Intervention by Ambassador Kyaw Moe Tun, at the Interactive Discussion on Right to Freedom of Opinion and Expression, in the Third Committee at the Eightieth Session of the UN General Assembly
- Myanmar Mission To UN
- 16 hours ago
- 4 min read



Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Interactive Discussion on Right to Freedom of Opinion and Expression, in the Third Committee at the Eightieth Session of the UN General Assembly, held on 22 October 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် လွတ်လပ်စွာ ထင်မြင်ချက်ပေးခွင့်နှင့် ထုတ်ဖော်ပြောကြားခွင့်နှင့်စပ်လျဉ်း၍အပြန်အလှန် ဆွေးနွေးပြောကြားမှု အစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်သည် ဒီမိုကရေစီ၏ မှတ်ကျောက်တစ်ခုဖြစ်၊
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရားစစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့သောကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်ကဲ့သို့သော လူ့အခွင့်အရေး၏သွေးကြောအခွင့်အရေးများမှာ စနစ်တကျ ဖောက်ဖျက်၊ ချိုးဖောက်ခံနေရ၊
သတင်းထောက်များအနေဖြင့် ထိပါးနှောင့်ယှက်ခံရခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊
အကြမ်းဖက်ခံရခြင်းနှင့် တခါတရံ အသက်သေဆုံးသည်အထိ ကြုံတွေ့နေရ၊
စစ်အုပ်စုက “ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အမည်ခံဥပဒေတစ်ရပ်ကိုလည်း ယခုနှစ် ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့ပြီး ထောင်ဒဏ်မှသည် သေဒဏ်အထိ ကြီးလေးသော ပြစ်ဒဏ်များပါဝင်၊ လူအများအပြားမှာ ယင်းအမည်ခံ ဥပဒေအောက်မှ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရခြင်း သို့မဟုတ် ဖမ်းဆီးခံရခြင်းများရှိ၊ အကြောင်းမှာ ပြည်သူလူထုအပေါ် အကြောက်တရား ရိုက်ထည့်ရန်ရည်ရွယ်ခြင်းဖြစ်၊
မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထင်မြင်ချက်ပေးခွင့်နှင့် ထုတ်ဖော် ပြောကြားခွင့်တို့ အပါအဝင် အခြေခံ လူ့အခွင့်အရေးများ ပြန်လည် အသက်သွင်းရန် စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့ အကျိုးခံစားနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုပါ မဖြစ်မနေ အပြီးတိုင်ချုပ်ငြိမ်းစေရမည်ဖြစ်ပြီး
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအား တည်ထောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်)
၁။ ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) တွင် လွတ်လပ်စွာ ထင်မြင်ချက်ပေးခွင့်နှင့် ထုတ်ဖော်ပြောကြားခွင့် (Freedom of Opinion and Expression) နှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်ကို ၂၂-၁၀-၂၀၂၅ ရက်(ဗုဒ္ဓဟူးနေ့)၊ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပါသည်။
၂။ အဆိုပါ အစီအစဉ်တွင် Special Rapporteur on the promotion and protection of the right to freedom of opinion and expression, Ms. Irene KHAN က အွန်လိုင်းလွတ်လပ်ခွင့်ကို အဓိကအခြေခံလျက် ပုဂ္ဂလိက ဒစ်ဂျစ်တယ်ကုမ္ပဏီများ၏ ချယ်လှယ်မှု ကြီးထွားလာခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ၊ လူ့အခွင့်အရေးနှင့် သွေဖည်နေမှုတို့ကို ထောက်ပြကာ နိုင်ငံတကာစံနှုန်းများအား လေးစားရန်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်အား လက်နက်သဖွယ်အသုံးပြုခြင်းမှ ရှောင်ကြဉ်ရန်၊ အဆင့်မြင့်ဉာဏ်ရည်တုအား စည်းဘောင်များ လွတ်ကင်း၍ အသုံးမပြုဘဲ လူဗဟိုပြု လူ့အခွင့်အရေးအခြေခံသည့် ချဉ်းကပ်မှုဖြင့် အသုံးချရန် စသည်ဖြင့် အကြံပြု ဆွေးနွေးခဲ့ပါသည်။
၃။ ၎င်း၏ ဆွေးနွေးမှုအပြီးတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၃၀) ခန့်မှပါဝင်၍ ဆွေးနွေးခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း လည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ ဆွေးနွေးမှုတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည် -
(က) လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်သည် ဒီမိုကရေစီ၏ မှတ်ကျောက်တစ်ခုဖြစ်ပြီး လူသား တိုင်းကို သတင်းအချက်အလက်များ ကြောက်ရွံ့ထိတ်လန့်မှုမရှိ လက်ခံ၊ ပေးပို့ခွင့်ရှိစေကြောင်း၊ ယင်းမှာ သတင်းအမှားများနှင့် အမုန်းတရားပြန့်ပွားမှုများ တိုက်ဖျက်ရေးအတွက်လည်း အဓိက ကျကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်အား ဖိနှိပ်ပါက ဒီမိုကရေစီနည်းကျ ဖွဲ့စည်း တည်ဆောက်ထားသည့် ယန္တရားများ ပြိုလဲနိုင်ပြီး လူ့အခွင့်အရေးအား ကြီးလေးစွာ ထိပါး ပျက်စီးစေမည်သာဖြစ်ကြောင်း၊
(ခ) သို့ရာတွင် မျက်မှောက်ကမ္ဘာတွင် ဥပဒေရေးရာ ဖြိုခွင်းမှုများ၊ အစိုးရများမှ စောင့်ကြည့် ထောက်လှမ်းမှုများ ပြုလုပ်ခြင်းနှင့် သတင်းထောက်များအပေါ် တိုးမြှင့်ခြိမ်းခြောက်လာခြင်းတို့ ကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်မှာ အကျပ်အတည်းအတွင်း ကျရောက်နေကြောင်း၊
(ဂ) မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့်အကျပ်အတည်းက ယင်းအဆိုအား အထူးထင်ဟပ်စေကြောင်း၊
(ဃ) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရား စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့သောကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကဲ့သို့သော လူ့အခွင့်အရေး၏ သွေးကြောအခွင့်အရေးများမှာ စနစ်တကျ ဖောက်ဖျက်၊ ချိုးဖောက်ခံနေရကြောင်း၊
(င) အာဏာသိမ်း စစ်အုပ်စုသည် လူ့အခွင့်အရေး ကြေညာစာတမ်းကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုသည့်အပြင် လွတ်လပ်စွာ ထင်မြင်ချက်ပေးခွင့်နှင့် ထုတ်ဖော်ပြောကြားခွင့်တို့အား ချိုးဖောက်နေပြီး အသက်သေစေနိုင်သည့် လက်နက်များဖြင့် အမှန်တရားကို ဆိတ်သုဉ်းစေလျက် ရှိကြောင်း၊
(စ) ၎င်းတို့၏ လက်အောက်တွင် သတင်းထောက်များအနေဖြင့် ထိပါးနှောင့်ယှက်ခံရခြင်း၊ ဖမ်းဆီး ထိန်းသိမ်းခံရခြင်း၊ အကြမ်းဖက်ခံရခြင်းနှင့် တခါတရံ အသက်သေဆုံးသည်အထိ ကြုံတွေ့နေရ ကြောင်း၊
(ဆ) စစ်အုပ်စုက အွန်လိုင်းဝက်ဘ်ဆိုဒ်များကို ပိတ်ပင်ထားပြီး အင်တာနက်ကိုလည်း ဖြတ်တောက် ထားကာ အွန်လိုင်းလှုပ်ရှားမှုများကို စောင့်ကြည့်ထောက်လှမ်းသည့် စနစ်များပင် တွင်တွင် ကျယ်ကျယ် တပ်ဆင်အသုံးပြုနေကြောင်း၊ ထို့ပြင် စစ်အုပ်စုအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဝေဖန်သူများအား ဖမ်းဆီးနိုင်မည့် တိကျမှုမရှိဘဲ ကန့်သတ်သည့် ဥပဒေများကိုလည်း ထုတ်ပြန်ထားကြောင်း၊
(ဇ) ထို့အတူ သတင်းအချက်အလက်များအား ထိန်းချုပ်ရန် ဒစ်ဂျစ်တယ် အာဏာရှင်စနစ်အား ကျင့်သုံးနေပြီး လွတ်လပ်သော သတင်းဌာနများကိုလည်း ပိတ်ဆို့ထားကြောင်း၊ ယင်းအစား ၎င်းတို့ ကျူးလွန်းသည့် ရက်စက်ကြမ်းကြုတ်မှုများအား ဖုံးကွယ်ပေး၍ ဒီမိုကရေစီ အားပေးသည့်အသံများအား နှောင့်ယှက်၊ ထိပါး၊ လက်တုံ့ပြန်နိုင်ရန် ၎င်းတို့ကိုယ်စား သတင်းအမှား ဖြန့်ချိပေးမည့် သတင်းဌာနများ ဖွင့်လှစ်ထားကာ ဝါဒဖြန့်ချိပေးမည့် လူပုဂ္ဂိုလ်များကိုလည်း ခန့်အပ်တာဝန်ပေးထားကြောင်း၊
(ဈ) သို့ဖြစ်ရာ လက်ရှိအနေအထားတွင် စစ်အုပ်စုအားဝေဖန်သည့် မည်သူမဆို သို့မဟုတ် ဒီမိုကရေစီ အရေး ထောက်ခံသူများအနေဖြင့် ထောင်ဒဏ်နှင့် အကြမ်းဖက်မှုတို့နှင့် ရင်ဆိုင်ရနိုင်သည့် အန္တရာယ် မြင့်မားလျက်ရှိကြောင်း၊
(ည) တစ်ဖက်တွင်လည်း စစ်အုပ်စုက “ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ” အမည်ခံ ဥပဒေတစ်ရပ်ကိုလည်း ယခုနှစ် ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့ပြီး ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲအား တရားဝင်မှု ရှိစေရန် အသုံးချလျက်ရှိကြောင်း၊
(ဋ) အဆိုပါ အမည်ခံဥပဒေတွင် ထောင်ဒဏ်မှသည် သေဒဏ်အထိ ကြီးလေးသော ပြစ်ဒဏ်များ ပါဝင်ပြီး လူအများအပြားမှာ ယင်း အမည်ခံဥပဒေအောက်မှ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရခြင်း သို့မဟုတ် ဖမ်းဆီးခံရခြင်းများရှိကြောင်း၊ အကြောင်းမှာ ပြည်သူလူထုအပေါ် အကြောက်တရား ရိုက်ထည့်ရန်ဖြစ်ကြောင်း၊
(ဌ) ထို့ကြောင့် စစ်အုပ်စုမှ ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် မည်သို့မျှ လွတ်လပ်၍ မျှတမှုရှိကာ အားလုံးပါဝင်မှုရှိနိုင်မည့် အလားအလာမရှိကြောင်းကို ကောင်းစွာ ပြသေပေးနေကြောင်း၊
(ဍ) တစ်နည်းအားဖြင့်ဆိုသော် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထင်မြင်ချက်ပေးခွင့်နှင့် ထုတ်ဖော်ပြော ကြားခွင့်တို့အပါအဝင် အခြေခံ လူ့အခွင့်အရေးများ ပြန်လည်အသက်သွင်းရန် စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့ အကျိုးခံစားနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုပါ မဖြစ်မနေ အပြီးတိုင် ချုပ်ငြိမ်းစေရမည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအား တည်ထောင်ရမည်ဖြစ်ကြောင်း၊
(ဎ) မိမိတို့ပြည်သူများအနေဖြင့် စစ်အာဏာရှင်အား ဆန်းသစ်သော၊ အကြမ်းမဖက်သော နည်းလမ်း အမျိုးမျိုးတို့ဖြင့် ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ကြောင်း၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု၊ အထင်ကရဖြစ်သော ဆန္ဒထုတ်ဖော်မှုများနှင့် အွန်လိုင်းတက်ကြွမှု တို့မှာ အချို့သော သာဓကများဖြစ်ကြောင်း၊ သတင်းထောက်များကလည်း နိုင်ငံရပ်ခြားမှနေ၍ လည်းကောင်း သို့မဟုတ် မြေအောက်လှုပ်ရှားမှု ပုံစံတို့ဖြင့်လည်းကောင်း စစ်အုပ်စု ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ထုတ်ဖော်လျက် ရှိကြောင်း၊
(ဏ) မြန်မာပြည်သူများအနေဖြင့် ၎င်းတို့၏ မယိုင်မနဲ့သော ကတိကဝတ်နှင့် သန္နိဋ္ဌာန်တို့အား မချွင်း မချန် ရှင်းလင်းမြင်သာစွာ ထုတ်ဖော်ပြသခဲ့ပြီးဖြစ်သောကြောင့် နိုင်ငံတကာအနေဖြင့်လည်း မိမိတို့ ပြည်သူများအား ခိုင်ခိုင်မာမာ ကူညီပံ့ပိုးအားဖြည့်ပေးရန်နှင့် စစ်အုပ်စုအပေါ် ပေါင်းစည်း ညီညွတ်မှုရှိသော၊ ပြင်းထန်ထိရောက်သော လုပ်ဆောင်ချက်များ ချမှတ် အကောင်အထည်ဖော် လုပ်ဆောင်ရန် တောင်းဆိုလိုပါကြောင်း။
(အချိန်ကန့်သတ်ချက်ရှိသဖြင့် အချို့အချက်များကို ချန်လှပ်ပြောကြားခဲ့ရပါသည်။)
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်ဆွေးနွေးချက်အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations,
at the Interactive Discussion on Right to Freedom of Opinion and Expression, in the Third Committee at the Eightieth Session of the UN General Assembly
(New York, 22 October 2025)
Mr. Chair,
Myanmar thanks the Special Rapporteur for her report.
Freedom of expression is a cornerstone of democracy, enabling every individual to seek, receive, and impart information without fear. It is a vital tool against misinformation and hatred. Suppressing this right leads to the collapse of democratic institutions and severely jeopardizes human rights.
Unfortunately, freedom of expression is in crisis globally today due to legislative crackdowns, government surveillance and increasing threats against journalists.
The crisis is acute in Myanmar. The illegal military coup in February 2021 triggered immediately the systematic violation of these essential rights.
The junta has been disregarding the UDHR and flagrantly violating the right to freedom of opinion and expression, silencing truth using lethal forces.
Reporters face harassment, detention, violence and sometime even death. Websites have been blocked, internet shut down and extensive surveillance employed to monitor and control online activity. Vague and restrictive laws have been put into place to prosecute individuals who criticize the junta openly or obliquely.
A digital dictatorship has been imposed to control information and many independent media outlets have been banned. On the other hand, the junta simultaneously employs its media channels and institutions, and even individuals for propaganda, misinformation and disinformation to cover up its atrocities and to harass and intimidate pro-democracy voices.
Consequently, individuals criticizing the junta or supporting democratic movements face a high risk of imprisonment and violence.
Furthermore, the junta issued so-called Law on the Protection of Multiparty Democratic General Elections from Obstruction, Disruption, and Destruction in July this year as a tool to legitimize their planned sham elections.
It contains extreme penalties with imprisonment and even death penalty, many people have been either sentenced to long-year imprisonments or arrested for expression of their views related to the election to set an example and instill public fear.
Therefore, the junta’s plan for sham and scam elections again demonstrates incapability of being free, fair, or inclusive.
In this regard, reinstating fundamental human rights, including rights of freedom of opinion and expression in Myanmar, will certainly require ending the military dictatorship and its impunity and building a federal democratic union.
Our people have adopted innovative and nonviolent tactics to express their opposition against the military junta. The Civil Disobedience Movement, symbolic protests and online activism are some of the many examples. Journalists have also been reporting in exile or underground and exposing the junta’s atrocities and human right violation.
As the people of Myanmar have explicitly expressed their unwavering will and commitment, we request the international community to remain resolute in extending crucial assistance to the people of Myanmar and take coordinated and forceful action against the military junta.
I thank you.
****








