Intervention by Ambassador Kyaw Moe Tun, at the Interactive Discussion with the Special Rapporteur on Right to Education, in the Third Committee at the Eightieth Session of the UN General Assembly
- Myanmar Mission To UN
- 15 minutes ago
- 5 min read



Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Interactive Discussion with the Special Rapporteur on Right to Education, in the Third Committee at the Eightieth Session of the UN General Assembly, held on 24 October 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် ပညာသင်ကြားခွင့် ခေါင်းစဉ်ဖြင့် အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန် ဆွေးနွေးပြောကြားမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း က
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ စစ်အုပ်စုက မတရားစစ်အာဏာသိမ်းခဲ့ပြီးနောက် ရက်စက် ကြမ်းကြုတ်မှုများကို ကျူးလွန်လျက်ရှိသောကြောင့် ပညာရေးကဏ္ဍ ပြိုလဲလာသည်ကို တွေ့မြင်နေရ၊
စစ်အုပ်စုမှ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့် စစ်မက်လှုပ်ရှားမှုတွင် ဆရာ၊ ဆရာမများနှင့် ကျေားင်းသူ၊ ကျောင်းသားများအား တရားလက်လွတ် ဖမ်းဆီး ချုပ်နှောင်ခြင်းနှင့် ထောင်ချခြင်း၊ စစ်အုပ်စုက စာသင်ကျောင်းများကို သိမ်းယူခြင်း၊ ကျောင်းအဆောက်အအုံများကို စစ်စခန်းများအဖြစ် အသုံးချခြင်းနှင့် စာသင်ကျောင်းများအား တိုက်ခိုက်ခြင်းတို့ကိုလည်း ကြိမ်ဖန်များစွာ လုပ်ဆောင်လျက်ရှိ၊
နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ကလေးသူငယ်များအနေဖြင့်လည်း ဗုံးခိုကျင်းများ သို့မဟုတ် ရွှေ့ပြောင်းနိုင်သည့် စာသင်စခန်းများတွင် ကြားကုတ်ကြားခဲ ပညာသင်ကြားနေရ၊
အမျိုးသားညီညွတ်ရေးအစိုးရက ကျောင်းသူကျောင်းသားများအတွက် အွန်လိုင်းနှင့် ဗဟိုချုပ်ကိုင်မှု မရှိသည့် စာသင်ကျောင်းများ အပါအဝင် ယုံကြည်စိတ်ချရသည့် ယှဉ်ပြိုင် ပညာရေးစနစ်များကို တည်ဆောက်ရန် ကြိုးပမ်းနေ၊ ဘေးကင်းလုံခြုံသော၊ အားလုံးပါဝင်သော၊ အထူးသဖြင့်
ကြီးမားသည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရသည့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ
စာသင်သားများနှင့် မသန်စွမ်း ကလေးသူငယ်များ လွယ်ကူစွာ သင်ကြားခွင့်ရနိုင်သော ပညာရေးစနစ်အား ဖော်ဆောင်ပေးရန် ဦးစားပေးဆောင်ရွက်လျက်ရှိ၊ ဘေးကင်းလုံခြုံသောကျောင်းများ လှုပ်ရှားမှုကို စတင်ဖော်ဆောင်နေပြီဖြစ်၊
ကြီးလေးသော ရာဇဝတ်မှုများအား ကျူးလွန်သည့်ရာဇဝတ်သားများကို တာဝန်ခံမှု ရှိစေရမည်၊
စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ မတရားစစ်အာဏာသိမ်းမှုတို့ အပြီးတိုင် ချုပ်ငြိမ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်)
၁။ ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) တွင် ပညာသင်ကြားခွင့် (Right to Education) ခေါင်းစဉ်ဖြင့် အပြန်အလှန် ဆွေးနွေးပြောကြားမှု အစီအစဉ်ကို ၂၄-၁၀-၂၀၂၅ ရက် (သောကြာနေ့)၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ပါသည်။
၂။ အဆိုပါအစီအစဉ်တွင် Special Rapporteur on the right to education, Ms. Farida SHAHEED က ၎င်း၏ အစီရင်ခံစာအပေါ် အဓိကအခြေခံ၍ ပဋိပက္ခတွင်းပညာသင်ကြားခွင့်နှင့်ဆက်စပ်၍ ကလေးသူငယ်များ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ပြောကြားကာ နိုင်ငံများအနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေတို့အား လေးစားလိုက်နာခြင်းဖြင့် ပညာသင်ကြားခွင့်အား မြှင့်တင်ကာကွယ်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၂၅) ခန့်မှ ပါဝင်၍ ဆွေးနွေးခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် ဆွေးနွေးမှုတွင် အောက်ပါအချက်များ အဓိကပါဝင် ပါသည်-
(က) မိမိတို့အနေဖြင့် အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာပါ ပဋိပက္ခများအတွင်း ပညာ သင်ကြားခွင့်နှင့်စပ်လျဉ်း၍ အခြေခံယူဆချက်အား သဘောတူညီ၊ ထောက်ခံပါကြောင်း၊
(ခ) မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ စစ်အုပ်စုက မတရား စစ်အာဏာသိမ်းခဲ့ပြီးနောက် ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်လျက်ရှိသောကြောင့် ပညာရေးကဏ္ဍ ပြိုလဲလာသည်ကို တွေ့မြင်နေရကြောင်း၊
(ဂ) သို့ဖြစ်ပါ၍ အထူးအစီရင်ခံစာတင်သွင်းသူမှ ပညာသင်ကြားခွင့်အား အရေးပေါ်ကာလများတွင်ပါ “အသက်ကယ်အခွင့်အရေး၊ ကာကွယ်မှုအစီအစဉ်နှင့် ရေရှည်ငြိမ်းချမ်းရေးအတွက် မဟာဗျူဟာ ကျသည့်ရင်းနှီးမြှုပ်နှံမှုဖြစ်သည်”ဟု ထုတ်ဖော်ထားသည့်အဆိုအား အပြည့်အဝထောက်ခံပါကြောင်း၊
(ဃ) မိမိတို့နိုင်ငံသည် စစ်အုပ်စုမှ ကျူးလွန်သောစစ်မက်များအကြား ရုန်းကန်နေရသည့်အားလျော်စွာ ပညာရေးစနစ်များတိုက်ခိုက်ခံနေရသည့်အခင်းအကျင်းများကို စာနာနားလည်သကဲ့သို့ ပညာရေးကဏ္ဍအား စနစ်တကျတိုက်ခိုက်နေသည့် လက်ခံနိုင်ဖွယ်မရှိသော အခင်းအကျင်းများအတွက်လည်း အလွန်စိုးရိမ်မိကြောင်း၊
(င) မြန်မာနိုင်ငံတွင် မတရားစစ်အာဏာသိမ်းခဲ့သည့်အချိန်မှ စတင်၍ စစ်အုပ်စုက ပညာရေးစနစ်ကို လက်နက်သဖွယ် အသုံးချလျက်ရှိကြောင်း၊ ထို့အပြင် သင်ကြားရေး အဆောက်အဦများကိုလည်း ပဋိပက္ခဇုန်များနှင့် ၎င်းတို့၏ ဝါဒမှိုင်းသွပ်သွင်းရေးနေရာများအဖြစ်သို့ ပြောင်းလဲလျက်ရှိကြောင်း၊
(စ) စစ်အုပ်စုမှ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့် စစ်မက်လှုပ်ရှားမှုတွင် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု၌ ပါဝင်နေသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများအား တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ထောင်ချခြင်းတို့ ပါဝင်ကြောင်း၊ ထို့အတူ စစ်အုပ်စုက စာသင်ကျောင်းများကို သိမ်းယူခြင်း၊ ကျောင်းအဆောက်အအုံများကို စစ်စခန်းများအဖြစ် အသုံးချခြင်းနှင့် စာသင်ကျောင်းများအား တိုက်ခိုက်ခြင်းတို့ကိုလည်း ကြိမ်ဖန်များစွာ လုပ်ဆောင်လျက်ရှိကြောင်း၊
(ဆ) တစ်ဖက်တွင်လည်း စစ်အုပ်စုက လူငယ်လူရွယ် ယောက်ျားလေး၊ မိန်းကလေးများကို အဓမ္မ တပ်သားစုဆောင်းကာ အတင်းအကျပ် လက်နက်ကိုင်ဆောင်စေပြီး လူသားဒိုင်းများအဖြစ် အသုံးချကာ ရှေ့တန်းများသို့ ပို့ဆောင်ပြီးလျှင် အသက် သေဆုံးစေလျက်ရှိကြောင်း၊
(ဇ) ယခုအခါ လူငယ် ၁၀ ဦးလျှင် ၄ ဦးနှုန်းဖြင့် ပြည်တွင်းမှ စွန့်ခွာရွှေ့ပြောင်းနေပြီး ကျောင်းနေအရွယ် ကလေး ၄၇ ရာခိုင်နှုန်းသာ ကျောင်းတက်ရောက်လျက်ရှိကြောင်း၊ ၇ သန်းခန့်သော ကျောင်းနေအရွယ် ကလေးသူငယ်များအနေဖြင့် ကျောင်းထွက်ထားသောကြောင့် မျိုးဆက်တစ်ခုစာကို ဆုံးရှုံး ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း၊
(ဈ) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ် သြဂုတ်လအထိ ကလေးသူငယ် အယောက်ပေါင်း ၁,၂၀၀ ကျော်နှင့် လူငယ်အယောက်ပေါင်း ၂,၅၀၀ ကျော်မှာ စစ်အုပ်စု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဖြစ်ကြောင်း၊ UNICEF ၏ ထုတ်ပြန်ချက်အရ ၆.၃ သန်းသော ကလေးသူငယ်များမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီများကို အရေးပေါ်လိုအပ်လျက်ရှိကြောင်း၊ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည့် ကလေးသူငယ်များအနေဖြင့်လည်း ဗုံးခိုကျင်းများ သို့မဟုတ် ရွှေ့ပြောင်းနိုင် သည့် စာသင်စခန်းများတွင် ကြားကုတ်ကြားခဲ ပညာသင်ကြားနေရကြောင်း၊
(ည) သို့သော် စစ်အုပ်စုက ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲကို ပြုလုပ်ရန် ပြင်ဆင်နေပြီး မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်နှင့်အမျှ တိုးချဲ့လုပ်ဆောင်နေကြောင်း၊
(ဋ) ကလေးသူငယ်များအနေဖြင့် စစ်အုပ်စုမှ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို ယခင် ကတည်းက ခါးစည်းခံနေရသည့်အပြင် ယခုအခါ စစ်အုပ်စု၏ လုပ်ရပ်များကြောင့် ၎င်းတို့၏ အသက်ရှင်သန်ရေး၊ သာယာဝပြောမှုနှင့် ပညာသင်ကြားခွင့်တို့အတွက် အကြောက်တရားဖြင့်ပါ နေထိုင်နေရကြောင်း၊
(ဌ) ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အထူးသဖြင့် ပညာရေးဝန်ကြီးဌာနက ကလေးသူငယ် များ ပညာဆက်လက်ဆည်းပူးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းလျက်ရှိကြောင်း၊
(ဍ) မိမိတို့အနေဖြင့် ကျောင်းသူကျောင်းသားများအား စစ်အုပ်စု၏ ဖိနှိပ်ချုပ်ချယ်သည့် ပညာရေး စနစ်အစား အခြားရွေးချယ်ခွင့် ရှိစေနိုင်ရေးအတွက် အွန်လိုင်းနှင့် ဗဟိုချုပ်ကိုင်မှု မရှိသည့် စာသင် ကျောင်းများအပါအဝင် ယုံကြည်စိတ်ချရသည့် ယှဉ်ပြိုင်ပညာရေးစနစ်များကို တည်ဆောက်ရန် ကြိုးပမ်းနေကြောင်း၊
(ဎ) မိမိတို့၏ မဟာဗျူဟာတွင် ဘေးကင်းလုံခြုံသော၊ အားလုံးပါဝင်သော၊ အထူးသဖြင့် ကြီးမား သည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရသည့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ စာသင်သား များနှင့် မသန်းစွမ်း ကလေးသူငယ်များ လွယ်ကူစွာ သင်ကြားခွင့်ရနိုင်သော ပညာရေးစနစ်အား ဖော်ဆောင်ပေးရန် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေ ဖြင့် ဘေးကင်းလုံခြုံသောကျောင်းများ လှုပ်ရှားမှုကို စတင်ဖော်ဆောင်နေပြီဖြစ်ကြောင်း၊
(ဏ) စစ်အုပ်စုမှ ပညာရေးအား ရည်ရွယ်ချက်ရှိစွာ ပျက်စီးစေရန် လုပ်ဆောင်နေခြင်းနှင့် သင်ကြားရေးအဆောက်အဦများအား စစ်ရေးရည်မှန်းချက်များအတွက် တိုးမြှင့်အသုံးချလာခြင်းတို့မှာ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေတို့အား ကြီးလေးစွာ ချိုးဖောက်ရာရောက်ပြီး မျိုးဆက်တစ်ခုလုံး၏ ဂုဏ်သိက္ခာနှင့် အနာဂတ်တို့အား ဓားပြတိုက်ယူရာရောက်ကြောင်း၊
(တ) ထိုသို့ ကြီးလေးသော ရာဇဝတ်မှုများအား ကျူးလွန်သည့် ရာဇဝတ်သားများကို တာဝန်ခံမှု ရှိစေရမည်ဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ မတရားစစ်အာဏာသိမ်းမှုတို့ အပြီးတိုင် ချုပ်ငြိမ်းရမည်ဖြစ်ကြောင်း၊
(ထ) နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုအား စာသင်ကျောင်းများကို စစ်စခန်းများအဖြစ် အသုံးချနေခြင်းအား ရပ်တန့်စေရေးနှင့် မိမိတို့ လူငယ်များ၏ အသက်အိုးအိမ်နှင့် အနာဂတ် တို့အား ခိုးယူနေသည့် အဓမ္မ တပ်သားစုဆောင်းမှုအား ရပ်တန့်စေရေး တောင်းဆိုပေးရန်နှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ အပါအဝင် အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ကျူးလွန်စေရန် လိုင်စင်ပေးအပ်ရာရောက်မည့် ၎င်းတို့ ပြင်ဆင်နေသော အတုအယောင် ရွေးကောက်ပွဲအား ငြင်းပယ်ကန့်ကွက်ရန် တိုက်တွန်းတောင်းဆို လိုပါကြောင်း၊
(ဒ) မိမိတို့၏ ဒီမိုကရေစီ အင်အားစုများ၊ အထူးသဖြင့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု တွင် ပါဝင်နေကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသား၏ သန္နိဋ္ဌာန်အပေါ် အခြေပြုတည်ဆောက်ထားသည့် မိမိတို့၏ ကြံ့ကြံ့ခံနိုင်စွမ်းက ပညာဆည်းပူးလိုသည့် စိတ်ဆန္ဒ အား မည်သို့မျှ တိုက်ဖျက်၍မရကြောင်းကို အထင်အရှားပင် သက်သေထူနေပါကြောင်း၊
(ဓ) သို့ဖြစ်ပါ၍ အဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်များအနေဖြင့် အထူးအစီရင်ခံစာတင်သွင်းသူ၏ အကြံပြုချက်များအား အကောင်အထည်ဖော်နိုင်ရေး ပံ့ပိုးပေးရန်နှင့် ပဋိပက္ခဖြစ်ပွားနေစဉ်အတွင်း ၌ပင်ဖြစ်စေကာမူ ကလေးသူငယ်တစ်ယောက်ချင်းစီတိုင်း၏ ပညာသင်ကြားခွင့်အား လုံခြုံစွာ ကာကွယ်စောင့်ရှောက်နိုင်ရေး စုပေါင်းလုပ်ဆောင်ကြရန် တိုက်တွန်းပါကြောင်း။
(အချိန်အကန့်အသတ်ကြောင့် အချို့အချက်များအား ချန်လှပ်ပြောကြားခဲ့ရပါသည်။)
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် ဆွေးနွေးချက်အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the
Interactive Discussion with the Special Rapporteur on Right to Education, in the Third Committee at the Eightieth Session of the UN General Assembly
(New York, 24 October 2025)
Mr. Chair,
We thank the Special Rapporteur Ms. Farida Shaheed for her pivotal report. We concur unequivocally with the report’s foundational premise.
Due to the illegal military coup in February 2021 and the junta’s atrocities, we have witnessed the tragic collapse of the education sector in our country.
Therefore, we cannot agree more with her statement that “the right to education isa life-saving right, a protective measure, and a strategic investment in long-term peace, which remains fully applicable during emergencies”.
From the perspective of a country struggling with conflicts waged by the military junta, we empathize with the education systems being targeted and are deeply alarmed by the "scholasticide" phenomenon, as described by the Special Rapporteur.
Since the illegal coup, the junta has weaponized the education system, transforming institutions of learning into sites of conflict and indoctrination. Their deliberate campaign of terror includes arbitrarily detaining and imprisoning teachers and students who participate in the Civil Disobedience Movement, and repeatedly occupying schools, turning school facilities into military operational bases and attacking such infrastructure.
They are also employing forced conscription on young men and women, forcing them to hold weapons, serve as human shields or die during fights.
Around four in ten young people with tertiary qualifications are migrating. Only 47 per cent of school-aged children are currently enrolled, leaving nearly 7 million children out of school and facing a lost generation.
From February 2021 to August 2025, over 1,200 children and 2,500 young people were killed by the junta. According to the UNICEF, 6.3 million children are in need of humanitarian assistance. Many of those displaced have been barely managing to continue their education in bunkers or makeshift camps.
Yet, ahead of their planned sham elections, the junta has intensified the use of indiscriminate airstrikes on a daily basis.
Therefore, while children have already been bearing the burden of the junta’s atrocities, they are constantly living in fear for their lives, well-being, as well as their right to education.
Against this backdrop, the National Unity Government, particularly the Ministry of Education, is fighting tirelessly to ensure educational continuity.
We are working to establish credible parallel education systems, including online and decentralized schooling, to coordinate resistance efforts and provide a legitimate, democratic alternative to the military's oppressive system.
Our strategy prioritizes the immediate and continuous delivery of safe, inclusive, and accessible learning, especially for displaced learners, children with disabilities, and girls, who face the highest risks. Therefore, the NUG has launched the safe school campaign
Mr. Chair, Madam Rapporteur,
It is obvious that the junta’s deliberate disruption, along with the rising military use of educational facilities, constitutes a grave violation of international human rights law and international humanitarian law, robbing entire generations of their dignity and future.
Perpetrators of gross violations must be accountable. The military dictatorship and its unlawful military coup must end.
We urge you to demand an immediate end to the use of schools as military bases, the cessation of the junta’s forced conscription, which is stealing the lives and futures of our youth, and to reject the junta’s planned sham election which will provide an open license to the military for committing further atrocities against civilians including teachers and students.
Our resilience, built on the dedication of our democratic forces, especially the CDM teachers and students, proves that the spirit of learning cannot be crushed.
We call upon all Member States and partners to support the implementation of the Special Rapporteur's recommendations and work collectively to safeguard every child’s right to learn, even amidst conflict.
I thank you.
*****









