top of page
  • Facebook Social Icon

Intervention by Ambassador Kyaw Moe Tun, at the Third Committee of the Eighty-first Session of the UN General Assembly: Interactive Dialogue with the Special Rapporteur on the Situation of Human Right

Writer: Myanmar Mission To UN
Myanmar Mission To UN
2 hours ago
4 min read

Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly: Interactive Dialogue with the Special Rapporteur on the Situation of Human Rights Defenders, held on 20 October 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏အခြေအနေအကြောင်းအရာနှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးပြောကြားမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် တရားမဝင် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည့်အချိန်မှစတင်၍ စစ်အုပ်စုအနေဖြင့် အရပ်ဘက်ရပ်ဝန်းကို စနစ်တကျ ဖျက်ဆီးခဲ့၊ မြန်မာနိုင်ငံ အကျပ်အတည်းသည် ယနေ့အချိန်ထိ ပိုမိုနက်နဲလာကာ ရာဇဝတ်မှုကျူးလွန်သူများအနေဖြင့်လည်း ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အကြွင်းမဲ့ ဆက်လက်ခံစားလျက်ရှိ၊

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကမူ စစ်အုပ်စု၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်းများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ကာလရှည်ကြာချုပ်နှောင်ခြင်း၊ အသက်သေစေနိုင်သောအန္တရာယ်များနှင့် ဥပဒေမဲ့ကွပ်မျက်ခြင်းနှင့် တရားမျှတမှုမရှိဘဲ တရားစီရင်ခြင်းတို့ကို

ဆက်လက် ရင်ဆိုင်နေရ၊

စစ်အုပ်စုအနေဖြင့် အဆင့်မြင့် ဒစ်ဂျစ်တယ် ထောက်လှမ်းရေးနည်းပညာများကို အလွဲသုံးစားပြုကာ အရပ်ဘက်လူမှုအသိုက်အဝန်းအား စောင့်ကြည့်ခြင်း၊ ခြေရာခံခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့အား လုပ်ဆောင်လျက်ရှိ၊

အမျိုးသမီး တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများမှာ အထူးပစ်မှတ်ထားခံနေရပြီး ကျားမအခြေပြု အရှက်ရစေခြင်းနှင့် အွန်လိုင်းမှတဆင့် စော်ကားပြုမူခြင်းနည်းလမ်းများဖြင့် ၎င်းတို့၏ ယုံကြည်ရမှုအား ကျဆင်းစေရန်နှင့် ခံယူချက်တို့

ကျိုးပျက်စေရန်လည်း လုပ်ဆောင်လျက်ရှိ၊

စစ်အုပ်စုအနေဖြင့် နေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အဦများ

နှင့် စစ်ဘေးရှောင်ဒုက္ခသည် စခန်းများပေါ်သို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ အသက်ဆုံးရှုံးကာ အိုးအိမ်တိုက်တာများ ပျက်စီးနေသည့်ကြားကပင် အတုအယောင် ရွေးကောက်ပွဲများကို စီစဉ်ခဲ့ပြီး နိုင်ငံတကာတွင် လူရာဝင်နိုင်ရန်အတွက်လည်း တရားမဝင် ကြိုးပမ်းလျက်ရှိ၊

စစ်အုပ်စု၏အစီအစဉ်အားလုံးသည် လိမ်လည်လှည့်ဖြားမှုသာဖြစ်သည်မှာ

ရှင်းလင်းမြင်သာကြောင်း ပြောကြားခဲ့

(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်)


၁။        ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) တွင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၏အခြေအနေ (Situation of Human Rights Defenders) အကြောင်းအရာနှင့်စပ်လျဉ်း၍အထူးအစီရင်ခံစာတင်သွင်းသူ Ms. Andrea Bolaños Vargas နှင့် အပြန်အလှန်ဆွေးနွေးပြောကြားသည့်အစီအစဉ်ကို ၂၀-၁၀-၂၀၂၆ ရက်(အင်္ဂါနေ့)၊ နံနက်တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၂၅) နိုင်ငံကျော် ပါဝင်၍ ဆွေးနွေးခဲ့ကြပါသည်။


၂။         ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့် ဆွေးနွေးချက်တွင် အောက်ပါ အဓိကအချက်များ ပါဝင်ပါသည်-

(က)     အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများသည် ဒီမိုကရေစီနည်းကျအုပ်ချုပ်မှု၊ တရားဥပဒေစိုးမိုးရေးနှင့်စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးရေးတို့အတွက် အခြေခံအုတ်မြစ်များဖြစ်ကြသည့် အခြေခံလွတ်လပ်ခွင့်များအား မြှင့်တင်ကာကွယ်ပေးရေးအတွက် မရှိမဖြစ် လိုအပ်သူများ ဖြစ်ကြကြောင်း၊

(ခ)       ထို့ပြင် ၎င်းတို့သည် လူ့အခွင့်အရေးချိုးဖောက်မှုများအား ကာကွယ်ခြင်း၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား တိုက်ဖျက်ခြင်းနှင့် အများပြည်သူနှင့်သက်ဆိုင်သော ဆုံးဖြတ်ချက်ချမှတ်ရေးလုပ်ငန်းစဉ်များတွင် ထိရှလွယ်သောသူများ၏ အသံများပါဝင်စေရန် ထုတ်ဖော်ပြောကြားပေးခြင်းတို့ကို လုပ်ဆောင်ပေးကြောင်း၊

(ဂ)       သို့ရာတွင် လူ့အခွင့်အရေးနှင့် လူ့အခွင့်အရေးအား ကာကွယ်ပေးသူများအတွက် ကမ္ဘာ့ဇာတ်ခုံသည် အလွန်အမင်း ပျက်စီးယိုယွင်းကာ ကန့်သတ်ချက်များ မြင့်တက်လာနေလျက်ရှိကြောင်း၊

(ဃ)     ထိုသို့သောအခြေအနေများမှာ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ အခြေအနေကို ကြည့်လျှင် မြင်သာပါကြောင်း၊

(င)       မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် တရားမဝင်စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့သည့်အချိန်မှစတင်၍ စစ်အုပ်စုအနေဖြင့် အရပ်ဘက်ရပ်ဝန်းကို စနစ်တကျဖျက်ဆီးခဲ့ကြောင်း၊ မြန်မာနိုင်ငံအကျပ်အတည်း သည် ယနေ့အချိန်ထိ ပိုမိုနက်နဲလာကာ ရာဇဝတ်မှုကျူးလွန်သူများအနေဖြင့်လည်း ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အကြွင်းမဲ့ ဆက်လက်ခံစားလျက်ရှိကြောင်း၊

(စ)       လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကမူ စစ်အုပ်စု၏ မတရား ဖမ်းဆီးချုပ်နှောင်ခြင်းများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ကာလရှည်ကြာ ချုပ်နှောင်ခြင်း၊ အသက်သေစေနိုင်သော အန္တရာယ်များနှင့် ဥပဒေမဲ့ကွပ်မျက်ခြင်းနှင့် တရားမျှတမှုမရှိဘဲ တရားစီရင်ခြင်းတို့ကို ဆက်လက် ရင်ဆိုင်နေရကြောင်း၊ ထို့ပြင် ဆိုးရွားစွာ ဆက်ဆံခံရခြင်းနှင့် အခြေခံလိုအပ်ချက်များ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုတို့ပါ မရှိသဖြင့် အသက်များလည်း ဆုံးရှုံးနေရကြောင်း၊

(ဆ)     တစ်ဖက်တွင်လည်း ဒစ်ဂျစ်တယ် ဖိနှိပ်ချုပ်ခြယ်မှုက ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ စစ်အုပ်စုအနေဖြင့် အဆင့်မြင့် ဒစ်ဂျစ်တယ်ထောက်လှမ်းရေးနည်းပညာများကို အလွဲသုံးစားပြုကာ အရပ်ဘက်လူမှုအသိုက်အဝန်းအား စောင့်ကြည့်ခြင်း၊ ခြေရာခံခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့အား လုပ်ဆောင်လျက်ရှိကြောင်း၊

(ဇ)       အမျိုးသမီး တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများမှာ အထူးပစ်မှတ်ထားခံနေရပြီး ကျား မ အခြေပြုအရှက်ရစေခြင်းနှင့် အွန်လိုင်းမှတဆင့် စော်ကားပြုမူ ခြင်း နည်းလမ်းများဖြင့် ၎င်းတို့၏ ယုံကြည်ရမှုအား ကျဆင်းစေရန်နှင့် ခံယူချက်တို့ ကျိုးပျက်စေရန်လည်း လုပ်ဆောင်လျက်ရှိကြောင်း၊

(ဈ)      ထိုမျှမက စစ်အုပ်စုအနေဖြင့် နေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အဦများနှင့် စစ်ဘေးရှောင်ဒုက္ခသည်စခန်းများပေါ်သို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ အသက်ဆုံးရှုံးကာ အိုးအိမ်တိုက်တာများ ပျက်စီးနေသည့်ကြားကပင် အတုအယောင် ရွေးကောက်ပွဲများကို စီစဉ်ခဲ့ပြီး နိုင်ငံတကာတွင် လူရာဝင်နိုင်ရန်အတွက်လည်း တရားမဝင် ကြိုးပမ်းလျက်ရှိကြောင်း၊

(ည)     စစ်အုပ်စု၏ အစီအစဉ်အားလုံးသည် လိမ်လည်လှည့်ဖြားမှုသာဖြစ်သည်မှာ ရှင်းလင်းမြင်သာ ကြောင်း၊

(ဋ)       မိမိတို့ ဒီမိုကရေစီအင်အားစုများအနေဖြင့်မူ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအား အကာအကွယ်ပေးရန်နှင့် အားကောင်းလာစေရန်အတွက် မမှိတ်မသုန် အားထုတ်လျက်ရှိ ကြောင်း၊

(ဌ)       အထူးသဖြင့် စစ်အုပ်စု၏ ကြီးလေးသော ချိုးဖောက်မှုများအတွက် ၎င်းတို့အား တာဝန်ခံရစေရန် စနစ်တကျမှတ်တမ်းတင်ခြင်း၊ နစ်နာသူများအတွက် အထောက်အပံ့ဖြစ်စေမည့် တိုင်ကြားရေး ယန္တရားများ တည်ဆောက်ခြင်းနှင့် တရားမျှတမှုအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း၊

(ဍ)       မိမိတို့အနေဖြင့် မိမိတို့၏ အန္တိမပန်းတိုင်ဖြစ်သော တရားဥပဒေစိုးမိုးရေးအပေါ် အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးရည်မှန်းချက်တွင် သတ္တိပြည့်ဝသော လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအား အကာအကွယ်ပေးခြင်းက မရှိမဖြစ် အရေးပါသည်ဟု လက်ခံထားကြောင်း၊

(ဎ)       အခြားတစ်ဖက်တွင်လည်း ကုလသမဂ္ဂ၏အင်္ဂါအဖွဲ့အစည်းများနှင့် အထူးလုပ်ပိုင်ခွင့်အပ်နှင်းခံ ထားရသူများအနေဖြင့် မြန်မာ့အရေးတွင် ရာဇဝတ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေရန် နိုင်ငံတကာအသိုက်အဝန်းအား တစိုက်မတ်မတ်နှင့် အရေးတကြီး တောင်းဆိုထားကြောင်း၊

(ဏ)     မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် လူ့အခွင့်အရေးနှင့် တရားမျှတမှုတို့က အရေးပါသည့် အချက်မှာ ငြင်းဆိုဖွယ်ရာ မရှိကြောင်း၊

(တ)     သို့ဖြစ်ပါ၍ အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် အစီရင်ခံစာတွင် အကြံပြုထားသည့် အကြံပြုချက်များအနက် မည်သည့်အချက်ကို နိုင်ငံတကာအသိုက်အဝန်းမှ ဦးစားပေးအသုံးချကာ မြန်မာလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် စစ်အုပ်စုအား တာဝန်ခံမှုရှိစေရေးအတွက် ထိရောက်စွာ ဖြေရှင်းပေးနိုင်မည်ကို အကြံပြုဖြေကြားပေးစေလိုပါကြောင်း။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်ဆွေးနွေးချက်အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly: Interactive Dialogue with the Special Rapporteur on the Situation of Human Rights Defenders

(New York, 20 October 2026)

Mr. Chair,

Myanmar thanks the Special Rapporteur for her inaugural report and today’s briefing.

As the Special Rapporteur rightly noted, human rights defenders are indispensable to the promotion and protection of fundamental freedoms, serving as foundational pillars for democratic governance, the rule of law, and sustainable development.

Their crucial work serves to preempt human rights violations, combat impunity, and ensure that the most vulnerable voices are amplified in public decision-making processes.

However, the global environment for the defense of human rights and the fundamental right to champion them is becoming increasingly hostile and restrictive.

Look at the situation of human rights defenders in Myanmar.

Since the unlawful coup in February 2021, the military junta has systematically decimated the civic space. To this date, the crisis only deepens, and perpetrators continue to operate with absolute impunity.

Meanwhile, the human rights defenders endure arbitrary arrests, torture, prolonged detention, lethal threats, and extrajudicial killings and unfair trials by the military junta.

They continue to face severe ill-treatment and the deprivation of necessities and essential medical care conditions culminating in loss of life.

At the same time, digital repression still exists. Advanced digital surveillance tools have been abused by the junta to monitor, track, and intimidate civil society.

Women activists and human rights defenders are particularly targeted, enduring gender-based humiliation and coordinated online abuse designed to undermine their credibility and break their resolve.

In the face of their deliberate aerial bombardments targeting homes, schools, medical facilities, religious buildings, and camps for internally displaced persons, which have resulted in devastating loss of life and destruction, the junta has orchestrated sham elections and seeks further illegal avenues to obtain international legitimacy. This is clearly a deceitful exercise.

In stark contrast to the military’s campaign of terror, the democratic forces remain steadfastly committed to the protection and empowerment of human rights defenders. They are systematically documenting junta’s grave violations to ensure comprehensive accountability, establishing complaint mechanisms to support victims, and collaborating closely with international bodies to champion justice. We recognize that safeguarding these courageous defenders is inseparable from our ultimate objective of establishing a federal democratic union rooted in the rule of law.

Likewise, UN bodies and special mandate holders have consistently and urgently called upon the international community to ensure accountability. No doubt, human rights and justice are crucial to resolving the crisis in Myanmar.

Therefore, in your view Madam Special Rapporteur, which of your recommendations should the international community prioritize to effectively address the tragedy facing human rights defenders of Myanmar and holding the military junta fully accountable?

I thank you.

*****


Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page