Intervention by Ambassador Kyaw Moe Tun, at the Interactive Discussion on Extreme Poverty and Human Rights, in the Third Committeeat the Eightieth Session of the UN General Assembly
- Myanmar Mission To UN
- 1 day ago
- 4 min read



Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Interactive Discussion on Extreme Poverty and Human Rights, in the Third Committee at the Eightieth Session of the UN General Assembly, held on 22 October 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် အလွန်အမင်း ဆင်းရဲနွမ်းပါးမှုနှင့် လူ့အခွင့်အရေး ခေါင်းစဉ်ဖြင့်အပြန်အလှန် ဆွေးနွေးပြောကြားမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က
မတရားစစ်အာဏာသိမ်းမှုဖြစ်စဉ်၏ ရလဒ်နှင့် စစ်အုပ်စုမှ အရပ်သားပြည်သူများအပေါ် ဆင့်ကဲ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် တရားဥပဒေ စိုးမိုးမှုပျက်သုဉ်းခြင်းတို့ကြောင့် မြန်မာနိုင်ငံအခြေအနေမှာ အလွန်ဆိုးရွားနေပြီး ပြည်သူများ ကြုံတွေ့နေရသည့် ဒုက္ခဆင်းရဲမှာ မြင်တွေ့သူအဖို့ စိတ်နှလုံးကြေကွဲဖွယ်ရာပင်ဖြစ်၊
စစ်အုပ်စု၏ လက်ချက်ကြောင့် ဖြစ်ပေါ်လာသော ငတ်မွတ်ခေါင်းပါးမှုနှင့် ဆာလောင်မှုတို့ကြောင့် မြန်မာပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် လူငယ် လူရွယ်တို့မှာ
အွန်လိုင်းလိမ်လည်လှည့်ဖြားမှု၊ လူနှင့် မူးယစ်ဆေးဝါးကုန်ကူးမှု စသည့် နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် လူကုန်ကူးခံရနိုင်သည့် အန္တရာယ်အလွန်မြင့်မားလျက်ရှိ၊ အချို့မှာ ယင်းရာဇဝတ်မှုများ၏ သားကောင်များပင် ဖြစ်နေပြီဖြစ်၊
အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသည် ပြည်သူများအတွက် လူမှုကာကွယ်ရေးအား လူ့အခွင့်အရေး တစ်ရပ်သဖွယ် ဖော်ဆောင်ပေးရန်၊ နိုင်ငံတနံတလျား ခွဲခြားမှု မရှိစေရန်နှင့် ပြည်နယ်များ ကွဲပြားခြားနားမှု မရှိဘဲ စုစည်းမှုရှိစေရန် အာမခံပေးမည်ဖြစ်၊
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲအား အားလုံးစုပေါင်း၍
ညီညီညွတ်ညွတ်ကန့်ကွက်ရမည်ဖြစ်၊
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအင်အားစုများမှ အာဏာရှင်စနစ် တိုက်ထုတ်နေမှုအတွက် ခိုင်ခိုင်မာမာ ပံ့ပိုးကူညီပေးကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်)
၁။ ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) တွင် အလွန်အမင်း ဆင်းရဲနွမ်းပါးမှုနှင့် လူ့အခွင့်အရေး (Extreme Poverty and Human Rights) ခေါင်းစဉ်ဖြင့် အပြန်အလှန်ဆွေးနွေးပြောကြားမှု အစီအစဉ်ကို ၂၂-၁၀-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့)၊ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပါသည်။
၂။ အဆိုပါ အစီအစဉ်တွင် Special Rapporteur on extreme poverty and human rights, Mr. Olivier DE SCHUTTER က ၎င်း၏အစီရင်ခံစာအပေါ် အဓိကအခြေခံဆွေးနွေးခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ(၁၅) နိုင်ငံမှပါဝင်၍ဆွေးနွေးခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း လည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ဆွေးနွေးမှုတွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည်-
(က) အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာတွင် ဒီမိုကရေစီ ခြိမ်းခြောက်ခံနေရသည့် အချက် နှင့် “စီးပွားရေး မလုံခြုံမှုနှင့် ဂုဏ်ပုဒ်ဆိုင်ရာစိုးရိမ်မှုတို့ကြောင့် အစွန်းရောက်လက်ယာယိမ်း လူကြိုက်များ ဝါဒမြင့်တက်လာကာ ဒီမိုကရေစီနောက်ပြန်ဆုတ်ခြင်းကို ဖြစ်ပေါ်စေသည်” ဟု ဖော်ပြထားကြောင်း၊
(ခ) ယင်းမှာ မြန်မာပြည်သူများ ကြုံတွေ့နေရသည့် ပကတိအခြေအနေပင်ဖြစ်ကြောင်း၊
(ဂ) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မတရား စစ်အာဏာသိမ်းမှုဖြစ်စဉ်၏ ရလဒ်နှင့် စစ်အုပ်စုမှ အရပ်သား ပြည်သူများအပေါ် ဆင့်ကဲကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် တရားဥပဒေ
စိုးမိုးမှုပျက်သုဉ်းခြင်းတို့ကြောင့် မြန်မာနိုင်ငံအခြေအနေမှာ အလွန်ဆိုးရွားနေပြီး ပြည်သူများ ကြုံတွေ့နေရသည့် ဒုက္ခဆင်းရဲမှာ မြင်တွေ့သူအဖို့ စိတ်နှလုံးကြေကွဲဖွယ်ရာပင်ဖြစ်ကြောင်း၊
(ဃ) လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံရှိ လူဦးရေထက်ဝက်ကျော်မှာ ဆင်းရဲနွမ်းပါးမှုအတွင်းသို့ ကျရောက်နေပြီဖြစ်ကြောင်း၊
(င) စစ်အုပ်စုက လူမှုရေးသဘောတူညီချက်အစား ၎င်းမှ အကြမ်းဖက်နိုင်ရေးနှင့် အချို့အုပ်စုများ အား ရည်ရွယ်ချက်ရှိရှိ ဖယ်ကျဉ်ရေး ဦးတည်ချက်တို့ကို ဦးစားပေးလုပ်ဆောင်လျက်ရှိသောကြောင့် ၃.၆ သန်းသော ပြည်သူများမှာ ပြည်တွင်း နေရာအနှံ့အပြားသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး ၂၂ သန်းခန့်သော ပြည်သူများမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အရေးတကြီး လိုအပ်လျက်ရှိကြောင်း၊
(စ) ခန့်မှန်းခြေအားဖြင့် ၂၀၂၂ ခုနှစ်တွင် ၅၃ ရာခိုင်နှုန်းသော ကလေးသူငယ်များမှာ အမျိုးသားရေး အဆင့် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်သို့ကျရောက်နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ၏ ၃၀ ရာခိုင်နှုန်းမှာ စားနပ်ရိက္ခာမဖူလုံမှုပြဿနာနှင့် ရင်ဆိုင်နေရကြောင်း၊ ယင်းညွှန်းကိန်းအရ ကမ္ဘာ့စားနပ်ရိက္ခာ မဖူလုံသည့်နိုင်ငံများအနက် မြန်မာနိုင်ငံသည် အဆင့် (၅) ၌ ရှိနေသည်ဟု ဆိုနိုင်ကြောင်း၊
(ဆ) ထို့ပြင် စစ်အုပ်စု၏ လက်ချက်ကြောင့် ဖြစ်ပေါ်လာသော ငတ်မွတ်ခေါင်းပါးမှုနှင့် ဆာလောင်မှု တို့ကြောင့် မြန်မာပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် လူငယ် လူရွယ်တို့မှာ အွန်လိုင်းလိမ်လည်လှည့်ဖြားမှု၊ လူနှင့် မူးယစ်ဆေးဝါးကုန်ကူးမှု စသည့် နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် လူကုန်ကူးခံရနိုင်သည့် အန္တရာယ် အလွန်မြင့်မားလျက်ရှိကြောင်း၊ အချို့မှာ ယင်းရာဇဝတ်မှုများ၏ သားကောင်များပင် ဖြစ်နေပြီဖြစ်ကြောင်း၊
(ဇ) ထိုသို့သော ဆိုးရွားသည့် အခြေအနေဆိုးမှ လွတ်မြောက်အောင် ဆောင်ရွက်နိုင်သည့် နည်းလမ်း က ရှင်းလင်းကြောင်း၊ လူ့အခွင့်အရေးအပေါ် အခြေခံသည့် လူမှုကာကွယ်ရေးသည် အာဏာရှင် ဆန်သော လူကြိုက်များဝါဒအား တားဆီးကာကွယ်ရန် မရှိမဖြစ်လိုအပ်သည့် အကာအကွယ်ပင် ဖြစ်ကြောင်း၊
(ဈ) အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများအနေဖြင့် အဆိုပါ စည်းမျဉ်းအပေါ် အခြေခံ၍ မြန်မာနိုင်ငံအား ပြန်လည်တည်ဆောက်ရန် ကတိကဝတ်ပြုထားပြီး ဖြစ်ကြောင်း၊
(ည) မိမိတို့၏ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသည် ပြည်သူများအတွက် လူမှု ကာကွယ်ရေးအား လူ့အခွင့်အရေးတစ်ရပ်သဖွယ် ဖော်ဆောင်ပေးရန်၊ နိုင်ငံတနံတလျား ခွဲခြားမှု မရှိစေရန်နှင့် ပြည်နယ်များ ကွဲပြားခြားနားမှုမရှိဘဲ စုစည်းမှုရှိစေရန် အာမခံပေးမည်ဖြစ်ကြောင်း၊
(ဋ) သို့ဖြစ်ရာ မိမိတို့၏ တောင်းဆိုချက်မှာလည်း ရှင်းလင်းပါကြောင်း၊
(ဌ) မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေး ဝိုင်းဝန်းကူညီပေးကြရန်၊ စစ်အုပ်စုအား ၎င်းတို့ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး ဝိုင်းဝန်းကူညီပေးကြရန်၊
(ဍ) ရာဇဝတ်မှုများ ကျူးလွန်နေသည့် ရာဇဝတ် စစ်အုပ်စုအား မည်သည့် တရားဝင်မှုကိုမျှ ပေးအပ် ခြင်း မပြုရန်နှင့် ၎င်းတို့ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲအား လက်မခံရန်၊
(ဎ) မိမိတို့အနေဖြင့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအား အားလုံးစုပေါင်း၍ ညီညီ ညွတ်ညွတ် ကန့်ကွက်ရမည်ဖြစ်ကြောင်း၊
(ဏ) သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အင်အားစုများမှ အာဏာရှင်စနစ် တိုက်ထုတ်နေမှုအတွက် ခိုင်ခိုင်မာမာ ပံ့ပိုးကူညီပေးကြပါရန် တိုက်တွန်းလို ကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်ဆွေးနွေးချက်အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Interactive Discussion on Extreme Poverty and Human Rights, in the Third Committee at the Eightieth Session of the UN General Assembly
(New York, 22 October 2025)
Mr. Chair,
My delegation welcomes the timely and sobering report of the Special Rapporteur on extreme poverty and human rights, which warns that "democracy is under threat" and that the "rise of far-right populism" is fueled by economic insecurity and status fear, leading to the backsliding of democracy.
For the people of Myanmar, this is a devastating reality.
As a result of the illegal military coup in February 2021 and the military junta’s subsequent atrocities against civilians as well as destruction of the rule of law, the situation in Myanmar is dire and the people’s suffering is heartbreaking.
Today, over half of Myanmar's population is plunged into poverty.Close to 3.6 million people are being displaced nationwide, and almost 22 million are in urgent need of humanitarian assistance because the military junta has prioritized its own violent, exclusionary agenda over the social contract.
An estimated 53% of children in Myanmar were living below the national poverty line by2022.Thirty percent of the total population is acutely food insecure, making Myanmar the 5th globally acutely-food-insecure country.
On the brink of famine and desperation caused by the junta, Myanmar people especially women and girls and youth are at high risk of being trafficked for transnational organized crimes including online scam, human and drug smuggling. Some already became victims of such crimes.
The pathway out of this catastrophe is clear:rights-based social protection is the essential bulwark against authoritarian populism.
The National Unity Government and its allied resistance forces are committed to rebuilding Myanmar on this very principle.
Our future Federal Democratic Union will guarantee social protection as a human right, universal and non-discriminatory, ensuring that the State unites, rather than divides, its people.
Therefore, our request is clear.
Help us end the military dictatorship in Myanmar and hold the military junta accountable for its war crimes and crimes against humanity committed against the innocent civilians in Myanmar.
The perpetrating military junta shall not be given any legitimacy in any form and its planned sham elections shall not be accepted. We all have to reject it forcefully.
Therefore, we urge the international community to steadfastly support the forces of democracy and human rights against this military dictatorship.
I thank you.
*****







