top of page
  • Writer's pictureMyanmar Mission To UN

Explanation of Vote after vote by Ambassador Kyaw Moe Tun on draft resolution A/C.3/77/L.44/Rev.1-3C




Explanation of Vote after the vote by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, on the draft resolution A/C.3/77/L.44/Rev.1: “Moratorium on the use of the death penalty” at the Third Committee of the 77th Session of the UN General Assembly, held on 11 November 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းမှ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိတယကော်မတီ၌ တင်သွင်းသည့်

သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို တရားဝင်ဆိုင်းငံ့ခြင်း“Moratorium on the use of the Death Penalty” ဆိုင်ရာ အဆိုမူကြမ်းအား ထောက်ခံမဲပေးခြင်းနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့ခြင်း


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်)


၁။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် နိုဝင်ဘာလ ၁၁ ရက်နေ့၊ ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိတယကော်မတီ၌ တင်သွင်းသည့် သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို တရားဝင်ဆိုင်းငံ့ခြင်း “Moratorium on the use of the Death Penalty” ဆိုင်ရာ အဆိုမူကြမ်း (A/C.3/77/L.44/Rev.1) အား ထောက်ခံမဲပေးခြင်းနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့ရာ၊ အောက်ပါ အဓိကအချက်များ ပါဝင်ပါသည် -


(က) မြန်မာနိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေတွင် သေဒဏ်ပေးခြင်းကို တရားဝင်ဖျက်သိမ်းခြင်း မရှိသေး သော်လည်း လက်တွေ့၌ သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို တရားဝင်ဆိုင်းငံ့မှုကို (de facto moratorium) ကို ဆယ်စုနှစ် (၄) ခု နီးပါး ဆောင်ရွက်နိုင်ခဲ့ကြောင်း၊


(ခ) သို့ရာတွင် ဇူလိုင်လက တရားမဝင်အာဏာသိမ်းစစ်တပ်သည် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ (၄) ဦး ဖြစ်သည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား သေဒဏ် ပေးကွပ်မျက်ခဲ့ကြောင်း၊ အဆိုပါသေဒဏ်ချမှတ်မှုသည် တရားလက်လွတ်လူ့အသက်များအား ချိုးဖောက် ပိတ်ပင်ခြင်းဖြစ်ပြီး၊ စစ်တပ်၏ ရက်စက်ယုတ်မာသည့် လူ့အခွင့်အရေးများကို ချိုးဖောက်မှုမှတ်တမ်း၏ နောက်ထပ်သာဓကဖြစ်ကြောင်း၊ မျှတမှုမရှိသည့် တရားစီရင်ခြင်းနှင့် လျော်ကန်သည့် လုပ်ထုံးလုပ်နည်း မရှိခြင်းတို့သည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုမြောက်ကြောင်း၊


(ဂ) သေဒဏ်ပြစ်ဒဏ်ချမှတ်မှုသည် လူသတ်ရန်ဝန်မလေးသည့် မြန်မာစစ်တပ်၏ နောက်ဆုံးနည်းလမ်း ဖြစ်ပြီး၊ လူ့အခွင့်အရေးကျင့်သုံးသည့် လူတစ်ဦးချင်းစီအား ပစ်မှတ်ထားတိုက်ခိုက်သည့် ခွဲခြားဆက်ဆံသည့် ဥပဒေများကို အခြေခံ၍ သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို ကျင့်သုံးနေကြောင်း၊


(ဃ) စစ်တပ်သည် တရားမဝင်စစ်တပ်အာဏာသိမ်းသည့်အချိန်မှစတင်၍ တရားမဝင်သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခြင်းတို့ကို ကျူးလွန်နေကြောင်း၊ ပြည်သူများနှင့် ဒီမိုကရေစီလှုပ်ရှားမှုတို့အပေါ် ကြောက်ရွံ့မှုသွတ်သွင်းရန် သေဒဏ်ပြစ်ဒဏ်ချမှတ်ခြင်းကို တရားမဝင် စိတ်တိုင်းကျ အသုံးပြုလျက်ရှိသည့်အပြင် စစ်တပ်သည် ဒီမိုကရေစီလှုပ်ရှားမှုကို ဖိနှိပ်ရန် ပြည်တွင်းဥပဒေ များကို လက်နက်အဖြစ် အသုံးပြုနေကြောင်း၊


(င) တရားမဝင်စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အပ်လက်အောက်ခံ တရားရုံးများမှ သေဒဏ်ချမှတ် ထားသည့်အမှု (၁၂၆)ခုရှိပြီး၊ ယင်းအနက် (၄၂) ခု ကို ကာယကံရှင်မျက်ကွယ်၌ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်၏ ဥပဒေမဲ့သတ်ဖြစ်ခြင်းအောက်၌ သေဒဏ်ချမှတ်ခြင်းခံရန် စောင့်ဆိုင်းနေရသူ (၈၄) ဦး ရှိကြောင်း၊


(စ) ထို့ပြင် အချို့အမှုများ၌ ဖမ်းဆီးချုပ်နှောင်ခံထားရသူများ ပျောက်ကွယ်ခြင်းနှင့် စစ်ကြောရေး ဌာနများ၌ အသက်သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ ကျေးရွာများ၌ အဓမ္မဝင်ရောက်စီးနင်း ရာတွင် ပြည်သူများကို အသက်ရှင်လျက် မီးရှို့သတ်ဖြတ်ခြင်းနှင့် ပြီးခဲ့သည့် (၂၁) လ တာကာလအတွင်း နိုင်ငံအနှံ့အပြား ဆန္ဒထုတ်ဖော်သည့် ပြည်သူများကို နှိမ်နင်းတိုက်ခိုက်မှုကြောင့် အသက်သေဆုံးသည့် ဖြစ်ရပ်များစွာရှိကြောင်း၊


(ဆ) ခွဲခြားဆက်ဆံ၍ လူသားမျိုးနွယ်စုအပေါ် နှိပ်စက်ညှဉ်းပန်းမှုပြစ်မှုသည် နိုင်ငံတကာဥပဒေအရ လူသားတစ်ဦး၏ အခြေခံအခွင့်အရေးများကို ဆိုးဝါးစွာချိုးဖောက်ခြင်းဖြစ်ရာ၊ မြန်မာနိုင်ငံ၏ ဖြစ်စဉ်သည် နိုင်ငံရေးအရဆက်နွယ်၍ ခွဲခြားဆက်ဆံစွာ သေဒဏ်ချမှတ်ခြင်း ဖြစ်ကြောင်း၊


(ဇ) ထို့ကြောင့် မြန်မာနိုင်ငံသည် ယခုအဆိုမူကြမ်း သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို တရားဝင်ဆိုင်းငံ့ခြင်း “Moratorium on the use of the Death Penalty” ဆိုင်ရာ အဆိုမူကြမ်းကို ထောက်ခံမဲပးခြင်းဖြစ်ကြောင်း၊

၂။ သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို တရားဝင်ဆိုင်းငံ့ခြင်း “Moratorium on the use of the Death Penalty” ဆိုင်ရာ အဆိုမူကြမ်းကို မဲခွဲမှုတွင် ထောက်ခံမဲ (၁၂၆) မဲ၊ ကန့်ကွက်မဲ (၃၇) မဲ နှင့် ကြားနေမဲ (၂၄) မဲ ဖြင့် ကော်မတီမှ အတည်ပြုခဲ့ပါသည်။


၃။ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်၊

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။



Please check against delivery


Explanation of Vote after the vote by Ambassador Kyaw Moe Tun,

Permanent Representative of Myanmar to the United Nations

on the draft resolution A/C.3/77/L.44/Rev.1 : “Moratorium on the use of the death penalty”

at the Third Committee of the 77th Session of the UN General Assembly


(New York, 11 November 2022)


Mr. Chair,

I wish to thank the main sponsors of the resolution entitled “Moratorium on the use of the death penalty” for their kind efforts.


In Myanmar, although death penalty has not officially abolished from the penal code, a de-facto moratorium was in place for nearly four decades. However, in July this year, the military executed four democracy advocates – Ko Phyo Zeya Thaw, Ko Jimmy, Ko Hla Myo Aung, and Ko Aung Thura Zaw. These executions clearly amount to arbitrary deprivation of lives, and it is another example of military’s atrocious human rights record. In addition, imposing death sentence without a fair trial and lack of due process could constitute crimes against humanity.


As we speak, death penalty is the latest tactic of the military’s murderous action and has been applied on the basis of discriminatory laws which target individuals for exercising their human rights. Since the illegal military coup, the military has engaged in extrajudicial killings, torture, and a massive violation of human rights. Most of all, the military uses the death penalty in an extrajudicial, and arbitrary manner, as its last attempt to instill fear in the people and pro-democracy movement. Clearly, the inhumane military has been weaponizing domestic laws to repress the democratic movement.


So far, there are 126 death sentences imposed by the illegal military tribunals since the coup. 42 of them were imposed in absentia. Now, 84 people are on death row subject to the lawless killings by the military junta.


Furthermore, there are several cases where detainees were disappeared and tortured to death in interrogation centers, civilians were burnt down alive during the raids on villages and killed during the bloody crackdown on nationwide protests over last 21 months. The illegal military has been blatantly committing violations of all human rights, including the right to life.


The crime against humanity of persecution is the severe denial of a person’s fundamental rights under international law when committed on discriminatory grounds; in this case, their political affiliation.


With that in mind, Myanmar voted in favour of the resolution.


I thank you.



*****






bottom of page