top of page
  • Facebook Social Icon

Intervention by Ambassador Kyaw Moe Tun at the Third Committee of the Eightieth Session of the UN General Assembly on Promotion and Protection of the Rights of Children

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • 2 days ago
  • 5 min read
ree
ree

Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eightieth Session of the UN General Assembly on Promotion and Protection of the Rights of Children, held on 13 October 2025


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင်

ကလေးသူငယ်များ၏ အခွင့်အရေးများအား တိုးမြှင့်ပေးရေးနှင့် ကာကွယ်ပေးရေးခေါင်းစဉ်ဖြင့် အပြန်အလှန် ဆွေးနွေးမှု အစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်

သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကလေးသူငယ်များသည် အသိုက်အဝန်းများတွင် ထိရှအလွယ်ဆုံးဖြစ်သည့်တိုင် နိုင်ငံတစ်ခု၏ အနာဂတ်ဖြစ်၊


မြန်မာနိုင်ငံတွင် မတရား စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ကလေးသူငယ်များ၏ အခွင့်အရေးများမှာ စစ်အုပ်စု၏ ပြောင်ပြောင်တင်းတင်းနှင့် စနစ်တကျ ချိုးဖောက်ခြင်းကို ခံနေရ၊


မြန်မာနိုင်ငံရှိ ကလေးသူငယ်များအတွက် ပညာရေးကဏ္ဍမှာ ကြီးလေးစွာ ဟန့်တားခံထားရပြီး ယခုအခါ စစ်အုပ်စုမှ အရပ်သားပြည်သူလူထုအပေါ်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို တိုးမြှင့်ကျူးလွန်လာသည်နှင့်အမျှ စိန်ခေါ်မှုများက ကြီးထွားလာလျက်ရှိ၊


စားနပ်ရိက္ခာမလုံလောက်မှုနှင့် အခြားသော ကျန်းမာရေးဆိုင်ရာ အရေးပေါ်လိုအပ်ချက်များကလည်း သိသိသာသာ ဆုတ်ယုတ်လာလျက်ရှိ၊


စစ်အုပ်စုအနေဖြင့် ၎င်းတို့ပြင်ဆင်နေသည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲ မတိုင်မီ အရပ်သား ပြည်သူအပေါ်သို့ စစ်မက်ပြုခြင်းအား အရှိန်အဟုန် မြှင့်တင်လုပ်ဆောင်လျက်ရှိ၊


ပြည်သူများ၏ အသက်အိုးအိမ်များ ယခုထက် ပိုမို ဆုံးရှုံးခြင်းမှ ကာကွယ်စောင့်ရှောက်နိုင်ရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မမှန်မကန် လုပ်ကြံဖန်တီးနေသည့် “ရွေးကောက်ပွဲ” လုပ်ငန်းစဉ်အား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချရန် လိုအပ်၊


စစ်အာဏာရှင်လက်အောက်တွင် မိမိတို့ ကလေးငယ်များအတွက် အနာဂတ် မရှိ၊ ရက်စက်ကြမ်းကြုတ်မှုများ စစ်အုပ်စုမှ ထပ်မံလုပ်ဆောင်ခြင်းကို တားမြစ်နိုင်ရန် ပိုမိုအားထည့် ပါဝင်ပေးစေလို၊ မိမိတို့ဆောင်ရွက်နေသည့် စစ်အာဏာရှင်စနစ်အား အပြီးတိုင် ချုပ်ငြိမ်းစေရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး ခရီးတွင် ပါဝင်ထောက်ပံ့ပေးစေလိုကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်)


၁။ ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) တွင် ကလေးသူငယ်များ၏ အခွင့်အရေးများအား တိုးမြှင့်ပေးရေးနှင့် ကာကွယ်ပေးရေး (Promotion and Protection of Rights of Children) ခေါင်းစဉ်အောက်၌ အထွေထွေအပြန်အလှန်ဆွေးနွေးမှုအစီအစဉ်ကို    ၁၃-၁၀-၂၀၂၅ ရက် (တနင်္လာနေ့)၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။


၂။ အဆိုပါ အစီအစဉ်တွင် Acting Special Representative of the Secretary-General for Children and Armed Conflict နှင့် Special Representative of the Secretary-General on Violence Against Children Dr. Najat MAALLA M’JID၊ Special Advisor on Child Rights (UNICEF) Mr. Manuel FONTAINE၊ Chair of the Committee on the Rights of the Child Ms. Sopio KILADZE နှင့် Special Rapporteur on the sale, sexual exploitation and sexual abuse of children Ms. Mama Fatima SINGHATEH တို့က ဆွေးနွေးသူများအဖြစ် ပါဝင်ခဲ့ပါသည်။


၃။ အပြန်အလှန် ဆွေးနွေးမှုကဏ္ဍ၌ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၆၅) နိုင်ငံ ပါဝင် ဆွေးနွေးခဲ့ကြပြီး ကလေးငယ်များ၏ အစောပိုင်း ငယ်ဘဝ ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါမှုနှင့်တကွ မြန်မာနိုင်ငံအပါအဝင် ဂါဇာနှင့် အခြားသောနေရာဒေသများတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ကလေးငယ်များ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ ကလေးငယ်များအပေါ် သက်ရောက်သည့် စစ်မက်များ၏ရိုက်ခတ်မှုများ စသည်တို့ကို အလေးထား ပြောကြားပြီး နိုင်ငံတကာဥပဒေမူဘောင်များကို လေးစားလိုက်နာ၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများအား မြှင့်တင် ကာကွယ်ပေးရန် တိုက်တွန်းခဲ့ကြပါသည်။

၄။ သို့ဖြစ်ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ၎င်း၏ ဆွေးနွေးမှုတွင် အောက်ပါအချက်များကို အလေးထား ထည့်သွင်း ဆွေးနွေးခဲ့ပါသည်-


(က) ကလေးသူငယ်များသည် အသိုက်အဝန်းများတွင်ထိ ရှအလွယ်ဆုံးဖြစ်သည့်တိုင် နိုင်ငံတစ်ခု၏ အနာဂတ်ဖြစ်ကြောင်းကို အသိအမှတ်ပြုလျက် မိမိတို့အနေဖြင့် ကလေးသူငယ်များ၏အခွင့်အရေးအား အကာအကွယ်ပေးရေးကို ကမ္ဘာလုံးဆိုင်ရာကတိကဝတ်အဖြစ် သတ်မှတ်ထားကြောင်း၊


(ခ) သို့ရာတွင် ကမ္ဘာ့နေရာအသီးသီးတွင် လက်နက်ကိုင်ပဋိပက္ခများနှင့် နိုင်ငံရေးမတည်ငြိမ်မှု များ တိုးပွားလာခြင်းကြောင့် အဆိုပါ ကတိကဝတ်သည် ကြီးလေးသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊


(ဂ) အထူးသဖြင့် မြန်မာနိုင်ငံတွင် မတရား စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ကလေးသူငယ်များ၏ အခွင့်အရေးများမှာ စစ်အုပ်စု၏ပြောင်ပြောင်တင်းတင်းနှင့် စနစ်တကျ ချိုးဖောက်ခြင်းကို ခံနေရကြောင်း၊ ကလေးသူငယ် ၁,၂၀၀ ကျော် သေဆုံးခဲ့ရကြောင်း၊


(ဃ) UNICEF ကလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အရေးပေါ် လိုအပ်လျက်ရှိသည့် ၂၂ သန်းသော ပြည်သူများအနက် ၆.၃ သန်း မှာ ကလေးသူငယ်များ ဖြစ်သည်ကို သတိပေးထားကြောင်း၊


(င) စစ်အုပ်စုအနေဖြင့် မတရား စစ်အာဏာသိမ်းချိန်တစ်လျှောက်လုံး၌ နိုင်ငံတစ်ဝန်းတွင်

မဆင်မခြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု (၇,၁၇၅) ကြိမ် ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ (၄,၁၃၅) ဦးကို သေဆုံးစေခဲ့ကြောင်း၊


(စ) မြန်မာနိုင်ငံရှိ ကလေးသူငယ်များအတွက် ပညာရေးကဏ္ဍမှာ ကြီးလေးစွာ ဟန့်တားခံထားရပြီး ယခုအခါ စစ်အုပ်စုမှ အရပ်သားပြည်သူလူထုအပေါ်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို တိုးမြှင့်ကျူးလွန်လာသည်နှင့်အမျှ စိန်ခေါ်မှုများက ကြီးထွားလာလျက်ရှိကြောင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေစဉ် ပြောင်းရွှေ့တဲများနှင့် ဗုံးခိုကျင်းများတွင် ပညာသင်ကြားနေရသည့် ကလေးငယ်များအနေဖြင့် အကြောက်တရားဖြင့် ပညာသင်ယူနေရကြောင်း၊


(ဆ) ထို့ပြင် စားနပ်ရိက္ခာမလုံလောက်မှုနှင့် အခြားသော ကျန်းမာရေးဆိုင်ရာ အရေးပေါ်လိုအပ်ချက် များကလည်း သိသိသာသာ ဆုတ်ယုတ်လာလျက်ရှိကြောင်း၊


(ဇ) သို့သော် စစ်အုပ်စုအနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေတို့အပြင် ကလေးသူငယ်များအပေါ် ကျူးလွန်သော ကြီးလေးသည့် ချိုးဖောက်မှု (၆) ခုကိုပါ ဆက်လက် ချိုးဖောက်လျက်ရှိကြောင်း၊


(ဈ) ထိုမျှမက စစ်အုပ်စုအနေဖြင့် ၎င်းတို့ပြင်ဆင်နေသည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲမတိုင်မီ အရပ်သားပြည်သူအပေါ်သို့ စစ်မက်ပြုခြင်းအား အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်လျက်ရှိကြောင်း၊


(ည)     ပြည်သူများ၏ အသက်အိုးအိမ်များ ယခုထက် ပိုမို ဆုံးရှုံးခြင်းမှ ကာကွယ်စောင့်ရှောက်နိုင်ရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စု၏ လုပ်ဆောင်ချက်များအကြား ကြီးလေးစွာ ဖြစ်ပေါ်နေသည့် ကွဲလွဲမှုကို သတိချပ်ကာ ၎င်းတို့ မမှန်မကန် လုပ်ကြံဖန်တီးနေသည့် “ရွေးကောက်ပွဲ” လုပ်ငန်းစဉ်အား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချရန် လိုအပ်ကြောင်း၊


(ဋ) ဤနေရာတွင် ကုလသမဂ္ဂအနေဖြင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများအား ကန့်ကွက် ပြောကြားပေးနေမှုများအပေါ် အသိအမှတ်ပြုပါကြောင်း၊ အထူးသဖြင့် လူသားချင်းစာနာမှုမျက်နှာစာ မှတဆင့် မိမိတို့၏ ကလေးသူငယ်များအတွက် လိုအပ်သည့် အကူအညီများ ပံ့ပိုးပေးနိုင်ရန် ကုလသမဂ္ဂစနစ်အတွင်း ပူးပေါင်းဆောင်ရွက်နေမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊


(ဌ) သို့သော်လည်း ထို့ထက် ပိုမို လုပ်ဆောင်ရန် လိုအပ်သေးကြောင်း၊


(ဍ) မြန်မာနိုင်ငံရှိ ကလေးငယ်များ၏ ငယ်ဘဝဖွံ့ဖြိုးတိုးတက်မှုသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက် နေပြီးဖြစ်ကြောင်း၊ အများစုမှာ စစ်အုပ်စု၏ မဆင်မခြင် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် စိတ်ဒဏ်ရာများ ရရှိထားပြီးဖြစ်ကြောင်း၊ UNDP မှ “A Generation on Edge: Youth Safety and Well-beingin Myanmar”ခေါင်းစဉ်ဖြင့် ကမ္ဘာ့စိတ်ကျန်းမာရေးအထိမ်းအမှတ်နေ့တွင် ထုတ်ပြန်ခဲ့

သည့် အစီရင်ခံစာသည် စိတ်နှလုံးကြေကွဲရသည့် နောက်ထပ်သာဓကတစ်ခုပင် ဖြစ်ကြောင်း၊


(ဎ) မိမိတို့အနေဖြင့် ယခုကဲ့သို့သော အချိန်အခါကာလတွင် နိုင်ငံတကာအသိုက်အဝန်းထံမှ စုစည်း ညီညွတ်သော ချဉ်းကပ်မှုပုံစံအပေါ် အခြေခံသည့် ပိုမိုအားကောင်းသော၊ ပိုမိုခိုင်မာသော နိုင်ငံရေးဆန္ဒနှင့် ထိရောက်သည့် အရေးယူဆောင်ရွက်ချက်များကို အရေးတကြီး လိုအပ်လျက် ရှိပါကြောင်း၊


(ဏ)     ရက်စက်ကြမ်းကြုတ်မှုများ စစ်အုပ်စုမှ ထပ်မံလုပ်ဆောင်ခြင်းကို တားမြစ်နိုင်ရန် ပိုမိုအားထည့် ပါဝင်ပေးစေလိုကြောင်း၊ မိမိတို့ ဆောင်ရွက်နေသည့် စစ်အာဏာရှင်စနစ်အား အပြီးတိုင် ချုပ်ငြိမ်းစေရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးခရီးတွင် ပါဝင် ထောက်ပံ့ပေးစေလိုကြောင်း၊


(တ)     စစ်အာဏာရှင်လက်အောက်တွင် မိမိတို့ ကလေးငယ်များအတွက် အနာဂတ် မရှိကြောင်း၊


(ထ)     မျိုးဆက်တစ်ခု၏ စွမ်းဆောင်နိုင်စွမ်းနှင့် အနာဂတ်တို့မှာ မတရား စစ်အာဏာသိမ်းမှုအောက် ဆင့်ကဲဖြစ်ပေါ်လာသည့် အကျပ်အတည်းများကြောင့် အချည်းနှီးဖြစ်ခဲ့ရပြီ ဖြစ်ကြောင်း၊


(ဒ)       ယခုပင် ခိုင်မာပြတ်သားစွာ လုပ်ဆောင်ပေးကြပါ။

(အချိန်ကန့်သတ်ချက်အရ အချို့သော အချက်များကို ချန်လှပ်ဆွေးနွေးခဲ့ရပါသည်။)


၅။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်ဆွေးနွေးချက် အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eightieth Session of the UN General Assembly

on Promotion and Protection of the Rights of Children


(New York, 13 October 2025)

Mr. Chair,

We extend our gratitude to the Secretary-General for his reports, particularly the CRC, highlighting early childhood as a foundation for the holistic physical, cognitive, linguistic, social and emotional development of young children, and to the SRSG for CAAC for her critical data on Myanmar.

I also thank the briefers for their valuable contribution today.


Mr. Chair,

The protection of children's rights is a universal commitment, with children being recognized as among the most vulnerable members of society and crucial for a nation's future. But this agenda faces immense challenges due to the growing context of armed conflict and political instability in many parts of the world.


Especially in Myanmar, the rights of children are clearly and systematically violated by the military junta since the unlawful military coup.


Over 1,200 children were killed by the military junta from February 2021 to August 2025. This figure accounts for 11.8 percent of the total fatalities.


UNICEF has also alerted that 6.3 million children out of the total 22 million people, are in need of humanitarian assistance.


The junta has conducted over 7,000 indiscriminate aerial attacks across the country and killed 4,135 civilians throughout the coup.


Education for children in Myanmar continues to be heavily disrupted and is now facing heightened risks as the junta intensifies aerial attacks on the civilian population. Myanmar children learning inside makeshift camps and bunkers during forced displacement are studying in fear.


Furthermore, food insecurity and other health emergencies are severely deteriorating.


However, the military junta continues to violate the six grave violations against our children, in addition to violating international law and international humanitarian law.


They are also further escalating the campaign of terror on the civilians ahead of their planned sham and scam election. The international community must be mindful of this serious contradiction and categorically reject the junta’s fabricated electoral process to prevent further loss of civilian lives.


Meanwhile, we commend the UN for decrying the junta’s atrocities and the cooperation within the UN system, particularly to provide necessary assistance to our children through the humanitarian front.


Yet, more needs to be done.


Early childhood of our children in Myanmar is already filled with horror. Many have been traumatized as a result of the junta’s deliberate airstrikes. The report released by UNDP on World’s Mental Health Day entitled “A Generation on Edge: Youth Safety and Well-being in Myanmar” is another heartbreaking proof.

Therefore, stronger, concrete political will and effective actions from the international community based on a holistic approach is most needed now than ever.


Please step in and step up all efforts to stop the junta from committing further atrocities. Support us in our journey to ending the military dictatorship and building a federal democratic union in Myanmar.


There can be no future for our children under the heinous military junta. A generation’s potential and their future are being wasted by the compounded crises created by the unlawful military coup.


Act now decisively!


I thank you.

*****

ree
ree
ree
ree
ree
ree
ree
ree

Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page