top of page
  • Facebook Social Icon

Intervention by Ambassador Kyaw Moe Tun at the Economic and Social Council Special Meeting on Forced Displacement and Refugee Protection

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • Apr 24
  • 4 min read




Intervention by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the Economic and Social Council Special Meeting on Forced Displacement and Refugee Protection, held on 24 April 2025


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


အတင်းအကျပ် နေရပ်စွန့်ခွာစေမှုနှင့် ဒုက္ခသည် အကာအကွယ်ပေးရေးနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ အထူးအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖြစ်ပေါ်ခဲ့သည့် မတရား စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ နောက်ဆက်တွဲ ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးနှင့် ပြည်သူများအပေါ်တွင် ဆိုးရွားသော သက်ရောက်များ ကျရောက်ပြီး နေရပ်စွန့်ခွာ နေထိုင်ရသည့် ပမာဏသည်လည်း အံ့ဖွယ်ကြီးမား၊

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကျပ်အတည်းသည် ဒေသတွင်းနှင့် အခြားသောနိုင်ငံများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိပါးစေလျက်ရှိကြောင်း၊ သို့ဖြစ်ရာ နေရပ်စွန့်ခွာသူများနှင့် ဒုက္ခသည်များအား သင့်လျော်သော အကာအကွယ်များ ပေးအပ်ရေးက အလွန်အရေးကြီး၊

မြန်မာနိုင်ငံတွင် ဒုက္ခသည်နှင့် နေရပ်စွန့်ခွာမှု ပြဿနာတို့၏ မြစ်ဖျားအရင်းခံက စစ်အာဏာရှင် စနစ်ပင်ဖြစ်သည် မှာ အငြင်းပွားဖွယ်ရာ မရှိ၊ မြန်မာပြည်သူများမှ စစ်အာဏာရှင်စနစ်နှင့် မတရား စစ်အာဏာသိမ်းမှုတို့ ချုပ်ငြိမ်း ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး ကြိုးပမ်းနေမှုများအတွက် နိုင်ငံတကာအသိုက် အဝန်း ၏ ပံ့ပိုးကူညီမှုက အလွန် အရေးပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်)


၁။        နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် စီးပွားရေးနှင့် လူမှုရေးကောင်စီအောက်မှ “Forced Displacement and Refugee Protection” ခေါင်းစဉ်ဖြင့် အထူးအစည်းအဝေးကို ၂၄-၄-၂၀၂၅ ရက် (ကြာသပတေးနေ့)၊ မွန်းလွဲ (၁၅၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


၂။         အဆိုပါ အထူးအစည်းအဝေး၏ အဖွင့်ပိုင်း အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ ကနေဒါ အမြဲတမ်း ကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးတို့က အမှာစကားများ ပြောခဲ့ကြပြီး၊ ဖိတ်ကြားထားသည့် ဆွေးနွေးသူများက Panel I : Success Stories in Refugee Hosting and Integration နှင့် Panel II : Solidarity and Sustainable Approaches ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြရာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၂၀) ကျော်မှာလည်း အပြန်အလှန် ဆွေးနွေးမှုတွင် ပါဝင်ဆွေးနွေးခဲ့ကြသဖြင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း Panel II တွင် ပါဝင် ဆွေးနွေးခဲ့ပါသည်။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ ဆွေးနွေးမှုတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-


(က)     မြန်မာနိုင်ငံတွင် ရိုဟင်ဂျာအများစုမှာ ပြည်တွင်း၌ နေရပ်စွန့်ခွာ နေထိုင်နေရပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် အခြားနိုင်ငံများတွင်ပါ ဒုက္ခသည်များအဖြစ် ခိုလှုံနေကြရကြောင်း၊


(ခ)       ထို့ပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖြစ်ပေါ်ခဲ့သည့် မတရား စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ နောက်ဆက်တွဲ ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးနှင့် ပြည်သူများအပေါ်တွင် ဆိုးရွားသော သက်ရောက်များ ကျရောက်လျက်ရှိသည့်အပြင် နေရပ် စွန့်ခွာ နေထိုင်ရသည့် ပမာဏသည်လည်း အံ့ဖွယ်ကြီးမားနေကြောင်း၊


(ဂ)       OCHA ၏ ခန့်မှန်းချက်အရ နေအိမ်များမှ စွန့်ခွာနေရထိုင်ရသူ ၃.၅ သန်းရှိပြီး ကိန်းဂဏန်း အမှန်မှာ ယင်းထက်မြင့်မားနိုင်ကြောင်း၊ ၁၉.၉ သန်းသော ပြည်သူများအနေဖြင့်လည်း လူသား ချင်း စာနာထောက်ထားမှုအကူအညီများကို အရေးပေါ် လိုအပ်လျက်ရှိပြီး နေအိမ်နှင့် ဘာသာရေး အဆောက်အအုံ (၁) သိန်းကျော်မှာ ဖျက်ဆီးခြင်း သို့မဟုတ် မီးရှို့ခြင်း ခံထားရကြောင်း၊


(ဃ)     ပြည်သူအများစုအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် အခြားသော နေရာများသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များအနေဖြင့် မြန်မာနိုင်ငံ အကျပ်အတည်း၏ ဒဏ်ကို အများဆုံး ခါးစည်းခံနေရကြောင်း၊ ၎င်းတို့အနေဖြင့် အမျိုးမျိုးသော ဒုက္ခဆင်းရဲများကို ရင်ဆိုင်ကြုံတွေ့ဖြတ်သန်းနေရသည့်အကြား မကြာသေးမီက ၇.၇ ပြင်းအား ဖြင့် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့်လည်း ၎င်းတို့၏ ဒုက္ခမှာ ဆင့်ကဲ တိုးပွားလာခဲ့ကြောင်း၊


(င)       မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကျပ်အတည်းသည် ဒေသတွင်းနှင့် အခြားသောနိုင်ငံများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိပါးစေလျက်ရှိကြောင်း၊ သို့ဖြစ်ရာ နေရပ်စွန့်ခွာသူများနှင့် ဒုက္ခသည်များအား သင့်လျော်သော အကာအကွယ်များ ပေးအပ်ရေးက အလွန် အရေးကြီး ကြောင်း၊


(စ)       ဤနေရာတွင် မကြာမီ ကျင်းပပြုလုပ်မည့် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမူဆလင်များနှင့် အခြားသော လူနည်းစုများ၏ အခြေအနေဆိုင်ရာ အဆင့်မြင့် ကွန်းဖရင့်” သည် အိမ်ရှင်နိုင်ငံများနှင့် ဒုက္ခသည် များအတွက် ရေရှည်ဖြေရှင်းနိုင်မည့်နည်းလမ်းတစ်ခုကို ရှာဖွေပေးနိုင်ရန် အထောက်အကူ ပေးနိုင်မည့် အခင်းအကျင်းတစ်ရပ် ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ အဆိုပါ ကွန်းဖရင့်အတွက် ထိရောက်သော၊ ညှိနှိုင်းမှုရှိသော ပြင်ဆင်မှုများကို အထူး လိုအပ်ပါကြောင်း၊


(ဆ)     မြန်မာနိုင်ငံတွင် ဒုက္ခသည်နှင့် နေရပ်စွန့်ခွာမှု ပြဿနာတို့၏ မြစ်ဖျားအရင်းခံက စစ်အာဏာရှင် စနစ်ပင်ဖြစ်သည်မှာ အငြင်းပွားဖွယ်ရာ မရှိကြောင်း၊


(ဇ)       သို့ဖြစ်ရာ မြန်မာပြည်သူများမှ စစ်အာဏာရှင်စနစ်နှင့် မတရား စစ်အာဏာသိမ်းမှုတို့ ချုပ်ငြိမ်း ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး ကြိုးပမ်းနေမှုများအတွက် နိုင်ငံ တကာ အသိုက်အဝန်း ၏ ပံ့ပိုးကူညီမှုက အလွန် အရေးပါကြောင်း၊


(ဈ)      ရေရှည် ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုအား ရှာဖွေရာ၌ ပြဿနာ၏ ဇစ်မြစ်ကို ဖြေရှင်းခြင်း အားဖြင့် ရိုဟင်ဂျာများ အပါအဝင် ဒုက္ခသည်များ ဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံစွာနှင့် သိက္ခာ ရှိစွာ နေရပ်သို့ ချောမွေ့စွာ ပြန်လည်လာရောက်နိုင်ရေးအတွက် လမ်းဖောက်နိုင်မည်ဟု ခိုင်မာစွာ ရှုမြင်ကြောင်း၊ ဤသို့လုပ်ဆောင်ခြင်းဖြင့် လူအများ၏ အသက်ကို ကယ်တင်နိုင်ပြီး၊ ပြည်သူတွေရဲ့ အနာဂတ်ကို ပြန်လည်ရယူ ပေးနိုင်မည်ဖြစ်ကြောင်း၊


(ည)     ထို့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အားကောင်းစေရန် ပြုလုပ်ခြင်း နှင့် ဒုက္ခသည်များအတွက် အကာအကွယ်များနှင့် ကူညီပံ့ပိုးမှုများ ပေးအပ်နိုင်ရန်မှာ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် ပြည်သူများ၏ အကောင်းဆုံး အကျိုးစီးပွားကို ရှေးရှုသည့် အစိုးရဖြင့် အဓိပ္ပါယ် ပြည့်ဝစွာ ပူးပေါင်း ဆောင်ရွက်မှုတို့ လိုအပ်ကြောင်း၊


(ဋ)       နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ယင်းအခြေအနေကို အလေးထား စဉ်းစားကာ လေးလေး နက်နက် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ချိန်တန်ပြီဖြစ်ကြောင်း။


(အချိန်အကန့်အသတ်ကြောင့် အထက်ပါ အချက်များကို ချုံ၍ ပြောကြားခဲ့ပါသည်။)


၄။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် ဆွေးနွေးမှု အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations, at the Economic and Social Council Special Meeting on Forced Displacement and Refugee Protection


(New York, 24 April 2025)


Thank you Mdm. Moderator,


I thank the President of ECOSOC for convening today’s important special meeting on forced displacement and refugee protection which the world has been experiencing with unprecedented challenges.


I also express my appreciation to the High Commissioner for Refugees and the panelists for their insights.


Mdm. Moderator,


In Myanmar, many Rohingya are being internally displaced and are taking refuge in Bangladesh and elsewhere.


Moreover, the unlawful military coup and its subsequent atrocities since February 2021 have caused disastrous impact on the country and its people. The scale of displacement and people suffering is staggering.


OCHA has estimated 3.5 million people being displaced from homes. Actual figure must be higher. 19.9 million people are currently in urgent need of humanitarian assistance. Over 100,000 homes and religious facilities were destroyed or burnt down.


Hundreds of thousands have also fled to the neighbouring countries and elsewhere.


Women, youth and children have borne the brunt of this crisis. Many have been experiencing various suffering.


The recent 7.7 magnitude earthquake has compounded the people’s suffering at an unprecedented level.


The crisis has been impacting the peace and security within the region and beyond.


Providing adequate protection to these displaced persons and refugees remains a key concern.


In this light, we believe that the forthcoming High-level Conference on the Situation of Rohingya Muslims and Other Minorities in Myanmar will serve a venue to help find sustainable solutions for both the host countries and refugees. Effective and well-coordinated preparation is absolutely needed.


No doubt, the people suffering and forced displacement in Myanmar stems from the military dictatorship.


It is utmost important for the international community to support Myanmar people’s endeavour in ending the military dictatorship and the military junta and establishing a federal democratic union in Myanmar.


We are strongly of the view that finding a sustainable solution by addressing the root causes of the crisis will pave the way to the successful return of refugees including Rohingya in a voluntary, safe and dignified manner. By doing so, it will save so many lives and bring their future back.


Moreover, strengthening of humanitarian assistance and providing protection and support to refugees require good governance and meaningful cooperation with a government that serves the best interest of its people.


It is now high time for the international community to take stock of this stark reminder and act now seriously.


I thank you.

 

*****







Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page