျော်မှုမရှိသော် ဝန်ဆောင်မှုများကြောင့် ပိုပိုများစွာသော မိသားစုများမှာ နေ့စဉ်နှင့်အမျှ ဆင်းရဲတွင်းသို့ ကျရောက်နေကြ၊

မိမိတို့အနေဖြင့် အများသိစေရန် အသိပညာပေးခြင်းနှင့် အခြေခံ လူတန်းစားများ ပါဝင် ဆောင်ရွက်နိုင်ရေး စသည်တို့ အပါအဝင် လူကုန်ကူးခြင်းပြဿနာ ဖြေရှင်းရေးအတွက် အားထုတ် ကြိုးပမ်းနေချိန်တွင် ပြဿနာ၏ ဇစ်မြစ်အား ဖြေရှင်းရေးက အထူး အရေးပါ၊

မြန်မာနိုင်ငံအတွက်မူ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ မတရား စစ်အာဏာသိမ်းမှု ချုပ်ငြိမ်းရေး နှင့် စစ်အုပ်စုမှ အကျိုးခံစားနေရသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့် ချုပ်ငြိမ်းရေးတို့ကသာလျှင် ပြဿနာအား ရေရှည်တည်တံ့စွာ ဖြေရှင်းနိုင်မည့် အဓိကကျေသော နည်းလမ်းဖြစ်ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်)


၁။        နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် United Nations Global Plan of Action to Combat Trafficking in Persons အတွက် အဆင့်မြင့် အစည်းအဝေး အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သက်ဆိုင်ရာတာဝန်ခံများနှင့် အလွတ်သဘော အပြန်အလှန် ဆွေးနွေးသည့် အစည်းအဝေးအား ၃၀-၆-၂၀၂၅ ရက် (တနင်္လာနေ့)၊ နံနက် (၁၀၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။


၂။         အဆိုပါ အစည်းအဝေးတွင် United Nations Office on Drugs and Crime ၏ အမှုဆောင်ညွှန်ကြား ရေးမှူးက ရုပ်သံမိန့်ခွန်းဖြင့် ပါဝင်ခဲ့ပြီး နယူးယောက်မြို့ရှိ International Organization for Migration (IOM) ရုံးမှ ညွှန်ကြားရေးမှူး၊ လူကုန်ကူးခြင်းခံရပြီး အသက်ရှင်ကျန်ရစ်သူ Ms. Melanie Thompson တို့က အဖွင့် အမှာစကားများ ပြောကြားခဲ့ပါသည်။ ထို့ပြင် UNODC New York ရုံး၏ ညွှန်ကြားရေးမှူးက Moderator အဖြစ် တာဝန်ယူကာ Special Rapporteur on trafficking in persons, especially women and children ဖြစ်သူ Ms. Siobhán Mullally၊ Advocacy & Survivors Leadership Program Director, The Human Trafficking Legal Center နှင့် Survivor of trafficking in persons ဖြစ်သူ Ms. Evelyn Chumbow၊ Hagar International - US Office မှ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Catherine Kirkendall နှင့် Executive Director, Engagement Lead, UK & Europe, Marinus Analytics မှ Mr. Colin Ward တို့က ဆွေးနွေးသူ (Panelist) များအဖြစ် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၁၅) နိုင်ငံ နှင့် ကုလသမဂ္ဂ လက်အောက်ခံအေဂျင်စီများ နှင့် အစိုးရမဟုတ် သော အဖွဲ့များမှ ကိုယ်စားလှယ်များမှလည်း ပါဝင် ဆွေးနွးခဲ့ကြပါသည်။


၃။        ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ဆွေးနွေးမှုတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-


(က)     လူကုန်ကူးခြင်းသည် လူသားဂုဏ်သိက္ခာကို ချိုးဖောက်သည့် လူမဆန်သော ရာဇဝဝတ်မှုတစ်ခု ဖြစ်ပြီး သားကောင်များ၏ လွတ်လပ်ခွင့်ကို ထိပါးကာ ၎င်းတို့အနေဖြင့် ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ မလျော်ကန်သော ဆက်ဆံမှု၊ ကြီးလေးသော အကြမ်းဖက်မှုနှင့် အလွဲသုံးစားပြုခြင်း စသည်တို့ကို ကြုံတွေ့စေကြောင်း၊ ထိုသို့ ထိတ်လန့်ဖွယ်ကောင်းသည့် ရာဇဝတ်မှုကို ကမ္ဘာ့ဒေသအသီးသီးတွင် ယနေ့တိုင် ဆိုးရွားစွာ ဖောက်ဖျက်ကျူးလွန်လျက်ရှိကြောင်း၊


(ခ)       ၂၀၂၄ ခုနှစ်အတွက် ထုတ်ဝေခဲ့သည့် Global Report on Trafficking in Persons တွင် လူကုန် ကူးခြင်း၏ သားကောင်းအရေအတွက် အဆမတန် မြင့်တက်လာလျက်ရှိကြောင်းကို သတိပေး ဖော်ပြထားကြောင်း၊ အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် ကလေးသူငယ်များက ကမ္ဘာ့ အနှံ့ အများဆုံး ဖြစ်ပွားလျက်ရှိသည့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရခြင်း အပါအဝင် အမျိုးမျိုးသော အမြတ်ထုတ်ခံရခြင်းများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ အခြား ကျူးလွန်မှုများအားဖြင့် အတင်းအကျပ် လုပ်သားခိုင်းစေမှု၊ အတင်းအကျပ် ရာဇဝတ်မှု ကျူးလွန်စေမှုနှင့် အတင်းအကျပ် ငွေကြေးတောင်းခံစေမှု စသည်တို့ ပါဝင်ကြောင်း၊


(ဂ)       မြန်မာနိုင်ငံတွင် ယင်းသို့သော လူမဆန်သည့် ရာဇဝတ်မှုများ မြင့်တက်လျက်ရှိကြောင်း၊


(ဃ)     မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မတရား စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီး နောက် အကြမ်းဖက် စစ်တပ်က အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတို့အား ကြီးလေးစွာ ချိုးဖောက်လျက် ရှိကြောင်း၊ စစ်အုပ်စုအနေဖြင့် အရပ်သား ပြည်သူလူထုအပေါ် မဆင်မခြင် လေကြောင်းမှ တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မတရား ဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းခြင်း၊ ကျေးရွာများနှင့် မြို့များကို မီးရှို့ဖျက်ဆီးခြင်းနှင့် အဓမ္မ တပ်သားစုဆောင်းခြင်း စသည့် ရက်စက်ကြမ်းကြုတ် မှုများကို ကျူးလွန်လျက်ရှိကြောင်း၊ ပြည်တွင်း တရားဥပဒေစိုးမိုးမှုများ ဖျက်ဆီးခံထားရပြီးဖြစ် ကြောင်း၊


(င)       စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ယနေ့အထိ ပြည်သူ အယောက်ပေါင်း (၆,၈၀၀) ကျော် သတ်ဖြတ်ခံခဲ့ရပြီး နေအိမ်အလုံးပေါင်း (၁၁၀,၀၀၀) မှ ဖျက်ဆီးခြင်း သို့မဟုတ် မီးရှို့ခြင်း ခံခဲ့ရကြောင်း၊ ပြည်သူ ၃.၅ သန်းကျော်မှာ နေရပ်စွန့်ခွာနေရပြီး သန်း (၂၀) ကျော်မှာ လူသားချင်း စာနာထောက်ထားမှုအကူအညီများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း၊


(စ)       အရပ်သားပြည်သူများ၊​ အထူးသဖြင့် အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ ကလေးသူငယ်များ နှင့် လူငယ်လူရွယ်များအနေဖြင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို ခါးစည်းခံနေရ ကြောင်း၊


(ဆ)     ထို့ပြင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသ၌ လူကုန်ကူးခြင်းနှင့် ဆက်နွယ်နေသည့် အွန်လိုင်းလိမ်လည်မှုများနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားရာဒေသ တစ်ခု ဖြစ်လာလျက်ရှိကြောင်း၊


(ဇ)       စီးပွားရေးကျဆင်းမှု၊ နေရပ်စွန့်ခွာမှုနှင့် ထိုက်သင့်ဆီလျော်မှုမရှိသော် ဝန်ဆောင်မှုများကြောင့် ပိုပိုများစွာသော မိသားစုများမှာ နေ့စဉ်နှင့်အမျှ ဆင်းရဲတွင်းသို့ ကျရောက်နေကြကြောင်း၊


(ဈ)      ယခုနှစ်၊ မတ်လအတွင်း ဖြစ်ပွားခဲ့သည့် ဖျက်အားပြင်း ငလျင်ဘေးကလည်း ပြည်သူများ၏ ဒုက္ခ ဆင်းရဲကို သာ၍ ဆိုးရွားစေခဲ့ကြောင်း၊


(ည)     ပြည်သူအများစုမှာ ပြည်တွင်းမှ ထွက်ပြေးစွန့်ခွာနေရပြီး အများစု၊ အထူးသဖြင့် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် လူငယ်လူရွယ်များသည် လူကုန်ကူးခြင်းရန်စွယ်ကြောင့် ထိခိုက်လွယ် လျက် ရှိကြောင်း၊


(ဋ)       မိမိတို့အနေဖြင့် အများသိစေရန် အသိပညာပေးခြင်းနှင့် အခြေခံ လူတန်းစားများ ပါဝင် ဆောင်ရွက်နိုင်ရေး စသည်တို့ အပါအဝင် လူကုန်ကူးခြင်းပြဿနာ ဖြေရှင်းရေးအတွက် အားထုတ် ကြိုးပမ်းနေချိန်တွင် ပြဿနာ၏ ဇစ်မြစ်အား ဖြေရှင်းရေးက အထူး အရေးပါကြောင်း၊


(ဌ)       မြန်မာနိုင်ငံအတွက်မူ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ မတရား စစ်အာဏာသိမ်းမှု ချုပ်ငြိမ်းရေး နှင့် စစ်အုပ်စုမှ အကျိုးခံစားနေရသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့် ချုပ်ငြိမ်းရေးတို့ကသာလျှင် ပြဿနာအား ရေရှည်တည်တံ့စွာ ဖြေရှင်းနိုင်မည့် အဓိကကျေသော နည်းလမ်းဖြစ်ကြောင်း၊


(ဍ)       ထို့ထက် မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်အုပ်စု လက်အောက်၌ United Nations Global Plan of Action to Combat Trafficking in Persons အား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ ပြည်သူများ၏ ထောက်ခံမှုနှင့် နိုင်ငံတကာ၏ ထောက်ခံမှုတို့ အား ရရှိထားသည့် ရွေးကောက်ခံတရားဝင် အရပ်သားအစိုးရကသာလျှင် ဤမျှ မွန်မြတ်သော တာဝန်ကို ပြည့်ဝစွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊


(ဎ)       မြန်မာနိုင်ငံတွင် အဆိုပါ ရည်မှန်းချက်ပန်းတိုင် ပြည့်မှီရေးအတွက် မိမိတို့အား ဝိုင်းဝန်းပံ့ပိုး ပေးကြပါရန် တောင်းဆိုလိုပါကြောင်း။


၄။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် ဆွေးနွေးမှု အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations, at the Informal interactive multi-stakeholder hearing as part of the preparatory process for the high-level meeting of the General Assembly on the appraisal of the United Nations Global Plan of Action to Combat Trafficking in Persons


(New York, 30 June 2025)


Thank you, Mdm Moderator. All protocols observed.


Mdm Moderator, 


Trafficking in persons is a heinous crime that violates human dignity, depriving victims’ liberty and subjecting to torture, ill treatment, severe violence and abuse. This horrific abuse continues relentlessly across all regions.


The 2024 Global Report on Trafficking in Persons has sounded a serious alarm, revealing a disturbing rise in the detection of victims. Women, girls, and children disproportionately face distinct patterns of exploitation, with the majority of global convictions linked to sexual exploitation. Other forms include forced labor, forced criminality, and forced begging.


Alarmingly, such heinous crimes are escalating in Myanmar.


Since the unlawful military coup in February 2021, the military junta has perpetrated grave violations of international law, international humanitarian law, and international human rights law. They have committed barbaric acts, including but not limited to extensive indiscriminate airstrikes against civilian populations, killings, arbitrary arrests, the burning of villages and towns, and the enforcement of forced conscription. The rule of law has been destroyed.


Due to the military junta’s atrocities, to date over 6,800 people were killed; over 110,000 homes were destroyed or burnt down; over 3.5 million people are displaced; and more than 20 million people are in dire need of humanitarian assistance.


Civilians particularly women and girls, children and youths bear the brunt of the atrocities.


Furthermore, Myanmar has become a significant hub in Southeast Asia for large-scale online scam operations and transnational organized crimes, both closely linked to human trafficking.


Over half of the population is living under the national poverty line now.


The economic collapse, displacement and inadequate services are pushing more families into poverty every day.


The devastating earthquake in March has exacerbated the people’s suffering further.


Many people are fleeing the country. And many people especially women, girls and youths have become more vulnerable for human trafficking.


While we are putting our efforts for the issue of trafficking in person such as awareness raising, increased grassroots participation among others, it is imperative to overcome the root causes.


For Myanmar, ending the military dictatorship and the unlawful military coup as well as the culture of impunity is the fundamental means to achieving a sustainable solution.


Above all, the effective implementation of the UN Global Plan of Action to Combat Trafficking in Persons in Myanmar cannot be achieved under the abusive military junta. Only a legitimate elected civilian government, enjoying the acceptance of both its people and the international community, can fulfill this noble obligation.


We implore your help in achieving this crucial goal for Myanmar.


I thank you.

 

*****


Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page