Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at Interactive Dialogue with the High Commissioner for Refugees at the Third Committee of the 79th Session of the UN General Assembly, held on 6 November 2024
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် အပြန်အလှန်ဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က စစ်ကောင်စီ၏ ယုတ်ရင်းရက်စက်သော လေကြောင်းတိုက်ခိုက်မှုများ၊ မတရား ဖမ်းဆီးချုပ်နှောင်မှုများ၊ အကြမ်းဖက်မှုများနှင့် အတင်းအကျပ် တပ်သားစုဆောင်းမှုများမှ လွတ်မြောက်နိုင်ရန် ရိုဟင်ဂျာအပါအဝင် များစွာ သော မြန်မာပြည်သူများ အတင်း အကျပ် နေရပ်စွန့်ခွာနေရကာ ဝေးလံခေါင်ဖျားသော နေရာ ဒေသများ သို့တည်းမဟုတ် အိမ်နီးချင်းနိုင်ငံများ နှင့် အခြား ဒေသတွင်းနိုင်ငံများတွင် ခိုလှုံ နေထိုင်နေရ၊
အိမ်နီးချင်းနိုင်ငံများ၌ ပိတ်မိနေသည့် ဒုက္ခသည်များအနေဖြင့် လုံခြုံရေး အရ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပြီး ပြန်လည်နေရာချထားရေး အခွင့် အလမ်းများအတွက် အပါအဝင် အခြားသော မသေချာ၊ မရေရာမှုများကိုလည်း ရင်ဆိုင် နေရလျက်ရှိ၊ ၎င်းတို့အနေဖြင့် UNHCR သို့ ချဉ်းကပ်ကာ နိုင်ငံတကာ အကာအကွယ် ရရှိနိုင်ရန် ကြိုးပမ်းလျက်ရှိ၊ အများစုမှာ UNHCR ထံမှ ပြန်ကြားမှုကို စောင့်ဆိုင်းလျက်ရှိ၊ ၎င်းတို့အနေဖြင့် စိတ်ဒဏ်ရာများရကာ ကူကယ်ရာမဲ့နေသည်ဟု ခံစားနေရ လျက်ရှိ၊
ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးအနေဖြင့် အိမ်နီးချင်းနိုင်ငံများတွင် ပိတ်မိနေသာ အဆိုပါ မြန်မာ ပြည်သူများ ထံသို့ ၎င်းတို့၏ လုံခြုံရေး၊ ကျန်းမာရေးနှင့် ၎င်းတို့၏ အနာဂတ်နှင့် ၎င်းတို့ ကလေး ငယ်များ၏ အနာဂတ်အတွက် မည်သို့သော အားပေးစကားနှင့် အကူအညီပေးနိုင်မည့် သတင်း စကားများ ပြောကြားပေးနိုင်မည်ကို မေးမြန်းလိုပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်)
၁။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသော (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ အစည်းအဝေးအတွင်း လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ) ၌ ၆-၁၁-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့)၊ မွန်းလွဲပိုင်းတွင် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် အပြန်အလှန် ဆွေးနွေးသည့် အစီအစဉ်အား ကျင်းပခဲ့ပါသည်။
၂။ အဆိုပါ ဆွေးနွေးမှုတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees – UNHCR) ၏ မဟာမင်းကြီး Mr. Filippo Grandi က UNHCR ၏ အစီရင်ခံစာကို အဓိက တင်ပြဆွေးနွေးခဲ့ပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ မှ ပါဝင် ဆွေးနွေးခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပါဝင်၍ ဆွေးနွေးခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ ဆွေးနွေးမှုတွင် အောက်ဖော်ပြပါအချက်များ အဓိကပါဝင်ပါ သည်-
(က) ယနေ့ UNHCR မှ တင်သွင်းသည့် အစီရင်ခံစာသည် အမှန်ပင် ထိတ်လန့်ဖွယ်ကောင်းကြောင်း၊
(ခ) မြန်မာနိုင်ငံတွင် ၁-၂-၂၀၂၁ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် မတရား စစ်အာဏာသိမ်းမှုနှင့် စစ်အုပ်စုမှ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်လျက် နိုင်ငံနှင့်တစ်ဝှမ်းနေထိုင်သော အရပ်သားပြည်သူများအပေါ် ကျူးလွန်နေဆဲဖြစ်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် မဆင်မခြင် တိုက်ခိုက်မှုများကြောင့် ဆက်လက် ဖြစ်ပွားနေသော စိုးရိမ်ရသည့် ဒုက္ခသည် အကျပ်အတည်းကို အဆိုပါ အစီရင်ခံစာက ဆို့နင့်ဖွယ်ကောင်းအောင် ထင်ဟင် ဖော်ပြ ထားကြောင်း၊
(ဂ) စစ်ကောင်စီ၏ ယုတ်ရင်းရက်စက်သော လေကြောင်းတိုက်ခိုက်မှုများ၊ မတရား ဖမ်းဆီးချုပ်နှောင် မှုများ၊ အကြမ်းဖက်မှုများနှင့် အတင်းအကျပ် တပ်သားစုဆောင်းမှုများမှ လွတ်မြောက်နိုင်ရန် ရိုဟင်ဂျာအပါအဝင် များစွာ သော မြန်မာပြည်သူများ အတင်းအကျပ် နေရပ်စွန့်ခွာနေရကာ ဝေးလံခေါင်ဖျားသော နေရာ ဒေသများ သို့တည်းမဟုတ် အိမ်နီးချင်းနိုင်ငံများနှင့် အခြား ဒေသတွင်းနိုင်ငံများတွင် ခိုလှုံ နေထိုင်နေရလျက်ရှိကြောင်း၊
(ဃ) လူမှုရေးနောက်ခံ အမျိုးမျိုး ကွဲပြားကြသည့် ဒုက္ခသည် အများစုအနေဖြင့်လည်း တတိယ နိုင်ငံများ၌ နိုင်ငံရေး ခိုလှုံခွင့်နှင့် ယာယီအကာအကွယ်ပေးမှုများ လျှောက်ထားလျက်ရှိ ကြောင်း၊
(င) ဒုက္ခရောက်နေသော မိမိတို့၏ မြန်မာပြည်သူများအား အကူအညီပေးအပ် လျက်ရှိသော အိမ်ရှင်နိုင်ငံ အစိုးရများနှင့် ပြည်သူများအား ကျေးဇူးတင်ရှိသည့်နည်းတူ ၎င်းတို့ အား လိုအပ် သည့် အကူအညီနှင့် စောင့်ရှောက်မှုများ ပိုမို ပေးအပ်ပေးရန် တောင်းဆိုလို ပါကြောင်း၊
(စ) အဘယ်ကြောင့်ဆိုသော် အိမ်နီးချင်းနိုင်ငံများ၌ ပိတ်မိနေသည့် ဒုက္ခသည်များအနေဖြင့် လုံခြုံရေး အရ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပြီး ပြန်လည်နေရာချထားရေး အခွင့် အလမ်းများအတွက် အပါအဝင် အခြားသော မသေချာ၊ မရေရာမှုများကိုလည်း ရင်ဆိုင် နေရလျက်ရှိကြောင်း၊
(ဆ) ၎င်းတို့အနေဖြင့် UNHCR သို့ ချဉ်းကပ်ကာ နိုင်ငံတကာ အကာအကွယ် ရရှိနိုင်ရန် ကြိုးပမ်း လျက်ရှိကြောင်း၊ အများစုမှာ UNHCR ထံမှ ပြန်ကြားမှုကို စောင့်ဆိုင်းလျက်ရှိ ကြောင်း၊ ၎င်းတို့ အနေဖြင့် စိတ်ဒဏ်ရာများရကာ ကူကယ်ရာမဲ့နေသည်ဟု ခံစားနေရ လျက်ရှိကြောင်း၊
(ဇ) သို့ဖြစ်ပါ၍ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးအနေဖြင့် အိမ်နီးချင်းနိုင်ငံများတွင် ပိတ်မိနေသာ အဆိုပါ မြန်မာ ပြည်သူများထံသို့ ၎င်းတို့၏ လုံခြုံရေး၊ ကျန်းမာရေးနှင့် ၎င်းတို့၏ အနာဂတ်နှင့် ၎င်းတို့ ကလေး ငယ်များ၏ အနာဂတ်အတွက် မည်သို့သော အားပေးစကားနှင့် အကူအညီ ပေးနိုင်မည့် သတင်း စကားများ ပြောကြားပေးနိုင်မည်ကို မေးမြန်းလိုပါကြောင်း၊
(ဈ) မိမိတို့၏ ခိုင်မာသောအမြင်မှာ ရိုဟင်ဂျာများ နေရပ်သို့ ဘေးကင်းလုံခြုံ၍ ဆန္ဒအလျောက် နှင့် သိက္ခာရှိစွာ ပြန်လည်သွားရောက်နိုင်ရေးအပါအဝင် ဒုက္ခသည်အရေး ဖြေရှင်းနိုင်ရန်မှာ ပြစ်မှု ကျူးလွန်သူများကို တရား ဥပဒေကြောင်းအရ တာဝန်ခံမှု ရှိစေရေး၊ မြန်မာနိုင်ငံတွင် စစ်အာဏာ ရှင်စနစ်နှင့် ၎င်းတို့၏ မတရား စစ်အာဏာသိမ်းမှု ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးတို့က အဓိကသော့ချက်ဖြစ်ကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် ဆွေးနွေးမှုအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at Interactive Dialogue with the High Commissioner for Refugees at the Third Committee of the 79th Session of the UN General Assembly
(New York, 6 November 2024)
Mr. Chair,
I thank High Commission Mr. Filippo Grandi for presenting the report today and also wish to extend my delegation’s appreciation to the UNHCR for its dedicated effort to promote the protection of refugees around the world and addressing their humanitarian needs.
Indeed, the report in front of us is disturbing.
It deplorably resembles the alarming refugee crisis in Myanmar primarily driven by the ongoing unlawful military coup of 1 February 2021 and the junta’s continued heinous atrocities and indiscriminate attacks against the population across the country by committing human rights violations, war crimes and crimes against humanity.
The number of IDP has reached over 3.4 million in Myanmar. They have been forcibly displaced and living either in remote areas or taking refuge in neighbouring countries and other regional countries to escape from the military’s vicious aerial attacks, arbitrary arrets and detention, violence and force conscription.
A substantial number of refugees from different social backgrounds have also been seeking asylum and temporary protected status in the third countries.
While thanking the governments and peoples of the host countries for their support towards distress Myanmar people, I wish to request them to extend more help and more support to them.
Many of those who are still stranded in neighbouring countries are facing numerous security challenges and various uncertainties, including the opportunity to resettlement.
Therefore, they have sought international protection by reaching out to UNHCR. Many of them are awaiting response from UNCHR. They are in trauma and feel helpless.
In this regard, Mr. High Commissioner, what helping messages and encouragement that you can convey to those Myanmar people stranded in the neighbouring countries, for their safety, for their health and for their future including their children’s future.
In our firm view, the key to resolving the refugee crisis including the safe, voluntary and dignified repatriation of Rohingya, is holding perpetrators accountable through justice means, ending the military dictatorship and its unlawful coup and building a federal democratic union in Myanmar.
I thank you.
*****