Intervention by Ambassador Kyaw Moe Tun, at the Interactive Discussion on Extrajudicial, summary or arbitrary executions, in the Third Committee at the Eightieth Session of the UN General Assembly
- Myanmar Mission To UN

- Oct 22
- 4 min read



Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Interactive Discussion on Extrajudicial, summary or arbitrary executions, in the Third Committee at the Eightieth Session of the UN General Assembly, held on 22 October 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ ကွပ်မျက်ခြင်းနှင့်စပ်လျဉ်း၍အပြန်အလှန် ဆွေးနွေးပြောကြားမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ စတင်ဖြစ်ပေါ်ခဲ့သည့် မတရားစစ်အာဏာသိမ်းမှုကြောင့် တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ကွပ်မျက်ခြင်းအခြေအနေသည် ပြီးခဲ့သော (၄) နှစ်ကျော် ကာလတစ်လျှောက် ကြေကွဲဖွယ်ဖြစ်၊
စစ်အုပ်စုအနေဖြင့် ပြည်သူလူထုအပေါ်၌ အကြောက်တရား ကြီးစိုးစေရန်နှင့် ၎င်းတို့အပေါ် ဆန့်ကျင်နေမှုများအား ဟန့်တားနိုင်ရန် ထိုသို့ အကြမ်းဖက်သည့် အပြုအမူကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် နိုင်ငံရေးအကျဉ်းသားများအား တရားလက်လွတ် ကွပ်မျက်စီရင်ခြင်းဖြင့်
ပြောင်ပြောင်တင်းတင်း ပြသခဲ့၊
နစ်နာသူများအတွက် တရားမျှတမှုသည် အလွန်အမင်း လိုအပ်၊
ပြစ်မှုကျူးလွန်သည့် ရာဇဝတ်သားများကို ၎င်းတို့ကျူးလွန်သည့် ပြစ်မှု၊ ရာဇဝတ်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရမည်ဖြစ်၊ ထို့နည်းတူ ၎င်းတို့မှ စစ်မက်ပြုနေနိုင်သည့် အင်အားကို ဖြတ်တောက်နိုင်ရေး အတွက်လည်း ၎င်းတို့ထံသို့ လက်နက်နှင့် ငွေကြေးစီးဆင်းနေမှုများအား တားမြစ်နိုင်မည့် ပိတ်ဆို့မှုများကို ပူးပေါင်းချမှတ်ရန် လိုအပ်၊ ၎င်းတို့ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲကိုလည်း ကန့်ကွက် ငြင်းပယ်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်)
၁။ ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယ ကော်မတီ)တွင် တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ကွပ်မျက်ခြင်း (Extrajudicial, Summary or Arbitrary Executions) နှင့်စပ်လျဉ်း၍အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်ကို ၂၂-၁၀-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ပါသည်။
၂။ အဆိုပါ အစီအစဉ်တွင် Special Rapporteur on extrajudicial, summary or arbitrary executions Mr. Morris TIDBALL-BINZက ၎င်း၏ နှစ်စဉ်အစီရင်ခံစာအပေါ် အခြေခံ၍ တရားဥပဒေစိုးမိုးရေးကဏ္ဍတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများမှ ကျူးလွန်သော တရားလက်လွတ် အသက်သေစေမှုဖြစ်စဉ်များအား စုံစမ်းစစ်ဆေးရန်၊ ကြိုတင်ကာကွယ်ရန်နှင့် ဆက်စပ်စိန်ခေါ်မှုများအား ဆွေးနွေးကာ အဖွဲ့အစည်းအတွင်း ဘက်လိုက်မှုကင်းစင်ရေး၊ စောင့်ကြည့်ရေးယန္တရားများ ခိုင်မာအားကောင်းစေရေး၊ သက်သေအထောက်အထားများဖြင့် ထောက်ပြရေး၊ မှုခင်းဆေးပညာဆိုင်ရာ စွမ်းဆောင်ရည်များ မြှင့်တင်ရေးနှင့် ဥပဒေကြောင်းအရ ကင်းလွတ်ခွင့်ရရှိနေမှုများ ပပျောက်စေရေးတို့မှာ အစိုးရများအတွက် စိန်ခေါ်မှုများအား ကျော်လွှားနိုင်စေမည့် ကောင်းမွန်သော ကျင့်စဉ်များဖြစ်သည်ဟု အကြံပြု ဆွေးနွေးခဲ့ပါသည်။
၃။ ၎င်း၏ ဆွေးနွေးမှုအပြီးတွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၂၀) ခန့်မှပါဝင်၍ ဆွေးနွေးခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ ဆွေးနွေးမှုတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-
(က) မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ စတင်ဖြစ်ပေါ်ခဲ့သည့် မတရားစစ်အာဏာသိမ်းမှု ကြောင့် တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ကွပ်မျက်ခြင်း အခြေအနေသည် ပြီးခဲ့သော (၄) နှစ်ကျော် ကာလတစ်လျှောက် ကြေကွဲဖွယ်ကောင်းပြီး လက်ရှိအချိန်အထိလည်း အလွန်အရေးကြီးလျက်ရှိကြောင်း၊
(ခ) လူ့အခွင့်အရေးကြေညာစာတမ်း၏စာပိုဒ်(၃)တွင် လူတစ်ဦး၏အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့် နှင့် လုံခြုံရေးတို့ကို အာမခံပေးထားကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် စစ်အုပ်စုက တရား လက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ ကွပ်မျက်ခြင်းတို့ ကျူးလွန်ခြင်းဖြင့် ထိုမျှ အရေးကြီးသော အခွင့်အရေးကို စနစ်တကျ ချိုးဖောက်လျက်ရှိကြောင်း၊
(ဂ) စစ်အုပ်စုအနေဖြင့် ပြည်သူလူထုအပေါ်၌ အကြောက်တရား ကြီးစိုးစေရန်နှင့် ၎င်းတို့အပေါ် ဆန့်ကျင်နေမှုများအား ဟန့်တားနိုင်ရန် ထိုသို့ အကြမ်းဖက်သည့်အပြုအမူကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် နိုင်ငံရေးအကျဉ်းသားများအား တရားလက်လွတ် ကွပ်မျက်စီရင်ခြင်းဖြင့် ပြောင်ပြောင်တင်းတင်း ပြသခဲ့ကြောင်း၊
(ဃ) ယင်းကာလတွင် မိမိတို့ ပြည်သူများ ထိတ်လန့်ခဲ့ရပြီး ကမ္ဘာကြီးလည်း တုန်လှုပ်ခဲ့ပါကြောင်း၊
(င) သို့ရာတွင် စစ်အုပ်စု၏ အကြမ်းဖက်မှုများမှာ ယင်းဖြစ်စဉ်တစ်ခုတည်းသာမကကြောင်း၊
(စ) နိုင်ငံတကာထံမှ ထိရောက်သည့် အရေးယူဆောင်ရွက်ချက်များ ကင်းမဲ့နေသည်နှင့်အမျှ စစ်အုပ်စုက ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆက်လက်ကျင့်သုံးကာ အမျိုးသမီးများနှင့် ကလေး သူငယ်များ၊ ကျေးရွာများတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခံ ပြည်သူများအား ဖမ်းဆီးထားစဉ် ဥပဒေမဲ့ပစ်ခတ်သတ်ဖြတ်ခြင်း စသည့်နည်းလမ်းများဖြင့် အပြစ်မဲ့အရပ်သားပြည်သူများအပေါ်၌ ရက်စက်ကြမ်းကြုတ်မှုများကို တိုးမြှင့်၍သာ လုပ်ဆောင်လျက်ရှိကြောင်း၊
(ဆ) စစ်အုပ်စုမှ ဥပဒေကိုကျော်လွန်၍လည်းကောင်း၊ ကျင့်ဝတ်သိက္ခာမဲ့၍ လည်းကောင်း၊ လူသား မဆန်၍လည်းကောင်း အဆိုပါရက်စက်ကြမ်းကြုတ်မှုများအား ကျူးလွန်နေခြင်းကို ခိုင်လုံသည့် အရင်းအမြစ်များ၏အစီရင်ခံစာတိုင်းတွင် သက်သေအထောက်အထား ခိုင်မာစွာဖြင့် ပြသထား ကြောင်း၊
(ဇ) မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအရလည်း စစ်အုပ်စု၏ အကြမ်းဖက်မှုများသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ကြောင်း၊
(ဈ) နစ်နာသူများအတွက် တရားမျှတမှုသည် အလွန်အမင်း လိုအပ်လျက်ရှိကြောင်း၊
(ည) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အသက်ရှင်သန်ခွင့်ကို အပြည့်အဝ ကာကွယ်ပေးရန်နှင့် လူ့အခွင့်အရေး စံနှုန်းများအား လေးစားလိုက်နာလျက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် အုတ်မြစ်ချရန် နိုင်ငံတကာယန္တရားများဖြင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကတိကဝတ်ပြုထားကြောင်း၊
(ဋ) စစ်အုပ်စုနှင့် ၎င်းတို့၏ အပေါင်းအပါများကမူ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ တရား လက်လွတ် ကွပ်မျက်ခြင်းနှင့် အရပ်သားပြည်သူများအပေါ် ပါရာမော်တာများ အသုံးချ၍ တိုက်ခိုက်ခြင်းအပါအဝင် လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို တိုးမြှင့် လုပ်ဆောင်ခြင်းတို့ကိုသာ ဆက်တိုက် ကျူးလွန်လျက်ရှိကြောင်း၊
(ဌ) ထိုသို့သော ကြီးလေးသည့် ရာဇဝတ်မှုများအား ကျူးလွန်နေသည့် ရာဇဝတ်သားများက ယခုအခါ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေကြောင်း၊ ယင်းအတုအယောင် ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတမှု ရှိမည်မဟုတ်ဘဲ အားလုံးပါဝင်မှု ရှိမည် မဟုတ်ကြောင်း၊
(ဍ) သို့ဖြစ်ရာ စစ်အုပ်စုမှ ယင်းသို့သော တရားလက်လွတ် ကွပ်မျက်ခြင်းနှင့် သေစေနိုင်သည့် လက်နက်များဖြင့် အရပ်သားပြည်သူများအား တိုက်ခိုက်နေခြင်းတို့ကို ရပ်တန့်နိုင်ရန် နိုင်ငံတကာ အသိုက်အဝန်းမှ ထိရောက်သည့်အရေးယူလုပ်ဆောင်ချက်များ လုပ်ဆောင်ရန် တိုက်တွန်းလိုကြောင်း၊
(ဎ) မိမိတို့အနေဖြင့် ပြစ်မှုကျူးလွန်သည့် ရာဇဝတ်သားများကို ၎င်းတို့ကျူးလွန်သည့် ပြစ်မှု၊ ရာဇဝတ်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရမည်ဖြစ်ကြောင်း၊ ထို့နည်းတူ ၎င်းတို့မှ စစ်မက်ပြုနေနိုင်သည့် အင်အားကို ဖြတ်တောက်နိုင်ရေးအတွက်လည်း ၎င်းတို့ထံသို့ လက်နက်နှင့် ငွေကြေးစီးဆင်းနေမှုများအား တားမြစ်နိုင်မည့် ပိတ်ဆို့မှုများကို ပူးပေါင်းချမှတ်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ၎င်းတို့ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲကိုလည်း ကန့်ကွက်ငြင်းပယ်ကြရမည်ဖြစ်ကြောင်း၊
(ဏ) စစ်အုပ်စုမှ ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများအား ရပ်တန့်နိုင်ရန်နှင့် မိမိတို့မှ မြန်မာ နိုင်ငံတော်သစ် တည်ထောက်ရေး လှုပ်ရှားမှုများအတွက် ပံ့ပိုးပေးရန် နိုင်ငံတကာထံမှ စည်းလုံး ညီညွတ်သော လုပ်ဆောင်ချက်များကို တောင်းဆိုလိုကြောင်း၊
(တ) တရားမျှတမှုဖော်ဆောင်ရေးအတွက် အသက်ပေးသွားကြသည့် သူရဲကောင်းများအပေါ် မိမိတို့ အကြွေးတင်ရှိနေပါကြောင်း၊
(ထ) မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့၏ ကံကြမ္မာက စာမေးပွဲ စစ်ခံနေပြီး မိမိတို့အနေဖြင့် အောင်မြင်အောင် ဖြေဆိုကြရမည်ဖြစ်ကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်ဆွေးနွေးချက်အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Interactive Discussion on Extrajudicial, summary or arbitrary executions, in the Third Committee at the Eightieth Session of the UN General Assembly
(New York, 22 October 2025)
Mr. Chair,
Myanmar thanks the Special Rapporteur for his comprehensive report.
This issue remains critical for Myanmar, given the heartbreaking situation triggered over the past four years since the unlawful military coup in February 2021.
Article 3 of the Universal Declaration of Human Rights guarantees the right to life, liberty and security of person. This most fundamental right is being systematically violated by the military junta in Myanmar through a campaign of extrajudicial, summary, and arbitrary executions.
This calculated act of terror was demonstrated by the junta in July 2022, when prominent political prisoners were executed without fair trial to instill public fear and deter dissent. Back then, our people were shocked, and the world was shaken.
However, that was not an isolated incident of violence. Due to lack of effective action from the international community, the military junta continues to exercise impunity, intensifying its atrocities with killing of innocent civilians, including women and children, in massacres across villages, and the arbitrary shooting of detainees in custody.
Every report from reliable sources serves as undeniable evidence of the junta operating outside the bounds of law, morality, and basic humanity.
According to IIMM, these actions constitute war crimes and crimes against humanity.
Mr. Chair, Mr. Special Rapporteur,
Justice is sincerely needed for the victims.
In this regard, the National Unity Government of Myanmar (NUG) is committed to working with international mechanisms, securing the right to life, and laying the foundations to build a federal democratic union based on strict adherence to human rights standards.
On the contrary, the military junta and its armed forces continue committing mass killings and extrajudicial executions, intensifying indiscriminate aerial bombings, including the use of paramotors, and artillery attacks on the civilian population.
The perpetrators of such serious crimes are now planning for sham elections. It will not be free, fair or inclusive.
I therefore urge the international community to take effective action to stop the junta from committing all extrajudicial killings and lethal force against civilians.
We must hold perpetrators accountable, implement a coordinated, global arms and financial embargo to cut off the junta's ability to conduct its campaign of terror, and reject the planned sham elections.
We seek your solidarity in action to stop the junta’s atrocities and to support our efforts for building New Myanmar.
We owe it to the heroes who have fallen to ensure justice prevails.
The fate of human rights and international law is being tested in Myanmar. Let us not fail this test.
I thank you.
*****










