top of page
  • Facebook Social Icon

Intervention by Ambassador Kyaw Moe Tun, at the Third Committee of the 81st Session of the UNGA, during the Interactive Discussion on the Elimination of Discrimination against women and girls

Writer: Myanmar Mission To UN
Myanmar Mission To UN
17 hours ago
4 min read

Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly, during the Interactive Discussion on the Elimination of Discrimination against women and girls, held on 8 October 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင်

အမျိုးသမီးများအား ခွဲခြားဆက်ဆံမှု ပပျောက်ရေးခေါင်းစဉ်ဖြင့် အပြန်အလှန် ဆွေးနွေးသည့်ကဏ္ဍ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံတွင် စစ်အုပ်စုအနေဖြင့် အသိုက်အဝန်းများအား ခြိမ်းခြောက်ရန်နှင့် ၎င်းတို့အား ခုခံဆန့်ကျင်မှုများကို ချိုးဖျက်ရန် အဓမ္မပြုကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ညှဉ်းပန်း နှိပ်စက်မှုတို့ အပါအဝင် လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှုကို စစ်လက်နက်တစ်ခုအဖြစ် ရည်ရွယ်ချက်ရှိရှိ အသုံးချလျက်ရှိ၊

အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများ အကျဉ်းထောင်များ၌ သေဆုံးမှုမြင့်တက်လာသည်ကိုလည်း မိမိတို့ တွေ့မြင်ကြားသိနေရ၊

ကုလသမဂ္ဂ လူ့အခွင့်အရေးပညာရှင်များမှ အတုဉာဏနှင့် ဒစ်ဂျစ်တယ်နည်းပညာများနှင့်စပ်လျဉ်း၍ နိုင်ငံတကာအား သတိပေးခဲ့သည်ကို မှီငြမ်း၍ မြန်မာနိုင်ငံတွင်လည်း စစ်အုပ်စုက

အဆင့်မြင့်သော နည်းပညာများဖြင့် ဒစ်ဂျစ်တယ် ဖိနှိပ်ချုပ်ခြယ်မှုကို စိတ်အားထက်သန်စွာ လုပ်ဆောင်လျက်ရှိ၊

စစ်မှန်သော တရားမျှတမှုအတွက် တာဝန်ခံမှု၊ စီးနှောင်မှုရှိသောစံနှုန်းများနှင့်

ပြစ်ဒဏ်ကင်းလွတ်ခွင့် လုံးဝအဆုံးသတ်ခြင်းတို့ လိုအပ်၊

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်များကြောင့် ပြည်တွင်း တရားစီရင်ရေးစနစ် လုံးဝ ပြိုလဲနေသည့် အခြေအနေတွင် မိမိတို့၏ ဒီမိုကရေစီအင်အားစုများ၊ ဒေသခံအမျိုးသမီးများ ဦးဆောင်သည့် ကွန်ရက်များနှင့် ပဋိပက္ခနှင့်ဆက်စပ်၍ ဒစ်ဂျစ်တယ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတို့မှ

အသက်ရှင်ကျန်ရစ်သူများအား ဗဟိုပြုသော ကုစားမှုများပေးနိုင်မည့်အသွင်ကူးပြောင်းရေးတရားစီရင်မှု မူဘောင်များအား နိုင်ငံတကာယန္တရားများနှင့် ကုလသမဂ္ဂစနစ်တို့အနေဖြင့် မည်သို့ အထောက်အပံ့ ဖြစ်စေနိုင်မည်ကို ဆွေးနွေးပေးပါရန် မေတ္တာရပ်ခံပါကြောင်းဖြင့် ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်)


၁။        ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ)တွင် အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုပပျောက်ရေး ခေါင်းစဉ်ဖြင့် အပြန်အလှန်ဆွေးနွေးသည့်အစီအစဉ်ကို ၈-၁၀-၂၀၂၆ ရက် (ကြာသပတေးနေ့)၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၄၅) နိုင်ငံကျော် ပါဝင်၍ မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။


၂။         ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ဆွေးနွေးချက်တွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-

(က)     အမျိုးသမီးများအားခွဲခြားဆက်ဆံမှုပပျောက်ရေး ကော်မတီ၏ အစီရင်ခံစာတွင် အကြံပြုထားသည့်အတိုင်း မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပေါ်တွင် ကာလရှည်ကြာစွာ ဖြစ်ပေါ်ခဲ့သည့် ကျင့်ဝတ်ဖောက်ပြားမှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုအကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေတို့အား အပြည့်အဝလေးစားလိုက်နာခြင်းက ခိုင်မာသော အခြေခံအုတ်မြစ်အဖြစ် ဆက်လက် တည်ရှိနေကြောင်း၊

(ခ)       မြန်မာနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုအကြမ်းဖက်သည့်စိန်ခေါ်မှုသည် ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး ၂၀၂၁ ခုနှစ်၊ တရားမဝင် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ပိုမိုဆိုးရွားလာခဲ့ကြောင်း၊ စစ်အုပ်စုအနေဖြင့် လူ့အခွင့်အရေး၊ အမျိုးသမီးများ၏ အခွင့်အရေးတို့ကို နေ့စဉ် ကြီးလေးစွာ ချိုးဖောက်လျက်ရှိကြောင်း၊

(ဂ)       မြန်မာနိုင်ငံတွင် စစ်အုပ်စုအနေဖြင့် အသိုက်အဝန်းများအား ခြိမ်းခြောက်ရန်နှင့် ၎င်းတို့အား ခုခံဆန့်ကျင်မှုများကို ချိုးဖျက်ရန် အဓမ္မပြုကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ညှဉ်းပန်းနှိပ်စက် မှုတို့အပါအဝင် လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုအကြမ်းဖက်မှုကို စစ်လက်နက်တစ်ခုအဖြစ် ရည်ရွယ်ချက်ရှိရှိ အသုံးချလျက်ရှိကြောင်း၊

(ဃ)     အကျဉ်းထောင်များ၊ ဖမ်းဆီးထိန်းသိမ်း ရေးစခန်းများနှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ၌ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအနေဖြင့် ညှဉ်းပန်းနှိပ်စက်မှုနှင့် မျိုးစုံနှင့် မှန်းဆ၍မရနိုင်သည်အထိ ကြမ်းတမ်းရက်စက်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့ကို ရင်ဆိုင်နေရကြောင်း၊ ထို့ပြင် လိင်ပိုင်းဆိုင်ရာ လှောင်ပြောင်ခြင်းနှင့် ထိပါးစော်ကားခြင်းတို့သည် စစ်အုပ်စုက စနစ်တကျ အသုံးချနေသည့် ဗျူဟာတစ်ခု ဖြစ်လာခဲ့ကြောင်း၊

(င)       ထို့ပြင် ယခုလအနည်းငယ်အတွင်း၌ပင် အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများ အကျဉ်းထောင်များ၌ သေဆုံးမှု မြင့်တက်လာသည်ကိုလည်း မိမိတို့ တွေ့မြင်ကြားသိနေရကြောင်း၊

(စ)       အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု၌ ပါဝင်ခဲ့သည့် ဓာတ်ခွဲခန်းမှူး ဒေါ်ခင်သီတာမှာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိသောကြောင့် ၂၈-၉-၂၀၂၆ ရက်နေ့ကပင် မန္တလေး အိုးဘိုထောင်၌ ဆုံးပါးခဲ့ရကြောင်း၊

(ဆ)     ထို့ပြင် ကုလသမဂ္ဂ လူ့အခွင့်အရေး ပညာရှင်များမှ အတုဉာဏနှင့် ဒစ်ဂျစ်တယ် နည်းပညာများနှင့်စပ်လျဉ်း၍ နိုင်ငံတကာအား သတိပေးခဲ့သည်ကို မှီငြမ်း၍ မြန်မာနိုင်ငံတွင်လည်း စစ်အုပ်စုက အဆင့်မြင့်သောနည်းပညာများဖြင့် ဒစ်ဂျစ်တယ်ဖိနှိပ်ချုပ်ခြယ်မှုကို စိတ်အားထက်သန်စွာလုပ်ဆောင်လျက်ရှိသည်ဟု ထပ်လောင်းပြောကြားလိုကြောင်း၊

(ဇ)       ၎င်းတို့အနေဖြင့် ဉာဏ်ရည်တုအား အားကိုးထားသည့်မျက်နှာအစိတ်အပိုင်းများအား ဖတ်မှတ်နိုင်သည့်စနစ်များ၊ ဇီဝအချက်အလက် (biometric) ခြေရာခံခြင်းနှင့် ကျူးကျော် ချိုးဖောက်

သည့်စောင့်ကြည့်ထောက်လှမ်းမှုများကို အသုံးပြုခြင်းဖြင့် စစ်အုပ်စုက အမျိုးသမီး တက်ကြွလှုပ်ရှား သူများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် အတိုက်အခံများကို ပစ်မှတ်ထားလျက်ရှိကြောင်း၊ တစ်နည်းဆိုသော် ယင်းနည်းလမ်းများဖြင့် စစ်အုပ်စုက ကိုယ်ရေးကိုယ်တာ လုံခြုံရေးနှင့် လုံခြုံစိတ်ချမှု အခြေခံအခွင့်အရေးများကို ချိုးဖောက်လျက်ရှိကြောင်း၊

(ဈ)      ယင်းမှာ စစ်အုပ်စုအောက်ရှိ တရားစီရင်ရေးစနစ်နှင့် တရားဥပဒေစိုးမိုးမှု အလုံးစုံ ပျက်သုဉ်းခြင်းတို့၏ ဆိုးရွားသောရလဒ်ပင်ဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံတွင် ဥပဒေကြောင်းအရ ကုစားမှု၊ အကာအကွယ်ရှိရေး သို့မဟုတ် တရားရေးရာ တာဝန်ခံမှုရှိရေးတို့ ဖိနှိပ်ခံထားရပြီး နစ်နာသူများအနေဖြင့်လည်း ကြီးမားသော စိတ်ဒဏ်ရာများ ဆုပ်ကိုင်ထားနေရသည့်အပြင် စစ်အုပ်စုမှ အဖွဲ့အစည်းအလိုက် ပြစ်ဒဏ်ကင်းလွတ်ခွင့် အကျိုးခံစားနေခြင်းကိုပါ လက်ပိုက် ကြည့်နေရကြောင်း၊

(ည)     ဤနေရာတွင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် စုံစမ်းစစ်ဆေးသူများအနေဖြင့် မြန်မာနိုင်ငံရှိ စစ်အုပ်စုသည် အထက်ဖော်ပြပါ ရက်စက်ကြမ်းကြုတ်မှုများ၏ ပင်မတရားခံ ဖြစ်သည့်အချက်ကို အစဉ်တစိုက် မှတ်တမ်းထားရှိပေးသည့်အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊

(ဋ)       မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်ရေး ဦးဆောင်ကောင်စီနှင့် မိတ်ဖက်ဒီမိုကရေစီအင်အားစုများအနေဖြင့် တရားဥပဒေစိုးမိုးရေးအား လေးစားလိုက်နာရန်နှင့် လူသားဂုဏ်သိက္ခာအား ကာကွယ်ရန် ခိုင်မာသောလုပ်ဆောင်ချက်များကို လုပ်ဆောင်နေပြီဖြစ်ကြောင်း၊

(ဌ)       အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီသည့် စစ်သည်တော်ကျင့်ဝတ်များပြည့်သူ ကာကွယ်ရေး တပ်ဖွဲ့ဝင်များအနေဖြင့် တင်းတင်းကျပ်ကျပ် လိုက်နာရန် ညွှန်ကြားထားပြီး ချိုးဖောက်မှုမှန်သမျှ တားမြစ်ကာ ချိုးဖောက်ပါက ကြီးလေးသော ပြစ်ဒဏ်ကျသင့်ရန်လည်း ချမှတ်ထားကြောင်း၊

(ဍ)      ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်ရေး ဦးဆောင်ကောင်စီအနေဖြင့်လည်း အမျိုးသမီးမဏ္ဍိုင်ပါဝင်သည့် ထူးခြားသော၊ တိုးတက်မှုလိုလားသော မူဘောင်တစ်ခုကို ချမှတ်ထားကာ ကျားမ တန်းတူညီမျှမှုရှိရေးအား နိုင်ငံရေး၊ စစ်ရေးနှင့် အဖွဲ့အစည်းတည်ဆောက်ရေးကိစ္စရပ်များတွင် ညှိနှိုင်း၊ ဦးဆောင်၊ ထည့်သွင်းရန် ကြိုးပမ်းအားထုတ်ထားကြောင်း၊ အဆိုပါလုပ်ဆောင် ချက်များသည် ကောင်းမွန်သောလမ်းကြောင်းသို့ ဦးတည်နေပြီဖြစ်ကြောင်း၊

(ဎ)       စစ်မှန်သောတရားမျှတမှုအတွက် တာဝန်ခံမှု၊ စီးနှောင်မှုရှိသောစံနှုန်းများနှင့် ပြစ်ဒဏ်ကင်းလွတ် ခွင့် လုံးဝအဆုံးသတ်ခြင်းတို့ လိုအပ်ပါကြောင်း၊

(ဏ)     သို့ဖြစ်ပါ၍ ဆွေးနွေးသူများမှ စစ်အုပ်စုအား ၎င်းတို့စနစ်တကျနှင့် ကျားမအခြေပြုကျူးလွန် သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေနိုင်မည့် နည်းလမ်းများအား အကြုံပြုပေးပါရန် တောင်းဆိုပါကြောင်း၊

(တ)     ထို့အတူ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်များကြောင့် ပြည်တွင်း တရားစီရင်ရေးစနစ် လုံးဝ ပြိုလဲနေသည့် အခြေအနေတွင်မိမိတို့၏ ဒီမိုကရေစီအင်အားစုများ၊ ဒေသခံအမျိုးသမီးများ ဦးဆောင် သည့်ကွန်ရက်များနှင့် ပဋိပက္ခနှင့်ဆက်စပ်၍ ဒစ်ဂျစ်တယ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတို့မှ အသက်ရှင်ကျန်ရစ်သူများအား ဗဟိုပြုသောကုစားမှုများပေးနိုင်မည့် အသွင်ကူးပြောင်းရေး တရားစီရင်မှု မူဘောင်များအားနိုင်ငံတကာ ယန္တရားများနှင့် ကုလသမဂ္ဂစနစ်တို့အနေဖြင့် မည်သို့ အထောက်အပံ့ ဖြစ်စေနိုင်မည်ကို ဆွေးနွေးပေး ပါရန် မေတ္တာရပ်ခံပါကြောင်း။

(ပါဝင်ဆွေးနွေးသည့် နိုင်ငံအရေအတွက် များပြား၍ ဆွေးနွေးရန်အချိန် အကန့်အသတ်ရှိပါသဖြင့် ပြောကြားရာတွင် ဆွေးနွေးချက်အချို့ကို ချန်လှပ်ထားခဲ့ရပါသည်။)


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်ဆွေးနွေးမှု အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly, during the Interactive Discussion on the Elimination of Discrimination against women and girls


(New York, 8 October 2026)

Mr. Chair,

I thank the briefers for their insightful presentations.

As suggested by the CEDAW, full compliance with international human rights law and international humanitarian law remains the solid foundation needed to tackle longstanding patterns of abuse and sexual and gender-based violence (SGBV) against women and girls in many places, including Myanmar.

Unfortunately, this issue continues to persist and has been severely exacerbated since the illegal military coup of 2021. Both human rights and women’s rights are being heavily violated by the military junta daily.

In conflict settings, the military junta uses SGBV, including rape, sexual assault, and torture, as a deliberate weapon of war to terrorize communities and break resistance.

In prisons, detention centers, and during interrogations, women and girls are subjected to widespread torture and sexual violence in unimaginably cruel ways, where sexual humiliation and assault have become systemic tactics of the military junta.

Moreover, we are witnessing an increasing number of deaths of female political prisoners within these past few months.

As a direct consequence of life-threatening medical neglect, a CDM Lab Assistant, Daw Khin Thida, passed away on September 28 while detained at Mandalay's Obo Prison.

Furthermore, echoing urgent global warnings from UN human rights experts on AI and digital technologies, the military junta is actively waging a high-tech war of digital repression. By deploying AI-powered facial recognition systems, biometric tracking, and intrusive surveillance, the junta systematically targets women activists, human rights defenders, and dissidents, violating basic rights to privacy and safety.

This tragic reality is the direct result of the total breakdown of the rule of law and the judicial system under the junta, where access to legal remedies, protection, or judicial accountability has been entirely suppressed, leaving victims to grapple with profound trauma and institutionalized impunity.

In this regard, we thank international human rights bodies and investigators for consistently documenting the military junta as the primary perpetrator of these atrocious crimes.

On our part, we are taking active, concrete steps on our side to uphold the rule of law and protect human dignity.

The NUG's Ministry of Defense has introduced strict military codes of conduct for People's Defense Forces (PDFs) that mirror international humanitarian law, strictly forbidding any such violations and stipulating severe penalties.

The Steering Council for the Emergence of a Federal Democratic Union (SCEF) has established a unique and progressive framework featuring a dedicated "women's pillar" to coordinate, lead, and integrate gender equality across political, military, and institutional matters. It has been operating in a positive direction.


Mr. Chair, distinguished briefers,

True justice requires robust accountability, binding standards, and an absolute end to impunity.

So, as I conclude, I would like to hear your strong recommendations for holding the military junta accountable for its systematic and gendered crimes and ask how can international mechanisms and the UN system better support our democratic forces, local women-led networks, and transitional justice frameworks to ensure survivor-centered remedies for conflict-related and digital sexual violence where the domestic judicial system has totally collapsed under military dictatorship?


Thank you.


*****


Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page