Intervention by Ambassador Kyaw Moe Tun during the Interactive Dialogue with the UNDP Administrator at the Annual Session 2025 of the Executive Board of UNDP/ UNFPA/ UNOPS
- Myanmar Mission To UN
- 1 day ago
- 4 min read




Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, during the Interactive Dialogue with the UNDP Administrator at the Annual Session 2025 of the Executive Board of UNDP/ UNFPA/ UNOPS, held on 4 June 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၊ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေနှင့် ကုလသမဂ္ဂ စီမံကိန်း ဝန်ဆောင်မှုများရုံး၏ အမှုဆောင်ဘုတ်အဖွဲ့ ၏ နှစ်ပတ်လည် အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက
မြန်မာနိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ပျက်စီးဆုံးရှုံးမှုကြီးမားသည့် ငလျင်သည် ၂၀၂၁ခုနှစ်၊ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုကြောင့် မြန်မာပြည်သူများ ခံစားနေရသည့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် လူမှုရေး အစရှိသည့် နယ်ပယ်အသီးသီး၌ ဆုတ်ယုတ်မှုများကို ပိုမို ဆိုးရွားစေခဲ့ပါကြောင်း၊ မြန်မာ လူထုအနေဖြင့် ငလျင်မဖြစ်မီကပင် လူပေါင်း ၃.၅သန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး၊ လူပေါင်း ၂၀ သန်းနီးပါးသည် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို လိုအပ်လျက်ရှိ၊
လူများ၏ အသက်နှင့် အနာဂတ်ကို ကယ်တင်ပေးရေးကို ရှေးရှု၍ အားလုံးသိသည့် အဓိက ပြဿနာ အရင်းအမြစ် ကို မိမိတို့အနေဖြင့် မျက်ကွယ်ပြုထား၍ မရ၊ ငလျင်အပြီး၌ စစ်ကောင်စီသည် လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ပေးရေး မိတ်ဖက်အဖွဲ့များ ၏ ကူညီပေးမှုများ ကို ကန့်သတ်ခဲ့ရုံသာမက၊ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ကိုပါ လက်နက်သဖွယ် အသုံးပြု၍ နိုင်ငံရေးအရ အမြတ်ထုတ် လျက်ရှိ၊
သဘာဝဘေး အန္တရာယ်များ အပေါ် ခံနိုင်ရည်ရှိအောင် တည်ဆောက်ရေးတွင် ရင်းနှီးမြှုပ်နှံရန် အရေးတကြီး လိုအပ်နေ သကဲ့သို့၊ လူလုပ်သည့် ပြဿနာများ၊ ရက်စက်ကြမ်းကြုတ်မှုများကို ကြိုတင်ကာကွယ်ရေး၊ ခံနိုင်ရည်ရှိအောင်ဆောင်ရွက်နိုင်ရေးတွင်လည်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အရေးတကြီး လိုအပ်၊ အရေးအကြီးဆုံးမှာ ဤကဲ့သို့ ဆက်လက် ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန် မိမိတို့အားလုံး ရဲရင့်စွာ အရေးယူ ဆောင်ရွက်သွားကြရမည်ဖြစ်၊
ကုလသမဂ္ဂ၊ ၎င်း၏ လက်အောက်ခံ အေဂျင်စီများနှင့် နိုင်ငံတကာအသိုက်အဝန်း သည် မြန်မာ ပြည်သူများ၏ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားကာ ဖက်ဒရယ် ဒီမိုကစီ ပြည်ထောင်စု တည်ဆောက်ရေး သံဓိဋ္ဌာန်ကို ထောက်ခံကူညီရမည်ဖြစ်၊ မြန်မာနိုင်ငံ အတွက် တစ်ခု တည်းသော ရေရှည်တည်တံ့နိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရှိသော လမ်းကြောင်းသာ ဖြစ်ပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၄ ရက်)
၁။ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၊ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေနှင့် ကုလသမဂ္ဂ စီမံကိန်း ဝန်ဆောင်မှုများရုံး၏ အမှုဆောင်ဘုတ်အဖွဲ့ ၏ နှစ်ပတ်လည် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ နယူးယောက်မြို့ရှိ၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပပြုလုပ် လျက်ရှိပါသည်။ ဇွန်လ ၄ ရက်နေ့တွင် ပြုလုပ်သည့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် အုပ်ချုပ်ရေးမှူး နှင့် အပြန်အလှန်ဆွေးနွေးမှု အစီအစဉ် တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း လည်ပါဝင် ဆွေးနွေး ပြောကြားခဲ့ပါသည်။
၂။ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ပြောကြားခဲ့သည့် ဆွေးနွေးမှု၌ အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-
(က) (၈) နှစ်တာ ရာထူးသက်တမ်းကာလအတွင်း UNDP ကို ဦးဆောင်လမ်းညွှန်မှုများ အတွက် ချီးကျူးလိုပါကြောင်း၊
(ခ) လက်ရှိ UNDP အုပ်ချုပ်ရေးမှူး ၏ ဦးဆောင်မှုအောက်တွင် အကောင်အထည်ဖော်လျက်ရှိသည့် မဟာဗျူဟာစီမံချက်၏ ပြောင်းလဲ တိုးတက်မှု အထူးသဖြင့် ပြောင်းလဲနေသော ကမ္ဘာ့လိုအပ်ချက် များနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပတ်ဝန်းကျင်များနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်မှုကို မြန်မာနိုင်ငံ အနေဖြင့် ထောက်ခံပါကြောင်း၊ UNDP သည် မြန်မာနိုင်ငံအခြေအနေအပါအဝင် ရှုပ်ထွေးပြီး ထိရှလွယ် သော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ပိုမို လိုက်လျော ညီထွေ ဖြစ်၍ လိုအပ်ချက်အပေါ် အခြေခံသည့် အစီအမံများကို ဆက်လက်လုပ်ဆောင် သင့်သည်ဟု ရှုမြင်ပါကြောင်း၊
(ဂ) မြန်မာနိုင်ငံတွင်၊ မကြာသေးမီက ဖြစ်ပွားခဲ့သော ပျက်စီးဆုံးရှုံးမှုကြီးမားသည့် ငလျင်သည် ၂၀၂၁ခုနှစ်၊ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုကြောင့် မြန်မာပြည်သူများ ခံစားနေရသည့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် လူမှုရေး အစရှိသည့် နယ်ပယ်အသီးသီး၌ ဆုတ်ယုတ်မှုများကို ပိုမို ဆိုးရွားစေခဲ့ပါကြောင်း၊ မြန်မာလူထုအနေဖြင့် ငလျင်မဖြစ်မီကပင် လူပေါင်း ၃.၅သန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး၊ လူပေါင်း ၂၀ သန်းနီးပါးသည် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို လိုအပ်လျက်ရှိပါကြောင်း၊
(ဃ) ယခုကဲ့သို့ ခက်ခဲနေသည့် ကာလအတွင်း UNDP နှင့် အိမ်နီးချင်းနိုင်ငံများ၊ ကုလအဖွဲ့ဝင်နိုင်ငံ များနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ၏ အလျှင်အမြန် ကူညီဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သို့ရာတွင် လူများ၏ အသက်နှင့် အနာဂတ်ကို ကယ်တင်ပေးရေးကို ရှေးရှု၍ အားလုံးသိသည့် အဓိက ပြဿနာ အရင်းအမြစ်ကို မိမိတို့အနေဖြင့် မျက်ကွယ်ပြုထား၍ မရကြောင်း၊ ငလျင်အပြီး၌ စစ်ကောင်စီသည် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေး မိတ်ဖက်အဖွဲ့များ ၏ ကူညီပေးမှုများ ကို ကန့်သတ်ခဲ့ရုံသာမက၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ကိုပါ လက်နက်သဖွယ် အသုံးပြု၍ နိုင်ငံရေးအရ အမြတ်ထုတ် လျက်ရှိကြောင်း၊
(င) ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) က နောက်ဆုံး ထုတ်ပြန်ခဲ့သည် အစီရင်ခံစာအရ၊ စစ်ကောင်စီ၏ အကန့်အသတ်များ၊ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်နိုင်မှု ကန့်သတ် အခြေအနေနှင့် ရန်ပုံငွေ မလုံလောက်မှုတို့ကြောင့် ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရသည့် မြို့နယ်များ၏ ၇၄ ရာခိုင်နှုန်းသည် အမိုးအကာ နေထိုင်ရေးနှင့်စပ်လျဉ်းသည့် အကူအညီများကို ရရှိနိုင်ခြင်း မရှိသေး ပါကြောင်း၊ ငလျင်ဘေးဒဏ်ကြုံတွေ့ခံစားခဲ့ရပြီးနောက် နှစ်လအတွင်း အကြမ်းဖက် စစ်တပ် အနေဖြင့် ငလျင်ထိခိုက်ခံရသော ဒေသများအပါအဝင် တစ်နိုင်ငံလုံးတွင် လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုပေါင်း အကြိမ် (၇၈၀) ကျော် ပြုလုပ်ခဲ့ပြီး အမျိုးသမီး များနှင့် ကလေးငယ်များအပါအဝင် အရပ်သားပေါင်း (၅၄၀) ကျော်ကို သတ်ဖြတ် ခဲ့ပါကြောင်း၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများနှင့် ကျောင်းများစွာကိုလည်း ပျက်စီးစေခဲ့ကြောင်း၊
(စ) ယခုကဲ့သို့ စစ်ကောင်စီက အရပ်သားများအပေါ် ဆက်လက်ကျူးလွန်နေသော ရက်စက် ကြမ်းကြုတ်မှု များကြောင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများနှင့် အချိန်ကြာ ပြန်လည်တည်ဆောက်ယူရမည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တို့တွင် အားလုံး ပါဝင်နိုင်စေမှု နှင့် ရေရှည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု မရှိနိုင်ပါကြောင်း၊ သဘာဝဘေး အန္တရာယ်များ အပေါ် ခံနိုင်ရည်ရှိအောင် တည်ဆောက်ရေးတွင် ရင်းနှီးမြှုပ်နှံရန် အရေးတကြီး လိုအပ်နေ သကဲ့သို့၊ လူလုပ်သည့် ပြဿနာများ၊ ရက်စက်ကြမ်းကြုတ်မှုများကို ကြိုတင်ကာကွယ်ရေး၊ ခံနိုင်ရည်ရှိအောင်ဆောင်ရွက်နိုင်ရေးတွင်လည်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အရေးတကြီး လိုအပ် ကြောင်း အလေးထားပြောကြားလိုပါကြောင်း၊ အရေးအကြီးဆုံးမှာ ဤကဲ့သို့ ဆက်လက် ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန် မိမိတို့အားလုံး ရဲရင့်စွာ အရေးယူ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊
(ဆ) ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အပြန်အလှန်ဆက်နွယ်၍ အမှီသဟဲပြုလျက်ရှိပြီး တစ်ခုမရှိပါက အခြားတစ်ခုကို ရရှိနိုင်မည် မဟုတ်ပါကြောင်း၊ တစ်ချိန်တည်း ဟန်ချက်ညီညီ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ ပြဿနာဖြစ်နေသည့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတစ်ခုအနေဖြင့် တရားမျှတမှု၊ တာဝန်ယူ၊ တာဝန်ခံမှုနှင့် အားလုံးပါဝင်မှုရှိသော အဖွဲ့အစည်း များနှင့် ဥပဒေ စိုးမိုးရေးကို လေးစားလိုက်နာမှုဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုတို့အတွက် အထောက်အကူဖြစ်စေသော အခြေအနေများဖန်တီးရန် အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂ၊ ၎င်း၏ လက်အောက်ခံ အေဂျင်စီများနှင့် နိုင်ငံတကာအသိုက်အဝန်း သည် မြန်မာ ပြည်သူများ၏ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားကာ ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု တည်ဆောက်ရေး သံဓိဋ္ဌာန်ကို ထောက်ခံကူညီရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အတွက် တစ်ခု တည်းသော ရေရှည်တည်တံ့နိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရှိသော လမ်းကြောင်းသာ ဖြစ်ပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် အမှာစကား အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၄ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Interventionby Ambassador Kyaw Moe Tun, Permanent Representative of the
Republic of the Union of Myanmar to the United Nations
during theInteractive Dialogue with the UNDP Administrator
at the Annual Session 2025 of the Executive Board of UNDP/ UNFPA/ UNOPS
(New York, 4 June 2025)
Mr. Administrator,
At the outset, I wish to commend you on your stewardship of the UNDP during your 8-year tenure.
I also thank the members of the Executive Board for their tireless efforts.
As the UN soon commemorates its eightieth anniversary and UNDP its sixtieth anniversary, we have witnessed the continued evolution of the UNDP in its mandate and deliverables.
Myanmar supports the transformation of the Strategic Plan under your leadership, particularly its adaptation to changing global needs and development landscapes.
We are of the view that UNDP should continue to take more adaptive and needs-based measures to address complex and fragile situations, including the situation in Myanmar.
In Myanmar, the recent devastating earthquake has further compounded the developmental, financial, economic and social regressions the people of Myanmar have been suffering since the 2021 attempted coup.
Even before the earthquake, over 3.5 million people have been displaced. Nearly 20 million people are in need of humanitarian assistance.
In this difficult period, we remain grateful to UNDP, our neighbors, member states and international partners for their immediate assistance. However, for sake of saving life and future of the people, we cannot shy away from addressing the elephant in the room.
The military junta has been restricting access to humanitarian partners as well as weaponizing and politicizing aid in the aftermath of the earthquake.
According to the most recent Situation Report by OCHA, 74 per cent of the hardest-hit townships have not yet received shelter assistance due to access constraints, limited operational presence, and funding shortages.
In two months since the disaster, the junta has conducted over 780 aerial and artillery attacks across the country, including earthquake-affected regions, killing over 540 civilians including women and children and destroying many healthcare facilities and schools.
It is crystal clear that relief and recovery efforts, and the long road towards building resilience are neither inclusive nor sustainable due to the junta’s ongoing atrocities committed by the military junta against civilians. In this regard, we emphasize the urgent need to invest in resilience-building against natural disasters. As the same time, we need to equally invest in prevention and resilience building against man-made crises and atrocities.
Above all, we all need to be bold to stop such ongoing atrocities.
We all must strive better to serve all those in need, adapt to the evolving situation on the ground and follow the principle of leaving no one behind and the people-centred approach.
Finally, Mr. President, peace and development are intertwined and we cannot achieve one without the other. It needs to go hand in hand. For a fragile and a LDC like Myanmar, it is critical that we create a conducive condition for peace and stability through just, accountable and inclusive institutions and the respect for the rule of law. Therefore, the UN, its agencies and the international community must support the people of Myanmar and their determination to uproot the military dictatorship and build a federal democratic union.
The only sustainable development path in Myanmar is the one with peace and stability.
I thank you.
*****




