top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun on Agenda Item 63:Report of HRC at Plenary Meeting of 77th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, on Agenda Item 63: Report of the Human Rights Council, at the Plenary Meeting of the 77th Session of the UN General Assembly, held on 1 November 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာနှင့်စပ်လျဉ်းသည့် မျက်နှာစုံညီအစည်းအဝေး၌ လူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာပြည်သူများ၏ အသက်များကို ကာကွယ်ရန် မြန်မာစစ်တပ်မှ ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ပြစ်မှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ သက်သေအထောက်အထားများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်သွင်းခြင်းအပါအဝင် ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းခဲ့


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်)


၁။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့၊ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၂၄) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး၌ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးမှု ပြုလုပ်ခဲ့ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ သံအမတ်ကြီး ဉီးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ပါအဓိကအချက်များ ပါဝင်ပါသည်-


(က) လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာ၌ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဆုံးဖြတ်ချက် အဆိုမူကြမ်း (၂) ခု ပါဝင်ကြောင်း၊ စစ်တပ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်အဆိုနှင့် ရိုဟင်ဂျာမူဆလင်များနှင့် အခြားလူနည်းစုလူမျိုးများအပေါ် စစ်တပ်၏ အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြစ်တင်ရှုတ်ချသည့် ရိုဟင်ဂျာမူဆလင်များနှင့် အခြားလူနည်းစုလူမျိုးများ၏ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်အဆို တို့ဖြစ်ကြောင်း၊


(ခ) တတိယကော်မတီ၌ အဖွဲ့ဝင်နိုင်ငံများမှ​ တင်သွင်းရန်ရှိသည့် ဆုံးဖြတ်ချက်အဆိုမူကြမ်းတွင် တရားမဝင်စစ်တပ်အာဏာသိမ်းမှု၏ လက်ရှိမြေပြင်အခြေအနေနှင့် မြန်မာပြည်သူများအပေါ် စစ်တပ်၏ ဆိုးဝါးသည့် အကြမ်းဖက်လုပ်ရပ်များကို ဖော်ပြရန် မျှော်လင့်ကြောင်း၊


(ဂ) စစ်တပ်သည် အခြေခံလူ့အခွင့်အရေးအားလုံးကို ချိုးဖောက်လျက်ရှိကြောင်း၊ နေ့စဉ် ပြည်သူများ၏ လုံခြုံရေးနှင့်အသက်ရှင်နေထိုင်ခွင့်၊ နှိပ်စက်ခံရမှုမှ တားမြစ်ခြင်း၊ မျှတသည့် တရားရင်ဆိုင်ခွင့်နှင့် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်တို့ကို ဖျက်ဆီးချိုးဖောက်လျက်ရှိကြောင်း၊


(ဃ) တရားမဝင်စစ်တပ်အာဏာသိမ်းမှု (၂၁) လ တာ ကာလအတွင်း စစ်တပ်မှ အကြမ်းဖက်လုပ်ရပ် မျိုးစုံကို ကျူးလွန်လျက်ရှိရာ ဆယ်စုနှစ် (၃)ခုအတွင်း ပထမဆုံးအကြိမ် နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်ပေးခြင်းနှင့် ထင်တိုင်းကြဲကာ ပြည်သူများကို ဖမ်းဆီးနေသည့်အပြင် မိသားစုဝင်များကို ဓားစာခံအဖြစ် ပြန်ပေးဆွဲလျက်ရှိကြောင်း၊ နိုင်ငံတစ်ဝန်း စစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများသည် စစ်တပ်အား ဆန့်ကျင်သူများသာမက ဆန့်ကျင်သူများကို ထောက်ခံသည်ဟု ယူဆခြင်းခံရသူများကိုပါ တိုက်ခိုက်အပြစ်ပေးနေကြောင်း၊


(င) ယနေ့အထိ ပြည်သူ (၂,၄၀၀) ကျော် အသတ်ခံရပြီး၊ (၁၆,၀၀၀) နီးပါး အဓမ္မဖမ်းဆီးခံထားရကြောင်း၊ ထို့ပြင် ပြည်သူ(၁.၄) သန်းသည် နေ့ရပ်စွန့်ခွာနေရပြီး၊ ပြည်သူ (၁၅.၂) သန်း သည် စားနပ်ရိက္ခာ မလုံလောက်မှုပြဿနာနှင့် ရင်ဆိုင်နေသည့်အခြေအနေ ဖြစ်ကြောင်း၊


(စ) စစ်တပ်၏ အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ပြည်သူများအား လေကြောင်းမှ တိုက်ခိုက်မှုနှင့် မီးရှို့ဖျက်စီးမှုအစရှိသည့် အကြမ်းဖက်လုပ်ရပ်များနှင့်စပ်လျဉ်း၍ ဤမျက်နှာစုံညီ အစည်းအဝေးတွင် ယမန်နေ့က အသိပေးခဲ့ကြောင်း၊ ပြီးခဲ့သော စက်တင်ဘာလအတွင်း၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ရာ ကလေးငယ် (၇) ဦး အပါ အဝင် စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် (၇) နှစ်မျှသာရှိသေး ကလေးငယ်ပင်ပါရှိကြောင်း၊ ပြီးခဲ့သော သီတင်းပတ်အတွင်း၌လည်း ကချင်ပြည်နယ်၊ ဖားကန့်ဒေသ အနန့်ပါ (A Nang Pa) ၌ (၆၂) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) နေ့ အထိမ်းအမှတ်ပွဲအကြို တေးဂီတ‌ဖျော်ဖြေပွဲကျင်းပရန် ပြင်ဆင်နေစဉ် စစ်တပ်က စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနုပညာရှင်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ပြည်သူ (၁၀၀) ဦးခန့် သေဆုံးခဲ့ကြောင်း၊ လူအများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်တပ်သည် ကချင်ပြည်နယ်အား လေကြောင်း တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်မည်ဟု တိကျသည့် သတင်းအချက်အလက်များအရ သိရှိရကြောင်း၊ ယင်းလေကြောင်းတိုက်ခိုက်မှုများကြောင့် အသက်ဆုံးရှုံးရသည့် အပြစ်မဲ့ ပြည်သူအမြောက်အမြားရှိမည် ဖြစ်ကြောင်း၊


(ဆ) ဖက်ဆစ်အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုတိုးမြှင့်ခြင်းသည် ပြည်သူများ၏ အသက်အိုးအိမ်ကို ရက်စက်စွာ အလေးမထားမှုကို ပြသကြောင်း၊ ယင်းလုပ်ရပ်သည် အကြွင်းမဲ့ စစ်ရာဇဝတ်မှုဖြစ်ကြောင်း၊ ယင်းလုပ်ရပ်သည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုများ ဖြစ်ကြောင်း၊


(ဇ) မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားမှ မြန်မာနိုင်ငံ၌ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုများနှင့် စစ်ရာဇဝတ်မှုတို့ ကျူးလွန်သည့် သက်သေအထောက်အထားများစွာ တွေ့ရှိရကြောင်းနှင့် ယင်းပြစ်မှုများတွင် လူသတ်မှု၊ နှိပ်စက်မှု၊ နေရပ်ပြန်ပို့မှု၊ ညှဉ်းပန်းမှု၊ အကျဉ်းထောင်ချ မှုနှင့် ပြည်သူများအား ပြစ်မှတ်ထားတိုက်ခိုက်မှုတို့ ပါဝင်ကြောင်း၊


(ဈ) မြန်မာစစ်တပ်၏ ဆိုးဝါးသည့် အကြမ်းဖက်လုပ်ရပ်များနှင့်စပ်လျဉ်း၍ ထိရောက်သောအရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ယင်းသက်သေအထောက်အထား များကို အသုံးပြု၍ အပြစ်ကျူးလွန်သူများကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းရန် မိမိအနေနှင့် ကြိမ်ဖန်များစွာ တောင်းဆိုလျက်ရှိကြောင်း၊


(ည) နိုင်ငံတကာအသိုက်အဝန်းသည် တရားမဝင်စစ်တပ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချ၍ မြန်မာ၌ နေထိုင်လျက်ရှိသည့် ပြည်သူအားလုံး၏ လူ့အခွင့်အရေးအား အပြည့်အဝကာကွယ်ရန် တောင်းဆိုလျက် ရှိသော်လည်း စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လက်ရှိမြန်မာနိုင်ငံ၏အခြေအနေသည် ဆက်လက်ဆိုးဝါးနေဆဲဖြစ်ပြီး၊ မြန်မာပြည်သူများသည် ဆက်လက်ဒုက္ခကြီးစွာ ခံစားနေရကြောင်း၊


(ဋ) မြန်မာပြည်သူများ၏ အသက်များကို ကာကွယ်ရန် လူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာ စစ်တပ်မှကျူးလွန်နေသည့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ပြစ်မှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားမှ ရရှိထားသည့် သက်သေ အထောက်အထားများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်သွင်းရန် ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် အဖြေရှာရန် တိုက်တွန်းလိုကြောင်း၊


(ဌ) လူ့အခွင့်အရေးကောင်စီအနေနှင့် ပြည်သူများ၏ ဆန္ဒနှင့်အသံကို အလေးအနက်ထား၍ နားထောင်ရန်နှင့် လူ့အခွင့်အရေးကောင်စီအစည်းအဝေးများ၌ မြန်မာပြည်သူများကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်တစ်ယောက် ခွင့်ကို ခွင့်ပြုရန် တိုက်တွန်းကြောင်း၊


၃။ သံအမတ်ကြီး၏ မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by H.E. Mr. Kyaw Moe Tun, Permanent Representative of Myanmar to the United Nations

on Agenda Item 63: Report of the Human Rights Council,

at the Plenary of the Seventy-Seventh session of UN General Assembly


(New York, 1 November 2022)


Mr. President,


At the outset, my delegation thanks the President of the Human Rights Council Ambassador Federico Villegas for his comprehensive presentation. Myanmar takes not of the report.


Myanmar wishes to congratulate new High Commissioner for Human Rights Mr. Volker Turk for his appointment.


The Human Rights Council report contains two resolutions related to Myanmar. The resolution on the “Situation of human rights in Myanmar,” adopted on 1 April 2022 condemned in the strongest terms the military coup by Myanmar military on 1 February 2021. The resolution on the “Situation of human rights of Rohingya Muslims and other minorities in Myanmar”, adopted in July 2022, condemned strongly the gross human right violations and abuses perpetrated by the security an armed forces of Myanmar against Rohingya and other minorities.


We wish that the draft resolution on Myanmar to be tabled by some member states to the Third Committee of this UN General Assembly contains the situation on the ground especially the illegal military coup and subsequent heinous crimes committed by the military against the people of Myanmar.


Mr. President,


Military has violated all fundamental human rights. In addition, serious violations are reported daily of the rights to life, liberty and security of persons, the prohibition against torture, the right to a fair trial, and freedom of expression.


Within 21 months since the illegal coup, the military has committed various kinds of atrocities against the people of Myanmar, for the first time over 3 decades, executed political prisoners, arbitrarily arrested targeted individuals as well as abducted family members as hostages. Military’s offensives across the country are aimed not only to target its opponents but also to punish any communities it deems to be supporting them.


As we speak, over 2,400 people have been brutally killed and nearly 16,000 people have been arbitrarily arrested by the military. More than 1.4 million people have been displaced across the country. Over 15.2 million people are in the situation of food insecurity.


Mr. President,


Dear Excellencies and Colleagues,


Yesterday, I informed this august body of the continued systematic, widespread serious violations of human rights including massacres, air strikes on civilians and whole-sale arson committed by the fascist military. Allow me to inform you again of recent inhumane airstrikes by the military junta. In last September, 13 people including seven children have been killed by Myanmar military’s air attacks on a school in Lat Yat Kone Village, Depayin Township in Sagaing Region. Those children were as young as 7 years old.


Last week, the terrorist military fighter jets bombed and attacked on civilians at the music concert held at A Nang Pa, Phakhant in Kachin State, Myanmar, to celebrate the 62ndanniversary of Kachin Independent Organization (KIO) Day. Reportedly it resulted in death of around 100 people including artists, women and children and so many injured.


According to the credible information, the military junta will continue to conduct such airstrikes in Kachin State. Such attacks will definitely be in an indiscriminate and disproportionate manner. Many civilians will become victims of such attacks.


The fascist military has increasingly attacked on our people using its air power, showing ruthless disregard for civilian lives. It is indisputable that this is war crimes. This is crimes against humanity.


The Independent Investigate Mechanism for Myanmar (IIMM) stated that there is growing evidence of crimes against humanity and war crimes, including murder, torture, deportation and forcible transfer, persecution, imprisonment, and targeting of civilian populations.


Evidence of such crimes against humanity and war crimes of the fascist military is overwhelmed. IIMM received millions of facts regarding such crimes. Now it is already high time to turn evidence into effective action. I appeal over time that the UN Security Council must use the admissible evidence of atrocity crimes being committed by the Myanmar military to refer the situation to the ICC.


Mr. President,


In conclusion, the international community has denounced the illegal coup and called upon the military to ensure full protection of the human rights of all persons in Myanmar. Nevertheless, because of Myanmar military’s attacks in an indiscriminate and disproportionate manner, current situations in Myanmar continue worsening and the most serious international crimes have still intensified in Myanmar and the people of Myanmar continue suffering hard.


Despite international pressure and calls, the junta continues to enjoy impunity as if none of what the Human Rights Council have described through the resolutions to the international community has happened, as if none of these innocent lives matter.


Of course, the lives of those who have suffered and died under this military junta do matter.


Therefore, I wish to urge the Human Right Council to explore further possible ways including submission of various evidence of crimes against humanity and war crimes of the fascist military received by IIMM to the UN Security Council in order to save lives of the people of Myanmar from the inhumane military’s atrocities.


Finally, I also wish to urge the Human Rights Council to listen attentively and seriously to the voices of the people of Myanmar and allow the representative of the people of Myanmar to participate in the meetings of the Human Rights Council.


I thank you.


*****









bottom of page