Intervention by Ambassador Kyaw Moe Tun, at the Third Committee of the Eighty-first Session of the UN General Assembly: Interactive Discussion on Enforced Disappearances




Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly: Interactive Discussion on Enforced Disappearances, held 20 October 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် အတင်းအကျပ် ပျောက်ကွယ်စေခြင်းနှင့်စပ်လျဉ်း၍အပြန်အလှန် ဆွေးနွေးပြောကြားမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံတွင် လူမဆန်သောစစ်အုပ်စုအနေဖြင့် အတင်းအကျပ်ပျောက်ကွယ်စေခြင်းနည်းလမ်းကို သာမန်ချိုးဖောက်မှုတစ်ရပ် အဖြစ်သာမကဘဲ စနစ်တကျနှင့် အကွက်ချစီစဉ်ထားသည့်
အကြောက်တရား သွပ်သွင်းရန်အတွက် လက်နက်တစ်ခုအဖြစ် အလွဲသုံးစားပြုကျင့်လျက်ရှိ၊
ပြီးခဲ့သော (၅) နှစ်တာကျော် ကာလအတွင်း၌ စစ်အုပ်စုက ၎င်းအား ဆန့်ကျင်သည့်လူထုအား ဖိနှိပ်ရန်၊ အရပ်ဘက်လူမှုအသိုက်အဝန်းအား အပြစ်ပေးရန်နှင့် ဒီမိုကရေစီ ထောက်ခံလှုပ်ရှားမှုအတွက် ပြည်သူများ၏ စိတ်ဓာတ်ကြံ့ခိုင်မှုတို့အား ချိုးဖျက်ရန်အတွက် လူသားမျိုးနွယ်အပေါ်
ကျူးလွန်သော ရာဇဝတ်မှုဖြစ်သည့် အတင်းအကျပ် ပျောက်ကွယ်စေခြင်းနည်းလမ်းအား
လက်နက်တစ်ခုအဖြစ် စနစ်တကျ အသုံးချလာခဲ့၊
စစ်အုပ်စုမှ အဓမ္မ စစ်သားစုဆောင်းမှုအား လုပ်ဆောင်လာသည့်နောက်တွင် အခြေအနေများ
ပိုမိုဆိုးရွားလာခဲ့၊ စစ်အုပ်စုအနေဖြင့် အမျိုးသားများနှင့် လူငယ်များအား
မတရားဖမ်းဆီးချုပ်နှောင်ခြင်းကို တိုးမြှင့် လုပ်ဆောင်လာခဲ့ကြောင်း၊
ယင်းမှာ အရပ်သားပြည်သူများအား လူသားဒိုင်းများအဖြစ် အသုံးပြုရန်အတွက်သာမက
စစ်အုပ်စု၏ လက်ပါးစေများကပါ ငွေညှစ်နည်းလမ်းကောင်းတစ်ခုသဖွယ် အသုံးချလာ၊
စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများအနေဖြင့် အဓမ္မစစ်သားစုဆောင်းမှုကို နေ့ညမရွေး လူပုံအလယ်တွင် ကျူးလွန်နေသောကြောင့် လူငယ်လူရွယ်များအနေဖြင့်
ပြည်တွင်းမှ ထွက်ခွာရှောင်တိမ်းနိုင်မည့် နည်းလမ်းအစုံကို ရှာဖွေနေကြရ၊
စစ်အုပ်စုမှ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုကို အရှိန်အဟုန် ပြင်းပြင်းထန်ထန် တိုးမြှင့်လာခြင်းကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး အကျပ်အတည်းသည် ပိုမို ဆိုးရွားလာနေ၊
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုအား နိုင်ငံရေး၊ စစ်ရေးနှင့် ဘဏ္ဍာရေးအားဖြင့်
ပစ်မှတ်ထားသည့် ပိတ်ဆို့ဒဏ်ခတ်မှုများကို ချက်ချင်းနှင့် ပြတ်သားစွာ ချမှတ်အရေးယူသင့်၊
မြန်မာနိုင်ငံတွင် ရာဇဝတ်မှုကျူးလွန်သူများအား ပြစ်ဒဏ်ကျခံစေ၍ တာဝန်ခံမှုရှိစေကာ
စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်မှသာလျှင် စစ်အာဏာရှင်စနစ်၏ ထိတ်လန့်ဖွယ်ကောင်းလွန်းသော လူမဆန်မှုများအောက်
မြန်မာပြည်သူများခါးစည်းခံနေရသည့် ဆင်းရဲဒုက္ခ လွတ်မြောက်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်)
၁။ ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ)တွင် အတင်းအကျပ်ပျောက်ကွယ်စေခြင်း (Enforced Disappearances) နှင့်စပ်လျဉ်း၍ Chair of the Committee on Enforced Disappearances Mr. Juan Pablo ALBÁN ALENCASTRO နှင့် Chair-Rapporteur of the Working Group on Enforced or Involuntary Disappearances Ms. Grażyna Baranowska တို့နှင့် အပြန်အလှန်ဆွေးနွေးသည့်အစီအစဉ်ကို ၂၀-၁၀-၂၀၂၆ ရက်(အင်္ဂါနေ့)၊ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၂၅) နိုင်ငံကျော်မှ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့် ဆွေးနွေးချက်တွင် အောက်ပါအဓိကအချက်များ ပါဝင်ပါသည်-
(က) မြန်မာနိုင်ငံတွင် လူမဆန်သော စစ်အုပ်စုအနေဖြင့် အတင်းအကျပ် ပျောက်ကွယ်စေခြင်း နည်းလမ်းကို သာမန်ချိုးဖောက်မှုတစ်ရပ်အဖြစ်သာမကဘဲ စနစ်တကျနှင့် အကွက်ချစီစဉ်ထားသည့် အကြောက်တရားသွပ်သွင်းရန်အတွက် လက်နက်တစ်ခုအဖြစ် အလွဲသုံးစားပြုကျင့်လျက် ရှိကြောင်း၊
(ခ) ပြီးခဲ့သော (၅) နှစ်တာကျော်ကာလအတွင်း၌ စစ်အုပ်စုက ၎င်းအား ဆန့်ကျင်သည့်လူထုအား ဖိနှိပ်ရန်၊ အရပ်ဘက်လူမှုအသိုက်အဝန်းအား အပြစ်ပေးရန်နှင့် ဒီမိုကရေစီ ထောက်ခံလှုပ်ရှားမှု အတွက် ပြည်သူများ၏ စိတ်ဓာတ်ကြံ့ခိုင်မှုတို့အား ချိုးဖျက်ရန်အတွက် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုဖြစ်သည့် အတင်းအကျပ်ပျောက်ကွယ်စေခြင်းနည်းလမ်းအား လက်နက်တစ်ခုအဖြစ် စနစ်တကျ အသုံးချလာခဲ့ကြောင်း၊
(ဂ) ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အတင်းအကျပ် ပျောက်ကွယ်စေခြင်းတို့သည် စစ်အုပ်စုမှ ၎င်းတို့အား ဆန့်ကျင်နေသည့် လှုပ်ရှားမှုများကို နှိမ်နင်းရန်အတွက် ပုံမှန် အသုံးချလျက်ရှိသော နည်းလမ်းများဖြစ်ကြောင်း၊
(ဃ) ဖမ်းဆီးခံရသူများအနေဖြင့် စစ်ကြောရေးစခန်းများတွင် မကြာခဏပြင်ပနှင့် အဆက်အသွယ် ဖြတ်တောက်ခံထားရပြီး ၎င်းတို့၏မိသားစုဝင်များနှင့် ရှေ့နေများအနေဖြင့် ၎င်းတို့၏အခြေအနေ၊ ရောက်ရှိနေသည့်နေရာနှင့် ၎င်းတို့နှင့်ပတ်သက်၍သတင်းအစအနမရရှိကြကြောင်း၊
(င) အထူးသဖြင့် စစ်အုပ်စုမှ အဓမ္မစစ်သားစုဆောင်းမှုအား လုပ်ဆောင်လာသည့်နောက်တွင် အခြေအနေများ ပိုမို ဆိုးရွားလာခဲ့ကြောင်း၊
(စ) စစ်အုပ်စုအနေဖြင့် အမျိုးသားများနှင့် လူငယ်များအား မတရားဖမ်းဆီးချုပ်နှောင်ခြင်းကို တိုးမြှင့်လုပ်ဆောင်လာခဲ့ကြောင်း၊ ယင်းမှာ အရပ်သားပြည်သူများအား လူသားဒိုင်းများအဖြစ် အသုံးပြုရန်အတွက်သာမက စစ်အုပ်စု၏ လက်ပါးစေများကပါ ငွေညှစ်နည်းလမ်းကောင်းတစ်ခုသဖွယ် အသုံးချလာကြောင်း၊
(ဆ) စင်စစ်အားဖြင့် စစ်အုပ်စု၏အဓမ္မစစ်သားစုဆောင်းမှုသည် ၎င်းတို့၏ အလွန်ရက်စက်ယုတ်မာသော လူမဆန်သည့် နှစ်မျိုးသုံးရည်ရွယ်ချက်အတွက် အသုံးချသည့်နည်းလမ်းပင် ဖြစ်ကြောင်း၊
(ဇ) ထို့ပြင် ဥပဒေမဲ့ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များအနေဖြင့် ချုပ်နှောင်ခံရလျှင် ခံရ၊ သို့မဟုတ်ပါက အကျိုးအကြောင်းနှင့် သတင်းအစအန စုံလုံးကန်းရသည့် အခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း၊
(ဈ) ဤချိုးဖောက်မှုများ၏ ဆင့်ကဲဂယက်သည် တိုက်ရိုက်ကျူးလွန်ခံရသူများအပေါ်တွင်သာမကဘဲ အခြားသူများထံပါ ကျရောက်လျက်ရှိကြောင်း၊ မိသားစုများနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးသည် စိတ်ဒဏ်ရာများကို ပြင်းထန်စွာခံစားနေကြရပြီး အသက်ကယ်ဆယ်ရေး လူသားချင်းစာနာ ထောက်ထားမှုအကူအညီများရရှိခွင့်ကိုလည်း တမင်တကာ ပိတ်ပင်တားဆီးခံထားရသည့်အကြားက ဥပဒေရေးရာ၊ စီးပွားရေးနှင့် စိတ်ပိုင်းဆိုင်ရာပြိုလဲပျက်စီးမှုများအကြား ရုန်းကန် ဖြတ်သန်းနေကြရကြောင်း၊
(ည) စစ်အုပ်စုနှင့် ၎င်း၏ လက်ပါးစေများအနေဖြင့် အဓမ္မ စစ်သားစုဆောင်းမှုကို နေ့ညမရွေး လူပုံ အလယ်တွင် ကျူးလွန်နေသောကြောင့် လူငယ်လူရွယ်များအနေဖြင့် ပြည်တွင်းမှ ထွက်ခွာရှောင်တိမ်းနိုင်မည့် နည်းလမ်းအစုံကို ရှာဖွေနေကြရကြောင်း၊ ဤနေရာတွင် ၎င်းတို့ အနေဖြင့် စစ်အုပ်စုမှ ချဲ့ထွင်လာနေသည့် အွန်လိုင်းလိမ်လည်လှုပ်ရှားမှုများနှင့် လူကုန်ကူးခြင်းတို့နှင့် ကြုံတွေ့ရမည့် အန္တရာယ်နှင့် လက်တစ်ကမ်းတွင်သာ ရှိနေကြောင်း၊
(ဋ) မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကျပ်အတည်းသည် ထိုမျှသာမကကြောင်း၊
(ဌ) စစ်အုပ်စုမှ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုကို အရှိန်အဟုန် ပြင်းပြင်း ထန်ထန် တိုးမြှင့်လာခြင်းကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး အကျပ်အတည်းသည် ပိုမို ဆိုးရွားလာနေကြောင်း၊
(ဍ) ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုအား နိုင်ငံရေး၊ စစ်ရေးနှင့် ဘဏ္ဍာရေး ရေး (၃) ရေးအားဖြင့် ပစ်မှတ်ထားသည့်ပိတ်ဆို့ဒဏ်ခတ်မှုများကို ချက်ချင်းနှင့် ပြတ်သားစွာ ချမှတ်အရေးယူသင့်ကြောင်း၊
(ဎ) ထို့နည်းတူ တရားမျှတမှုနှင့် တာဝန်ခံမှုတို့ ရှိစေရန်အတွက်လည်း နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် မြန်မာအရေးကိစ္စတစ်စုံလုံးအား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းတင်သွင်းရန်၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအား တောင့်တင်းခိုင်မာသည့် အရင်းအမြစ်များ ရေရှည် ထောက်ပံ့ပေးရန်၊ စစ်အုပ်စုမှ နိုင်ငံတကာ တရားဝင်မှုရရှိရေးအတွက် ရရာနည်းလမ်းဖြင့် အာသာငမ်းငမ်း ကြိုးပမ်းနေခြင်းကိုလည်း ပြင်းထန်စွာ ကန့်ကွက်ငြင်းပယ်ပေးရန်နှင့် ရှေ့တန်းမျက်နှာစာတွင် လှုပ်ရှားနေသည့် ဒေသခံများထံသို့ အတားအဆီးမရှိသော လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပံ့ပိုးပေးရန် လေးလေးနက်နက် တိုက်တွန်းလို ကြောင်း၊
(ဏ) အထူးသဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုဖြစ်သည့် အတင်းအကျပ် ပျောက်ကွယ်စေခြင်းနည်းလမ်းအား တိုက်ဖျက်ရန် စုပေါင်းကြိုးစားနေသည့် မိမိတို့၏ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် အခြားမိတ်ဖက်များအား အနီးကပ် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊
(တ) မြန်မာနိုင်ငံတွင် ရာဇဝတ်မှုကျူးလွန်သူများအား ပြစ်ဒဏ်ကျခံစေ၍ တာဝန်ခံမှုရှိစေကာ စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မှ သာလျှင် စစ်အာဏာရှင်စနစ်၏ ထိတ်လန့်ဖွယ်ကောင်းလွန်းသော လူမဆန်မှုများအောက် မြန်မာပြည်သူများ ခါးစည်းခံနေရသည့် ဆင်းရဲဒုက္ခလွတ်မြောက်နိုင်မည် ဖြစ်ကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်ဆွေးနွေးချက်အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative
of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly:
Interactive Discussion on Enforced Disappearances
(New York, 20 October 2026)
Mr. Chair,
Myanmar commends both the Committee and the Working Group on Enforced or Involuntary Disappearances for their steadfast and essential work.
Within Myanmar, the inhumane military junta utilizes enforced disappearance not as an incidental abuse, but as a carefully orchestrated and institutionalized weapon of terror.
For the past five years, the crime against humanity of enforced disappearance has been systematically weaponized to silence dissent, punish civil society, and break the resolve of the pro-democracy movement.
The arbitrary detention, torture, and the enforced disappearance of civilians are routinely employed by the military junta to eradicate opposition. Detainees are frequently held incommunicado in military interrogation centers, leaving families and legal counsel with absolutely no information regarding their fate or whereabouts.
This crisis has drastically worsened following the junta’s forced conscription. As the junta's abductions targeting men and youth surge, they serve a dual, sinister purpose: on one hand, the military seeks to use civilians as human shields on the front lines; on the other, allied militias exploit this campaign of terror for extortion.
Furthermore, family members of those abducted are either arbitrarily detained or left completely uninformed.
The cascading impact of these violations thus extends far beyond the direct victims. Families and entire communities are forced to endure profound trauma, left to navigate devastating legal, economic, and emotional wreckage while being deliberately blocked from receiving life-saving humanitarian assistance.
Desperate to avoid being abducted in broad daylight, young people are seeking any means to flee the country, a perilous journey that tragically exposes them to the junta’s expanding scam operations and human trafficking networks.
Compounding this tragedy, the scale of the human rights crisis is expanding exponentially due to the junta’s escalating reliance on indiscriminate warfare against civilians.
Therefore, the international community must act immediately and decisively by imposing targeted political, military, and financial pressure on the junta.
We urge the referral of the situation in Myanmar to the International Criminal Court to ensure justice and accountability, the robust and sustained resourcing of the IIMM, the categorical rejection of the junta’s attempts to manufacture international legitimacy, and the provision of unimpeded humanitarian assistance directly to the local actors working at the forefront.
We urge you to work closely with the National Unity Government (NUG), the SCEF, Ethnic Resistance Organizations (EROs), Civil Society Organizations (CSOs), and other allied partners in our collective effort to combat the crime against humanity of enforced disappearance.
The suffering of our people from the horrors of the inhumane military dictatorship will only end when the perpetrators are held accountable, the military dictatorship is eradicated and a federal democratic union is established in Myanmar.
I thank you.
*****










