top of page
  • Writer's pictureMyanmar Mission To UN

Intervention by Ambassador Kyaw Moe Tun at Interactive Dialogue of the Third Committee (12 Oct 2021)


Intervention by Myanmar at the Interactive Dialogue with the Special Rapporteur on Torture and other Cruel, Inhuman or Degrading Treatment or Punishment at the Third Committee


[Below Myanmar Text]


(၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီ၏ လူ့အခွင့်အရေးမြှင့်တင် ကာကွယ် ရေးဆိုင်ရာ အစည်းအဝေး၌ မြန်မာစစ်တပ်မှ ကျူးလွန်လျက်ရှိသော ညှဉ်းပန်းနှိပ်စက်မှုများနှင့် လူသား မဆန်သော ဆောင်ရွက်ချက်များကို အဆုံးသတ်ရေးနှင့် မြန်မာစစ်တပ်အား တာဝန်ခံမှုရှိစေရေးတို့အတွက် နိုင်ငံတကာအသိုက်အဝန်းမှ ဆောင်ရွက်နိုင်ရေး မေးမြန်းခဲ့။


(နယူးယောက်မြို့၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်)


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် အောက်တိုဘာလ ၁၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကျင်းပသည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယ ကော်မတီ၏ လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးဘာသာရပ်အောက်ရှိ ညှဉ်းပန်းနှိပ်စက်မှု၊ လူသားမဆန် သည့် ရက်စက်ကြမ်းကြုတ်မှုကိစ္စများဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှု Virtual အစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့ပါသည်။


အမြဲတမ်းကိုယ်စားလှယ်၏ ဆွေးနွေးပြောကြားမှုတွင် မြန်မာစစ်တပ်အနေဖြင့် ညှဉ်းပန်းနှိပ်စက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို အရေးယူခံရခြင်းမှကင်းလွတ်လျက် ကျူးလွန်နေသည်မှာ ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့်ပြီဖြစ်ကြောင်း၊ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ် စက်ခြင်းများ ပြုလုပ်ကာ အကြောက်တရားဖြင့် အုပ်ချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ မတရား ဖမ်းဆီးခံရသူ (၈,၇၀၀) ဦး ကျော်နှင့် ရက်စက်စွာသတ်ဖြတ်ခံရသူ (၁,၁၀၀) ဦး ခန့် ရှိပြီဖြစ်ကြောင်း၊ (၈) လ တာကာလအတွင်း စစ်တပ်မှ ဖမ်းဆီးထားစဉ် ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသူဦးရေမှာ အနည်းဆုံး (၁၅၀) ဦးရှိပြီး၊ ဖမ်းဆီးရန်ကြိုးပမ်းစဉ် သေဆုံးမှု များစွာလည်းရှိကြောင်းနှင့် မြန်မာစစ်တပ်မှကျူးလွန်သည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် လူသားမဆန်သော ဆောင်ရွက်ချက်များတွင် ရိုက်နှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခြင်း၊ အစားအစာနှင့် ‌ရေဖြတ်တောက်ခြင်း၊ ဆေးကုသခွင့် မပေးခြင်းတို့အပြင် အခြားဆောင်ရွက်ချက် များစွာပါဝင်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့နောက် တာဝန်ခံမှုနှင့်စပ်လျဉ်း၍ အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ၏ တရားစီရင်မှုကို လက်ခံကြောင်းနှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအပါအဝင် အခြားသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး၊ မြန်မာစစ်တပ်၏ ညှဉ်းပန်း နှိပ်စက်မှုများချက်ချင်း အဆုံးသတ်ရေးနှင့် စစ်တပ်အား တာဝန်ခံမှုရှိစေရေးတို့အတွက် နိုင်ငံတကာ အသိုက်အဝန်းမှ အရေးယူဆောင်ရွက်နိုင်ရေးကိစ္စနှင့် ညှဉ်းပန်းနှိပ်စက်ခံရသူများအား ကုစားပေးရေးတွင် နိုင်ငံတကာအသိုက်အဝန်း နှင့် ကုလသမဂ္ဂအနေဖြင့် ပံ့ပိုးနိုင်ရေးကိစ္စတို့နှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ပါသည်။


အမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအား ပူးတွဲဖော်ပြအပ်ပါသည်။


၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်၊

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။



Please check against delivery


Intervention by Myanmar at the Interactive Dialogue with

the Special Rapporteur on Torture and other Cruel, Inhuman or

Degrading Treatment or Punishment at the Third Committee

(New York, 12 October 2021, 3 pm – virtual)


Mr. Chair,


I thank the Special Rapporteur for his report and share concerns over the issue of systematic accountability gap for torture and ill-treatments.


In Myanmar, the military has been committing torture and other atrocities in complete impunity for decades. Latterly, followed by illegal coup in Myanmar, the military has been using its outmoded tactics of arrest and ill-treatment to rule by fear. Over 8,700 people have been arbitrarily arrested, and more than 1,100 including women and children were ruthlessly killed. Within eight months, my country witnessed at least 150 incidents of torture to death in detention and many others during attempt to arrest. Acts of torture and inhuman treatments perpetrated by the military include, but not limited to, beatings, sexual violence, deprivation of food and water, and denial of medical treatment especially during the global pandemic.


In its effort to seek accountability, the NUG has announced its acceptance to jurisdiction of ICC and its close cooperation with other bodies including the IIMM.


Taking this opportunity, I would like to ask the Special Rapporteur the followings:


(1)What collective measures can the international community take to end torture immediately and to hold the military accountable without any further bloody incident in the country?


(2)How can international community and UN mechanisms support national efforts in providing reparation to survivors of torture and ill-treatments?


I thank you.



*****



















bottom of page