top of page
  • Writer's pictureMyanmar Mission To UN

Intervention by Ambassador Kyaw Moe Tun at Interactive Dialogue with Special Rapporteur(22 Oct 2021)


Intervention by Myanmar on Agenda item 74: Promotion and Protection of Human Rights at the Interactive Dialogue with the Special Rapporteur on the Situation of Human Rights in Myanmar, Third Committee of the Seventy-Sixth session of UNGA


[Below Myanmar Text]


သတင်းအဖြစ် ထုတ်ပြန်ချက်


(၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ၌

မြန်မာနိုင်ငံတွင် စစ်တပ်မှ ကျူးလွန်နေသည့် အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်ရန် မြန်မာနိုင်ငံလူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းကို ဆောင်ရွက်စေလိုသည့် လုပ်ဆောင်ချက်အသစ်များနှင့် စပ်လျဉ်း၍ မြန်မာအမြဲတမ်းကိုယ်စားလှယ်က မေးမြန်းခဲ့


(နယူးယောက်မြို့၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့)


၁။ နယူးယောက်မြို့၌ ကျင်းပလျက်ရှိသည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း ၂၂-၁၀-၂၀၂၁ ရက်နေ့တွင် တတိယကော်မတီ၌ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင် ခံစာတင်သွင်းသူ မစ္စတာသောမတ်စ်အန်ဒရူးနှင့် အပြန်အလှန်ဆွေးနွေး ပြောကြားချက်တစ်ရပ်ကို ကျင်းပခဲ့ပါသည်။


၂။ ယင်းအပြန်အလှန်ဆွေးနွေးမှုအတွင်း မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာစစ်တပ်မှ ပြည်သူများအပေါ် ဆက်လက်ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်မှုများအပါအဝင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများကို ရှင်းပြခဲ့ပြီး၊ အမျိုးသား ညီညွတ်ရေးအစိုးရ အနေဖြင့် အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာပါ အကြံပြုတိုက်တွန်းချက်များကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါပြောကြားခဲ့သည့်မိန့်ခွန်းတွင် အောက်ပါအဓိကအချက်များပါဝင်ပါသည်-


(က) စစ်တပ်မှ အာဏာသိမ်းပြီး ကိုးလနီးပါးကာလအတွင်း မြန်မာပြည်သူများသည် စစ်တပ်နှင့် ယင်း၏ လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်မှုများ၊ လူမဆန်သည့် လုပ်ဆောင်ချက်များနှင့် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ဆက်လက်ခံစားနေရလျက်ရှိကြောင်း၊


(ခ) စစ်တပ်အနေဖြင့် တပ်မတော်နေ့ တစ်နေ့တည်းတွင် မြို့နယ် (၄၄) ခုမှ အရပ်သားပြည်သူ (၁၄၀) ကို ရက်စက်စွာ သတ်ဖြတ်ခြင်းမှစ၍ ဧပြီလ (၉) ရက်နေ့တွင် ပဲခူးရှိ ဆန္ဒပြသူ (၈၀) ကျော်ကို သတ်ဖြတ်ခြင်း အပါအဝင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကို ကျူးလွန် နေကြောင်း၊ စစ်တပ်၏ ယင်းကျူးလွန်မှု များကို တစ်ပြေးညီရှုံ့ချပြီး ဆက်လက်မဆောင်ရွက်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တိုက်တွန်းချက်ကို လုံးဝဆန့်ကျင် နေလျက် ရှိကြောင်း၊


(ဂ) မြန်မာပြည်သူများ၏ ဒီမိုကရေစီဆိုင်ရာ၊ အရပ်ဘက်နှင့် နိုင်ငံရေး အခွင့်အရေးများ အားလုံးအပေါ် တိုက်ခိုက်မှုများ ဆက်လက် ကျူးလွန်နေလျက်ရှိကြောင်း၊


(ဃ) မြန်မာစစ်တပ်သည် ဆိုးရွားသည့်နိုင်ငံတကာပြစ်မှုများကို ချိုးဖောက်ကျူးလွန်နေသော် လည်း ယင်းအနေဖြင့် တာဝန်ခံရန်မလိုဘဲ ရှောင်ပြေးနိုင်ကြောင်း ပြသနေခြင်းဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် ယင်းအချက်သည် မှန်ကန်မှုမရှိကြောင်း သက်သေပြရမည်ဖြစ်ကြောင်း၊


(င) ကုလသမဂ္ဂအထူးစုံစမ်းစစ်ဆေးရေးယန္တရားအနေဖြင့် မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သော ဆိုးရွား သည့် နိုင်ငံတကာပြစ်မှုများနှင့်ပတ်သက်၍ သက်သေများကို ဆက်လက် စုဆောင်း၊ ဆန်းစစ်၊ ထိန်းသိမ်းခြင်း နှင့် ယင်းပြစ်မှုများကို ကျူးလွန်သည့် တစ်ဦးတစ်ယောက်ချင်းအတွင်း အမှုတွဲများကို ပြင်ဆင်ခြင်းတို့ကို လုပ်ပိုင်ခွင့်နှင့်အညီ ဆောင်ရွက်သွားမည်ဟု ယုံကြည်ပါကြောင်း၊


(စ) မြန်မာစစ်တပ်မှ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေခြင်းကို ရပ်တန့်ရန် နိုင်ငံတကာနှင့် ဒေသတွင်းအသိုက် အဝန်းအနေဖြင့် အရေးပေါ်စည်းလုံးသည့် တုံ့ပြန်မှုများကို ရှေ့တိုးဆောင်ရွက်ခြင်းနှင့် တာဝန်ခံမှုရှိစေခြင်း များ မပြုလုပ်ပါက မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်၌ ဖြစ်ပွားခဲ့သည့် “ရိုဟင်ဂျာ” များအပေါ် လူသားချင်းစာနာမှု အကြပ်အတည်းနှင့် လူ့အခွင့်အရေးဆိုင်ရာ ဝမ်းနည်းဖွယ်အခြေအနေများကဲ့သို့ ထပ်မံဖြစ်ပွားလုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေကြောင်း၊


(ဆ) အမျိုးသားညီညွတ်ရေးအစိုးရသည် စတင်ဖွဲ့စည်းစဉ်ကပင် ပြည်သူများ၏ အခွင့်အရေးများကို လေးစားတိုးမြှင့်ပေးရန်နှင့် အကြမ်းဖက်မှုကျူးလွန်သူများကို နိုင်ငံတကာဥပဒေများနှင့်အညီ တာဝန်ခံမှု ရှိစေရန် များစွာ ကြိုးပမ်းအားထုတ်ခဲ့ကြောင်း၊


(ဇ) လွန်ခဲ့သည့် (၈) လခန့်က ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘော ဆွေးနွေးမှု၌ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် ကျူးလွန်သည့် အကြမ်းဖက် ရက်စက်သည့်လုပ်ရပ်များကို ရပ်တန့်ရန်နှင့် အာဏာသိမ်းမှုကို ချက်ချင်းရပ်တန့်ရန်အတွက် ကုလသမဂ္ဂ နှင့်အဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုခဲ့ကြောင်း၊ ယခုအချိန်အထိ မတရားအသတ်ခံရသူ ၁,၂၀၀ နီးပါးရှိလာပြီ ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ၏ အလူ့အခွင့်အရေးနှင့် အသက် အိုးအိမ်ကို ကာကွယ်ပေးရေးအတွက် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း။


၃။ ထို့အပြင် အမြဲတမ်းကိုယ်စားလှယ်က မြန်မာပြည်သူများ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ အထူးအစီရင်ခံစာတင်သွင်းသူ၏ ထောက်ပံ့မှုများနှင့် အားထုတ်မှုများကို ကျေးဇူးတင်ကြောင်းနှင့် မြန်မာ စစ်တပ်၏ ဆိုးရွားသောလူ့အခွင့်အရေးကျူးလွန်မှုများမှ ပြည်သူများကို ကာကွယ်နိုင်ရေးအတွက် သက်ဆိုင် သည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ တာဝန်ရှိသူများနှင့် ဆက်လက်၍ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံခဲ့ပြီး အောက်ပါမေးခွန်း (၂) ခုကို မေးမြန်းခဲ့ပါသည် -


(က) အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာပါ အကြံပြုတိုက်တွန်းချက်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် ပတ်သက်၍ အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် နိုင်ငံတကာအသိုက် အဝန်းသို့ မည်သို့ ချဉ်းကပ်မည်ကို သိလိုပါကြောင်း၊


(ခ) မြန်မာနိုင်ငံတွင် စစ်တပ်မှ ကျူးလွန်နေသည့် အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်စေရန် အထူး အစီရင်ခံစာတင်သွင်းသူအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းကို မည်သည့် လုပ်ဆောင်ချက်အသစ်များအား ထိထိရောက်ရောက် ဆောင်ရွက်စေလိုကြောင်း။


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းအပြည့်အစုံအား ပူးတွဲ ဖော်ပြအပ်ပါသည်။


၅။ ယင်းဆွေးနွေးမှုသို့ မက္ကဆီကို၊ အိုင်ယာလန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဗင်နီဇွဲလား၊ လူဇင်ဘတ်၊ ဩစတြေးလျ၊ ထိုင်း၊ ပြင်သစ်၊ အီးယူ၊ ယူအက်စ်၊ တူရကီ၊ မလေးရှား၊ ယူကေ၊ ဘယ်လာရုစ်၊ နော်ဝေ၊ ကနေဒါ၊ ဘင်္ဂလားဒေ့ရှ်၊ ချက်သမ္မတနိုင်ငံနှင့် တရုတ်နိုင်ငံ၊ စုစုပေါင်း (၁၉) နိုင်ငံမှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးခဲ့ပြီး၊ အဓိကအားဖြင့် မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ်နေသော စစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများ၊ ပြည်တွင်းပြည်ပရှိ ရိုဟင်ဂျာ မွတ်စလင်များ၏ အခြေအနေ၊ ယင်းကိစ္စများနှင့်စပ်လျဉ်း၍ စိုးရိမ်မှုများ၊ ဖမ်းဆီးထိန်းသိမ်း ထားသောနိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်းလွှတ်ပေးရန်ကိစ္စ၊ အာဆီယံသဘောတူညီချက် (၅) ရပ် ကို အကောင်အထည်ဖော်ရေးကိစ္စ၊ လူသားချင်း စာနာမှုအကူအညီ များပေးရေးကိစ္စ၊ စစ်တပ်အပေါ် မည်ကဲ့သို့ ပိုမိုထိရောက်စွာ အရေးယူနိုင်မည့်ကိစ္စစသည်တို့ အပါအဝင် ဆွေးနွေးမေးမြန်းခဲ့ပြီး အထူးအစီရင်ခံစာတင်သွင်းသူမှ ပြန်လည် ဖြေကြားခဲ့ပါကြောင်း ဖော်ပြအပ်ပါသည်။



၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်၊

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။



Please check against delivery


Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations

Agenda item 74: Promotion and Protection of Human Rights

at the Interactive Dialogue with the Special Rapporteur on the Situation of Human Rights in Myanmar, Third Committee of the Seventy-Sixth session of UNGA


(New York, 22 October 2021)


Mr. Chair,


At the outset, Myanmar thanks the Special Rapporteur for his statement and the report which well-reflected the on-ground and update situation in Myanmar. I particularly appreciate the inclusion of first-hand accounts of atrocities committed by the military against the people of Myanmar. We further wish to support the recommendations made in his report which are of high importance and that the United Nations and the Member states take serious attention and implement those recommendations effectively and timely.


Although Myanmar has been under the military coup for almost 9 months now, the situation in Myanmar have not gotten any better and instead, Myanmar people have continuedsuffering the atrocities, inhumane actions and human rights violations of the military and its security forces. Those countless atrocities and violations the military has committed included extra-judicial killings, arbitrary arrests, cruel, inhumane, and degrading treatments and tortures. How can we call ruthless killings of 140 unarmed civilians in 44 townships on the Armed Forces Day alone as isolated incidents? The military continued to commit such mass murders including April 9 mass killing of over 80 protesters in Bago, in total defiance of the UN Security Council’s unanimous condemnation and call for restraint.


Mr. Chair,


Obviously, these atrocities were premeditated and committed as part of nationwide widespread and systematic attacks by the security forces against civilians under the direct supervision of the military leadership in order to terrorize the population into submission. It was not a secret the military junta planned to engage in systematic mass murders. Their televised threat to shoot people “in the head and back” is a clear evidence of such premeditation.


All-out attacks on democratic, civil and political rights of Myanmar people continue. These include destruction of the rule of law and access to justice, imposition of death sentences by so-called military tribunals, collective punishment and hostage-taking, and crackdown on fundamental freedoms among others.


Mr. Chair,


The military, immune to any form of accountability domestically, is showing the international community that they can get away with any violation of serious international crimes. The international community must prove them wrong. The UN Independent Investigative Mechanism for Myanmar in its latest report A/HRC/48/18 said that its preliminary analysis of collected information since the coup indicates that crimes against humanity have likely been committed in Myanmar. We are confident that the Mechanism continues to collect, analyze and preserve evidence of serious international crimes being committed in Myanmar, and prepare case files regarding individual criminal responsibility for such crimes in an impartial, independent and professional manner, as per its mandate.


Mr. Chair,


Unless the international and regional community steps up its urgent unified response to end blanket military impunity and ensure accountability, repeats of 2017 Rohingya humanitarian crisis and human rights tragedy are imminent. Recent military buildup and internet and mobile data shut-downs in areas including Chin state, Sagaing and Magway regions are a clear warning. Civilian population especially vulnerable women and children are at great risk from indiscriminate attacks of the military with license to murder.


Since its establishment, the National Unity Government put its greatest endeavours on ensuring the rights of the people respected and promoted, as well as those who perpetrated the atrocities are held accountable in line with the international laws. Thus, the NUG welcomes and supports the recommendations of the Special Rapporteur since it is in line with the activities of the NUG.


Now, the NUG is actively seeking accountability and justice for past and ongoing crimes committed by the military. The NUG is dedicated to ensuring accountability and ending impunity for those high-ranking officials and their subordinates from the military who committed a grave violation of human rights and international humanitarian law. Accordingly, the NUG lodged a declaration with the registrar of the ICC on 17 July 2021, accepting the Court’s jurisdiction with respect to the international crimes committed in the territory of Myanmar since July 2002.


Mr. Chair,


Nearly 8 months ago, at the informal consultation in the general assembly hall I appealed the United Nations and the member states to take all strongest possible measures to stop the violent and brutal actions committed by the security forces against peaceful demonstrators and end the military coup immediately. Sadly, the number of people brutally killed has reached almost 1,200 now. Therefore, I would like to call upon the United Nations and the member states to step forward and protect the lives and the rights of Myanmar people, who are also entitled to fully enjoy their basic rights and freedoms as everyone else does in the world. We are fighting for the justice. Justice must prevail.


Mr. Chair,


While thanking the Special Rapporteur for his continued support for the promotion and protection of human rights in Myanmar and tireless efforts in conveying the true message of Myanmar people to the international community, I wish to appeal you to continue closely cooperate with the relevant UN entities and mandate holders in order to protect the people from serious human rights violations committed by the military. Therefore, I wish to end by asking the Special Rapporteur questions, what will be your approach to the international community for the effective implementation of your recommendation? And what new cause of action you want the international community to pursue seriously to end the atrocities committed by the military in Myanmar?


I thank you.


*****








bottom of page