Intervention by Ambassador Kyaw Moe Tun, at the Interactive Discussion on Right to Food, in the Third Committee at the Eightieth Session of the UN General Assembly
- Myanmar Mission To UN

- Oct 17
- 3 min read



Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Interactive Discussion on Right to Food, in the Third Committee at the Eightieth Session of the UN General Assembly, held on 17 October 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် စားနပ်ရိက္ခာ ရရှိခွင့် နှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးပြောကြားမှု အစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က စစ်အုပ်စုက အကူအညီပေးအပ်သည့် ထောက်ပံ့မှုများအား တားမြစ်ပိတ်ဆို့ခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများအား
ဟန့်တားကန့်သတ်ခြင်းနှင့် လယ်ယာမြေများနှင့် စိုက်ပျိုးရေးသုံးပစ္စည်းကိရိယာများအား လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများဖြင့် ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်လျက်ရှိ၊
မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ ရရှိခွင့်မှာ စနစ်တကျပင် ငြင်းပယ်ခံထားရ၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုမှ မြန်မာပြည်သူများအား ငတ်မွတ်အောင်ထားရှိစေခြင်းဖြင့် အညံ့ခံစေသည့်နည်းလမ်းအား အသုံးပြုနေသည့်အပေါ် လက်ပိုက်ကြည့်မနေသင့်၊
မြန်မာနိုင်ငံတွင် ပြည်သူများ၏ အသက်အိုးအိမ်များအား ကယ်တင်ရန်နှင့် ဒီမိုကရေစီ ပြန်လည် ထွန်းကားစေရေးအတွက် ယခုပင် အရေးယူဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်)
၁။ ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) တွင် စားနပ်ရိက္ခာရရှိခွင့် (Right to Food) နှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးပြောကြားမှုအစီအစဉ်ကို ၁၇-၁၀-၂၀၂၅ ရက် (သောကြာနေ့)၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ပါသည်။
၂။ အဆိုပါအစီအစဉ်တွင် Special Rapporteur on the right to food, Mr. Michael FAKHRI က ၎င်း၏အစီရင်ခံစာပါ အချက်အလက်များကို အကျဉ်းချုံးတင်ပြခဲ့ပြီး ကော်ပိုရိတ်အင်အားနှင့် အဆိုပါလုပ်ငန်းများမှ ကမ္ဘာ့စားနပ်ရိက္ခာစနစ်အား ထိန်းချုပ်ထားခြင်းကြောင့် ဖြစ်ပေါ်လျက်ရှိသည့် ဆိုးကျိုးများအား ထောက်ပြကာ ကျူးလွန်သူများအား သက်ဆိုင်ရာဥပဒေများဖြင့် တာဝန်ခံစေခြင်းဖြင့် ပြည်သူများ၏ စားနပ်ရိက္ခာရရှိခွင့် အခွင့်အရေးအား လေးစားရန် အကြံပြု ဆွေးနွေးခဲ့ပါသည်။
၃။ ၎င်း၏ ဆွေးနွေးမှုအပြီးတွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၂၀) ခန့်မှ ပါဝင်၍ ဆွေးနွေးခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ပါဝင် ဆွေးနွေးခဲ့ပြီး၊ ၎င်း၏ ဆွေးနွေးမှုတွင် အောက်ပါအချက်များကို အလေးထား ထည့်သွင်းပြောကြားခဲ့ပါသည်-
(က) အထူးအစီရင်ခံတင်သွင်းသူ၏ အစီရင်ခံစာအတွက် ကျေးဇူးတင်ရှိပါကြောင်း၊
(ခ) အစီရင်ခံစာတွင် ကုမ္ပဏီလုပ်ငန်းများအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖောက်ဖျက် ကျူးလွန်ကာ ဘဏ္ဍာရေးအရ အကျိုးအမြတ်ရယူလျက်ရှိသော စနစ်တစ်ခုကို မီးမောင်းထိုးပြထားပြီး ယင်းဖြစ်စဉ်များကြောင့် စနစ်တကျအမြတ်ထုတ်မှုနဲ့ မတည်ငြိမ်မှုများသို့ ဦးတည်လျက်ရှိသည်ဟု ဖော်ပြထားကြောင်း၊
(ဂ) ယင်းမှာ မြန်မာနိုင်ငံ၌ နေ့စဉ်ဖြစ်ရိုးဖြစ်စဉ်သဖွယ် လက်တွေ့ မြင်တွေ့နေရသည့်အခြေအနေဖြစ်ပြီး တရားမဝင် စစ်အာဏာသိမ်းမှုက စီးပွားရေးယန္တရားများအား လက်နက်သဖွယ် အသုံးပြုလျက် ငတ်မွတ်မှုနှင့် ဆင်းရဲမွဲတေမှုတို့ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊
(ဃ) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မတရားစစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲဆိုးကျိုးရလဒ်များမှာ အလွန်ဆိုးရွားပြီး စားနပ်ရိက္ခာရရှိခွင့်မှာ ပြိုလဲလျက်ရှိကြောင်း၊
(င) ခန့်မှန်းခြေအားဖြင့် ၂၀၂၅ ခုနှစ်တွင် လူဦးရေ ၁၅.၂ သန်းခန့်သည် အရေးပေါ် စားနပ်ရိက္ခာ မလုံ လောက်မှုနဲ့ ရင်ဆိုင်နေရပြီး ၃.၅ သန်းသော ပြည်သူများအနေဖြင့် ပြည်တွင်း၌ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရကြောင်း၊
(စ) သို့ရာတွင် စစ်အုပ်စုက အကူအညီပေးအပ်သည့် ထောက်ပံ့မှုများအား တားမြစ်ပိတ်ဆို့ခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများအား ဟန့်တားကန့်သတ်ခြင်းနှင့် လယ်ယာမြေများနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းကိရိယာများအား လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများဖြင့် ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်လျက်ရှိသောကြောင့် အခြေအနေမှာ သာ၍ ဆိုးရွားလျက်ရှိကြောင်း၊
(ဆ) တစ်ချိန်တည်းမှာပင် စစ်အုပ်စုအနေဖြင့် ၎င်းတို့၏ အကျိုးစီးပွားကိုသာ ရှေးရှုသည့် ကော်ပိုရိတ် အဖွဲ့အစည်းတစ်ခုအဖြစ် လည်ပတ်နေပြီး နိုင်ငံတော်၏ ဝင်ငွေများကို လက်နက်ခဲယမ်းများအတွက် လွှဲပြောင်းအသုံးချလျက်ရှိကြောင်း၊
(ဇ) ထို့အပြင် စစ်အုပ်စုက ခရိုနီအသိုင်းအဝိုင်းများအား မဖြစ်မနေ လိုအပ်သည့် ကုန်စည်ပစ္စည်း ဝင်ထွက် စီးဆင်းမှုများအား ထိန်းချုပ်ရန်နှင့် ကုန်ပစ္စည်းများ ရှားပါးမှုမှတဆင့် အမြတ်ထုတ်နိုင်ရန် ခွင့်ပြုပေးထားကြောင်း၊
(ဈ) ဆိုးရွားသည့် အခြေအနေ အမျိုးမျိုး စုဆုံနေသည့် အနေအထားတွင် အမျိုးသမီးများ၊ ကလေး သူငယ်များ၊ ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် အိမ်ထောင်စုများ၊ ရိုဟင်ဂျာ ဒုက္ခသည်များ၊ မြို့နေပြည်သူများ အားလုံးအနေဖြင့် စားနပ်ရိက္ခာ မဖူလုံမှု၊ အာဟာရ မပြည့်ဝမှု၊ ကျန်းမာရေး အရေးပေါ်အခြေအနေများနှင့် ဝင်ငွေ မလောက်ငမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရကြောင်း၊
(ည) မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ ရရှိခွင့်မှာ စနစ်တကျပင် ငြင်းပယ်ခံထားရကြောင်း၊
(ဋ) ထိုသို့ အမြတ်ထုတ်မှု၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်နှင့် ရက်စက်ကြမ်းကြုတ်မှုများအပြီးတိုင်ချုပ်ငြိမ်း ရေးအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းထံမှ ချက်ချင်းဖြစ်သော၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုရှိသည့် ထိရောက်သော လုပ်ဆောင်ချက်များကို တောင်းဆိုလိုကြောင်း၊
(ဌ) နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုမှ မြန်မာပြည်သူများအား ငတ်မွတ်အောင်ထားရှိ စေခြင်းဖြင့် အညံ့ခံစေသည့်နည်းလမ်းအား အသုံးပြုနေသည့်အပေါ် လက်ပိုက်ကြည့်မနေသင့် ကြောင်း၊
(ဍ) မြန်မာနိုင်ငံတွင် ပြည်သူများ၏ အသက်အိုးအိမ်များအား ကယ်တင်ရန်နှင့် ဒီမိုကရေစီ ပြန်လည် ထွန်းကားစေရေးအတွက် ယခုပင် အရေးယူဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် ဆွေးနွေးချက်အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the
Interactive Discussion on Right to Food, in the Third Committee
at the Eightieth Session of the UN General Assembly
(New York, 17 October 2025)
Mr. Chair,
I thank the Special Rapporteur for his report, which rightly outlines a system where corporations benefit financially from human rights violations, leading to systemic exploitation and instability. This is the daily reality in Myanmar, where the unlawful military coup has weaponized economic mechanisms, inflicting starvation and poverty.
Consequences of the February 2021 illegal military coup are severe, and the right to food is collapsing. An estimated 15.2 million people are facing acute food insecurity in 2025, and 3.5 million people are internally displaced.
The crisis is compounded by the junta’s blocking of aid, restricting humanitarian access, and destroying farmlands and agricultural equipment with aerial and artillery attacks.
Meanwhile, the military junta operates as a self-serving corporate entity, diverting national revenue for arms and weaponry, while allowing crony networks to control essential supply chains and profit from scarcity.
At this juncture, women, children, internally displaced households, Rohingya refugees, as well as those living in the urban areas, are facing multiple threats and challenges from food insecurity, lack of nutrient diet, health emergencies and income shortages.
The right to food is being systematically denied in Myanmar.
To end this exploitation, impunity and atrocities, we demand immediate, coordinated and effective actions from the UN and the international community.
The international community must not stand by while the people of Myanmar are starved into submission.
We urge the UN Member States to act now to save lives and restore democracy in Myanmar.
I thank you.
*****









