top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun under Agenda Item 68 at 3C of 77th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at General Discussion under Agenda Item 68: Promotion and Protection of Human Rights at the Third Committee of the 77th Session of the UN General Assembly, held on 21 October 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီတွင်

လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးဘာသာရပ်အောက်၌ ကျင်းပပြုလုပ်သော အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် စစ်တပ်၏ ရက်စက်သောလုပ်ရပ်များကြောင့် သေဆုံးခဲ့ရသော ပြည်သူများနှင့် ဒုက္ခခံစားနေရသော ပြည်သူများ၏ အသက်အိုးအိမ်ဘဝများသည် တန်ဖိုးရှိပြီး အရေးကြီးကာ၊ မိမိအနေဖြင့်လည်း ၎င်းတို့အား မည်သို့မျှ မေ့လျော့နိုင်မည်မဟုတ်


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်)


၁။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၁-၁၀-၂၀၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၊ တတိယကော်မတီ၏ လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေး ဘာသာရပ်အတွက် အထွေထွေ ဆွေးနွေးမှုအစီအစဉ်၌ ပါဝင်တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ပြည့်နှက်နေသည့် ခေတ်အခါတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ကုလသမဂ္ဂပဋိဉာဉ်စာတမ်းပါ အခြေခံမူများကို လိုက်နာဆောင်ရွက်ခြင်းသည် အရေးကြီး ပါကြောင်း၊ ၎င်းတို့အနေဖြင့် ရွေးချယ်ခြင်းမရှိ၊ ခွဲခြားခြင်းမရှိသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကို အတူတကွ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ အားလုံးပါဝင်၍ ငြိမ်းချမ်းသော၊ တရားမျှတသော လူ့အဖွဲ့အစည်းများဖြင့် တည်ဆောက်ထားသည့် အသိုက်အဝန်းဖြစ်ပေါ်လာစေရေးအတွက် လူ့အခွင့်အရေး ကို မြှင့်တင်ကာကွယ်ခြင်းက အလွန်အရေးပါသည့်ကဏ္ဍတွင် ပါဝင်သည်ဟု မြန်မာနိုင်ငံအနေဖြင့် အခိုင်အမာယုံကြည်ကြောင်း၊


(ခ) လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ခြင်းနှင့် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ပြည်သူများမှ အခြေခံလူ့အခွင့်အရေးများကို ခံစားခွင့်ရရှိရေးတို့မှာ ရွေးချယ်ခံအရပ်သားအစိုးရ၏ ဦးစားပေးလုပ်ငန်းစဉ် များအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ၎င်း၏ အုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးဆွေးနွေးပွဲများတွင် တက်ကြွစွာပါဝင်ခြင်း၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး စာချုပ် စာတမ်းများကိုလည်း လက်မှတ်ရေးထိုးခြင်းနှင့် အတည်ပြုခြင်းတို့ကို လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ကုလသမဂ္ဂ၏ ယန္တရားအတွင်း၌လည်း ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ၏ အကူအညီများရရှိခဲ့ခြင်းနှင့် အပြည်ပြည်ဆိုင်ရာမိတ်ဖက်များနှင့်လည်း နှစ်ဖက်ဆွေးနွေးမှုများပြုလုပ်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ခဲ့ကြောင်း၊


(ဂ) သို့ရာတွင် အဆိုပါဖြစ်ပေါ်တိုးတက်မှုများသည် ၁-၂-၂၀၂၁ ရက်နေ့တွင် တရားမဝင်စစ်အာဏာ သိမ်းမှုဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း၌ ဆန့်ကျင်ဘက်အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ ထိုနေ့မှစ၍ မြန်မာ ပြည်သူများသည် မဆင်မခြင်သတ်ဖြတ်မှု၊ ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်မှု၊ ရက်စက်စွာညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ သတင်းသမားများအားဖိနှိပ်မှုနှင့် အခြားသောအခြေခံလူ့အခွင့်အရေး ချိုးဖောက်မှုများအပါအဝင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူမဆန်သောဆက်ဆံမှုများကို နေ့စဉ်နေ့တိုင်း ရင်ဆိုင်နေရကြောင်း၊


(ဃ) စစ်တပ်၏ တပ်ဖွဲ့ဝင်များသည် လေကြောင်းတိုက်ခိုက်မှုများအပြင် လက်နက်ကြီးများကို အသုံးပြု၍ ပြည်သူများနေထိုင်ရာနေရာဒေသများကို နေ့စဉ်ရက်ဆက် တိုက်ခိုက်လျက်ရှိကြောင်း၊ အလားတူပင် စစ်တပ်လက်အောက်ရှိ စစ်သားများသည်လည်း ကျေးရွာများကို အလျဉ်းသင့်သလို ဝင်ရောက်ကာ မဆင်မခြင်ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ကြောင်း၊ တစ်ခါတစ်ရံတွင် ရွာသူရွာသားများ ကျေးရွာများအတွင်း ပိတ်မိနေသည့် အခြေအနေများလည်းရှိကြောင်း၊ အဓိကအားဖြင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးများနှင့် စိတ်မကျန်းမာသူများ အပါအဝင် အပြစ်မဲ့ပြည်သူမြောက်များစွာ သေကြေခဲ့ရကြောင်း၊ ထို့ပြင် သိန်းပေါင်း များစွာသော ပြည်သူများအနေဖြင့်လည်း ၎င်းတို့နေထိုင်ရာ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်ရကြောင်း၊ ယင်းသို့ ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိသူများအား စစ်တပ်က ဓားစာခံအဖြစ် ထားရှိကာ လူသားဒိုင်း အဖြစ် အသုံးချကြောင်း၊ UNHCR ၏ မှတ်တမ်းအရ တရားမဝင်စစ်အာဏာသိမ်းချိန်မှစ၍ မြန်မာနိုင်ငံ တွင် နေရပ်စွန့်ခွာသူ (၁) သန်းကျော်ရှိပြီဖြစ်ကြောင်း၊


(င) တပြိုင်တည်းမှာပင် စစ်တပ်အနေဖြင့် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကိုလည်း ထပ်ခါတလဲလဲ ပြုလုပ်လျက်ရှိကြောင်း၊ ၂၄-၁၂-၂၀၂၁ ရက်နေ့၊ ဖရူဆိုမြို့နယ်၊ ကရင်နီ (ကယား) ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် ရင်နင့်ဖွယ်အကောင်းဆုံးဖြစ်ပြီး အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် စုစုပေါင်း (၃၈) ဦး ဖမ်းဆီးခံရပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခံရကာ မော်တော်ယာဉ်များအတွင်း၌ မီးရှို့ အသတ်ခံခဲ့ရကြောင်း၊


(စ) ဖော်ပြပါဖြစ်စဉ်များသာမက စစ်တပ်သည် ကလေးငယ်များ၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေး တို့ကိုလည်း ဆိုးရွားစွာ ချိုးဖောက်လျက်ရှိကြောင်း၊ ကလေးငယ်များ ပညာသင်ကြားနေစဉ် စာသင် ကျောင်းများအား လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား ပျောက်ကွယ်စေမှု၊ ပုဂ္ဂလိကကျောင်းမှ ဆရာ/ဆရာမများအား ဖမ်းဆီးကာ ပြစ်ဒဏ်ချမှတ်မှုစသည်တို့သည် စစ်တပ်မှ ကလေးငယ်များ၏ ပညာသင်ကြားခွင့်ကို ဆိုးဆိုးရွားရွား ချိုးဖောက်နေသည့် တာဝန်မဲ့သော အပြုအမူများထဲမှ အချို့မျှသာဖြစ်ကြောင်း၊


(ဆ) တစ်ဖက်တွင်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အင်တာနက်ဖြတ်တောက်မှု စသည့် ကန့်သတ်ချက်များကြောင့် right to privacy နှင့် right to life တို့ကိုလည်း ထိပါးစေကြောင်း၊ နေရာဒေသအတော်များများ၌ ပြည်သူများမှ ၎င်းတို့၏ လက်ကိုင်ဖုန်းတွင် ပါဝင်သော အကြောင်းအရာ များကို ပြသရန် ငြင်းဆန်သည်နှင့် စစ်သားများ၏ ပစ်သတ်ခြင်းခံရသည် သာဓကများရှိကြောင်း၊


(ဇ) အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ပစ်မှတ်ထားသည့်ပုဂ္ဂိုလ်အား မတွေ့ရှိပါက ယင်းပုဂ္ဂိုလ်နှင့် ဆက်နွယ်မှုတစ်ခုခုရှိသူ တစ်ဦးဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထိန်းချုပ်သည့် နည်းလမ်းကို အသုံးပြုလျက် ရှိပြီး ပစ်မှတ်ထားခံရသူအား ဖမ်းဆီးရမိမှသာလျှင် ၎င်းကိုယ်စား ဖမ်းဆီးထိန်းချုပ်ခံထားရသူကို လွှတ်ပေးကြောင်း၊ အဆိုပါနည်းလမ်းသည် အင်မတန်လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း၊


(ဈ) အခြားတစ်ဖက်တွင်လည်း နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေသည် နေ့စဉ်နှင့်အမျှ ပိုမိုဆိုးရွားလာကြောင်း၊ ဆယ်စုနှစ်ပေါင်းများစွာပြုလုပ်ခြင်းမရှိဘဲ၊ ပြီးခဲ့သော ဇူလိုင်လအတွင်း၌ စစ်တပ်က နိုင်ငံရေးအကျဉ်းသား (၄) ဦးအား ပထမဆုံးသော သေဒဏ်စီရင်မှုကို ပြုလုပ်ခဲ့ကြောင်း၊ အလားတူပင် ကျိုးကြောင်းဖော်ပြခြင်းမရှိသော နိုင်ငံရေးအကျဉ်းသား သေဆုံးမှုများစွာရှိကြောင်း၊ အချို့သောဖြစ်စဉ်များ တွင် ကျန်ရစ်သူမိသားစုများအနေဖြင့် ရုပ်အလောင်းများကိုပင် ကြည့်ရှုခွင့် သို့မဟုတ် မီးသင်္ဂြိုလ်ခွင့် တို့ကိုပင်မရရှိကြောင်း၊


(ည) မိမိတို့အနေဖြင့် နိုင်ငံတကာနှင့် ကုလသမဂ္ဂတို့မှ မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ ထုတ်ပြန်ပေးသည့် ထုတ်ပြန်ချက်များကို ကြိုဆိုပါကြောင်း၊ သို့ရာတွင် တရားမဝင်စစ်အာဏာသိမ်းမှုမှာ ရက်ပေါင်း (၆၂၆) ရက် ကျော်လာခဲ့ပြီဖြစ်ကြောင်း၊ လူပေါင်း (၂၃၇၆) ဦး ကျော် ရက်စက်စွာ စစ်တပ်၏သတ်ဖြတ်မှုကို ခံခဲ့ရကြောင်း၊ နိုင်ငံတကာမှ ဖိအားပေးလျက်ရှိသော်ငြားလည်း စစ်တပ်အနေဖြင့် ပစ်ဒဏ်ခတ်ခြင်းမခံရဘဲ ဆက်လက်ရှိနေရာ၊ မိမိပြောကြားခဲ့မှုများ မရှိခဲ့သယောင်၊ အပြစ်မဲ့ပြည်သူများ၏ အသက်များကို တန်ဖိုးမရှိသယောင် ဖြစ်နေကြောင်း၊


(ဋ) အမှန်အားဖြင့် စစ်တပ်၏ ရက်စက်သောလုပ်ရပ်များကြောင့် သေဆုံးခဲ့ရသော ပြည်သူများနှင့် ဒုက္ခခံစားနေရသော ပြည်သူများ၏ အသက်အိုးအိမ်ဘဝများသည် တန်ဖိုးရှိပြီး အရေးကြီးပါကြောင်း၊ မိမိအနေဖြင့်လည်း ၎င်းတို့အား မည်သို့မျှ မေ့လျော့နိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် စစ်အာဏာရှင် ချုပ်ငြိမ်းစေရန်နှင့် မြန်မာပြည်သူများအတွက် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားလာစေရန် ကုလသမဂ္ဂ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်ဆန်၍ တိကျပြတ်သားသော ဆုံးဖြတ်ချက်များကို ချမှတ်ပေးရန် ထပ်မံတောင်းဆိုလိုကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ တင်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations,

at General Discussion under Agenda Item 68: Promotion and Protection of Human Rights at the Third Committee of 77th Session of UNGA


(New York, 21 October 2022)


Mr. Chair,


Living in the era full of global challenges, it is crucial that all UN member states comply with the principles of the Charter of the United Nations. They should cooperate together to promote respect for human rights without distinction and without discrimination.


Myanmar strongly believes that the promotion and protection of human rights plays an important role in creating the world of inclusive, peaceful and just societies. It is essential that perpetrators are held accountable without impunity.


Mr. Chair,


One of the priorities of the civilian government of Myanmar was to promote and protect human rights, and to ensure that people in Myanmar are able to enjoy their fundamental rights. Under its leadership, Myanmar was able to participate actively in international human rights fora, to sign and ratify international human rights treaties, to cooperate with UN mechanisms, to get technical assistance from international experts and to hold bilateral dialogues with international partners. This progress has reversed since the illegal military coup in February 2021. Every day since then, Myanmar people have been suffering atrocities and inhumane treatment from the unwanted military junta including indiscriminate killings, arbitrary arrests, ruthless torture, sexual violence, repression of journalists and other violations of basic human rights.


Mr. Chair,


Every day the military forces launch airstrikes and use heavy weaponry against civilian areas. Those are followed by raids of junta soldiers who indiscriminately and randomly shoot into villages and torch houses, sometimes with the villagers trapped inside. Those attacks have killed innocent people including children, women, the elderly and mentally disabled villagers. Hundreds or thousands of people have had to flee from their villages. Those unable to flee are taken as hostages, and used as as human shields by junta forces. According to the UNHCR, more than 1 million people have been displaced in Myanmar since the illegal military coup last year.


Since the attempted coup, the military has repeatedly committed massacres. The massacres on 24 December 2021 was one of the most tragic, when more than 38 people including women and children were arrested, shot and burned in their cars by the terrorist military in Hpruso Township, Karenni (Kayah) State.


Mr. Chair,


In addition, the military has violated seriously the freedoms and rights of children. The bombardment of schools while children are learning, the disappearances of teachers and students, arrests and charges against the private school teachers – these are among the irresponsible acts of the military that gravely violate children’s right to education.


With the restriction of freedom of expression and internet blackouts, the right to privacy is jeopardized along with the right to life. In many areas, individuals who refuse to show the contents of their phone are shot dead by military forces.


The military junta is pursuing a tactic of punishment by proxy. When the junta cannot find the targeted individuals, they abduct families, take them hostage and detain them until the targeted person is arrested. It is truly inhumane, and worthy of the censure of this body.


Mr. Chair,


The situation of the political prisoners has been deteriorating each day. For the first time in many decades, the military executed four political prisoners in July. There are many unexplained deaths of political prisoners. In most cases, the families were not allowed to see the bodies, or to bury them.


Mr. Chair,


My delegation welcomes the statements by the international community and the United Nations regarding the situation in Myanmar. However, more than 626 days have passed since the illegal coup, and over 2,376 people were brutally killed by the military.


Despite international pressure, the junta continues to enjoy impunity as if none of what I have described to you has happened, as if none of these innocent lives matter.


Mr. Chair, the lives of those who have suffered and died under this junta do matter.


I refuse to forget them. I again therefore appeal to the United Nations and in particular to the UN Security Council, to take swift and decisive actions to end the military dictatorship and ensure that democracy returns to all Myanmar people.


I thank you.


**********











bottom of page