top of page
  • Writer's pictureMyanmar Mission To UN

Closing Remarks by Ambassador Kyaw Moe Tun at the 67th CSW Side-event on Myanmar





Closing Remarks by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Side-event of the 67th Session of the Commission on the Status of Women: Using Technology to Promote Gender Equality and the Empowerment of Women and Girls in Myanmar, held on 6 March 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၆၇) ကြိမ်မြောက် Commission on the Status of Women အစည်းအဝေးကျင်းပစဉ် ‘မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများနှင့် မိန်းကလေးများကို လုပ်ပိုင်ခွင့်ပိုမိုပေးအပ်ရေးနှင့် တန်းတူညီမျှမှုရှိရေးအား တိုးမြှင့်အားပေးနိုင်ရန် နည်းပညာအား အသုံးပြုခြင်း’ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် Side Event တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ အမှာစကားပြောကြားခဲ့ခြင်း


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်)


၁။ နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဌာနချုပ်တွင် ၆-၃-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် (၆၇) ကြိမ်မြောက် Commission of the Status of Women (CSW67) အစည်းအဝေး၏ ဖွင့်ပွဲကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို ၁၇-၃-၂၀၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားရန်ရှိပါသည်။ အဆိုပါအစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲ များနှင့် အမျိုးသမီးရေးရာဝန်ကြီးဌာနများမှ ဝန်ကြီးအဆင့် ကိုယ်စားလှယ်များ ဦးဆောင်တက်ရောက်ကြပြီး “Innovation and technological change, and education in the digital age for achieving gender equality and the empowerment of all women and girls” ခေါင်းစဉ် (Priority Theme) အောက်မှ ဆွေးနွေးကြလျက်ရှိပါသည်။


၂။ ထို့ပြင် ကုလသမဂ္ဂဆိုင်ရာ နိုင်ငံအသီးသီးမှ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ အေဂျင်စီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ စီစဉ်သည့် Side Event များကိုလည်း ၆-၃-၂၀၂၃ ရက်နေ့မှစတင်ကာ တပြိုင်နက် ကျင်းပလျက်ရှိပါသည်။


၃။ နော်ဝေအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ ဦးဆောင်လျက် စပိန်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဆွီဒင်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ Gender Equality Network (GEN) Myanmar ၊ Women Advocacy Coalition-Myanmar (WAC-M) နှင့် UN Women တို့မှ ပူးတွဲစီစဉ်သည့် “Using Technology to Promote Gender Equality and the Empowerment of Women and Girls in Myanmar” ခေါင်းစဉ်ဖြင့် Side Event ကို ၆-၃-၂၀၂၃ ရက် (တနင်္လာနေ့)၊ မွန်းလွဲ (၀၁:၁၅) နာရီအချိန်တွင် ကုလသမဂ္ဂဌာနချုပ်ရှိ Conference Room 1 တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။


၄။ အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံ၌ ကျားမတန်းတူညီမျှမှုရှိရေးနှင့် အမျိုးသမီးများ လုပ်ပိုင်ခွင့် ပိုမိုရရှိရေးအတွက် အွန်လိုင်းနည်းပညာကို အသုံးပြုရသည့် အမျိုးသမီးများ၏ အခြေအနေကို မှတ်တမ်းတင်ရိုက်ကူးထားသည့် Gender Equality Network (GEN) ၏ ရုပ်သံအတိုကို တင်ဆက်ပြသခဲ့ပါသည်။ ထို့နောက် နော်ဝေနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Bjørg Sandkjær နှင့် ကုလသမဂ္ဂဆိုင်ရာ စပိန်အမြဲတမ်းကိုယ်စားလှယ် Mr. Agustín Santos Maraver တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပါသည်။ ဆက်လက်ပြီး Myanmar Internet Project မှ မရတနာ၊ Women’s Peace Network Myanmar မှ မဝေဝေနု၊ Gender Equality Network (GEN) Myanmar မှ မမေစံပယ်ဖြူနှင့် Women Advocacy Coalition - Myanmar (WAC-M) မှ မခင်လေးတို့က ဆွေးနွေးသူ (Panelist) များအဖြစ် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည် များကို မေးမြန်းပြီး ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြပါသည်။ ယင်းနောက် UN Women မှ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Åsa Regnér နှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့က အပိတ်အမှာစကား ပြောကြားခဲ့ကြပါသည်။


၅။ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ အပိတ်အမှာစကားပြောကြားရာတွင် Side Event အား ကြီးမှူးစီစဉ်ပေးသော နော်ဝေ၊ စပိန်နှင့် ဆွီဒင်နိုင်ငံတို့အားလည်းကောင်း၊ အဖွင့်အမှာစကားနှင့် အပိတ်အမှာစကား ပြောကြားပေးသူများအားလည်းကောင်း၊ မြန်မာနိုင်ငံတွင် မတရားစစ်အာဏာသိမ်းမှု ကြောင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် အမျိုးသမီးများမှ နည်းပညာအသုံးပြု၍ စစ်အာဏာရှင်အား ဆန့်ကျင်ရာတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ဆွေးနွေးပြောကြားခဲ့သည့် Panelist များ အား လည်းကောင်း ကျေးဇူးတင်ရှိကြောင်း အလေးထားပြောကြားခဲ့ပြီး အောက်ဖော်ပြပါ အဓိကအချက်များ ကိုလည်း ဆွေးနွေးပြောကြားခဲ့ပါသည်-


(က) ဆွေးနွေးပြောကြားသူများက မြန်မာနိုင်ငံ ပြည်သူများ အထူးသဖြင့် အမျိုးသမီးနှင့် မိန်းကလေးများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ စိန်ခေါ်မှုများကို ပြောကြားသွားကြပြီးဖြစ်၍ အချို့အချက်များကို သာ မီးမောင်းထိုးပြသွားလိုကြောင်း၊ မြန်မာစစ်တပ်အနေဖြင့် ပြီးခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်း ရရှိထား သော ဖြစ်ပေါ်တိုးတက်မှုများကို ၁-၂-၂၀၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် မတရားစစ်အာဏာသိမ်းမှုဖြင့် အလုံးစုံဖျက်ဆီးခဲ့ကြောင်း၊ မြန်မာပြည်သူများအနေဖြင့် စစ်အာဏာရှင်များ၏ အုပ်ချုပ်မှုကို လုံးဝဆန့်ကျင် ကန့်ကွက်ကြောင်း၊ အကြောင်းမှာ စစ်အာဏာရှင်ကို မုန်းတီးသောကြောင့် မဟုတ်ဘဲ စစ်အာဏာရှင်များက ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးများကို ပျက်သုဉ်းစေသောကြောင့်ဖြစ်ကြောင်း၊ အထူးသဖြင့် စစ်တပ်မှ မတရားစစ်အာဏာသိမ်းမှုအား ပြုလုပ်ခဲ့သည့် ကာလတလျှောက်တွင် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခြေခံအခွင့်အရေးများမှာ အလွဲသုံးစားပြုခြင်းခံရပြီး ချိုးဖောက်ခံရလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးများအား လုပ်ပိုင်ခွင့်ပိုမိုပေးအပ်နိုင်ရေးနှင့် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးကို တိုးမြှင့်ရမည့်အစား လူမဆန်သောစစ်တပ်မှ ကျူးလွန်လျက်ရှိသော ရက်စက်ကြမ်းကြုတ် မှုများ၏ အဓိကပစ်မှတ်ထားခြင်းခံရသည့် အုပ်စုဖြစ်နေကြောင်း၊


(ခ) မြန်မာနိုင်ငံရှိ သာမန်အမျိုးသမီးများနှင့် မိန်းကလေးများ၏ စားဝတ်နေရေးအခြေအနေမှာ စိုးရိမ်ရသည့်နည်းတူ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားနေသည့် အမျိုးသမီးများအနေဖြင့်လည်း စစ်တပ်မှ ကျူးလွန်သော ဥပဒေမဲ့လုပ်ရပ်များကြောင့် ရုန်းကန်နေရကြောင်း၊ ၎င်းတို့အနေဖြင့် စစ်တပ်၏ ဖမ်းဆီးမှုခံရမည်ကို ရှောင်ရှားလို၍ မြို့ပြဒေသများမှ မြို့ငယ်များ၊ မြို့ငယ်များမှ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ကာ လုံခြုံမှုကို ရှာဖွေနေရသည့်အပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားရန်နှင့် ၎င်းတို့ အသံများကို လွတ်လပ်စွာ ထုတ်ဖော်ရန် ဖိနှိပ်ခံထားရကြောင်း၊ ထို့အတူ လျှပ်စစ်မီးပြတ်တောက်ခြင်းနှင့် ဒစ်ဂျစ်တယ်ပစ္စည်းများ အသုံးပြုခွင့်မရရှိသောကြောင့် စစ်တပ်မှ အစဉ်တစိုက် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကိုလည်း ခြေရာခံရန် ခက်ခဲလျက်ရှိကြောင်း၊ ဆွေးနွေးပြောကြားသွားသူများက ပြောကြားသည့်အတိုင်း ဖက်ဆစ်စစ်တပ်၏ တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ လက်ကိုင်ဖုန်းများကို နေရာမရွေး စိတ်ကြိုက် တရားဥပဒေမဲ့စစ်ဆေးလျက်ရှိသည်ဟု သိရှိရသဖြင့် လွန်စွာစိတ်ပျက်ရကြောင်း၊ ယခုအခါ ပြည်သူများအနေဖြင့် အပြင်ထွက်သည့်အခါများတွင် လက်ကိုင်ဖုန်းများကို ကိုင်ဆောင်ရန် ကြောက်ရွံ့လျက်ရှိကြောင်း၊ အဆိုပါအခြေအနေမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း၊ ယင်းမှာ မိမိတို့ပြည်သူများမှ အကြောက်တရားဖြင့် နေ့စဉ်ဖြတ်သန်းနေရသည့် အခြေအနေပင်ဖြစ်ကြောင်း၊


(ဂ) သို့ရာတွင် ယင်းသို့သော ခက်ခဲ၍ အန္တရာယ်အလွန်ကြီးမားသော အခြေအနေတွင် လူ့အခွင့်အရေး ကာကွယ်သည့် အမျိုးသမီးများအနေဖြင့် စစ်တပ်မှ ကျူးလွန်လျက်ရှိသော ရက်စက်ကြမ်းကြုတ်မှုများကို မှတ်တမ်းတင်ရန်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ပေးပို့ပေးရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ၎င်းတို့သည် အမှန်စင်စစ် ရဲစွမ်းသတ္တိပြည့်ဝသူများဖြစ်၍ မိမိတို့၏ ကျေးဇူးဥပကာရ တင်ခြင်းနှင့် ထိုက်တန်ကြောင်း၊ မိမိအနေဖြင့် ၎င်းတို့အား လေးစားဂုဏ်ယူချီးကျူးပါကြောင်း၊


(ဃ) လူမဆန်သည့်စစ်တပ်အား ခုခံတော်လှန်နေသည့် ယခုတော်လှန်ရေးကို လူငယ်လူရွယ် မျိုးဆက်သစ်များမှ ငြိမ်းချမ်းသည့်နည်းလမ်းအစုံ၊ အထူးသဖြင့် ဒစ်ဂျယ်တယ်လမ်းကြောင်းကို အသုံးပြု၍ ဦးဆောင်ခဲ့ခြင်းဖြစ်သည်ကို အလေးထားမှတ်ကျောက်တင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူ့ခုခံ တော်လှန်စစ်တွင် ဦးဆောင်ကာ တက်တက်ကြွကြွပါဝင်ပေးနေကြသည့် အမျိုးသမီးများနှင့် မိန်းကလေးများ အား ချီးကျူးပါကြောင်း၊


(င) ဗီဒီယိုတွင် တွေ့မြင်ခဲ့ရသည့်အတိုင်း အချို့သော တက်ကြွလှုပ်ရှားသူများအနေဖြင့် ကလေးငယ်များ ကို ပညာသင်ကြားပေးလျက်ရှိကြောင်း၊ သို့ရာတွင် စစ်တပ်၏ လေကြောင်းရန်အန္တရာယ်မှ ကာကွယ်နိုင်ရန် အဆိုပါသင်ကြားမှုများကို ဗုံးခိုကျင်းများတွင် ပြုလုပ်နေရသည်ကို တွေ့မြင်ရသည်မှာ ဆို့နင့်ကြေကွဲဖွယ် ကောင်းကြောင်း၊


(စ) မြန်မာနိုင်ငံအနေဖြင့်လည်း အမျိုးသမီးများနှင့် မိန်းကလေးများမှ နည်းပညာအသုံးပြုခွင့်အပါအဝင် ကျားမတန်းတူညီမျှရေးနှင့် အမျိုးသမီးများ လုပ်ပိုင်ခွင့်ပိုမိုရရှိစေရန် သံန္နိဋ္ဌာန် ချမှတ်ထားကြောင်း၊ ယင်းမှာ တော်လှန်ရေးကာလအတွက်သာမက လာမည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးကာလအတွက်ပင် ရှေးရှုမျှော်မှန်းကြောင်း၊ ထို့ပြင် မိမိတို့အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအားလုံးအတွက် သတင်းအချက်အလက်၊ နည်းပညာနှင့် ဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုအား လုပ်ဆောင်ရာတွင် ကော့ဘဇားရှိ စခန်းများတွင် နေထိုင်သည့် ရိုဟင်ဂျာများအတွက်လည်း သင့်လျော်သည့် ပညာရေးနှင့် သတင်းအချက်အလက်၊ နည်းပညာနှင့် ဆက်သွယ်ရေး အသုံးပြုခွင့်ရရှိရေးပါ ပါဝင်ရမည်ဖြစ်ကြောင်း၊ ယင်းနယ်ပယ်အတွက် နိုင်ငံတကာအသိုက်အဝန်းမှ လိုအပ်သည်များ ထပ်မံကူညီပံ့ပိုးပေးရန် တောင်းဆို လိုကြောင်း၊


(ဆ) အဆိုပါဖွံ့ဖြိုးတိုးတက်မှုအား ဖြစ်ပေါ်စေနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ စစ်အာဏာရှင် နိဂုံးချုပ်ရေးပင်ဖြစ်ကြောင်း၊ အလားတူပင် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်သကဲ့သို့ မဖြစ်မနေပြုလုပ်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထိရောက်သည့်လုပ်ဆောင်ချက်များကို ချက်ချင်းအရေးယူဆောင်ရွက်ရန် မြန်မာပြည်သူများကိုယ်စား မိမိက ထပ်မံတောင်းဆိုလိုကြောင်း၊


(ဇ) နိဂုံးချုပ်အနေဖြင့် တိုင်းပြည်နှင့် ပြည်သူများ၏ ကောင်းကျိုးအတွက် စွမ်းစွမ်းတမံ ဆက်လက် ပါဝင်အားဖြည့်ပေးလျက်ရှိသော ရဲရင့်သည့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးကို ရှေ့ဆောင် ဆောင်ရွက် နေကြသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား အထူးလေးစားချီးကျူးသည်ကို ထပ်လောင်း ပြောကြားလိုကြောင်း။


၆။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် အပိတ်အမှာစကားအပြည့်အစုံ (အင်္ဂလိပ် ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Closing Remarks by

Ambassador Kyaw Moe Tun, Permanent Representative of Myanmar

at the Side-event of the 67th Session of the Commission on the Status of Women: Using Technology to Promote Gender Equality and the Empowerment of Women and Girls in Myanmar


(New York, 6 March2023)


Excellencies, Distinguished Panelists, and dear colleagues,


I am honoured to deliver closing remarks at this important timely side-event on Myanmar. I wish to express sincere appreciation to the co-sponsors and organizers, the Gender Equality Network (GEN) Myanmar, Women Advocacy Coalition Myanmar (WAC), Norway, Spain, Sweden and UN Women.


I thank the State Secretary for International Development of Norway and the Permanent Representative of Spain for their remarks as well as the panelists for their valuable insights and comprehensive briefing. I am thankful to the Deputy Executive Director of UN Women for closing remarks and the representative of UN Women for leading the discussion in a thought-provoking manner. I thank all speakers for their comments and questions.


The speakers rightly reflected the alarming human rights situation of the already marginalized women and girls in Myanmar happening in numerous settings. In addition to the global public health crisis in 2020, an upward trend of a dire humanitarian crisis is also taking place, particularly resulting from the unlawful military coup attempt two years ago. In this regard, I am grateful that the panelists have touched upon the vulnerable conditions of women human rights defenders and women-led civil society organizations where they encountered significant challenges in terms of the use of technology and gender equality and empowerment aspects.


Despite living in the digital era, Myanmar women and girls’ engagement in the digital world continue to face various challenges. Nevertheless, cognizant of the negative effect of the issue, the elected civilian government of Myanmar adopted measures to promote gender equality, women empowerment, and for the protection of the rights of women and girls. Many public and private initiatives started aiming at bridging the digital gap through trainings and other meaningful measures. Such measures were undertaken to prioritize greater participation of women and girls in the information, communication, and technology (ICT) sector, and contribute to the development and prosperity of the country in a larger context.


Regrettably, as mentioned by some speakers, much of these endeavours and several milestones achieved were critically struck by the illegal military coup in February 2021. People reject the military rule; it is not simply that they hate the military, rather because they know how their basic human rights are being exploited under military rule. Throughout the illegal coup attempt, the fundamental rights of the people including women and girls in Myanmar have been seriously abused and violated. Instead of making improvements in empowering women and promoting the rights of women and girls, they are currently the largest group of victims of atrocities committed by the inhumane military.


Meanwhile the living conditions of ordinary women and girls are worrisome, human rights women activists are also struggling from insecure settings due to the lawless acts of the military junta. As they are trying to escape from arbitrary arrest of the military junta by running and hiding from cities to towns, and from towns to villages to seek for their safety, women human rights defenders are oppressed to express and raise their voices freely, as well as to track the atrocities committed systematically and widely by the military junta due to the shortage of electricity and lack of digital access. As mentioned by the panelists, fascist military forces check mobile phones of the civilians randomly with an unjustifiable manner. Thus, people do not dare to carry telephones when they go out. This is unacceptable. This is how our people are living with fear every day.


Even at this difficult and high risk setting, women and girls human rights defenders are still playing important roles to record atrocities committed by the military junta and disseminate them to relevant international organizations. These are truly courageous, and they deserve our deep appreciation. I am so proud of them and salute them.


Dear colleagues,

It is imperative to highlight that the current people’s revolution against the inhumane military junta has been mainly led by the young generations through various peaceful means, particularly through the digital platform. We commend the women and girls for their leadership and active participation in this people resistance. As saw on the video earlier, some are teaching children. Sadly, sometime classes are in bunkers due to the military aerial bombings.


For Myanmar, we are committed to ensure the equal share of technology access for all women and girls, as well as gender equality and empowerment of women not only during the revolutionary period, but also for the future federal democratic nation. When we work towards development of ICT for all people in Myanmar, we need to make sure that Rohingya people in the camps including in Cox’s Bazar have also access to appropriate education and ICT. I appeal the international community to provide further assistance in this area.


The only solution for us to attain anticipated fruitful development is to eliminate the military dictatorship. Institutional change is necessary and must. As such, on behalf of the people of Myanmar, I wish to appeal again the international community to take immediate and decisive actions now.


Ladies and gentlemen and dear colleagues, I wish to conclude by saluting again our brave women and girls especially women human rights defenders for their continued efforts towards the betterment of the country and the people.


Thank you.



*****









bottom of page