top of page
  • Facebook Social Icon

Intervention by Ambassador Kyaw Moe Tun, at the Third Committee of the 81st UNGA during the Interactive Discussion with Special Rapporteurs on Extreme Poverty and Human Rights and Right to Food

Writer: Myanmar Mission To UN
Myanmar Mission To UN
55 minutes ago
4 min read

Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly during the Interactive Discussion with Special Rapporteurs on Extreme Poverty and Human Rights and Right to Food, held on 16 October 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် အလွန်အမင်း ဆင်းရဲနွမ်းပါးမှုနှင့် လူ့အခွင့်အရေးနှင့် စားနပ်ရိက္ခာ ရရှိခွင့် ခေါင်းစဉ်တို့ဖြင့်အပြန်အလှန် ဆွေးနွေးပြောကြားမှု အစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံတွင် တရားမဝင် စစ်အာဏာသိမ်းမှု (၅) နှစ်ကျော်ကြာ ကြာမြင့်လာသည့်နောက် တရားခံ စစ်အုပ်စုအနေဖြင့် စီးပွားရေးယန္တရားများကို လက်နက်အဖြစ် အသုံးချလျက်ရှိသည့်အပြင် ငတ်မွတ်ခေါင်းပါးမှုကိုလည်း ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့၊ ပြည်တွင်းအရင်းအမြစ်များကို လက်နက်ခဲယမ်းများအတွက် ဦးစားပေး အသုံးပြုသကဲ့သို့ တစ်ဖက်တွင်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်း တမင်တကာ ပိတ်ဆို့လျက်ရှိ၊

စစ်အုပ်စုသည် ရက်စက်ကြမ်းကြုတ်မှုများကို နိုင်ငံတစ်ဝန်းလုံးတွင် ကျယ်ကျယ် ပြန့်ပြန့် ကျူးလွန်နေခြင်းဖြစ်၊

စစ်အုပ်စုကမူ ပြည်သူများ၏အကျပ်အတည်းအား ငဲ့ကွက်ခြင်းမရှိဘဲ လက်လွတ်စပယ်ဖြစ်သော အခွန်ကောက်ခံခြင်းနှင့်  ငွေလွှဲခြင်းအစီအစဉ်များကို အဓမ္မ ချမှတ်ကာ ပြည်သူများအား ပိုမိုဒုက္ခတွင်းနက်စေလျက်ရှိ၊

စားနပ်ရိက္ခာရရှိခွင့်သည် ဆုတ်ယုတ်လာလျက်ရှိ၊

စစ်အုပ်စုအနေဖြင့် မိမိတို့ ပြည်သူများအား ၎င်းတို့အား ဆန့်ကျင်နေခြင်းမှ လက်မြှောက်အရှုံးပေးလာစေရန် အငတ်ဘေးဆိုးကို စနစ်တကျကျူးလွန်နေခြင်းသာ ဖြစ်၊

မြန်မာပြည်သူများတွင် အချိန်များစွာ မကျန်ရှိတော့၊ စစ်အုပ်စုမှ အကျိုးခံစားခွင့် ရရှိနေသည့် ပြစ်ဒဏ်ကင်းလွတ် မဖြစ်မနေ အပြီးတိုင်အဆုံးသတ်ရန် လို၊ စစ်အုပ်စုထံသို့ စီးဆင်းသည့်

မည်သည့် ထောက်ပံ့မှုမဆို ချက်ချင်း ရပ်တန့်ရမည်ဖြစ်၊ သို့မှသာ စစ်အုပ်စုက ပြည်သူများအပေါ် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၁၆ရက်)


၁။        ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) တွင် အလွန်အမင်း ဆင်းရဲနွမ်းပါးမှုနှင့် လူ့အခွင့်အရေး (Extreme Poverty and Human Rights) နှင့် စားနပ်ရိက္ခာရရှိခွင့် (Right to Food) ခေါင်းစဉ်တို့ဖြင့် Special Rapporteur on extreme poverty and human rights Ms. Elena Carolina Diaz Galan နှင့် Special Rapporteur on the right to food Ms. Sofía Monsalve Suarez တို့ နှင့် အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်ကို ၁၆-၁၀-၂၀၂၆ ရက် (သောကြာနေ့)၊ မွန်းလွဲတွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၂၅) နိုင်ငံကျော်မှ ပါဝင် ဆွေးနွေးခဲ့ကြပါသည်။

၂။         ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြားခဲ့သည့် ဆွေးနွေးမှုတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-

(က)     အလွန်အမင်းဆင်းရဲနွမ်းပါးမှု၊ စားနပ်ရိက္ခာမလုံလောက်မှုနှင့် ပဋိပက္ခတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်စပ်နေပြီး တစ်ခုကြောင့် တစ်ခုမှ ပိုမိုဆိုးရွားသော၊ မျိုးဆက်များနှင့်ချီသော နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်ပေါ်စေကြောင်း၊

(ခ)       မြန်မာပြည်သူများအတွက် ယင်းမှာ နေ့စဉ် ရင်ဆိုင်နေရသော ကပ်ဆိုးတစ်ခု ဖြစ်ကြောင်း၊

(ဂ)       မြန်မာနိုင်ငံတွင် တရားမဝင် စစ်အာဏာသိမ်းမှု (၅) နှစ်ကျော်ကြာ ကြာမြင့်လာသည့်နောက် တရားခံစစ်အုပ်စုအနေဖြင့် စီးပွားရေးယန္တရားများကို လက်နက်အဖြစ် အသုံးချလျက်ရှိသည့် အပြင် ငတ်မွတ်ခေါင်းပါးမှုကိုလည်း ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ပြည်တွင်းအရင်းအမြစ်များကို လက်နက်ခဲယမ်းများအတွက် ဦးစားပေး အသုံးပြုသကဲ့သို့ တစ်ဖက်တွင်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်း တမင်တကာ ပိတ်ဆို့လျက်ရှိကြောင်း၊

(ဃ)     အဓိကအားဖြင့် စစ်အုပ်စုသည် ရက်စက်ကြမ်းကြုတ်မှုများကို နိုင်ငံတစ်ဝန်းလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေခြင်းဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံ၏စီးပွားရေးမှာ အလုံးစုံပျက်သုဉ်းလျက် ရှိပြီး ပြည်တွင်းနေ အိမ်ထောင်စုများစွာသည်လည်း ဆင်းရဲနွမ်းပါးမှုအတွင်းသို့ တွန်းပို့ခံထားရ ကြောင်း၊

(င)       နိုင်ငံခြားငွေ အကျပ်ရိုက်နေသည့် စစ်အုပ်စုကမူ ပြည်သူများ၏ အကျပ်အတည်းအား ငဲ့ကွက်ခြင်းမရှိဘဲ လက်လွတ်စပယ်ဖြစ်သော အခွန်ကောက်ခံခြင်းနှင့် ငွေလွှဲခြင်း အစီအစဉ်များကို အဓမ္မချမှတ်ကာ ပြည်သူများအား ပိုမို ဒုက္ခတွင်းနက်စေလျက်ရှိကြောင်း၊

(စ)       စစ်အုပ်စု၏ လက်ထဲတွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်း၍ ငွေကြေးဖောင်းပွမှု အလွန်အမင်း မြင့်တက်လျက်ရှိကြောင်း၊

(ဆ)     မြန်မာနိုင်ငံအနေဖြင့် ထိုမျှ ကြီးမားသော ဒုက္ခကို ယခင်က ရင်ဆိုင်ခဲ့ခြင်း မရှိကြောင်း၊ ယခုအခါ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဟူသော အကြောင်းအရာကိုပင် ဆွေးနွေးနိုင်သည့် အခြေအနေမရှိတော့ ကြောင်း၊

(ဇ)       ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်မှ “Layers of Deprivation: Multidimensional Poverty in Myanmar” အမည်ဖြင့် ထုတ်ပြန်ခဲ့သည့် နောက်ဆုံးအစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဆင်းရဲနွမ်းပါးမှုအတိုင်းအတာက ကျယ်ပြောကြောင်း၊ လူဦးရေ၏ ၃ ပုံလျှင် ၂ ပုံကို ထိခိုက်လျက်ရှိပြီး လူဦးရေ၏ထက်ဝက်မှာ နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုအမှတ်အောက်သို့ ကျရောက်နေပြီ ဟု ဖော်ပြပါရှိကြောင်း၊

(ဈ)      ထို့ပြင် ၁၇.၉ သန်းသော ပြည်သူများသည် ဘက်စုံဆင်းရဲနွမ်းပါးမှုနှင့် ကြုံတွေ့နေရခြင်း ဖြစ် ကြောင်း၊ ၁၉.၅ သန်းမှာလည်း အလွန်အမင်းကြီးမားသည့် ဆင်းရဲနွမ်းပါးမှုအန္တရာယ်အောက်ကျရောက်နေကြောင်း၊

(ည)     တစ်နည်းဆိုသော် မိမိတို့ပြည်သူများ ရင်ဆိုင်နေရသည့် ဘက်စုံဆင်းရဲနွမ်းပါးမှု၏ ၈၀ ရာခိုင်နှုန်းသော အကြောင်းတရားမှာ ကျန်းမာရေးနှင့် လူနေမှုဘဝတို့ ကျဆင်းနေခြင်းတို့ကြောင့် ဖြစ် ကြောင်း၊

(ဋ)       ထပ်မံ၍လည်း စားနပ်ရိက္ခာ ရရှိခွင့်သည် ဆုတ်ယုတ်လာလျက်ရှိကြောင်း၊

(ဌ)       သန်းပေါင်းများစွာသော ပြည်သူများမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အဆိုပါအချက်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ ၁၂.၄ သန်းသောပြည်သူများမှာ စားနပ်ရိက္ခာမလုံလောက်မှု အငတ်ဘေးနှင့် ရင်ဆိုင်ရနိုင်ခြေရှိပြီး လူ(၁) သန်းနီးပါး အရေးအပေါ် အခြေအနေတွင် ကျရောက် နေသည်ဟု FAO နှင့် WFP တို့ကလည်းသတိပေးထားပြီးဖြစ်ကြောင်း၊ ထို့အတူ အဆိုပါအဖွဲ့အစည်း များအနေဖြင့် ကလေးသူငယ် (၃၆၀,၀၀၀) ခန့် အာဟာရ ကြီးစွာ ချို့ယွင်းမှုဖြစ်ပေါ် ရန်လည်း ခန့်မှန်းတွက်ဆထားကြောင်း၊

(ဍ)       အချုပ်ဆိုသော် စစ်အုပ်စုအနေဖြင့် မိမိတို့ ပြည်သူများအား ၎င်းတို့အား ဆန့်ကျင်နေခြင်းမှ လက်မြှောက်အရှုံးပေးလာစေရန် အငတ်ဘေးဆိုးကို စနစ်တကျကျူးလွန်နေခြင်းသာ ဖြစ်ကြောင်း၊

(ဎ)       မြန်မာပြည်သူများတွင် အချိန်များစွာ မကျန်ရှိတော့ကြောင်း၊ စစ်အုပ်စုမှ အကျိုးခံစားခွင့် ရရှိနေသည့် ပြစ်ဒဏ်ကင်းလွတ် မဖြစ်မနေ အပြီးတိုင် အဆုံးသတ်ရန်လိုကြောင်း၊ စစ်အုပ်စုထံသို့ စီးဆင်းသည့် မည်သည့်ထောက်ပံ့မှုမဆို ချက်ချင်း ရပ်တန့်ရမည်ဖြစ်ကြောင်း၊ သို့မှသာ စစ်အုပ်စုက ပြည်သူများအပေါ် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်နိုင်မည် ဖြစ်ကြောင်း၊

(ဏ)     ဤနေရာတွင် ဒုက္ခရောက်နေသည့် ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အတားအဆီးမရှိဘဲ လွယ်ကူချောမွေ့စွာ ပို့ဆောင်နိုင်ရန် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီနှင့် စိတ်ချယုံကြည်ရသော ဒေသခံအဖွဲ့အစည်းများနှင့် တိုက်ရိုက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊

(တ)     သို့ဖြစ်ပါ၍ အထူးအစီရင်ခံစာတင်သွင်းသူများအနေဖြင့် တည်ဆဲယန္တရားများကို အပြည့်အဝ အသုံးချ၍ ကျူးလွန်သူတရားခံများအား တာဝန်ခံမှု ရှိစေရန် နိုင်ငံတကာအသိုက်အဝန်းအား မည်သို့ တိုက်တွန်း တွန်းအားပေးမည်နှင့် မြန်မာပြည်သူများ ခံစားနေရသည့် ဒုက္ခဆင်းရဲအား ချုပ်ငြိမ်းစေရန် မည်သို့သော နိုင်ငံတကာအရေးယူဆောင်ရွက်ချက်များကို တိုက်တွန်းလိုသည်ကို မေးမြန်းလိုပါကြောင်း။

၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်ဆွေးနွေးချက်အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly

during the Interactive Discussion with Special Rapporteurs on

Extreme Poverty and Human Rights and Right to Food

(New York, 16 October 2026)

Mr. Chair,

Myanmar welcomes this vital discussion, and I thank the Special Rapporteurs for their respective reports and comprehensive presentations today.

Extreme poverty, food insecurity, and conflict are deeply intertwined, exacerbating each other with devastating, generational consequences. For the people of Myanmar, this is a catastrophic daily reality.  

Over five years since the illegal military coup in Myanmar, the perpetrating military junta has weaponized economic mechanisms and inflicted deliberate starvation. It has ruthlessly prioritized diverting national revenues for weaponry and blocking humanitarian aid.

The military’s atrocities are widespread. The country’s economy has totally collapsed. Countless households in the country have been pushed into poverty.

Meanwhile, the cash-strapped junta has been imposing punitive tax and remittance rules to further suffocate people. Local currency continues to depreciate while inflation rises.

The scale of this crisis is unprecedented, leaving Myanmar no room for discussing development.

According to the newly released UNDP report, Layers of Deprivation: Multidimensional Poverty in Myanmar, poverty is widespread, affecting nearly two-thirds of the population, with about half living below the national poverty line.

Currently, 17.9 million people are multidimensionally poor, and a further 19.5 million are at severe risk. This means our people face profound deprivation, with deficits in health and living standards accounting for over 80 percent of this multidimensional poverty.  

Concurrently, the right to food is collapsing.

Millions remain forcibly displaced, and the FAO and WFP warn that 12.4 million people in Myanmar are projected to face high levels of acute food insecurity, including almost 1 million people in Emergency. In addition, around 360,000 children are expected to be acutely malnourished this year.

The people of Myanmar are systematically being starved into submission.  

The people of Myanmar cannot afford further delay. Impunity must end. Any kinds of support to the military junta must cease in order to end the military junta’s atrocities against civilians.

It is also imperative that the international community needs to work directly with the NUG, the SCEF, and trusted local organizations to guarantee unimpeded humanitarian access to the people in need.

In this connection, Madam Special Rapporteurs, how would you help us to urge the international community to make full use of existing mechanisms to hold the perpetrators accountable, and to have decisive international action on Myanmar to end the people’s suffering ?


I thank you.

*****



Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page