top of page
  • Writer's pictureMyanmar Mission To UN

Intervention by Ambassador Kyaw Moe Tun at the 2024 ECOSOC Operational Activities for Development Segment


Intervention by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the 2024 ECOSOC Operational Activities for Development Segment on “Means of Implementation: Financing the SDGs: Developing Financing Priorities that can have a Catalyzing Effect to Achieve System-Wide Results in the 2030 Agenda Implementation,” held on 16 May 2024


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီ၏ ၂၀၃၀ အာဂျင်ဒါအကောင်အထည်ဖော်ရေးတွင် စနစ်ကျသောရလာဒ်ကောင်းများရရှိရန် ဘဏ္ဍာရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများဖော်ဆောင်ရေး ၂၀၂၄ ခုနှစ် ဆွေးနွေးပွဲအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၂၀၃၀ အာဂျင်ဒါ အကောင်အထည်ဖော်ရေးတွင် ယခင်ရရှိပြီးသော ရလဒ်ကောင်းများ ပြန်လည်ရရှိစေပြီး ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ဆောင်ရမည့် တစ်ခုတည်းသောအချက်မှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်)


၁။       နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် စီးပွားရေးနှင့်လူမှုရေးကောင်စီ၏ Operational Activities ကဏ္ဍာအောက်မှ ၂၀၃၀ အာဂျင်ဒါ အကောင်အထည်ဖော်ရေးတွင် စနစ်ကျသောရလဒ် ကောင်းများရရှိရန် ဘဏ္ဍာရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများ ဖော်ဆောင်ရေးဆွေးနွေးပွဲကို ၁၄-၅-၂၀၂၄ ရက်နေ့မှ ၁၆-၅-၂၀၂၄ ရက်နေ့ အထိကျင်းပပြုလုပ်ခဲ့ပါသည်။ ၁၆-၅-၂၀၂၄ ရက်နေ့တွင် ပြုလုပ်သည့် “Means of implementation: Development financing priorities that can have a catalyzing effect to achieve system-wide results in the 2030 Agenda implementation” ခေါင်းစဉ်ဖြင့် အဆိုပါဆွေးနွေးပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း မှ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် UNDP အကြီးအကဲ၊ ကုလသမဂ္ဂ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာဌာန အကြီးအကဲတို့အပါအဝင် ကုလသမဂ္ဂမှ တာဝန်ရှိသူ (၄) ဉီးမှ ဉီးဆောင်ဆွေးနွေးခဲ့ကြပါသည်။


၂။       မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ ဆွေးနွေးပြောကြားရာတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင် ပါသည်-


(က)    ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များအား နိုင်ငံအဆင့်ဖော်ဆောင်ရေးတွင် Integrated National Financing Frameworks (INFFs) မှာ လွန်စွာအရေးပါကြောင်း၊ မြန်မာနိုင်ငံသည် အရပ်သားအစိုးရလက်ထက်က ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်း ချက်များ အကောင်အထည်ဖော်ရေးအတွက် “Myanmar Sustainable Development Plan” (MSDP) ကို အကောင်အထည်ဖော်ခဲ့ရာ တိုးတက်မှုများရရှိခဲ့ပြီး၊ ယင်းတိုးတက်မှုများသည် ၂၀၂၁ စစ်တပ်မှ မအောင်မြင်သော မတရား အာဏာသိမ်းမှုကြောင့် ဆုတ်ယုတ်ပျက်စီးခဲ့ကြောင်း၊


(ခ)     ကမ္ဘာ့ဘဏ်၏အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးပြုပြင်ပြောင်းလဲရေးမှာ ရပ်တန့်နေခဲ့ပြီး စိုးရိမ်မှုအခြေအနေကို ရောက်ရှိနေပြီဟု ထုတ်ပြန်ထားကြောင်း၊ အသေးစားငွေးကြေးလုပ်ငန်းအဖွဲ့များအပေါ် များစွာရိုက်ခတ်မှုရှိခဲ့ကြောင်း၊


(ဂ)     ၎င်းအပြင် မကြာသေးမီက စစ်တပ်မှ အတင်းအဓမ္မ စစ်သားစုဆောင်းမှုများ ပြုလုပ် ခြင်းကြောင့် ပုဂ္ဂလိကလုပ်ငန်းများတွင် လုပ်ကိုင်နေသည့်သူများအပါအဝင် လူငယ်များစွာ သည် တိုင်းပြည်မှ ထွက်ခွာရခြင်း၊ ပုန်းခိုနေရခြင်းများ ပြုလုပ်နေကြရကြောင်း၊ ယခုအခါ နိုင်ငံအတွင်းတွင် လူဦးရေ (၃) သန်း ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး၊ (၁၈.၆) သန်း ကျော်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် နိုင်ငံ၏ ဆင်းရဲမွဲတေမှုသတ်မှတ်မျဉ်း အောက်သို့ ကျရောက်နေပြီး နိုင်ငံတွင် အလယ်အလတ်ရှိသည့် လူလတ်တန်းစားများမှာ တဖြေးဖြေး ပျောက်ကွယ်လာနေကြောင်း၊


(ဃ)    စစ်တပ်သည် တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ် စေသည့် အဓိကအကြောင်းအရင်းဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ အကောင်အထည်ဖော်ရေးတွင်လည်း အဓိကအတားအဆီးဖြစ်ပါကြောင်း၊ ယင်း အကောင်အထည်ဖော်ရေး၏ ရေရှည်တည်တံ့သော ငွေကြေးထောက်ပံ့မှုနည်းလမ်းများ ဖြစ်ပေါ်စေရေးတွင် နိုင်ငံအတွင်း ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် တိုင်းပြည် တည်ငြိမ်ရေးသည် အရေးကြီးသည့်အချက်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ငြိမ်းချမ်းမှု မရနိုင်သလို၊ ငြိမ်းချမ်းမှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ပါကြောင်း၊


(င)     မြန်မာနိုင်ငံသည် INFF အကောင်အထည်ဖော်ရေးတွင် ကုလသမဂ္ဂဖွံဖြိုးတိုးတက်ရေးစနစ် (UNDS) နှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့ဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားလိုပါ ကြောင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအတွက် ဘဏ္ဍာငွေနှင့် ရင်းနှီးမြှုပ်နှံမှု များ တိုးချဲ့နိုင်ရေးအတွက် အဓိကလိုအပ်ချက်မှာ တိုင်းပြည်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း၊


(စ)     သို့ဖြစ်ရာ ၂၀၃၀ အာဂျင်ဒါ အကောင်အထည်ဖော်ရေးတွင် ယခင်ရရှိပြီးသော ရလဒ် ကောင်းများ ပြန်လည်ရရှိစေပြီး ဆက်လက်အကောင်အထည် ဖော်နိုင်ရေးအတွက် လုပ်ဆောင်ရမည့် တစ်ခုတည်းသောအချက်မှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ခြင်းဖြစ်သည်မှာ အထူးထင်ရှားပါ ကြောင်း။


၃။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၄ ခုနှစ်၊ မေလ ၁၆  ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Intervention by Ambassador Kyaw Moe Tun, Permanent Representative of the

Republic of the Union of Myanmar to the United Nations at the 2024 ECOSOC Operational Activities for Development Segment on “Means of Implementation: Financing the SDGs: Developing Financing Priorities that can have a Catalyzing Effect to Achieve System-Wide Results in the 2030 Agenda Implementation”


(New York, 16 May 2024)


Mr. Chair,


I wish to thank you for convening the meeting. I also thank the panelists for sharing their insights.


Myanmar underscores the importance of Integrated National Financing Frameworks (INFFs) in financing sustainable development priorities and the SDGs at the country level.


The elected civilian government of Myanmar was committed to achieving the SDGs under the framework of the “Myanmar Sustainable Development Plan” (MSDP). Myanmar finalized its first development finance assessment with support from UNDP in 2017 and undertook efforts to mobilize domestic and international finance from public and private sectors.


Regrettably, our progress in MSDP financing strategies have been reversed by the attempted military coup in 2021. Foreign investments dropped by 42% a year after the coup. The World Bank reported that financial sector reforms have also stagnated and are in danger of being reversed after the illegal military coup. Microfinance institutions were impacted by the subsequent domestic banking crisis, affecting 5 million customers including many MSMEs.


In addition, the recent unlawful forced conscription of the military junta has pushed many youths, including those working in private sectors, into hiding and fleeing the country.


Over 3 million people have been internally displaced and more than 18.6 million people are in need of humanitarian assistance. Nearly half of the population was living below the national poverty line in 2023 and the middle class is disappearing.


It is evident that the military junta remains the major root cause of economic, social and political instability, and the primary obstacle to achieving the SDGs in Myanmar. Securing sustainable financing pathways for the SDGs will require major efforts to restore peace and stability in Myanmar in line with pillar 1 of the MSDP. There is no peace without development and no development without peace.


In conclusion, Myanmar remains open to collaborate with the UNDS and the international community in designing and implementing the INFF. For Myanmar, peace and stability are the foundations for scaling up finance and investments for national sustainable development priorities. It is crystal clear that eradicating the military dictatorship and building a federal democratic union is the only viable path towards regaining systems-wide results in the 2030 Agenda Implementation.


I thank you.


 

*****






 

 

Comments


bottom of page