top of page
  • Writer's pictureMyanmar Mission To UN

Intervention by Ambassador Kyaw Moe Tun at Third Committee of 76 UNGA on Human Rights (13 Oct 2021)


Intervention by Myanmar at the Third Committee of 76 UNGA on Agenda Item 74: Human Rights (ID with High Commissioner on Human Rights)


[Below Myanmar Text]


(၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီ၏ လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးဆိုင်ရာ အစည်းအဝေး၌ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနှင့် အပြန်အလှန်ဆွေးနွေးမှု၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ပါဝင်ဆွေးနွေးပြောကြားခဲ့ခြင်း


(နယူးယောက်မြို့၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်)


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် အောက်တိုဘာလ ၁၃ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပသည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယ ကော်မတီ၏ လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေး ဘာသာရပ်အောက်ရှိ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အပြန်အလှန်ဆွေးနွေးမှု Virtual အစည်းအဝေး၌ ပါဝင်ဆွေးနွေးပြောကြားခဲ့ပါသည်။


အမြဲတမ်းကိုယ်စားလှယ်၏ ဆွေးနွေးပြောကြားမှုတွင် မြန်မာနိုင်ငံအတွင်း စစ်တပ်မှ အာဏာသိမ်းပြီး နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများမှာ တစ်ရက်ထက်တစ်ရက် ပိုမိုများပြား လာပြီး စိတ်နှလုံးမချမ်းမြေ့ဖွယ်များ ဖြစ်ကြောင်း၊ လုံခြုံမှုမရရှိသည့်အပြင် လွတ်လပ်စွာဆန္ဒ ဖော်ထုတ်ခွင့် များလည်း ဆုံးရှုံးလျက်ရှိကြောင်း၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အို များအပါအဝင် ထိခိုက်လွယ်အုပ်စုများအား ကာကွယ်ပေးမှုမရှိသည့်အပြင် အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်သည့် လုပ်ဆောင်မှုများကို ခံစားကြရကြောင်း၊ စစ်တပ်မှ မြန်မာနိုင်ငံအနှံ့အပြားတွင် ခွဲခြားမှုမရှိ အင်အားသုံး တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာက စိုးရိမ်တိုက်တွန်းလျက်ရှိသော်လည်း စစ်အုပ်စု အနေဖြင့် ထိုးစစ်များ ပိုမိုကျူးလွန်လျက်ရှိပြီး ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း နိုင်ငံအနှံ့အပြား အထူးသဖြင့် စစ်ကိုင်း၊ မကွေး၊ ကယားနှင့် ချင်း တို့တွင် လက်နက်ကြီးများနှင့် တပ်ဖွဲ့များ ပိုမိုချထားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း၊


၈-၁၀-၂၀၂၁ ရက်နေ့ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည့် အတိုင်း မြန်မာစစ်တပ်သည် အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာပြီး၊ လူအများအပြားကို ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည်ကို သာဓကယူ၍ ယခုအခါတွင်လည်း အဆိုပါဒေသများ၊ အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုများပြားလာနိုင်ဖွယ်ရှိပြီး ယင်းကို မဖြစ်ပွားစေရန် တားဆီးနိုင်ရန် လွန်စွာအရေးကြီးကြောင်း ပြောကြားခဲ့ပြီး ယင်းသို့ တားဆီးရာတွင် နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးအနေဖြင့် ဆောင်ရွက်ပေး နိုင်မည့် ထိရောက်သည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ပါသည်။


အမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအား ပူးတွဲဖော်ပြအပ်ပါသည်။


၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်၊

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။



Please check against delivery


Intervention by Myanmar at the Third Committee of 76 UNGA

On Agenda Item 74: Human Rights

(ID with High Commissioner on Human Rights)

(New York, 13 October 2021)


Mr. Chair,


First of all, Myanmar wishes to thank Madame High Commissioner for her statement and the reports. Taking this opportunity, I thank her and her team for the press statements on Myanmar in the past months which reflects the on-ground situations in Myanmar.


As you are aware, the situation in Myanmar is heartbreaking and getting worse day by day since the military coup. The military has committed many human rights violations together with the atrocities against the civilians. Both in urban and rural areas, there’s no guarantee for the safety. Fundamental rights have been denied; freedom of expression restricted; and right to privacy violated. Vulnerable groups including women, children, old aged people were not protected, and instead were among the victims mostly suffered from the consequences of the military’s inhumane actions.


Despite the concerns and urge by the international community to immediately stop the military’s indiscriminate and disproportionate attacks in many areas of the country, the military has continued its offensive attacks and even deployed more heavy weapons and troops to the areas including Sagaing and Magway regions and Kayah and Chin states in the past weeks.


As the press briefing of the OHCHR spokesperson on 8 October has informed, the military has even intensified attacks against the civilians, together with mass arrests, tortures and summary executions. Taking the situation in Rakhine State in 2017 as an example, there is high possibilities that the military would worsen the human rights violations in those areas, particularly Sagaing region, and it has become of high importance to prevent the worse possible scenario. In this regard, I wish to ask Madam High Commissioner, while thanking you for the support, what the possible effective measures that the international community, in particular the UN and her office can take to prevent this situation from getting worse even out of hand?


I thank you.



*****






bottom of page