Intervention by Ambassador Kyaw Moe Tun at the Third Committee of the 80th Session of the UN General Assembly on Advancement of Women Agenda
- Myanmar Mission To UN
- 5 days ago
- 6 min read



Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eightieth Session of the UN General Assembly on Advancement of Women Agenda, held on 10 October 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် အမျိုးသမီးများ ကဏ္ဍမြှင့်တင်မှုခေါင်းစဉ်ဖြင့် အပြန်အလှန် ဆွေးနွေးမှု အစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မတရား စစ်အာဏာသိမ်းမှုသည် တိုးတက်မှုများအားလုံးကို ဆုတ်ယုတ်စေရုံသာမက
အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ကဏ္ဍရေးအား ၎င်းတို့၏ ရှင်သန်ရပ်တည်ရေးအတွက်
အသက်တမျှ အရေးကြီးသည့် အခြေအနေသို့ တွန်းပို့ခဲ့ပြီဖြစ်၊
စစ်အာဏာရှင် စစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ်တွင် အနိုင် အရှုံး အပြတ်အသတ်
ထွက်ပေါ် စေမည့် တွေးခေါ်ယူဆချက် (zero-sum game mentality) ဖြင့်
ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်လျက်ရှိ၊ ပဋိပက္ခတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်နည်းဗျူဟာသဖွယ် ဆက်လက် တိုးမြှင့်ကျင့်သုံးနေ၊
စစ်အုပ်စုမှ ကျူးလွန်ဆဲ ကျူးလွန်မြဲဖြစ်သည့် လေကြောင်းတိုက်ခိုက်မှုများ၊ ဗုံးကြဲ တိုက်ခိုက်မှုများ၊ ဥပဒေမဲ့ စီးနင်းဝင်ရောက် တိုက်ခိုက်မှုများနှင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်စေခြင်းများကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် လူကုန်ကူးမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အဓမ္မထိမ်းမြားလက်ထပ်စေခြင်း စသည့် အန္တရာယ်များဆီသို့ တွန်းပို့ခံနေရ၊
မြန်မာနိုင်ငံတွင် ကျားမတန်းတူညီမျှမှု ရှိရေးအတွက် လုပ်ဆောင်ချက်ကို ဒီမိုကရေစီအရေး ကြိုးပမ်းမှုနှင့် ခွဲခြား၍မရဘဲ ယှဉ်တွဲ လုပ်ဆောင်ရမည်ဖြစ်၊
အမျိုးသမီးများ၏ ပြည့်ဝသော၊ တန်းတူညီမျှသော၊ အဓိပ္ပါယ်ရှိသော ပါဝင်မှုသည် ငြိမ်းချမ်းရေး အတွက် ဖြည့်စွက်တန်ဖိုးတစ်ခု မဟုတ်ဘဲ ငြိမ်းချမ်းရေး အဓွန့်ရှည်တည်တံ့ရေးအတွက်
အဓိကကျသည့် အချက်ဖြစ်၊
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်နှင့် ကျရှုံးနေသည့် မတရား စစ်အာဏာသိမ်းမှုတို့ အပြီးတိုင် ချုပ်ငြိမ်း ရမည်၊ စစ်တပ်မှ ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲကိုလည်း ပြင်းထန်စွာ
ကန့်ကွက်ရမည်၊ ယင်းအစား တရားမျှတ၊ ငြိမ်းချမ်း၍ တန်းတူညီမျှမှုရှိသော သာယာဝပြောသည့် အသိုက်အဝန်း ဖြစ်ပေါ်လာစေရန် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်)
၁။ ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) တွင် အမျိုးသမီးများကဏ္ဍမြှင့်တင်မှု (Advancement of Women ) ခေါင်းစဉ်အောက်၌ အပြန်အလှန် ဆွေးနွေးမှုအစီအစဉ်ကို ၁၀-၁၀-၂၀၂၅ ရက် (သောကြာနေ့)၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ပါသည်။
၂။ အဆိုပါ အစီအစဉ်တွင် UN-Women မှ လက်ထောက်အမှုဆောင်ညွှန်ကြားရေးမှူး၊ Chair of the Committee on the Elimination of Discrimination against Women၊ Chair of the Working Group on discrimination against women နှင့် Special Rapporteur on violence against women and girls, its causes and consequences တို့က ဆွေးနွေးသူ များအဖြစ် ပါဝင်ခဲ့ပါသည်။
၃။ အပြန်အလှန် ဆွေးနွေးမှုကဏ္ဍ၌ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၅၀) ကျော်ပါဝင်၍ မိန့်ခွန်းများပြောကြားခဲ့ပြီး အမျိုးသမီးများကဏ္ဍမြှင့်တင်ရေး ဖော်ဆောင်မှုနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂမှ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားသည့် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် အထူးအစီရင်ခံစာတင်သွင်းသူတို့၏ လုပ်ဆောင်ချက်များအား အသိအမှတ်ပြုပြောကြားခြင်း၊ မျက်မှောက်ခေတ် ကမ္ဘာ့အခြေအနေများကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ အခက်အခဲများအကြားမှ အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ အခွင့်အရေးများကို ကာကွယ်မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်နေသည့် လုပ်ဆောင်ချက်များနှင့် နိုင်ငံတကာအသိုက်အဝန်းထံမှ လိုအပ်သည့် ပံ့ပိုးမှုများ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
၄။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ၎င်း၏ဆွေးနွေးမှုတွင် အောက်ပါအချက်များကို အလေးထား ဆွေးနွေးခဲ့ပါသည်-
(က) ဖိုဝါဒကြီးစိုးမှုနှင့် ပဋိပက္ခများကဲ့သို့သော တည်ဆဲကန့်သတ်ချက်များအပြင် နည်းပညာအသုံးပြု ၍ ကျား/မအခြေပြုအကြမ်းဖက်ခြင်းကဲ့သို့သော ခြိမ်းခြောက်မှုအသစ်များကြောင့် အမျိုးသမီးများ နှင့် မိန်းကလေးငယ်များအတွက် အန္တရာယ်များသည် သိသိသာသာ တိုးပွားလာလျက်ရှိကြောင်း၊
(ခ) အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ခွဲခြားဆက်ဆံမှု အဆုံးသတ်စေခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုနှင့် အန္တရာယ်ဖြစ်စေ သော လုပ်ရပ်များအားလုံး ပပျောက်စေခြင်း၊ ၎င်းတို့အား ဆုံးဖြတ်ချက်ချမှတ်သည့် နေရာများတွင် ပါဝင်ခွင့်နှင့် ဦးဆောင်မှုရရှိစေခြင်း၊ စီးပွားရေးအခွင့်အရေး တန်းတူညီမျှစွာ ရရှိစေခြင်းနှင့် နည်းပညာကဏ္ဍတွင် စွမ်းရည်မြှင့်တင်ပေးခြင်းတို့မှာ နောက်ကျကျန်နေဆဲဖြစ်ကြောင်း၊
(ဂ) အဆိုပါကမ္ဘာ့စိန်ခေါ်မှုများအား ဆွေးနွေးပြောကြားနေချိန်တွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာမူ အဟောင်းနှင့် အသစ်ဖြစ်သော ခြိမ်းခြောက်မှုများကြောင့် အန္တရာယ် ကြီးမားစွာ ကျရောက်နေကြောင်း ပြသနေသည့် ထင်ရှားသော သာဓကဖြစ်စဉ်တစ်ခု ဖြစ်ကြောင်း၊
(ဃ) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းဖြစ်ပေါ်ခဲ့သည့် မတရား စစ်အာဏာသိမ်းမှုသည် တိုးတက်မှုများအားလုံကို ဆုတ်ယုတ်စေရုံသာမက အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ကဏ္ဍရေးအား ၎င်းတို့၏ ရှင်သန်ရပ်တည်ရေးအတွက် အသက်တမျှ အရေးကြီးသည့် အခြေအနေသို့ တွန်းပို့ခဲ့ပြီဖြစ်ကြောင်း၊
(င) ကုလသမဂ္ဂမျက်နှာစာတွင် ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည့်အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ မြန်မာအမျိုးသမီးများကလည်း စစ်အာဏာရှင်များအနေဖြင့် ၎င်းတို့၏ အတွေးအခေါ်အယူအဆများကို ဘယ်သောအခါမျှ ပြောင်းလဲလာမည်မဟုတ်ကြောင်းကို သတိပေးပြောကြားခဲ့ကြောင်း၊
(စ) စစ်အာဏာရှင် စစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ်တွင် အနိုင် အရှုံး အပြတ်အသတ် ထွက်ပေါ်စေမည့် တွေးခေါ်ယူဆချက် (zero-sum game mentality) ဖြင့် ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း၊
(ဆ) အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ရှိ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ မှတ်တမ်းထုတ်ပြန်ချက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ အထိ စစ်တပ်မှ သတ်ဖြတ်ခဲ့သည့် အမျိုးသမီး အရေအတွက် ၂,၄၁၀ အထိရှိပြီး ယင်းညွှန်းကိန်းမှာ သေဆုံးသူစုစုပေါင်း၏ ၂၂.၈ ရာခိုင်နှုန်းဖြစ်ကြောင်း၊
(ဇ) ၎င်းတို့အနေဖြင့် ပဋိပက္ခတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို စစ်နည်းဗျူဟာသဖွယ် ဆက်လက်တိုးမြှင့်ကျင့်သုံးနေပြီး CEDAW နှင့် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အဆို ၁၃၂၅ အပါ အဝင် နိုင်ငံတကာစာချုပ်စာတမ်းများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိကြောင်း၊
(ဈ) စစ်တပ်အနေဖြင့် မြန်မာနိုင်ငံ ပြည်သူ့တော်လှန်ရေး၏ ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည် ပါဝင်နေသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ နိုင်ငံရေး လှုပ်ရှားမှုနှင့် တိုင်းပြည်၏ အနာဂတ် ဒီမိုကရေစီတည်ဆောက်ရေးတွင် ပါဝင်ခွင့်ရှိသည့် အခွင့်အရေးတို့ကို ချေမှုန်းရန် အတွက် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် တရားလက်လွတ် အကျဉ်းချခြင်းတို့ကို ရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်လျက်ရှိကြောင်း၊
(ည) ထို့ပြင် စစ်အုပ်စုမှ ကျူးလွန်ဆဲ ကျူးလွန်မြဲဖြစ်သည့် လေကြောင်းတိုက်ခိုက်မှုများ၊ ဗုံးကြဲ တိုက်ခိုက်မှုများ၊ ဥပဒေမဲ့စီးနင်းဝင်ရောက် တိုက်ခိုက်မှုများနှင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်စေခြင်းများကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် လူကုန်ကူးမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အဓမ္မထိမ်းမြားလက်ထပ်စေခြင်းစသည့် အန္တရာယ်များဆီသို့ တွန်းပို့ခံနေရ ကြောင်း၊
(ဋ) စစ်တပ်မှ နောက်ဆုံးကျူးလွန်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုမှာ အောက်တိုဘာလ ၆ ရက်နေ့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်း ပြည်သူများက စစ်တပ်၏ အဓမ္မတပ်သား စုဆောင်းမှုနှင့် အတုအယောင် ရွေးကောက်ပွဲအား ဆန့်ကျင် သပိတ်မှောက်သည့်အနေဖြင့် ဆီမီးများ ထွန်းညှိကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့်နေရာသို့ ပါရာမော်တာသုံး၍ ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်ပင်ဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် အရပ်သား အယောက် ၂၀ အသက်သေဆုံးခဲ့ရပြီး ပြည်သူအမြောက်အများ ပြင်းထန်စွာထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း၊
(ဌ) သို့ဖြစ်ရာ တရားခံစစ်အုပ်စုအား တာဝန်ခံမှုရှိစေရးအတွက် လုပ်ဆောင်နေသည့် မိမိတို့၏ ကြိုးပမ်း အားထုတ်မှုများကို ပံ့ပိုးပေးရန် တိုက်တွန်းလိုပါကြောင်း၊
(ဍ) တစ်ဖက်တွင်လည်း စစ်အုပ်စုက အမျိုးသမီး တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး ကာကွယ်သူများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန်၊ နောက်ယောင်ခံရန်နှင့် ခြိမ်းခြောက်ရန် နည်းပညာမြင့်မားလာသော ဒစ်ဂျစ်တယ်ပစ္စည်းများကို အသုံးချလျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် အများပြည်သူအကြား ထင်ရှားသော အမျိုးသမီး လူပုဂ္ဂိုလ်များ၏ ယုံကြည်ရသော ပုံရိပ်နှင့် ဆန္ဒတို့အား ဖျက်ဆီးရန် ကျားမအခြေပြု အရှက်ခွဲခြင်းနှင့် အွန်လိုင်း အလွဲသုံးစားပြုမှုများကို မကြာခဏ အားထားလေ့ရှိကြောင်း၊
(ဎ) သို့ဖြစ်ရာ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် အခြေအနေဆိုးရွားသော လူသားချင်းစာနာ ထောက်ထားမှု အကျပ်အတည်းအကြားတွင် ၎င်းတို့၏ သီးခြားလိုအပ်ချက်များအား လုံလောက်စွာ ဖြည့်တင်းနိုင်ခြင်းမရှိသောကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ထိရှ လွယ်မှုသည် နေ့စဉ် မြင့်တက်လာနေကြောင်း၊
(ဏ) စင်စစ်အားဖြင့် မြန်မာနိုင်ငံတွင် မတရားစစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု ဒဏ်ကို အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် ကလေးသူငယ်များက ခါးစည်းခံနေရကြောင်း၊ ၎င်းတို့ ရင်ဆိုင်နေရသည့် ဒုက္ခဆင်းရဲများသည် အကျပ်အတည်း၏ ဘေးထွက်ဆိုးကျိုးမဟုတ်ဘဲ စစ်တပ်၏ မဟာဗျူဟာတစ်ရပ်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကျားမတန်းတူညီမျှမှု ရှိရေးအတွက် လုပ်ဆောင်ချက်ကို ဒီမိုကရေစီအရေး ကြိုးပမ်းမှုနှင့် ခွဲခြား၍ မရဘဲ ယှဉ်တွဲ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊
(တ) ထို့ပြင် မိမိတို့အနေဖြင့် အမျိုးသမီးခေါင်းဆောင်များနှင့် အမျိုးသမီးအဖွဲ့အစည်းများ၏ပါဝင်မှုနှင့် ၎င်းတို့၏အသံကိုလည်း ပိုမိုကျယ်လောင်စွာထွက်ပေါ်စေရန် အားဖြည့်ပေးရမည်ဖြစ်ကြောင်း၊
(ထ) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်တွင် Gender Equality Policy အား အတည်ပြုနိုင်ခဲ့ခြင်းက မိမိတို့၏ အားစိုက်ထုတ်မှု၏ အကောင်းဆုံး သာဓကဖြစ်ကြောင်း၊
(ဒ) အမျိုးသမီးများ၏ ပြည့်ဝသော၊ တန်းတူညီမျှသော၊ အဓိပ္ပါယ်ရှိသော ပါဝင်မှုသည် ငြိမ်းချမ်းရေးအတွက် ဖြည့်စွက်တန်ဖိုးတစ်ခု မဟုတ်ဘဲ ငြိမ်းချမ်းရေး အဓွန့်ရှည်တည်တံ့ရေးအတွက် အဓိက ကျ သည့် အချက်ဖြစ်ကြောင်းကို မိမိတို့ ကောင်းစွာ သိရှိနားလည်ပါကြောင်း၊
(ဓ) ထို့ကြောင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်နှင့် ကျရှုံးနေသည့် မတရား စစ်အာဏာသိမ်းမှုတို့ အပြီးတိုင် ချုပ်ငြိမ်းရမည်ဖြစ်ကြောင်း၊ စစ်တပ်မှ ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲ ကိုလည်း ပြင်းထန်စွာ ကန့်ကွက်ရမည်ဖြစ်ကြောင်း၊ ယင်းအစား တရားမျှတ၊ ငြိမ်းချမ်း၍ တန်းတူညီမျှမှုရှိသော သာယာဝပြောသည့် အသိုက်အဝန်း ဖြစ်ပေါ်လာစေရန် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရမည်ဖြစ်ကြောင်း၊
(န) ယင်းမှာ နိုင်ငံတကာအသိုက်အဝန်းအပေါ် မိမိတို့ ပြည်သူများ၏ တောင်းဆိုချက်နှင့် မိမိတို့ အမျိုး သမီးများနှင့် မိန်းကလေးငယ်များ၏ တောင်းဆိုချက်တို့ပင်ဖြစ်ကြောင်း။
(အချိန် အကန့်အသတ်ကြောင့် အချို့အချက်အလက်များ ကို ချန်လှပ်ပြောကြားခဲ့ရပါသည်။)
၅။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် ဆွေးနွေးချက် အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eightieth Session of the UN General Assembly
on Advancement of Women Agenda
(New York, 10 October 2025)
Mr. Chair,
At the outset, I wish to thank the Secretary-General for his reports under this agenda item.
I also thank the briefers today for their insightful remarks.
Mr. Chair,
Today, we are gathered to advance the unfinished business of gender equality.
The global normative framework has defined the role of women and girls as change-makers and peace-builders.
Yet, 10 years since the adoption of the SDGs, Goal 5 remains one of the most off-track, and women and girls continue to face tremendous challenges in making effective use of their roles.
Risks are dramatically increasing from both the pre-existing constraints such as patriarchy and conflicts and new threats such as the technology-facilitated gender-based violence.
Ending discrimination, eliminating all forms of violence and harmful practices against all women and girls, ensuring their participation and leadership at all levels of decision-making, giving them equal economic rights and empowering them in the technology sector are still lagging.
While we speak of global challenges, the reality in Myanmar serves as a stark and urgent testament to this catastrophic convergence of old and new threats.
The illegal military coup in February 2021 has halted all progress and is now making the advancement of women and girls a matter of survival.
Many Myanmar women CSO who spoke at the UN reminded us that the military dictators have never changed their mindsets.
The military junta has been committing atrocities against the people with zero-sum game mentality.
According to the Ministry of Women, Youth and Children Affairs of the NUG, 2,410 women have been killed by the junta and women’s fatality counts 22.8 percent of the total, for the period February 2021 to August 2025.
They continuously intensify the systemic use of CRSV as a tactic of war and are blatantly violating international instruments, including CEDAW and UNSCR 1325.
Mass arrests, torture, and unjust imprisonment have been deliberately employed by the junta on the women and girls who take part at the forefront of our revolution to crush their political participation and remove their rightful place in the nation’s democratic future.
Moreover, the junta’s ongoing aerial attacks, arson attacks, illegal raids and displacement have pushed women and girls at extreme risk of trafficking, sexual violence and forced marriages.
The recent heinous crime committed by the military junta was the aerial attack on a crowd gathered in Chaung U Township, Sagaing Region, on the Buddhist religious day of 6 October for peaceful candle light vigil protest against the forced conscription and the junta’s scam election, killing over 20 people including women. It was not an isolated case.
I urge you to support our efforts to hold the perpetrating military junta accountable.
Advanced digital tools have also been used by the junta to monitor, track and intimidate women activists and human rights defenders. They often leverage gendered humiliation and online abuse against prominent female figures to destroy their credibility and break their will.
Furthermore, women and girls’ vulnerability are growing each day amidst the dire humanitarian crisis in Myanmar, especially due to the lack of adequate access to their specific needs.
In conclusion, women, girls and children in Myanmar bear the brunt of the illegal coup and the junta’s atrocities. Their suffering is not a side effect of the crisis; it is central to the junta’s strategy. Therefore, the global push for gender equality in Myanmar cannot be separated from the fight for democracy.
We must also elevate and amplify the voices and participation of the women leaders and organizations.
The NUG has been working hard on its part and the Gender Equality Policy approved in 2024 is the strongest proof to our endeavour.
We are fully aware that the full, equal, and meaningful participation of women is not an optional add-on to peace; it is the determining factor for whether peace lasts.
The military dictatorship and the failing coup must end. The junta’s planned scam election must also be categorically rejected, and a federal democratic union must be established for a just, peaceful, equal and prosper society in Myanmar.
This is our people’s call to action and our women and girls’ ultimate call to the international community.
I thank you.
*****








