top of page
  • Facebook Social Icon

Intervention by Ambassador Kyaw Moe Tun, at the Third Committee of the Eighty-first Session of the UN General Assembly: Interactive Discussion with Special Mandate-Holders on Rights of Children

Writer: Myanmar Mission To UN
Myanmar Mission To UN
14 hours ago
4 min read

Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly: Interactive Discussion with Special Mandate-Holders on Rights of Children, held on 12 October 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် ကလေးသူငယ်များ၏ အခွင့်အရေးများနှင့်စပ်လျဉ်း၍ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုတို့ဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့၏ လက်ထောက်အမှုဆောင်ညွှန်ကြားရေးမှူး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌတို့နှင့် အပြန်အလှန် ဆွေးနွေးသည့်အစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံတွင် တရားမဝင် စစ်အာဏာသိမ်းခဲ့ချိန်မှစတင်၍

စစ်အုပ်စုအနေဖြင့် နိုင်ငံတစ်ဝန်းရှိ ကလေးသူငယ်များအပေါ် ပစ်မှတ်ထားသည့် လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများ၊ ဒရုန်းဖြင့် တိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့်

ပစ်ခတ်တိုက်ခိုက်ခြင်းများကို သိသိသာသာ တိုးမြှင့် မှီခိုအားထားလာခဲ့၊

ရာဇဝတ်မှုကျူးလွန်သူများအနေဖြင့် အရပ်သားပြည်သူများ၏ နေအိမ်များ၊ ကျေးရွာများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦများ၊ စျေးတန်းများနှင့် စစ်ဘေးရှောင်စခန်းများ အပါအဝင် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများအား ရည်ရွယ်ချက်ရှိစွာ တိုက်ခိုက်လျက်ရှိ၊

မြန်မာနိုင်ငံတွင် လူမဆန်သော စစ်အာဏာရှင်လက်ထဲ၌ မိမိတို့ ကလေးငယ်များအသက်များ ဆုံးရှုံးနေရပြီး မိသားစုများနှင့် သေကွဲ၊ ရှင်ကွဲ ခွဲနေရကာ နေအိမ်များပျက်စီးခြင်း၊ စာသင်ကျောင်းများ

ဗုံးကျဲခံရခြင်း၊ စားနပ်ရိက္ခာ ရှားပါးမှု၊ ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့ခြင်းနှင့် အနာဂတ်များ ပျောက်ဆုံးခြင်းတို့နှင့် ရင်ဆိုင်နေရ၊

မိမိတို့အနေဖြင့် ကလေးငယ်များ၏ အခွင့်အရေးအား ပြောရသည့်အခါတိုင်း၌

စိတ်လေးလံမှု ကြီးမားကြရ၊

မြန်မာနိုင်ငံတွင် စစ်အုပ်စု ခေါင်းဆောင်နှင့် စစ်အာဏာရှင်များသည် ရာဇဝတ်သားများဖြစ်၊

၎င်းတို့သည် စစ်ရာဇဝတ်နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအား

ကျူးလွန်သည့် တရားခံများဖြစ်၊

လူမဆန်သော စစ်အုပ်စုနှင့် ထိတွေ့မည်ဆိုလျှင်လည်း အဆိုပါ ထိတွေ့မှုသည် မိမိတို့ ပြည်သူများနှင့် ကလေးငယ်များအတွက်သာ ဖြစ်သင့်၊ စစ်အုပ်စုအား အကာအကွယ်ပေးရန်အတွက် မဖြစ်သင့်သကဲ့သို့ ၎င်းတို့အား နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ခြင်းအတွက် ဆုပေးခြင်းမျိုး မဖြစ်သင့်၊ ထို့အတူ ၎င်းတို့အား မိမိတို့ ပြည်သူများ၊ ကလေးငယ်များအပေါ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ပိုမိုကျူးလွန်ရန် တွန်းအားပေးခြင်းမျိုးလည်း

မဖြစ်သင့်၊

နိုင်ငံတကာအသိုက်အဝန်းတွင် တရားခံများအား တာဝန်ခံမှုရှိစေရန်အတွက် စည်းနှောင်မှုရှိသော၊ စည်းမျဉ်းတကျဖြစ်သော ယန္တရားများ ရှိနှင့်ပြီးဖြစ်ကြောင်း၊ မိမိတို့၏ ကလေးငယ်များအား ကယ်တင်နိုင်ရန် အဆိုပါယန္တရားများကို ထိရောက်စွာ အသုံးချပေးစေလိုကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်)


၁။        ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ)တွင် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်၊ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေး သူငယ်များ ရန်ပုံငွေအဖွဲ့၏ လက်ထောက် အမှုဆောင်ညွှန်ကြားရေးမှူးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌတို့နှင့် အပြန်အလှန်ဆွေးနွေးသည့်အစီအစဉ်ကို ၁၂-၁၀-၂၀၂၆ ရက် (တနင်္လာနေ့)၊ နံနက်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၅၀) ကျော် ပါဝင် ဆွေးနွေးခဲ့ကြပါသည်။


၂။         ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ဆွေးနွေးမှုတွင် အောက်ပါအချက်များအဓိက ပါဝင်ပါသည်-

(က)     အစီရင်ခံစာများတွင် ဖော်ပြထားသည့် ကလေးငယ်များနှင့်သက်ဆိုင်သော စိုးရိမ်ဖွယ် ကမ္ဘာလုံးဆိုင်ရာ ခြုံငုံသုံးသပ်ချက်များအပေါ် မိမိတို့ အလေးထားမှတ်သားရပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများတွင် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုကျူးလွန်ခြင်းက ယခင်က မတွေ့ကြုံဖူးသောအဆင့်အထိ မြင့်တက်လာနေခြင်းမှာ နိုင်ငံတကာ၏အာရုံစိုက်မှုကို အရေးတကြီးလိုအပ်သည်ကိုလည်း ထောက်ခံပါကြောင်း၊

(ခ)       ထိုသို့ဖြစ်ပေါ်နေရခြင်း၏ အဓိကဇစ်မြစ်မှာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ နှင့် လူ့အခွင့်အရေးဥပဒေတို့ပါ တာဝန်ဝတ္တရားများအား လိုက်နာရန် ပျက်ကွက်သောကြောင့် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် အကျပ်အတည်းသည် အထင်ရှားဆုံး သာဓက တစ်ခု ဖြစ်ကြောင်း၊

(ဂ)       မြန်မာနိုင်ငံတွင် တရားမဝင် စစ်အာဏာသိမ်းခဲ့ချိန်မှစတင်၍ စစ်အုပ်စုအနေဖြင့် နိုင်ငံတစ်ဝန်းရှိ ကလေးသူငယ်များအပေါ် ပစ်မှတ်ထားသည့် လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများ၊ ဒရုန်းဖြင့် တိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို သိသိသာသာ တိုးမြှင့် မှီခို အားထားလာခဲ့ကြောင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့မှာ အထိအနာဆုံးဒေသများ ဖြစ်လာလျက်ရှိကြောင်း၊

(ဃ)     ရာဇဝတ်မှုကျူးလွန်သူများအနေဖြင့် အရပ်သားပြည်သူများ၏ နေအိမ်များ၊ ကျေးရွာများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦများ၊ စျေးတန်းများနှင့် စစ်ဘေးရှောင်စခန်းများအပါအဝင် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများအား ရည်ရွယ်ချက်ရှိစွာ တိုက်ခိုက်လျက်ရှိကြောင်း၊

(င)       ယနေ့အခါတွင် ၄.၉ သန်းသော ကလေးသူငယ်များအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အရေးတကြီး လိုအပ်လျက်ရှိကြောင်း၊ သို့ရာတွင် စစ်အုပ်စုက အဆိုပါ အကူအညီများကို ရည်ရွယ်ချက်ထားရှိ၍ ပိတ်ဆို့နေသဖြင့် ၁.၂ သန်းသော ကလေးသူငယ်များမှာ အခြေခံကျသော၊ အသက်ကယ်ဖြစ်သော ကာကွယ်ဆေးများနှင့် ကျန်းမာရေးဝန်ဆောင်မှုများ အလုံးစုံ ဖြတ်တောက်ခံထားရကြောင်း၊

(စ)       မိမိတို့အနေဖြင့် ကလေးငယ်များ၏အခွင့်အရေးအား ပြောရသည့်အခါတိုင်း၌ စိတ်လေးလံမှု ကြီးမားကြရပါကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံရှိ ကလေးသူငယ်များ မြေပြင်၌ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးအရ ထမ်းပိုးထားရသည့် ဖိစီးမှုဝန်တာနှင့်နှိုင်းယှဉ်ပါက မိမိတို့ ထမ်းပိုးထားရသည်က အပယိကသာ ဖြစ်ကြောင်း၊

(ဆ)     မြန်မာနိုင်ငံတွင် လူမဆန်သော စစ်အာဏာရှင်လက်ထဲ၌ မိမိတို့ ကလေးငယ်များ အသက်များ ဆုံးရှုံးနေရပြီး မိသားစုများနှင့် သေကွဲ၊ ရှင်ကွဲ ခွဲနေရကာ နေအိမ်များပျက်စီးခြင်း၊ စာသင်ကျောင်းများ ဗုံးကျဲခံရခြင်း၊ စားနပ်ရိက္ခာ ရှားပါးမှု၊ ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့ခြင်းနှင့် အနာဂတ်များ ပျောက်ဆုံးခြင်းတို့နှင့် ရင်ဆိုင်နေရကြောင်း၊

(ဇ)       သာမန်ကလေးငယ်တစ်ဦးအနေဖြင့် ဟမ်ဘာဂါတစ်လုံးကို အလွယ်တကူ တောင်းဆို၍ ရနိုင် ကြောင်း၊ သို့သော် မြန်မာနိုင်ငံရှိ ကလေးငယ်၊ အထူးသဖြင့် ၎င်းတို့၏ ဆန္ဒမပါဘဲ စစ်ဘေးရှောင် စခန်းများကို ထွက်ပြေးတိမ်းရှောင်ခိုလှုံနေရသည့် ကလေးငယ်များအဖို့ ဟမ်ဘာဂါတစ်လုံးသည်ပင် လူ့စည်းစိမ်ဖြစ်ကြောင်း၊ အဆိုပါကလေးငယ်များအား တစ်လလျှင်တစ်ကြိမ် သို့မဟုတ် သုံးလမှသာလျှင်တစ်ကြိမ် အထူးစားသောက်ဖွယ်ရာများ ကျွေးမွေးနိုင်ရန် ဒေသခံအသိုက်အဝန်းများနှင့် ကူညီကယ်ဆယ်ရေးဝန်ထမ်းများအနေဖြင့် ရန်ပုံငွေများ ရှာဖွေစုဆောင်းပြီးမှသာလျှင် အထမြောက်နိုင်ကြောင်း၊

(ဈ)      ထို့ကြောင့် “မြန်မာနိုင်ငံရှိ ကလေးသူငယ်များအနေဖြင့် ထိုသို့ ကြေကွဲဖွယ်ကောင်းသော အခြေအနေအောက်တွင် မဖြစ်မနေ ရှင်သန်၊ သေဆုံးရမည်လား” ဟု မိမိအနေဖြင့် မေးခွန်း ထုတ်လိုကြောင်း၊

(ည)     မိမိတို့ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများအတွက်မူ အဖြေက အတိုင်းထက်အလွန် ရှင်းလင်းကြောင်း၊

(ဋ)       မြန်မာနိုင်ငံတွင် စစ်အုပ်စုခေါင်းဆောင်နှင့် စစ်အာဏာရှင်များသည် ရာဇဝတ်သားများဖြစ် ကြောင်း၊ ၎င်းတို့သည် စစ်ရာဇဝတ်နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအား ကျူးလွန်သည့် တရားခံများဖြစ်ကြောင်း၊ အထူးသဖြင့် ၎င်းတို့သည် နိုင်ငံတကာအသိုက်အဝန်းမှ လက်ဆွဲနှုတ်ဆက်ရန် သို့မဟုတ် ကော်ဇောနီများအပေါ်တွင် ကြိုဆိုရမည်ကိုပင် ရှက်ရွံ့ရမည့်သူများ ဖြစ်ကြောင်း၊

(ဌ)       လူမဆန်သောစစ်အုပ်စုနှင့်ထိတွေ့မည်ဆိုလျှင်လည်း အဆိုပါထိတွေ့မှုသည် မိမိတို့ပြည်သူ များနှင့် ကလေးငယ်များအတွက်သာ ဖြစ်သင့်ကြောင်း၊ စစ်အုပ်စုအား အကာအကွယ်ပေးရန်အတွက် မဖြစ်သင့်သကဲ့သို့ ၎င်းတို့အား နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ခြင်းအတွက် ဆုပေးခြင်းမျိုး မဖြစ်သင့်ကြောင်း၊ ထို့အတူ ၎င်းတို့အား မိမိတို့ပြည်သူများ၊ ကလေးငယ်များအပေါ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ပိုမိုကျူးလွန်ရန် တွန်းအားပေးခြင်းမျိုးလည်း မဖြစ်သင့်ကြောင်း၊

(ဍ)       နိုင်ငံတကာအသိုက်အဝန်းတွင် တရားခံများအား တာဝန်ခံမှုရှိစေရန်အတွက် စည်းနှောင်မှုရှိသော၊ စည်းမျဉ်းတကျဖြစ်သော ယန္တရားများ ရှိနှင့်ပြီးဖြစ်ကြောင်း၊ မိမိတို့၏ ကလေးငယ်များအား ကယ်တင်နိုင်ရန် အဆိုပါ ယန္တရားများကို ထိရောက်စွာ အသုံးချပေးစေလိုကြောင်း၊

(ဎ)       နိုင်ငံများအနေဖြင့် လူသားဆန်မှုအပေါ် အရင်းခံကာ နိုင်ငံရေးဆန္ဒဖြင့် လုပ်ဆောင်ပေးကြပါရန် မေတ္တာရပ်ခံ တောင်းဆိုလိုပါကြောင်း။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်ဆွေးနွေးချက် အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly: Interactive Discussion with Special Mandate-Holders on Rights of Children


(New York, 12 October 2026)

Mr. Chair,

Myanmar welcomes today’s combined briefing and expresses its appreciation to the special mandate-holders for their insightful presentations.

My delegation notes the sobering global overview with deep concern. We agree entirely that the unprecedented level of violations against children in armed conflicts demands urgent and undivided international attention.

The failure to uphold obligations under international humanitarian and human rights law, coupled with near-total impunity, remains the primary cause. The crisis in my country, Myanmar, serves as a stark example.

Since the unlawful coup, the military junta has drastically escalated its reliance on indiscriminate airstrikes, drones, and heavy artillery that target children across the country, with Chin, Rakhine, and Sagaing emerging as the hardest-hit regions recently.

These perpetrators are deliberately attacking non-military targets, including civilian homes, villages, hospitals, schools, religious buildings, markets, and IDP camps.

Today, over 4.9 million children are in urgent need of humanitarian assistance. Yet, the junta continues to deliberately block aid, leaving approximately 1.2 million children entirely cut off from basic, life-saving vaccinations and healthcare services.

Mr. Chair, when we speak of children's rights, we bear a heavy emotional burden. But that is nothing compared to the physical and psychological toll exacted on the children of Myanmar. At the hands of this inhumane military junta, our children are losing their lives. They are being torn from their families, separated in both life and death. Their homes are destroyed, their schools bombed; food is scarce, healthcare is out of reach, and their futures are being buried.

An ordinary child might easily ask for a hamburger. But for a child in Myanmar, particularly those forced to take refuge in displacement shelters, such a meal is an unreachable luxury. Local communities and aid workers must run fundraising campaigns simply to provide these children with a special meal perhaps only once a month, or once every three months.

May I ask our colleagues here: Must the children of Myanmar continue to live and die in this heartbreaking reality?

For the democratic resistance forces of Myanmar, the answer is unequivocally clear.

The junta leader and the military dictatorship in Myanmar are criminals. They are perpetrators of war crimes and crimes against humanity, whom the international community should be ashamed to shake hands with or welcome on red carpets.

Whenever there is any engagement with the inhumane military junta, it should be for the people and our children, not for protecting the military junta, not for rewarding the military junta of its international crimes, not for encouraging the military junta to further commit crimes against humanity and war crimes against the people and children.

The international community already possesses binding, principled mechanisms to hold these perpetrators accountable. Please use them effectively for our helpless children.

I appeal to you to summon your political will and act in the name of humanity.


I thank you.

*****


Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page