top of page
  • Facebook Social Icon

Intervention by Ambassador Kyaw Moe Tun, at the Interactive Dialogue on the Rights of Persons with Disabilitiesin the Third Committee of the Eightieth Session of the UN General Assembly

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • 12 hours ago
  • 4 min read
ree
ree
ree

Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Interactive Dialogue on the Rights of Persons with Disabilities in the Third Committee of the Eightieth Session of the UN General Assembly, held on 23 October 2025


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင်

မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်၌

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က


မတရားစစ်အာဏာသိမ်းမှုဖြစ်ပေါ် ခဲ့သည့်နောက်တွင်မူ မသန်စွမ်းသူများအနေဖြင့် ၎င်းတို့၏ အခြေခံအခွင့်အရေးများအား ခံစားခွင့် မရသည့်အပြင် ပစ်မှတ်ထား အကြမ်းဖက်ခြင်းနှင့်

မဆင်မခြင် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုပင် ရင်ဆိုင်နေရ၊


အာဏာသိမ်းစစ်အုပ်စုကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပါအဝင် မသန်စွမ်းသူ (၁၁၇) ဦး အသက်သေဆုံးခဲ့ရပြီးဖြစ်၊


ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင်နေထိုင်ပြီး သွားလာလှုပ်ရှားမှု သို့မဟုတ် အာရုံခံနိုင်စွမ်း အားနည်းချို့ယွင်းနေသည့် မသန်စွမ်းသူများအနေဖြင့် ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲသောကြောင့် ၎င်းတို့က ပိုမို ထိရှလွယ်ပြီး သေဆုံးရသည်အထိ ဖြစ်လာခဲ့၊


သေဆုံးခဲ့သည့် မသန်စွမ်းသူများအနက် ၂၆ ရာခိုင်နှုန်းခန့်မှာ စစ်အုပ်စုမှ ကျေးရွာများအား

ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ်များတွင်

အရှင်လတ်လတ် မီးရှို့ခံရ၍ သေဆုံးရခဲ့၊


ပဋိပက္ခဒဏ်သင့်ဒေသများတွင် ဆာလောင်ငတ်မွတ်ခြင်းနှင့် ဆေးဝါးကုသမှု မရရှိခြင်း၊

အထူးသဖြင့် စစ်အုပ်စုမှ ဆေးဝါးများ ပို့ဆောင်မှုကို ပိတ်ပင်တားမြစ်ခြင်းတို့ကြောင့်လည်း

အချို့သော မသန်စွမ်းသူများအနေဖြင့် အသက်သေဆုံးခဲ့ရ၊


စစ်အုပ်စုအနေဖြင့် ဆက်လက်ရှိနေမည်၊ ရက်စက် ကြမ်းကြုတ်မှုများ ဆက်လက် ကျူးလွန်နေမည် ဆိုလျှင် မသန်စွမ်းသူဦးရေမှာ ဆက်လက် မြင့်တက်လာမည်ဖြစ်ပြီး စစ်အုပ်စုမှ ၎င်းတို့၏ အခွင့်အရေးများအား ချိုးဖောက်ခြင်းကိုလည်း ဆက်လက်ခံစားနေရမည်ဖြစ်၊


စစ်အုပ်စုအား သက်ဆိုးရှည်စေမည့် ၎င်းတို့ပြင်ဆင်နေသော အတုအယောင် ရွေးကောက်ပွဲအား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြရမည်သာဖြစ်ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၂၃ ရက်)


၁။ ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်း စာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာ. ကော်မတီ

(တတိယကော်မတီ)တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများ (Rights of Persons with Disabilities) ခေါင်းစဉ်ဖြင့် အပြန်အလှန် ဆွေးနွေးပြောကြားမှုအစီအစဉ်ကို ၂၃-၁၀-၂၀၂၅ ရက် (ကြာသပတေးနေ့)၊ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပါသည်။


၂။ အဆိုပါအစီအစဉ်တွင် Chair of the Committee on the Rights of Persons with Disabilities Ms. Miyeon KIM နှင့် Special Rapporteur on the rights of persons with disabilities Ms. Heba HAGRASS တို့က ၎င်းတို့၏ အစီရင်ခံစာအပေါ် အဓိက အခြေခံဆွေးနွေးခဲ့ပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၅၀) ခန့်မှ ပါဝင်၍ ဆွေးနွေးခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း လည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့်ဆွေးနွေးမှုတွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည်-


(က) အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများအတွက် တစ်သက်တာ စဉ်းစားမှုပုံစံဖြင့် ချဉ်းကပ်ခြင်း၊ ပုံစံအမျိုးမျိုးနှင့် ဆက်စပ်ခွဲခြားဆက်ဆံမှု ပုံစံများအား သိမြင်ခြင်းနှင့် မည်သူတစ်ဦးတစ်ယောက်မျှ မချန်လှပ်စေရေးက အရေးပါသည်ဟု သုံးသပ်ထားသည့်အပေါ်  မိမိတို့ သဘောတူညီပါကြောင်း၊


(ခ) ထို့အပြင်မ သန်စွမ်းသည့်ကလေးသူငယ်များအတွက် မည်မျှပင်အားစိုက်ထုတ်ကြိုးပမ်းစေကာမူ ၎င်းတို့၏ဘဝသာယာဝပြောရေးက အသိုက်အဝန်းတစ်ခုတွင်ဖြစ်စေ၊ နိုင်ငံအတွင်း၌ဖြစ်စေ ဘေးကင်းလုံခြုံ၍ အထောက်အပံ့ကောင်းများရှိသည့် ပတ်ဝန်းကျင်ကောင်းရှိခြင်းအပေါ် မှီတည်သည့် အချက်ကို အသိအမှတ်ပြုရေးကလည်း အရေးကြီးကြောင်း၊


(ဂ) မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ မတရားစစ်အာဏာသိမ်းမှုမတိုင်မီက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရလက်ထက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများအပါအဝင် လူ့အခွင့်အရေးများ ကာကွယ်မြှင့်တင်ရေးအတွက် တိုးတက်နေသည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေခဲ့ကြောင်း၊


(ဃ) သို့ရာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရား စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့သည့်နောက်တွင်မူ မသန်စွမ်းသူများအနေဖြင့် ၎င်းတို့၏အခြေခံအခွင့်အရေးများအား ခံစားခွင့်မရသည့်အပြင် ပစ်မှတ်ထားအကြမ်းဖက်ခြင်းနှင့် မဆင်မခြင်လူ့အခွင့်အရေးချိုးဖောက်မှုများကိုပင် ရင်ဆိုင်နေရကြောင်း၊


(င) အာဏာသိမ်း စစ်အုပ်စုကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပါအဝင် မသန်စွမ်းသူ (၁၁၇) ဦး အသက်သေဆုံးခဲ့ရပြီးဖြစ်ကြောင်း၊


(စ) သေဆုံးမှုအများစုမှာ စစ်အုပ်စုမှ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှု များ နှင့် လက်နက်ကြီးပစ်ခတ်မှုများအပါအဝင် အရပ်သားပြည်သူများ နေထိုင်ရာဒေသများသို့ မဆင်မခြင် တိုက်ခိုက်ခဲ့ခြင်းများကြောင့်ဖြစ်ကြောင်း၊


(ဆ) အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် နေထိုင်ပြီး သွားလာလှုပ်ရှားမှု သို့မဟုတ် အာရုံခံနိုင်စွမ်း အားနည်းချို့ယွင်းနေသည့် မသန်စွမ်းသူများအနေဖြင့် ထွက်ပြေး တိမ်းရှောင်ရန် ခက်ခဲသောကြောင့် ၎င်းတို့က ပိုမိုထိရှလွယ်ပြီး သေဆုံးရသည်အထိ ဖြစ်လာခဲ့ကြောင်း၊


(ဇ) သေဆုံးခဲ့သည့် မသန်စွမ်းသူများအနက် ၂၆ ရာခိုင်နှုန်းခန့်မှာ စစ်အုပ်စုမှ ကျေးရွာများအား ဝင်ရောက် စီးနင်းတိုက်ခိုက်စဉ် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ်များတွင် အရှင်လတ်လတ် မီးရှို့ခံရ၍ သေဆုံးရခဲ့ကြောင်း၊


(ဈ) ထို့အတူ မဆင်မခြင်တိုက်ခိုက်မှုများတွင် စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိသူများ သို့မဟုတ် ဉာဏပိုင်းဆိုင်ရာ ချို့ယွင်းနေသည့် မသန်စွမ်းသူများ ရင်ဆိုင်ရသည့်အန္တရာယ်ကလည်း သိသိသာသာ မြင့်မားကြောင်း၊ ၎င်းတို့အနေဖြင့် အန္တရာယ်ကို သာမန်အတိုင်းမတုံ့ပြန်နိုင်ခြင်း သို့မဟုတ် မသိရှိနိုင်ခြင်းတို့ကြောင့် ဖြစ်စဉ်တွင် ကျန်ရစ်ခဲ့ကြပြီး ဖမ်းဆီးချုပ်နှောင်ခံ၊ ညှဉ်းပန်း၊ သတ်ဖြတ်ခံရခြင်း တို့ကို ရင်ဆိုင်ရလေ့ရှိကြောင်း၊


(ည) ပဋိပက္ခဒဏ်သင့်ဒေသများတွင် ဆာလောင်ငတ်မွတ်ခြင်းနှင့် ဆေးဝါးကုသမှု မရရှိခြင်း၊ အထူးသဖြင့် စစ်အုပ်စုမှ ဆေးဝါးများပို့ဆောင်မှုကိုပိတ်ပင်တားမြစ်ခြင်းတို့ကြောင့်လည်း အချို့သော မသန်စွမ်းသူများအနေဖြင့် အသက်သေဆုံးခဲ့ရကြောင်း၊


(ဋ) တစ်ဖက်တွင်လည်း စစ်အုပ်စုက အရပ်သားပြည်သူများနေထိုင်ရာဒေသများသို့ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် မြေမြှုပ်မိုင်းများ အသုံးပြုခြင်းတို့ကို ဆက်လက်လုပ်ဆောင်လျက်ရှိသောကြောင့် မသန်စွမ်းသူဦးရေ ဆက်လက် မြင့်တက်လာမည့်ဟု ခန့်မှန်းရကြောင်း၊


(ဌ) မြန်မာနိုင်ငံတွင် လူဦးရေ ၅.၉ သန်းကျော် သို့မဟုတ် လူဦးရေ စုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းမှာ

မသန်စွမ်းသူများ ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အသက်ရှင်နေထိုင်ခွင့်အတွက် အာမခံချက် မရှိဘဲ

အမြဲတစေ အကြောက်တရားဖြင့် နေထိုင်နေရကြောင်း၊


(ဍ) စစ်အုပ်စုအနေဖြင့် ဆက်လက်ရှိနေမည်၊ ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ကျူးလွန်နေမည်ဆိုလျှင် မသန်စွမ်းသူဦးရေမှာ ဆက်လက်မြင့်တက်လာမည်ဖြစ်ပြီး စစ်အုပ်စုမှ၎င်းတို့ ၏ အခွင့်အရေးများအား ချိုးဖောက်ခြင်းကိုလည်း ဆက်လက်ခံစားနေရမည်ဖြစ်ကြောင်း၊


(ဎ) သို့ဖြစ်ရာ စစ်အုပ်စုအား သက်ဆိုးရှည်စေမည့် ၎င်းတို့ပြင်ဆင်နေသော အတုအယောင် ရွေးကောက်ပွဲအား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြရမည်သာဖြစ်ကြောင်း၊


(ဏ) အထူးအစီရင်ခံစာတင်သွင်းသူနှင့် နိုင်ငံတကာအသိုက်အဝန်းတို့အနေဖြင့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအား ကန့်ကွက်ခြင်းအားဖြင့် မြန်မာနိုင်ငံရှိ မသန်းစွမ်းသူများ၏ အခွင့်အရေးအား မြှင့်တင် ကာကွယ်ပေးကြရန် တိုက်တွန်းတောင်းဆိုလိုပါကြောင်း။


(အချိန်အကန့်အသတ်ကြောင့် အချို့အချက်များအား ချန်လှပ်ပြောကြားခဲ့ရပါသည်။)


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်ဆွေးနွေးချက်အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Interactive Dialogue on the Rights of Persons with Disabilities

in the Third Committee of the Eightieth Session of the UN General Assembly


(New York, 23 October 2025)

Mr. Chair,

Myanmar thanks the briefers for their statements.

We share the view of the Special Rapporteur on the importance of a life-course approach, the recognition of multiple and intersecting forms of discrimination, and the imperative of leaving no one behind.

It is also important to recognize that regardless of any efforts made for children with disabilities, their well-being ultimately depends on having a safe and supportive environment, both in society and the country as a whole.


Mr. Chair,

Before the illegal coup in 2021, under the democratically elected government, Myanmar was on a progressive path concerning the promotion and protection of human rights, including the rights of persons with disabilities.

However, since the military coup in February 2021, far from being able to enjoy their basic rights, the persons with disabilities have been facing targeted violence and indiscriminate human rights abuses. Over 117 persons with disabilities including women and girls were killed by military junta.

Many of those killings were due to military’s indiscriminate attacks on civilian areas, including raids, airstrikes, and artillery shelling.

People with mobility or sensory impairments are particularly vulnerable in conflict settings, where their inability to flee can have fatal consequences.

At least 26 per cent of those being killed were burned alive in their homes when the military torched the entire villages during their raids.

Moreover, mentally or intellectually impaired individuals experienced more distinct and elevated risks during indiscriminate attacks.

Their inability to react normally or being unable to recognize or respond to danger, can result them in being left behind, captured, tortured or killed in an inhumane manner.

In conflict-affected areas, some people with disabilities have died due to starvation and lack of access to medical care, particularly as a consequence of the junta’s blockage on the delivery of medicines.

On the other hand, with the continuation of junta’s indiscriminate attacks onto civilian areas, including aerial and artillery attacks, and landmine explosions, the number of individuals living with disabilities is anticipated to increase significantly.


Mr. Chair,

About 5.9 million people in Myanmar, or 13% of the total population, are persons with disabilities, living in constant fear without guarantee on their right to live.

As long as the junta continues its existence and its atrocities against the civilians including PWDs, the number of PWDs will increase persistently and their rights will be violated further by the junta.

In this regard, the junta’s planned sham election, which would make the existence of the inhumane junta possible, must be rejected strongly.

Therefore, we urge Madame Special Rapporteur and the international community for your unwavering report for protection and promotion of the rights individuals with disabilities in Myanmar by rejecting the military junta’s scam election.


I thank you.

*****

ree
ree
ree
ree
ree
ree
ree

Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page