Statement by Ambassador Kyaw Moe Tun, at the General Debate of the Second International Migration Review Forum 2026
- Myanmar Mission To UN

- 4 days ago
- 5 min read




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate of the Second International Migration Review Forum 2026, held on
8 May 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်ခြင်း
ပြန်လည်သုံးသပ်မှုဖိုရမ်၏ အထွေထွေဆွေးနွေးမှုကဏ္ဍတွင်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က
ရွှေ့ပြောင်းနေထိုင်မှုသည် အတင်းအကျပ် တိုက်တွန်းမှုကြောင့် ဖြစ်ပေါ်လာရသည့်ဖြစ်စဉ်တစ်ခု မဟုတ်ဘဲ ရွေးချယ်မှုသာ ဖြစ်သင့်၊
ယခင်က မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနေထိုင်ခြင်းက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘော အားဖြည့်ပေးသည့် သဘောသဘာဝရှိခဲ့၊ သို့ရာတွင် မတရား စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည့်အချိန်မှစ၍ အဆိုပါ ရေစီးကြောင်းမှာ ဆိုးဆိုးရွားရွား ပြောင်းလဲလာခဲ့၊ ယခုအခါ မြန်မာနိုင်ငံအတွက် ရွှေ့ပြောင်းနေထိုင်မှုသည် စီးပွားရေး အခွင့်အလမ်းအစား ရှင်သန်ရပ်တည်ရေးတိုက်ပွဲတစ်ခုဖြစ်လာခဲ့၊
မြန်မာနိုင်ငံတွင် စစ်တပ်က ညှာတာမှု ကင်းမဲ့သော စစ်မက်များ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကြောင့် လူအစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာ၊ စစ်တပ်က အဆိုပါ ပြဿနာ၏ အဓိကဇစ်မြစ်ဖြစ်၊
စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု အန္တရာယ်ရန်စွယ်များကို ရှောင်တိမ်းရန် မွေးရပ်မြေကို စွန့်ခွာနေရသည့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ လူငယ်လူရွယ်များ မြောက်များစွာရှိ၊
၎င်းတို့အားလုံး မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည် သွားရောက်လိုကြ၊ နေရပ်သို့ ဘေးကင်းလုံခြုံစွာနှင့် စဉ်ဆက်မပြတ် ပြန်လည် သွားရောက်နိုင်ရန် မိမိတို့အနေဖြင့် ပြဿနာ၏ ဇစ်မြစ်ကို ဖြေရှင်းရမည်ဖြစ်၊ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန်နှင့် စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့အား အပြီးသတ် ချုပ်ငြိမ်းရန် လို၊
မြန်မာနိုင်ငံသည် လူကုန်ကူးမှုပြဿနာအတွက် ဦးတည်ရာလည်းဖြစ်လာ၊ စစ်တပ်က မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုများ ဖြစ်ပေါ်နေခြင်း အပါအဝင် နယ်စပ်ဖြတ်ကျော် မှုခင်းများ ပျော်စံရာဒေသဖြစ်စေရန် ဖန်တီးပေးလျက်ရှိ၊ ပြဿနာအား တစ်စုံလုံးစာဖြင့် ဟန်ချက်ညီစွာ အလေးအနက်ထား ဖြေရှင်းပေးရန် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်းလို၊
စစ်အာဏာရှင်စနစ်အား အပြီးတိုင် ချုပ်ငြိမ်းစေပြီး စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အဆုံးသတ်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်မှသာလျှင် မိမိတို့အနေဖြင့် အကျပ်အတည်းဒုက္ခများအတွက် ရေရှည်တည်တံ့ခိုင်မြဲသော ဖြေရှင်းနည်းကို တွေ့ရှိကာ မိမိတို့၏ ပြည်သူများ မွေးရပ်မြေသို့ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒအလျောက်နှင့် သိက္ခာရှိစွာ ပြန်လည်သွားရောက်နိုင်မည်ဖြစ်၊ သို့မှသာလည်း မြန်မာပြည်သူများ နေရပ်များစွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရသည့် အခြေအနေကို ရပ်တန့်နိုင်မည်ဖြစ်ပြီး ၎င်းတို့၏ ဘဝများကို ပြန်လည် တည်ဆောက်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ပါဝင် အားဖြည့်ပေးနိုင်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်)
၁။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်ခြင်း ပြန်လည်သုံးသပ်မှုဖိုရမ် (Second International Migration Review Forum – IMRF) အား ၅-၅-၂၀၂၆ ရက်နေ့မှ ၈-၅-၂၀၂၆ ရက်နေ့အထိ ကျင်းပလျက်ရှိပါသည်။ ပထမ (၂) ရက်တွင် ဘေးကင်းလုံခြုံ၍ စနစ်တကျ ရှိသော ပုံမှန်ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက် (Global Compact for Safe, Orderly and Regular Migration – GCM) ၏ ရည်မှန်းချက်ပန်းတိုင်များအလိုက် စကားဝိုင်းဆွေးနွေးမှု (၄) ခု၊ မူဝါဒဆိုင်ရာ ဆွေးနွေးမှုနှင့် နောက်ပိုင်း (၂) ရက်တွင် အထွေထွေဆွေးနွေးမှုအား ကျင်းပခဲ့ရာတွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး ကိုယ်စားလှယ် (၁၃၀) ကျော် မှမိန့်ခွန်း ပြောကြားခဲ့ကြပါသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ၈-၅-၂၀၂၆ ရက်နေ့၌ မိန့်ခွန်း ပြောကြားခဲ့ပါသည်။
၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-
(က) မြန်မာနိုင်ငံအနေဖြင့် GCM ၏ မူဝါဒများနှင့် ရည်မှန်းချက်များကို ထပ်လောင်း အတည်ပြုပါ ကြောင်း၊ ထို့ပြင် ယခုဖိုရမ်တွင် အတည်ပြုရန်ရှိသော ၂၀၂၆ ခုနှစ် တိုးတက်မှုကြေညာချက် (2026 Progress Declaration) ကိုလည်း ကြိုဆိုပါကြောင်း၊ အထူးသဖြင့် အဆိုပါကြေညာချက်တွင် ရောနှော ရွှေ့ပြောင်းနေထိုင်မှုများအား ပူးပေါင်းညှိနှိုင်းကာကွယ်ပေးခြင်း၊ ထောက်ပံ့ပေးခြင်းနှင့် ဖြေရှင်းနည်းများ ချမှတ်ပေးသည့် မဟာဗျူဟာကျ နယ်စပ်ဖြတ်ကျော်မူဘောင် (route-based approach) ကို အလေးထား ဖော်ပြထားသည့်အချက်က ရွှေ့ပြောင်းနေထိုင်မှုအတွက် မိမိတို့အကြား ချမှတ်ထားသည့် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ကတိကဝတ်ကို ပြန်လည်အားဖြည့် ရာ ရောက်ကြောင်း၊
(ခ) ရွှေ့ပြောင်းနေထိုင်မှုသည် အတင်းအကျပ် တိုက်တွန်းမှုကြောင့် ဖြစ်ပေါ်လာရသည့်ဖြစ်စဉ်တစ်ခု မဟုတ်ဘဲ ရွေးချယ်မှုသာဖြစ်သင့်ကြောင်း၊ သို့ရာတွင် အကြမ်းဖက်မှုများ၊ ပဋိပက္ခများနှင့် တည် ဆောက်ပုံဆိုင်ရာ ချို့ယွင်းမှုတို့သည် အတင်းအကျပ် ရွှေ့ပြောင်းနေထိုင်ခြင်းကို ဖြစ်ပေါ်စေသည့် အဓိက မောင်းနှင်အားများအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊
(ဂ) မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနေထိုင်မှုသည် သီအိုရီမူဘောင်တစ်ခုမဟုတ်ဘဲ အသက်ကယ်တမျှ အရေးပါသည့် လိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊
(ဃ) ယခင်က မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနေထိုင်ခြင်းက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘော အားဖြည့်ပေးသည့် သဘောသဘာဝရှိခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မတရား စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည့်အချိန်မှစ၍ အဆိုပါရေစီးကြောင်းမှာ ဆိုးဆိုးရွားရွား ပြောင်းလဲလာခဲ့ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံအတွက် ရွှေ့ပြောင်းနေထိုင်မှုသည် စီးပွားရေး အခွင့်အလမ်းအစား ရှင်သန်ရပ်တည်ရေးတိုက်ပွဲတစ်ခုဖြစ်လာခဲ့ကြောင်း၊
(င) GCM ရည်မှန်းချက်ပန်းတိုင် (၂)အရ မိမိတို့အနေဖြင့် ဆိုးကျိုးဖြစ်စေရန် တွန်းအားပေးသည့် အချက်များကို လျှော့ချရမည့်တာဝန်ရှိကြောင်း၊ သို့သော်မြန်မာနိုင်ငံတွင် စစ်တပ်က ညှာတာမှုကင်းမဲ့ သော စစ်မက်များ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အဓမ္မတပ်သား စုဆောင်းခြင်းတို့ကြောင့် လူအစုလိုက် အပြုံလိုက် နေရပ်စွန့်ခွာစေကြောင်း၊ စစ်တပ်က အဆိုပါ ပြဿနာ၏ အဓိကဇစ်မြစ်ဖြစ်ကြောင်း၊
(စ) ယနေ့အချိန်အထိ နေရပ်စွန့်ခွာသူ ၃.၆ သန်းကျော်ရှိပြီး ၁.၃ သန်းကျော်မှာ နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊
(ဆ) မတရား စစ်အာဏာသိမ်းမှု ဖြစ်ပွားချိန်တွင် မတရား စစ်အာဏာသိမ်းခြင်းနှင့် စစ်အာဏာရှင် အား ဆန့်ကျင်ခဲ့ပြီး ပြည်သူများနှင့်အတူ ရပ်တည်ခဲ့သည့် မိမိ၏ ရပ်တည်ချက်ကြောင့် မိမိ၏ အသက် (၈၀) ကျော်အရွယ်ရှိသော မိဘများ၊ မိမိ၏ မောင်နှမသားချင်းများနှင့် ၎င်းတို့၏ သားသမီးများသည် မြန်မာနိုင်ငံမှ မဖြစ်မနေ စွန့်ခွာခဲ့ရကြောင်း၊
(ဇ) မိမိတို့မိသားစုနည်းတူပင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု အန္တရာယ်ရန်စွယ်များကို ရှောင်တိမ်းရန် မွေးရပ်မြေကို စွန့်ခွာနေရသည့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် မိန်းကလေးငယ် များ၊ လူငယ်လူရွယ်များ မြောက်များစွာရှိကြောင်း၊
(ဈ) ထို့ပြင် ပင်လယ်ပြင်၌ အသက်ဆုံးရှုံးကြရသည့် ဒုက္ခသည်များလည်းရှိကြောင်း၊ ၂၀၂၅ ခုနှစ်သည် ရိုဟင်ဂျာဒုက္ခသည်များ ဖိနှိပ်မှုဒဏ်မှ ထွက်ပြေးရာတွင် အသက်သေဆုံးမှု မှတ်တမ်းတင် မြင့်တက်ခဲ့သည့် နှစ်တစ်နှစ်ဖြစ်ကြောင်း၊
(ည) ထို့ကြောင့် မိမိအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းထံမှ ပိုမို ထိရောက်သည့် အကူအညီများကို တောင်းဆိုလိုကြောင်း၊ UNHCR ၏ ညွှန်ကြားချက်တွင်လည်း အရပ်သားပြည်သူများအတွက် ခိုလှုံခွင့်များ အပြည့်အဝပေးရန် နိုင်ငံများကို တောင်းဆိုထားကြောင်း၊
(ဋ) ဤနေရာတွင် မိမိအနေဖြင့် ရွှေ့ပြောင်းနေထိုင်ကြသည့် ဒုက္ခသည်များအား လက်ခံပေးထား
သည့် အိမ်ရှင်နိုင်ငံအစိုးရများကို ကျေးဇူးတင်ပါကြောင်း၊ သို့သော်လည်း ၎င်းတို့အနေဖြင့် အကာ အကွယ် တောင်းခံနေသည့် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်တောင်းခံသူများ ရင်ဆိုင်နေရသည့် ကွာဟချက်များကို ဖြည့်တင်းပေးရန်နှင့် အခြေခံကျသည့် ဝန်ဆောင်မှုများတွင် ခွဲခြားဆက်ဆံမှု မရှိဘဲ ခံစားခွင့် ရရှိစေရန် တောင်းဆိုလိုကြောင်း၊
(ဌ) အဆိုပါ ဒုက္ခသည်များအနေဖြင့် မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည် သွားရောက်လိုကြကြောင်း၊
(ဍ) ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင် ပြည်ပနိုင်ငံများ သို့ ရောက်ရှိနေကြသည့် မြန်မာပြည်သူများ၊ အထူးသဖြင့် လူငယ်များအနေဖြင့် မွေးရပ်မြေသို့ ပြန်လည်သွားရောက်ကာ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အားဖြည့်လုပ်ဆောင်ခဲ့ကြကြောင်း၊ သို့သော် ၂၀၂၁ ခုနှစ် မတရား စစ်အာဏာသိမ်းမှုကြောင့် ၎င်းတို့ မြန်မာနိုင်ငံကို ထပ်မံ စွန့်ခွာခဲ့ရကြောင်း၊
(ဎ) ရွှေ့ပြောင်းနေထိုင်သူများ နေရပ်သို့ဘေးကင်းလုံခြုံစွာနှင့် စဉ်ဆက်မပြတ် ပြန်လည် သွားရောက် နိုင်ရန် မိမိတို့အနေဖြင့် ပြဿနာ၏ဇစ်မြစ်ကို ဖြေရှင်းရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စစ်အာဏာ ရှင်စနစ်ချုပ်ငြိမ်းရန်နှင့် စစ်တပ်၏ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့အား အပြီးသတ်ချုပ်ငြိမ်းရန်လိုကြောင်း၊
(ဏ) မြန်မာနိုင်ငံသည် လူကုန်ကူးမှုပြဿနာအတွက် ဦးတည်ရာလည်းဖြစ်လာကြောင်း၊ ထို့ပြင် စစ်တပ်က မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုများ ဖြစ်ပေါ်နေခြင်း အပါအဝင် နယ်စပ် ဖြတ်ကျော်မှုခင်းများ ပျော်စံရာဒေသဖြစ်စေရန် ဖန်တီးပေးလျက်ရှိကြောင်း၊
(တ) ကမ္ဘာတစ်လွှားရှိ လူငယ်များ အနေဖြင့် အွန်လိုင်းလိမ်လည်မှုများ၏ သားကောင်များ ဖြစ်နေ ကြောင်း၊ အချို့မှာ အွန်လိုင်း လိမ်လည်မှုများ လုပ်ဆောင်နေသည့် စခန်းများတွင်ပင် အသက် သေဆုံးနေရကြောင်း၊ ထို့ကြောင့် အဆိုပါ ပြဿနာအား တစ်စုံလုံးစာဖြင့် ဟန်ချက်ညီစွာ အလေးအနက်ထား ဖြေရှင်းပေးရန် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်းပါကြောင်း၊
(ထ) မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနေထိုင်မှု အကျပ်အတည်းအပြင် အခြားအမျိုးမျိုးသော အကျပ်အတည်းများကိုလည်း ရင်ဆိုင်နေရကြောင်း၊
(ဒ) စစ်အာဏာရှင်စနစ်အားအပြီးတိုင်ချုပ်ငြိမ်းစေပြီး စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အဆုံး သတ်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်မှသာလျှင် မိမိတို့အနေဖြင့် အကျပ်အတည်း ဒုက္ခများအတွက် ရေရှည်တည်တံ့ခိုင်မြဲသော ဖြေရှင်းနည်းကို တွေ့ရှိကာ မိမိတို့၏ ပြည်သူများ မွေးရပ်မြေသို့ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒအလျောက်နှင့် သိက္ခာရှိစွာ ပြန်လည် သွားရောက်နိုင်မည်ဖြစ်ကြောင်း၊ သို့မှသာလည်း မြန်မာပြည်သူများ နေရပ်များစွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်နေရသည့် အခြေအနေကို ရပ်တန့်နိုင်မည်ဖြစ်ပြီး ၎င်းတို့၏ဘဝများကို ပြန်လည်တည်ဆောက်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ပါဝင် အားဖြည့်ပေးနိုင်ကြမည်ဖြစ်ကြောင်း၊
(ဓ) အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား ဒီမိုကရေစီအင်အားစုများအနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီဖွဲ့စည်းကာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးဟူသော ပန်းတိုင်ကြီး ပြည့်မှီရေးနှင့်တကွ မြန်မာပြည်သူများအတွက် ကောင်းမွန်သော အနာဂတ် ဖော်ဆောင်ပေးရေးကို အားထုတ်ကြိုးပမ်းလျက်ရှိကြောင်း၊
(န) သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများမှ မြန်မာနိုင်ငံတွင် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ပိုမိုကောင်းမွန်သော မြန်မာဖြစ်ပေါ်လာရေး ကြိုးပမ်းမှုများအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန် တိုက်တွန်းတောင်းဆိုလိုပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate of the Second International Migration Review Forum 2026
(New York, 8 May 2026)
Madam President, Excellencies,
Myanmar reaffirms our commitment to the principles and objectives of the Global Compact for Migration.
We welcome the 2026 Progress Declaration, particularly its emphasis on the route-based approach which reinforces our shared commitment to enhance cooperation on international migration in all its dimensions.
Madam President, Excellencies,
Migration should be a choice and not forced. Yet, violence, conflict, and structural failures remain as primary drivers of forced migration.
For Myanmar, migration is not a theoretical framework; it is a life-saving necessity. Traditionally, migration contributed positively to the development of our country. However, the illegal military coup in February 2021 violently reversed this trend, shifting migration from an economic opportunity to a desperate fight for survival.
GCM Objective 2 (Minimize adverse drivers) calls on us to minimize the adverse drivers of forced migration.
Through relentless terror, documented war crimes, crimes against humanity, and forced conscription, the military junta is the fundamental root cause of our mass displacement.
To date, over 3.6 million are internally displaced, and 1.3 million have fled across borders.
Here allow me to share the experience of my own family. Because of my stand, standing with the people of Myanmar, against the military coup and the military dictatorship, in 2021, my parents who were over 80 years old, my siblings and their children were forced to leave the country.
There were so many people including elderly, women and girls and youth left the country for avoiding the military junta’s atrocities.
Here, I cannot miss to mention that the desperation is also measured in lives lost at sea, with 2025 marking the deadliest year on record for Rohingya refugees fleeing persecution.
Against this backdrop, I wish to appeal for more effective international support. We echo the UNHCR’s Guidance Note, strongly calling on States to allow our civilians access to their territories, guarantee the right to seek asylum, and strictly respect the principle of non-refoulement.
We thank host nations providing sanctuary but request them to fill gaps in the asylum space by registering those seeking protection and ensuring non-discrimination in essential services.
They all want to go back to Myanmar as soon as possible.
During the time of elected government in 2016 to 2020, many Myanmar Diaspora especially young people returned home and contributed to the development of the country. After the coup, they had to leave the country again.
To enable them to return home safely and sustainably, we need to address the root cause; we need to end the military dictatorship and the culture of impunity in Myanmar.
Moreover, Myanmar is also destination of human trafficking. The military junta facilitated the creation of safe haven for transnational crimes including online scam in Myanmar. Many young people across the world became the victims of the online scam. Even some lost their lives in the online scam centres.
I wish to urge the international community to seriously address this issue in a holistic and coherent manner.
In conclusion, Madam President, we face many crises including migration crisis in Myanmar.
Only by dismantling the military dictatorship and the culture of impunity and building a federal democratic union can we find the sustainable solution for the crises, guarantee the safe, voluntary, and dignified return of all our people, and allow the people of Myanmar to finally stop fleeing and rebuild their lives in contribution of the sustainable global peace and security.
The National Unity Government and the major ethnic democratic forces are working together through the Steering Council for Emergence of a Federal Democratic Union for realizing our goal of ending the military dictatorship and building a federal democratic union as well as bringing a bright future back to the people of Myanmar.
Therefore, I urge the international community to support the people of Myanmar in their efforts for sustainable peace and stability and better Myanmar.
I thank you.
*****












