Intervention by Ambassador Kyaw Moe Tun, at the Interactive Discussion on Enforced Disappearance, in the Third Committee at the Eightieth Session of the UN General Assembly
- Myanmar Mission To UN
- 2 days ago
- 4 min read



Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Interactive Discussion on Enforced Disappearance, in the Third Committee at the Eightieth Session of the UN General Assembly, held on 21 October 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် အတင်းအကျပ် ပျောက်ကွယ်စေခြင်းနှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးပြောကြားမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က
မြန်မာနိုင်ငံတွင် စစ်အုပ်စုက ထိတ်လန့်စရာကောင်းသည့် ကျင့်စဉ်တစ်ခုသဖွယ် ကျင့်သုံးလျက်ရှိသော အတင်းအကျပ် ပျောက်ကွယ်စေခြင်းက ရှားပါးရာဇဝတ်မှု မဟုတ်ဘဲ စစ်အုပ်စုမှ စနစ်တကျ တွက်ချက်အသုံးချနေသည့် စစ်မက်လက်နက်တစ်ခုဖြစ်၊ မြန်မာနိုင်ငံတွင် စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများကို ပိုမိုအားထား၍ အရပ်သား ပြည်သူနေထိုင်ရာရပ်ဝန်းများအပေါ်သို့ တိုးချဲ့ တိုက်ခိုက်လာသည်နှင့်အမျှ လက်ရှိဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းမှာ သိသိသာသာ ဆိုးရွားလာလျက်ရှိ၊
မြန်မာနိုင်ငံတွင် အတင်းအကျပ် ပျောက်ကွယ်စေသည့် ရက်စက်ကြမ်းကြုတ်မှုအား ကျူးလွန်သည့် တရားခံမှာ စစ်အုပ်စုပင်ဖြစ်၊ ၎င်းတို့အနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အပြည့်အဝအသုံးချကာ အရပ်သားပြည်သူများအပေါ် စနစ်တကျ ဆက်လက် တိုက်ခိုက်နေခြင်းဖြစ်၊
စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲသည် ၎င်းတို့အား အတင်းအကျပ် ပျောက်ကွယ်စေခြင်း ရာဇဝတ်မှုကို ဆက်လက်ကျူးလွန်စေရန် ခွင့်ပြုပေးရာရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်)
၁။ ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယ ကော်မတီ)တွင် အတင်းအကျပ်ပျောက်ကွယ်စေခြင်း (Enforced Disappearances) နှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်ကို ၂၁-၁၀-၂၀၂၅ ရက်(အင်္ဂါနေ့)၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ ပါသည်။
၂။ အဆိုပါ အစီအစဉ်တွင် Chair of the Committee on Enforced Disappearances Mr. Juan Pablo ALBÁN ALENCASTRO နှင့် Chair-Rapporteur of the Working Group on Enforced or Involuntary Disappearances Ms. Gabriella CITRONI တို့က ဆွေးနွေးသူများအဖြစ် ပါဝင်ကာ မြန်မာ နိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၇) နိုင်ငံတွင် အတင်းအကျပ်ပျောက်ကွယ်စေခြင်းဖြစ်ပွားမှု မြင့်တက်လာသည့် အခြေအနေအား လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့ပြီးဖြစ်ကြောင်း ပြောကြား၍ ဖြစ်စဉ်အများစုမှာ ပဋိပက္ခနှင့် ဆက်နွယ်နေခြင်း၊ အချို့မှာ ရွှေ့ပြောင်းနေထိုင်ခြင်းနှင့်လည်း ဆက်စပ်နေခြင်း၊ အဓိကအားဖြင့် ကုလသမဂ္ဂတွင် ဖြစ်ပေါ်နေသည့် ရန်ပုံငွေမလုံလောက်မှုပြဿနာကြောင့် လုပ်ငန်းအဖွဲ့အနေဖြင့် နစ်နာသူများအတွက် ဖော်ဆောင်ပေးရမည့်တာဝန်ကို အပြည့်အဝ ထမ်းဆောင်နိုင်မှုမရှိခြင်း၊ ပျောက်ဆုံးနေသူများနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာမိသားစုများထံ အကြောင်းကြားရန် ပျက်ကွက်လျက်ရှိခြင်းတို့ကို ထောက်ပြလျက် နိုင်ငံများအား International Convention for the Protection of All Persons from Enforced Disappearanceပါ ပြဋ္ဌာန်းချက်များကို အပြည့်အဝလိုက်နာဖော်ဆောင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင် ခွင့်ဖြင့် တာဝန်ခံမှုရှိရေးအား မြှင့်တင်ရန်နှင့် နစ်နာသူဗဟိုပြု တုံ့ပြန်ချက်တို့ ချမှတ်ပေးအပ်ရန် အကြံပြု ဆွေးနွေးခဲ့ပါသည်။
၃။ ၎င်း၏ ဆွေးနွေးမှုအပြီးတွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၂၀) ခန့်မှပါဝင်၍ ဆွေးနွေးခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်ဆွေးနွေးပြောကြားခဲ့ပါသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ ဆွေးနွေးမှုပြောကြားမှုတွင် အောက်ပါ အချက်များ အဓိက ပါဝင်ပါသည်-
(က) မြန်မာနိုင်ငံတွင် စစ်အုပ်စုက ထိတ်လန့်စရာကောင်းသည့်ကျင့်စဉ်တစ်ခုသဖွယ် ကျင့်သုံးလျက် ရှိသော အတင်းအကျပ် ပျောက်ကွယ်စေခြင်းက ရှားပါးရာဇဝတ်မှု မဟုတ်ဘဲ စစ်အုပ်စုမှ စနစ်တကျ တွက်ချက်အသုံးချနေသည့် စစ်မက်လက်နက်တစ်ခုဖြစ်ကြောင်း၊
(ခ) စစ်အုပ်စုအနေဖြင့် ၎င်းတို့အပေါ် မကျေနပ်သည့် အသံများအား ဆိတ်သုဉ်းစေရန်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းအား ပြစ်ဒဏ်ပေးရန်နှင့် ဒီမိုကရေစီ ထောက်ခံ လှုပ်ရှားသည့် စိတ်ဓာတ်များအား ချိုးနှိမ်ရန် မတရား စစ်အာဏာသိမ်းခဲ့ချိန်မှစ၍ ပြီးခဲ့သော ၄ နှစ်တာ ကာလပတ်လုံး အတင်းအကျပ်ပျောက်ကွယ်စေခြင်းဟူသည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအား စနစ်တကျ ကျူးလွန်ခဲ့ကြောင်း၊
(ဂ) မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား၏အချက်အလက်များအရ စစ်အုပ်စု အနေဖြင့် ၎င်းတို့အား ဆန့်ကျင်ကန့်ကွက်သူများကို ဖိနှိပ်ရန် တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် သတင်းထောက်များ အပါအဝင် အရပ်သားပြည်သူများအား အတင်းအကျပ် ပျောက်ကွယ်စေခြင်းတို့ကို အသုံးချလျက်ရှိကြောင်း၊ ဖြစ်စဉ်အများစုတွင် ဖမ်းဆီးခံထားရသူများ၏ အခြေအနေများနှင့် ၎င်းတို့ရောက်ရှိနေသည့်နေရာများအား မသိရှိစေရန် မိသားစုများနှင့် ရှေ့နေများဖြင့် အဆက်အသွယ် ဖြတ်တောက်ထားကြောင်း၊
(ဃ) ထိုသို့ ဆက်သွယ်ရေးလမ်းကြောင်းများနှင့် တွေ့ဆုံခွင့်လမ်းကြောင်းများအား ဖြတ်တောက်ထားခြင်းတို့မှာ နစ်နာသူ သားကောင်များအား စာရင်းဖျောက် ပျောက်ကွယ်စေရန်၊ အကာအကွယ် မရရှိစေရန်နှင့် ဆက်စပ်အလွဲသုံးစားပြုမှုများအောက် ထိရှလွယ်စေရန် စစ်အုပ်စုမှ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည့် နည်းဗျူဟာများဖြစ်ကြောင်း၊
(င) အချိန်ကြာမြင့်လာသည်နှင့်အမျှ ယခုကဲ့သို့ ကြီးလေးသော ရာဇဝတ်မှု၏ နောက်ဆက်တွဲ ဆိုးကျိုးများမှာ နစ်နာသူသားကောင်များအပေါ်တွင်သာမက ဥပဒေ၊ စီးပွားရေးနှင့် စိတ်ပိုင်းဆိုင်ရာကျဆင်းမှုများအား ရင်ဆိုင်နေရသည့် ၎င်းတို့၏ မိသားစုဝင်များနှင့် အသိုက်အဝန်းများအထိပါ တိုးချဲ့၍ ရိုက်ခတ်မှုရှိလာပြီဖြစ်ကြောင်း၊
(စ) မြန်မာနိုင်ငံတွင် စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများကို ပိုမို အားထား၍ အရပ်သားပြည်သူ နေထိုင်ရာ ရပ်ဝန်းများအပေါ်သို့ တိုးချဲ့ တိုက်ခိုက်လာသည်နှင့် အမျှ လက်ရှိဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းမှာ သိသိသာသာ ဆိုးရွားလာလျက်ရှိကြောင်း၊
(ဆ) မည်သို့ပင်ဆိုစေကာမူ သက်သေအထောက်အထားများကို ငြင်းပယ်၍ မရပါကြောင်း၊
(ဇ) မြန်မာနိုင်ငံတွင် အတင်းအကျပ် ပျောက်ကွယ်စေသည့် ရက်စက်ကြမ်းကြုတ်မှုအား ကျူးလွန် သည့် တရားခံမှာ စစ်အုပ်စုပင်ဖြစ်ကြောင်း၊
(ဈ) ၎င်းတို့အနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အပြည့်အဝ အသုံးချကာ အရပ်သားပြည်သူများ အပေါ် စနစ်တကျ ဆက်လက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊
(ည) မိမိတို့၏ ကူကယ်ရာမဲ့နေသည့် ပြည်သူပြည်သားများအနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၏ အာရုံစိုက်မှုကိုသာ တောင်းဆိုခြင်း မဟုတ်ကြောင်း၊
(ဋ) စစ်အုပ်စုအပေါ်တွင် နိုင်ငံရေး၊ စစ်ရေးနှင့် ငွေကြေးဖိအားများပေးခြင်း၊ မြန်မာအရေးကိစ္စ တစ်စုံလုံးအား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်း တင်သွင်းခြင်းအားဖြင့် တာဝန်ခံမှုနှင့် တရားမျှတမှုတို့ ရှိစေခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားနှင့် အခြားတာဝန်ရှိသူများအား လုံလုံလောက်လောက်ပံ့ပိုးအားဖြည့်ပေးခြင်း၊ စစ်အုပ်စုမှ ပြင်ဆင်နေသည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲအား ကန့်ကွက်ခြင်းနှင့် လူသားချင်း စာနာထောက်ထားမှုအကူအညီ အရေးပေါ် လိုအပ်နေသူများ၊ အထူးသဖြင့် ပဋိပက္ခဒဏ်သင့်နေရာများတွင် နေထိုင်နေသူ များထံသို့ အကူအညီများ အတားအဆီးမရှိ ပံ့ပိုးပေးခြင်း စသည်ဖြင့် ထိရောက်သော လုပ်ဆောင်ချက်များကို ချက်ချင်းလုပ်ဆောင်ပေးရန် တောင်းဆို ပါကြောင်း၊
(ဌ) စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲသည် ၎င်းတို့အား အတင်းအကျပ် ပျောက်ကွယ် စေခြင်း ရာဇဝတ်မှုကို ဆက်လက် ကျူးလွန်စေရန် ခွင့်ပြုပေးရာရောက်မည်ဖြစ်ကြောင်း၊
(ဍ) သို့ဖြစ်ပါ၍ မိမိတို့မှ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလက်အောက် ပိုမိုကောင်းမွန်သော၊ ငြိမ်းချမ်းသာယာဝပြောသော၊ တရားမျှတမှုရှိသော မြန်မာနိုင်ငံတော်သစ် တည်ထောင်ရေး ကြိုးပမ်းမှုများအတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ခိုင်ခိုင်မာမာ အားဖြည့်ပေးပါရန် တောင်းဆိုကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်ဆွေးနွေးချက်အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the
Interactive Discussion on Enforced Disappearance, in the Third Committee
at the Eightieth Session of the UN General Assembly
(New York, 21 October 2025)
Mr. Chair,
I thank the briefers for their insightful statements.
Myanmar also thanks both the Committee and the Working Group on Enforced Disappearance for their consistent and essential work.
In Myanmar, the horrifying practice of enforced disappearance by the military junta is not a sporadic crime, but a calculated instrument of terror.
For the past four years since the unlawful coup, the crime against humanity of enforced disappearances has been systematically deployed by the junta to silence dissent, punish civil society, and break the spirit of the pro-democracy movement.
According to the IIMM, arbitrary detention, torture, and enforced disappearance of civilians, including activists, political leaders, and journalists, are being used to silence opposition and suppress dissent. In many instances, the detained are held incommunicado, with families and lawyers having no information on their fates or whereabouts.
The deliberate tactics used by the junta, such as cutting off communication and observation, are designed to ensure victims remain unaccounted for, unprotected, and vulnerable to continuous abuses.
As time goes by, severe and cascading impact of this crime extends far beyond the victim, inflicting profound, ongoing agony on family members and entire communities, who are left to grapple with legal, economic, and emotional devastation.
Nowadays, the scale of the human rights and humanitarian crisis in Myanmar is expanding substantially where the situation is significantly worsening due to the military junta’s increasing reliance on aerial and artillery bombardments of populated areas.
Mr. Chair,
Evidence cannot be denied.
The military junta is the primary perpetrator of this atrocity in Myanmar, and they have been doing so and systematically attacking civilians with total impunity.
Our helpless people in Myanmar demand more than just the attention from the international community, we are demanding immediate and decisive action such as putting political, military and financial pressure on the military junta, referring the situation of Myanmar to the ICC to ensure accountability and justice, supporting the work of IIMM and the relevant mandate holders in a sufficient manner and rejecting the junta’s planned sham and scam elections and providing unimpeded humanitarian assistance to all people in need especially in conflict affected areas.
The junta’s planned scam election will extend a license to the military to commit further crime of enforced disappearance.
Finally, we seek strong support from the international community to advance our efforts towards a better, prosperous, just and peaceful Myanmar under a federal democratic union.
I thank you.
*****







