top of page
  • Facebook Social Icon

Intervention by Ambassador Kyaw Moe Tun at the Interactive Dialogue with the Special Rapporteur on the Human Rights of Internally Displaced Persons in the 3rd Committee of the 80th Session of the UNGA

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • 2 days ago
  • 4 min read
ree
ree
ree

Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Interactive Dialogue with the Special Rapporteur on the Human Rights of Internally Displaced Persons in the Third Committee of the 80th Session of the UN General Assembly on 21 October 2025


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရားစစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ချိန်မှစတင်၍ မြန်မာပြည်သူပြည်သားများအနေဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအဝင် အရပ်သားပြည်သူလူထုအပေါ် မဆင်မခြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ စသည်ဖြင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရ၊


ပြည်တွင်း နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်သူဦးရေ ၃.၅၉ သန်းကျော် ရှိလာခဲ့၊


စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများအပြင် နေရပ်စွန့်ခွာစခန်းများသည်လည်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်သည့် ပစ်မှတ်နေရာများဖြစ်သောကြောင့် ပြည်တွင်းနေရပ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများ ကြုံတွေ့ရသည့် အန္တရာယ်နှင့် စိန်ခေါ်မှုများမှာ ပိုမိုတိုးပွားလာခဲ့၊


ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူဦးရေ မြင့်တက်လာခြင်းနှင့် အခြေအနေဆိုးရွားလာခြင်း၏ အဓိကဇစ်မြစ်မှာ စစ်အုပ်စုနှင့် မတရား စစ်အာဏာသိမ်းမှုတို့ ဖြစ်သည်မှာ ထင်ရှား၊

စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူများအပေါ် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို ကြည့်ခြင်းဖြင့် ၎င်းတို့ပြင်ဆင်နေသည့် အတုအယောင်၊ အလိမ်အညာ​ရွေးကောက်ပွဲသည်လည်း လွတ်လပ်၊ မျှတ၍ အားလုံး ပါဝင်မှု မရှိနိုင်၊ အကြမ်းဖက်မှုများသာ ပိုမိုဖြစ်လာစေနိုင်ပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများအပါအဝင် အရပ်သားပြည်သူများ၏ ဒုက္ခဆင်းရဲကို တိုးပွားစေမည်ဖြစ်၊


စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအား ဝိုင်းဝန်းကန့်ကွက်ကြရန် နိုင်ငံတကာအသိုက်အဝန်းအား တောင်းဆိုလိုကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၂၁ ရက်)


၁။ ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ(တတိယ ကော်မတီ)တွင်ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများ (Internally Displaced Persons) နှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်ကို ၂၁-၁၀-၂၀၂၅ ရက် (အင်္ဂါနေ့)၊ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပါသည်။


၂။ အဆိုပါအစီအစဉ်တွင် Special Rapporteur on the human rights of internally displaced persons Ms. Paula GAVIRIA BETANCUR က ၎င်း၏အစီရင်ခံစာအပေါ် အခြေခံဆွေးနွေးကာ ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို အဓိကတင်ပြခဲ့ပြီး ၎င်းတို့၏ လုံခြုံရေးအား ကာကွယ်စောင့်ရှောက်ပေးရန်၊ အခွင့်အရေးများနှင့် ဂုဏ်သိက္ခာတို့အား လေးစားရန်နှင့် နေရပ်သို့ ပြန်လည်သွားရောက်နိုင်ရေး လုပ်ဆောင်ကြရန် အကြံပြု ဆွေးနွေးခဲ့ပါသည်။


၃။ ၎င်း၏ဆွေးနွေးမှုအပြီးတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၂၀)ခန့်မှ ပါဝင်၍ ဆွေးနွေးခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်ဆွေးနွေးပြောကြားခဲ့ပါသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ဆွေးနွေးမှုတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-


(က)     ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများအား မြို့ပြဒေသများတွင် ပေါင်းစည်းရေး၊ ပြန်လည်စုစည်းရေးနှင့် ၎င်းတို့၏ အခွင့်အရေးများအား ခွဲခြားမှုမရှိဘဲ အပြည့်အဝ မြှင့်တင်ကာကွယ်ပေးရေးတို့က အရေးပါသည့်အချက်ဖြစ်သည်ကို အလေးထားပါကြောင်း၊


(ခ) ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများမှ ၎င်းတို့၏ အခွင့်အရေးအား အမှန်တကယ် အပြည့်အဝ ခံစားခွင့်ရရှိစေမည် သို့မဟုတ် လူမှုအသိုက်အဝန်းအကြား အဓိပ္ပါယ်ရှိရှိ ပြန်လည် ပေါင်းစည်းစေမည်ဆိုပါက လူမှုပတ်ဝန်းကျင်အသိုက်အဝန်းနှင့် ဥပဒေမူဘောင်တို့က လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အား လေးစားလိုက်နာမှုရှိခြင်းက အနှစ်သာရဖြစ်သည့်အချက်ကို ဤနေရာတွင် အလေးထား ပြောကြားလိုကြောင်း၊


(ဂ) မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရားစစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ချိန်မှစတင်၍ မြန်မာပြည်သူပြည်သားများအနေဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ၊ စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအပါအဝင် အရပ်သား ပြည်သူလူထုအပေါ် မဆင်မခြင်လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများစသည်ဖြင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊


(ဃ) ပြီးခဲ့သော (၄) နှစ်ကျော်ကာလအတွင်း၌ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူဦးရေ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း၊


(င) UNHCR ၏ အချက်အလက်များအရ ၁၃-၁၀-၂၀၂၅ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ပြည်တွင်း နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်သူဦးရေ ၃.၅၉ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကြောင်း၊


(စ) စစ်အုပ်စု၏ တိုက်ခိုက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်မှု ရန်စွယ်အမျိုးမျိုးမှ လွတ်မြောက်အောင် ထွက်ပြေးတိမ်းရှောင်ရသည်နှင့်အမျှ ပြန်တွင်းနေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများအနေဖြင့် ရွှေ့ပြောင်းနိုင်သည့် တဲများ သို့မဟုတ် မြေနေရာ အလွတ်များတွင် နေထိုင်နေရပြီး အခြေခံလိုအပ်ချက်ဖြစ်သည့် စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် သန့်ရှင်းသောရေတို့ကိုပင် အကန့်အသတ်ဖြင့်သာ ရရှိကြောင်း၊


(ဆ) စစ်အုပ်စုက အရပ်သားပြည်သူလူထုအား စုပေါင်းဒဏ်ပေးသည့်အနေဖြင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများအား ကန့်သတ်ဟန့်တားသည့်အလျောက် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများ၏ နေထိုင်မှုအခြေအနေမှာ သာ၍ ဆိုးရွားလာခဲ့ကြောင်း၊


(ဇ) စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများအပြင် နေရပ်စွန့်ခွာစခန်း များသည်လည်း စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်သည့် ပစ်မှတ်နေရာများဖြစ်သောကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများ ကြုံတွေ့ရသည့်အန္တရာယ်နှင့် စိန်ခေါ်မှုများမှာ ပိုမို တိုးပွားလာခဲ့ကြောင်း၊


(ဈ) ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း စစ်အုပ်စုမှ ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ မုံလိုင်ခက်စခန်းအား လေကြောင်းတိုက်ခိုက်မှု ကျူးလွန်ခဲ့ပြီး လူအယောက်(၂၀) အသက်သေဆုံး၍ (၆၀) ဒဏ်ရာ ရစေခဲ့သည့်ဖြစ်စဉ်က စစ်အုပ်စုမှ ကျူးလွန်သည့် တိုက်ခိုက်မှုများအနက် တစ်ခုဖြစ်ကြောင်း၊


(ည) ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးမှ မြန်မာနိုင်ငံသို့ နောက်ဆုံးသွားရောက်ခဲ့သည့် ခရီးစဉ်အတွင်းကလည်း ပြည်တွင်း၌ အတင်းအကျပ် နေရပ်စွန့်ခွာရသည့် သန်းပေါင်းများစွာသောပြည်သူများဖြစ်စေ၊ ဒေသတွင်းနိုင်ငံများသို့ ဒုက္ခသည်များအဖြစ် ရောက်ရှိနေသူများဖြစ်စေ နေရပ်သို့ပြန်လည်သွားရောက်လိုသည့်ဆန္ဒကသာ အဓိကဖြစ်သည့်အချက်ကို အလေးထား မှတ်ချက်ပြုခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးနှင့် အတူယှဉ်တွဲပါလာသည့် ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် လုံခြုံရေးတို့ကိုသာတောင်းဆိုပြီး ယင်းမှာ ၎င်းတို့၏ရပိုင်ခွင့်လည်း ဖြစ်ကြောင်း၊


(ဋ) မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူဦးရေမြင့်တက်လာခြင်းနှင့် အခြေအနေဆိုးရွားလာခြင်း၏ အဓိကဇစ်မြစ်မှာ စစ်အုပ်စုနှင့် မတရားစစ်အာဏာသိမ်းမှုတို့ ဖြစ်သည်မှာ ထင်ရှားကြောင်း၊


(ဌ) နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအပေါ်တွင် ထိရောက်သည့် အရေးယူ ဆောင်ရွက်ချက်များ မပြုလုပ်နိုင်ပါက နိုင်ငံတစ်ဝှမ်း၌ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်သူဦးရေ ဆက်လက်မြင့်တက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ကြောင်း၊ ထို့အတူ ၎င်းတို့ ၏ နေ့စဉ်နေထိုင်မှုအခြေအနေမှာလည်း ပို၍ ဆိုးရွားလာနိုင်ခြေရှိကြောင်း၊


(ဍ) စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူများအပေါ် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများ ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ပြင်ဆင်နေသည့် အတုအယောင်၊ အလိမ်အညာ​ ရွေးကောက်ပွဲ သည်လည်း လွတ်လပ်၊ မျှတ၍ အားလုံးပါဝင်မှုမရှိနိုင်ခြင်းကို မြင်သာကြောင်း၊ ယင်းအစား အကြမ်းဖက်မှုများသာ ပိုမိုဖြစ်လာစေနိုင်ပြီး ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများ အပါအဝင် အရပ်သားပြည်သူများ၏ ဒုက္ခဆင်းရဲကို တိုးပွားစေမည်ဖြစ်ကြောင်း၊


(ဎ) သို့ဖြစ်ပါ၍ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအား ဝိုင်းဝန်းကန့်ကွက်ကြရန် နိုင်ငံတကာ အသိုက်အဝန်း အား တောင်းဆိုလိုကြောင်း၊


(ဏ) ထို့အတူ မြန်မာနိုင်ငံရှိ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများ၏ အခွင့်အရေးများနှင့် အသက်အိုးအိမ်တို့အား ကာကွယ်ပေးနိုင်မည့် လုပ်ဆောင်ချက်များကို စုပေါင်း လုပ်ဆောင်ပေးကြရန် တိုက်တွန်းလိုကြောင်း၊


(တ) အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့်လည်း အဖွဲ့ဝင်နိုင်ငံများအား ထိရောက်သည့် အရေးယူ ဆောင်ရွက်ချက်များ လုပ်ဆောင်နိုင်ရေး လမ်းပြပေးရန်နှင့် တောင်းဆိုပေးရန် တိုက်တွန်းပါကြောင်း။

(အချိန်အကန့်အသတ်အရ အချို့အချက်များကို ချန်လှပ်ပြောကြားခဲ့ရပါသည်။)


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်ဆွေးနွေးချက်အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Interactive Dialogue with the Special Rapporteur on the Human Rights of Internally Displaced Persons

in the Third Committee of the 80th Session of the UN General Assembly

(New York, 21 October 2025)


Mr. Chair,

Myanmar thanks Madame Special Rapporteur for her report and the statement.

We take note of the importance of integration and reintegration of internally displaced persons in urban areas as well as to ensure that their rights are fully protected and promoted without any discrimination.

In this regard, we wish to emphasize that, for internally displaced persons (IDPs) to fully enjoy their rights or achieve meaningful reintegration into society, it is essential that both the societal environment and legal framework ensure safety and uphold the rule of law.

In Myanmar, following the illegal coup in February 2021, the people in Myanmar have experienced the junta’s continued atrocities including crimes against humanity, systematic torture and violations of human rights as well as the indiscriminate aerial and artillery attacks against civilian. Over last four years, the number of internally displaced persons has been increased significantly. According to the UNHCR data, as of 13 October 2025, the number of IDPs in Myanmar has reached over 3.59 million.

Having fled their villages to escape attacks, torture, and arbitrary arrests by the junta, the majority of internally displaced persons (IDPs) have been forced to live in makeshift shelters or open areas, with limited access to essential services such as food, healthcare, and clean water. Their living conditions were worsened when the junta blocked humanitarian assistance as a method of collective punishment against the civilian population.

Beyond their existing dire situation, the IDPs in Myanmar have been experiencing greater risks and challenges as IDP camps were among the junta’s frequent targets for aerial attacks in addition to schools, hospitals and religious buildings. Allow us to recall that, two years ago, in October 2023, the junta committed one of the serious aerial attacks onto Mong Lai Khet camp for displaced persons in Laiza, Kachin State, which resulted in more than 29 people killed and nearly 60 people injured.

Mr. Chair,

During his recent visit to Myanmar, the UNHCR High Commissioner remarked that millions of people forcibly displaced within the country and as refugees throughout the region want nothing more than to be able to return home. They demand – and are entitled to – the safety and security that comes with peace.

It is evident that the root causes of the increased numbers of IDPs and the deteriorating situation in Myanmar are the military junta and its illegal coup. The international community must acknowledge that, unless any effective measure against the terrorist junta is in place, the number of internally displaced persons (IDPs) across the country is likely to continue to rise while the lives of the existing IDPs would become worsening day by day.

Considering the junta’s continuous atrocities against civilians including IDPs, the junta’s planned scam and sham elections will never be free, fair and inclusive. It will create more violence and suffering to the people including IDPs. In this light, I urge the international community to completely reject the junta’s sham elections.

Moreover, we call on the international community to take collective and serious measures to protect the lives and rights of the IDPs in Myanmar. Accordingly, I wish to request Madame Special Rapporteur to guide and demand the member states to pursue the effective measures timely.

I thank you.

****

ree
ree
ree
ree
ree
ree
ree

Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page