top of page
  • Facebook Social Icon

Intervention by Ambassador Kyaw Moe Tun, at the Interactive Dialogue with the Special Rapporteur on the Situation of Human Rights Defenders of the 3rd Committee of the 80th Session of the UNGA

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • a few seconds ago
  • 4 min read
ree
ree
ree

Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Interactive Dialogue with the Special Rapporteur on the Situation of Human Rights Defenders of the Third Committee of the 80th Session of the UN General Assembly, held on 16 October 2025


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ အထွေထွေညီလာခံ၊ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီ တွင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ အခြေအနေ အကြောင်းအရာနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေး ပြောကြားမှု အစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် မတရားစစ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအနေဖြင့် စစ်အုပ်စုမှ ကျူးလွန်သော မတရားဖမ်းဆီး ချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ထိပါးစော်ကားခြင်း၊ အသက်အန္တရာယ်ပြုခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို ရင်ဆိုင်နေရ၊


အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအနေဖြင့် စစ်အုပ်စု၏ နည်းဗျူဟာ တစ်ရပ်ဖြစ်သော တော်လှန်ရေးလှုပ်ရှားမှုများအား ဖိနှိပ်ခြင်းအောက်မှ ပစ်မှတ်ထားခံနေရ၊


အထူးအစီရင်ခံစာတင်သွင်းသူနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုရန်နှင့် ၎င်းတို့၏ အသက်ရှင်နေထိုင်မှုအား ဘေးကင်းစေရန်အတွက် ခိုင်မာသည့် လုပ်ဆောင်ချက်များ ချမှတ်ပေးရန်နှင့် ၎င်းတို့၏ အခန်းကဏ္ဍအား မြှင့်တင်ကာကွယ်ပေးနိုင်မည့် အထောက်အပံ့များ ပေးအပ်ရန် တောင်းဆိုပါကြောင်း၊ အရေးကြီးဆုံးအချက်မှာ ၎င်းတို့အား ကာကွယ်ပေးရန်ဖြစ်ကြောင်း

ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်)


၁။ ကုလသမဂ္ဂအထွေထွေညီလာခံ၊ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ)တွင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ အခြေအနေ (Situation of Human Rights Defenders) အကြောင်းအရာနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်ကို ၁၆-၁၀-၂၀၂၅ ရက်(ကြာသပတေးနေ့)၊ မွန်းလွဲပိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။


၂။ အဆိုပါအစီအစဉ်တွင် Special Rapporteur on the situation of human rights defenders Ms. Mary LAWLOR က ၎င်း၏ အစီရင်ခံစာပါ အချက်အလက်များကို အကျဉ်းချုံးတင်ပြခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်နေသူများ ကြုံတွေ့နေရသည့်စိန်ခေါ်မှုများကို မီးမောင်းထိုး ပြလျက် နိုင်ငံများအနေဖြင့် အမျိုးသားရေးအဆင့်၌ မူဝါဒရေးဆွဲရာတွင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအား ကာကွယ်ပေးနိုင်မည့် စည်းမျဉ်း၊ မူဝါဒတို့အား အလေးထားထည့်သွင်းခြင်းဖြင့် မိမိတို့၏ ကတိကဝတ်ကို ဖော်ဆောင်စေလိုကြောင်း အကြံပြု ဆွေးနွေးခဲ့ပါသည်။


၃။ ၎င်း၏ဆွေးနွေးမှုအပြီးတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၃၀) ခန့်မှ ပါဝင်၍ ဆွေးနွေးခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ဆွေးနွေးမှုတွင် အောက်ပါအချက်များကို အလေးထားထည့်သွင်း ပြောကြားခဲ့ပါသည်-


(က) လူပုဂ္ဂိုလ်တိုင်းတွင် လူ့အခွင့်အရေးအား ခုခံကာကွယ်ပိုင်ခွင့်၊ လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များအား ချိုးဖောက်သည့်အပေါ် ငြိမ်းချမ်းစွာ ထုတ်ဖော်ပြသသည့် လှုပ်ရှားမှုများ တွင် ပါဝင်ဆောင်ရွက်ခွင့်နှင့် ထိုသို့ပါဝင်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် လက်တုံ့ပြန်မှုများအတွက် အစိုးရထံမှ ကာကွယ်စောင့်ရှောက်မှု ရရှိခွင့်တို့အား ကိုယ်စီကိုယ်ငှ ရှိကြကြောင်း၊


(ခ) သို့ရာတွင်အ ချို့သောနိုင်ငံများ၌ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအနေဖြင့် အခြေခံလူ့အခွင့်အရေး၊ တရားမျှတမှုနှင့် တာဝန်ခံမှုတို့အား မြှင့်တင်၊ ကာကွယ်နိုင်ရန် ကြိုးစားနေခြင်းကြောင့် ကြီးမားသော ခြိမ်းခြောက်မှုများနှင့် တိုက်ခိုက်မှုများ ပြုလုပ်ခံနေရခြင်းက ဝမ်းနည်းစရာ ကောင်းပါကြောင်း၊


(ဂ) မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရားစစ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအနေဖြင့် စစ်အုပ်စုမှ ကျူးလွန်သော မတရား ဖမ်းဆီးချုပ်နှောင် ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ထိပါးစော်ကားခြင်း၊ အသက်အန္တရာယ်ပြုခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို ရင်ဆိုင်နေရကြောင်း၊


(ဃ) စစ်ဆေးမေးမြန်းသည့် စခန်းများ၌ ဥပဒေအထောက်အပံ့မရရှိဘဲ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင် ထားခြင်း၊ တံခါးပိတ် စစ်ဆေးမေးမြန်းစီရင်မှုများ ပြုလုပ်ခြင်းတို့ရှိသည့်အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ခေါင်းစဉ်ကဲ့သို့သော ပြင်းထန်သည့် ဥပဒေများအောက်မှ တရားမျှတမှုမရှိသည့် စီရင်ချက်များချမှတ်ခြင်း၊ အကျဉ်းထောင်များတွင် အစားအစာ၊ ရေနှင့် ဆေးဝါးကုသမှု ကဲ့သို့သော အခြေခံ ခံစားခွင့်များ ကန့်သတ်တားဆီးခံရခြင်း အပါအဝင် မဆီလျော်စွာ ဆက်ဆံခံရခြင်း၊ ယင်းဖြစ်စဉ်များကြောင့် အသက်သေဆုံးမှုဖြစ်စဉ်များ ရှိခြင်းတို့မှာ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ကြုံတွေ့နေရသည့် ကံကြမ္မာပင် ဖြစ်ကြောင်း၊


(င) ထို့ပြင် စစ်အုပ်စုအနေဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအား ဖမ်းဝရမ်းများ ထုတ်ပြန်ထားသောကြောင့် အဆိုပါ ဝရမ်းထုတ်ခံထားရသည့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများအနေဖြင့် ပုန်းရှောင်ခြင်း သို့မဟုတ် နိုင်ငံပြင်ပထွက်ခွာခြင်းတို့ကို ကျဉ်းထဲ ကျပ်ထဲမှပင် လုပ်ဆောင်နေရကြောင်း၊


(စ) တစ်ဖက်တွင်လည်း လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများသာမက ၎င်းတို့၏ မိသားစုဝင် များပါ မှားယွင်းစွာ စွပ်စွဲခံရခြင်း၊ တရားခွင်၌ မမျှမတမေးမြန်းခံရခြင်းနှင့် မှန်ကန်မှုမရှိသော တရားစီရင်ခြင်းတို့ဖြင့် စစ်အုပ်စု၏ တရားလက်လွတ် စီမံမှုများအတွင်း ကျရောက်နေကြောင်း၊


(ဆ) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ မတရား စစ်အာဏာသိမ်းမှု (၅၆) လအကြာ ကြာမြင့်လာ ခဲ့ပြီးနောက် ပြည်သူ(၇,၃၀၀)ကျော် သတ်ဖြတ်ခံခဲ့ရပြီး (၂၉,၀၀၀)ကျော်မှာ ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း၊ သတ်ဖြတ်ခံရသူများအနက် အမျိုးသမီးဦးရေ ၂၅ ရာခိုင်နှုန်းရှိပြီး ဖမ်းဆီးခံရသူဦးရေ ၂၀ ရာခိုင်နှုန်းရှိကြောင်း၊


(ဇ) အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအနေဖြင့် စစ်အုပ်စု၏နည်းဗျူဟာတစ်ရပ် ဖြစ်သော တော်လှန်ရေးလှုပ်ရှားမှုများအား ဖိနှိပ်ခြင်းအောက်မှ ပစ်မှတ်ထားခံနေရကြောင်း၊


(ဈ) ထို့ပြင် စစ်အုပ်စုအနေဖြင့် အမျိုးသမီးနှင့် မိန်းကလေး လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက် သူများ၏ နိုင်ငံရေးဆန္ဒနှင့် ဒီမိုကရေစီ လှုပ်ရှားမှုများအား ဖျက်ဆီးရန် ၎င်းတို့အား ပစ်မှတ်ထားကာ လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် တရားမျှတမှု မရှိသော အကျဉ်းချခြင်းတို့ကို ရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်လျက်ရှိကြောင်း၊


(ည) ထိုမျှမက အမျိုးသမီးတက်ကြွလှုပ်ရှားသူများအား စောင့်ကြည့်ရန်၊ ထောက်လှမ်းရန်နှင့် လက်တုံ့ပြန်ရန် စစ်အုပ်စုက အဆင့်မြင့် ဒစ်ဂျစ်တယ်ပစ္စည်းများကိုပါ အသုံးချလျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် အများပြည်သူအကြား ထင်ရှားသော အမျိုးသမီး လူပုဂ္ဂိုလ်များ၏ ယုံကြည်ရသော

ပုံရိပ်နှင့် ဆန္ဒတို့အား ဖျက်ဆီးရန် ကျားမအခြေပြု အရှက်ခွဲခြင်းနှင့် အွန်လိုင်း အလွဲသုံးစားပြုမှုများကို မကြာခဏ အားထားလေ့ရှိကြောင်း၊


(ဋ) ကုလသမဂ္ဂအနေဖြင့် စစ်အုပ်စုမှ ကျူးလွန်လျက်ရှိသော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကောင်းစွာ မှတ်တမ်းထားရှိကြောင်း၊


(ဌ) ယခုကဲ့သို့သောအခြေအနေတွင် စစ်အုပ်စုမှ ကျင်းပရန် ပြင်ဆင်နေသည့် အလိမ်အညာ ရွေးကောက်ပွဲမှာ လွတ်လပ်မှုနှင့် တရားမျှတမှု မည်သို့မျှ ရှိမည်မဟုတ်ကြောင်း၊ ယင်းမှာ ပိုမို ဆိုးရွားသည့်အခြေအနေသို့ ဦးတည်စေမည့် အဓိကရုဏ်းများနှင့် မတည်ငြိမ်မှုများကို ထပ်မံ ဖန်တီးမည်သာဖြစ်ကြောင်း၊


(ဍ) သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်းအား စစ်အုပ်စုမှ ပြင်ဆင်နေသည့် အလိမ်အညာ ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပယ်ချကြရန် တိုက်တွန်းလိုပါကြောင်း၊


(ဎ) အထူးအစီရင်ခံစာတင်သွင်းသူနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုရန် နှင့် ၎င်းတို့၏ အသက်ရှင်နေထိုင်မှုအား ဘေးကင်းစေရန်အတွက် ခိုင်မာသည့် လုပ်ဆောင်ချက်များ ချမှတ်ပေးရန်နှင့် ၎င်းတို့၏ အခန်းကဏ္ဍအား မြှင့်တင်ကာကွယ်ပေးနိုင်မည့် အထောက်အပံ့များ ပေးအပ်ရန် တောင်းဆိုပါကြောင်း၊ အရေးကြီးဆုံးအချက်မှာ ၎င်းတို့အား ကာကွယ်ပေးရန် ဖြစ်ကြောင်း။


(ပြောကြားရသည့် အချိန်အကန့်အသတ်ကြောင့် အချို့အချက်များကို ချန်လှပ်ပြောကြားခဲ့ရပါသည်။)


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်ဆွေးနွေးချက်အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Interactive Dialogue with the Special Rapporteur on the Situation of Human Rights Defenders of the Third Committee of the 80th Session of the UN General Assembly


(New York, 16 October 2025)

Mr. Chair,

Myanmar thanks Madame Special Rapporteur for her report and the statement.

Everyone has the right to defend human rights, to participate in peaceful activities against violations of human rights and fundamental freedoms as well as to be protected by the State from reprisals resulting from their exercise of it.

Sadly, in contrary, in some countries, human rights defenders are subjected to serious threats and attacks as a result of their efforts to promote and protect fundamental human rights, justice, and accountability.


In Myanmar, following the illegal military coup in February 2021, human rights defenders have been experiencing arbitrary arrests, torture, detention, harassment, threats to life, even deaths by the military junta.

Arbitrary detentions without charge in interrogation centres, trials behind closed doors, with little access to legal assistance, unjust convictions under harsher laws such as counterterrorism, ill-treatments in prisons including limited or no access to basic rights such as food, water and medical assistance, which in some of the cases led to the death, have been the fate of human rights defenders in Myanmar.


Additionally, due to arrest warrants issued against them by the junta, the human rights defenders have been forced into hiding or having forced to leave the country.


Both they and their family members have been subjected to false accusations, unfair trials and wrongful convictions orchestrated by the junta.

During the 56 months after the attempted coup in February 2021, over 7300 people have been murdered and more than 29,000 people have been arbitrarily arrested. Women constitute 25% of the total being killed and 20% of those being arrested.


As one of their tactics in repressing the revolutionary movements, women human rights defenders have been targeted by the junta.

Mass arrests, torture, and unjust imprisonment are deliberately employed by the military junta against the women and girl human rights defenders in order to destroy their political will as well as their participation in the pro-democracy movements.


Advanced digital tools have also been used by the junta to monitor, track and intimidate women activists and human rights defenders. They often leverage gendered humiliation and online abuse against prominent female figures to destroy their credibility and break their will.

They were not spared even in the midst of the 7.7 magnitude earthquake struck Myanmar in March this year.


The crimes against humanity and grave human rights violations committed by the junta are well documented by the UN. Under this circumstance, the junta’s planned scam election will never be free and fair, instead create more chaos and instability towards the existing deteriorating situation. In this light, we urge the international community to categorically reject the junta’s scam elections.


In conclusion, we wish to urge Madame Special Rapporteur and the international community for the recognition of the efforts made by the human rights defenders in Myanmar, concrete actions to safeguard their well-being, and assistance to promote and protect their roles as human rights defenders.


I thank you.

****

ree
ree
ree
ree
ree
ree
ree

Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page