Statement by Ambassador Kyaw Moe Tun at General Debate of Third Session of Preparatory Committee for 2026 Review Conference of the Parties to the Treaty on Non-Proliferation of Nuclear Weapons
- Myanmar Mission To UN
- 24 hours ago
- 6 min read




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate of the Third Session of the Preparatory Committee for the 2026 Review Conference of the Parties to the Treaty on the Non-Proliferation of Nuclear Weapons (NPT), held on 30 April 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
၂၀၂၆ ခုနှစ် နျူကလီးယားလက်နက်များ မပြန့်ပွားရေး စာချုပ်ဝင်နိုင်ငံများ၏ ပြန်လည်သုံးသပ်ရေးညီလာခံ အတွက် ပြင်ဆင်ရေးကော်မတီ တတိယအကြိမ်အစည်းအဝေး ၏ အထွေထွေဆွေးနွေးမှု တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးကျော်မိုးထွန်း က ပြီးခဲ့သည့်လက မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ဖျက်အားမြင့် ငလျှင် ဘေးအန္တရာယ် ပြီးနောက် တွင်ပင် အကြမ်းဖက် စစ်တပ်သည် အရပ်သားပြည်သူများအပေါ် ခွဲခြားမှုမရှိသော လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် ၎င်းတို့၏ အမည်ခံနျူကလီးယားစွမ်းအင်စီမံကိန်းဖွံ့ဖြိုးရေးတို့ကိုသာ ပိုမိုအာရုံစိုက်နေဆဲဖြစ်၊
ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိသည့်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ များကို လေးစားလိုက်နာမှုမရှိသည့် အကြမ်းဖက်စစ်အုပ်စုသည် နျူကလီးယား လက်နက်များ မပြန့်ပွားရေး စာချုပ်၏ အပိုဒ် (၃) အရ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) နှင့်လည်း ရိုးသားစွာ ပူးပေါင်းဆောင်ရွက်မှုရှိမည်မဟုတ်၊
သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအတွက် ကြိုတင်ပြင်ဆင်မှုမရှိသော အကြမ်းဖက်စစ်အုပ်စု အနေဖြင့် နျူကလီးယားအရေးပေါ် အခြေအနေ တုံ့ပြန်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်မှု ရှိမည် မဟုတ်၊
ငလျင်ဘေးအလွန် လူသားချင်းစာနာမှု အကူအညီပေးမှုကို လက်နက်အဖြစ် အသုံးချသော အကြမ်းဖက် စစ်အုပ်စုသည် နျူကလီးယားနည်းပညာကိုလည်း လက်နက်အဖြစ် အသုံးချမည်သာဖြစ်၊
ငလျှင်ဒဏ်သင့်အပြီးကာလ၌ ဂျက်လေယာဉ်ဆီကိုတစ်လွဲသုံး၍ အရပ်သားပြည်သူများအပေါ် လေကြောင်း တိုက်ခိုက်မှု စုစုပေါင်း (၂၂၅) ကြိမ် အထိပြုလုပ်ခဲ့သော အကြမ်းဖက် စစ်အုပ်စုသည် နျူကလီးယားစွမ်းအင်ကို လည်း အလွဲသုံးစားပြုလုပ်ဉီးမည်သာဖြစ်၊
နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် နျူကလီးယားစွမ်းအင်အစီအစဉ်အပါအဝင် ပူးပေါင်း ဆောင်ရွက်မှုများကို ပြုလုပ်ရာတွင် စစ်အာဏာရှင်စနစ်အဆုံးသတ်၍ ဒီမိုကရေစီစနစ် ပြန်လည် ထွန်းကားလာမှသာလျှင် မြန်မာ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်)
၁။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ၂၀၂၆ ခုနှစ် နျူကလီးယား လက်နက်များ မပြန့်ပွားရေး စာချုပ်ဝင် နိုင်ငံများ၏ ပြန်လည်သုံးသပ်ရေးညီလာခံအတွက် ပြင်ဆင်ရေးကော်မတီ တတိယအကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှ မေလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်လျှက်ရှိရာ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်လျက်ရှိပါသည်။ ၃၀-၄-၂၀၂၅ ရက်နေ့တွင် ပြုလုပ်သည့် အထွေထွေ ဆွေးနွေးမှု အစီအစဉ်တွင် မြန်မာနိုင်ငံကိုယ်စားပြု၍ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မိန့်ခွန်းပြောကြား ခဲ့ပါသည်။
၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်း၌ အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင် ပါသည်-
(က) ပထဝီနိုင်ငံရေးဆိုင်ရာတင်းမာမှုများ ပိုမိုနက်ရှိုင်းလာချိန်၊ လုံခြုံရေးမဟာမိတ်ဖွဲ့မှုများ ပြောင်းလဲ ဖြစ်ပေါ်လာနေချိန် နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးစနစ် အပေါ် မယုံကြည်မှုများ တိုးပွား လာချိန်မျိုး၌ မိမိတို့ ပြန်လည်စုဝေးကြခြင်းဖြစ်ပါကြောင်း၊ နျူကလီးယားလက်နက်များခေတ်မှီ အောင်အဆင့်မြှင့်တင်လာခြင်း၊ နျူကလီးယားအသုံးပြုရန် ခြိမ်းခြောက်မှုများ ပိုမိုများပြားလာခြင်း နှင့် စစ်ရေးနှင့် လုံခြုံရေး မဟာဗျူဟာများတွင် နျူကလီးယား လက်နက်များကို ပိုမို အားထား လာခြင်းတို့ကြောင့် နျူကလီးယားစစ်ပွဲဖြစ်ပွားနိုင်ခြေသည် သမိုင်းတစ်လျှောက် အမြင့်မားဆုံး သော အချိန်ကာလသို့ ရောက်ရှိနေကြောင်း၊
(ခ) နျူကလီးယားလက်နက်များအားရည်ရွယ်ချက် ရှိရှိဖြင့် ဖြစ်စေ၊ မတော်တဆမျိုးဖြင့် ဖြစ်စေ တစ်ကြိမ် တစ်ခါ အသုံးပြုခြင်းသည်ပင် လူသားမျိုးနွယ်အပေါ် ကြီးမားသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာဆိုးကျိုး သက်ရောက်မှုများကို သာမက သဘာဝပတ်ဝန်းကျင်အပေါ် မျိုးဆက်ပေါင်းများစွာ ပျက်စီးစေမည့် အကျိုးဆက်များကိုလည်း ဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နျူကလီးယားလက်နက်များ အသုံးပြုခြင်း (သို့မဟုတ်) အသုံးပြုမည်ဟု ခြိမ်းခြောက် ခြင်းမှ လုံခြုံစိတ်ချရစွာ ကာကွယ်နိုင်ရန်အတွက် တစ်ခုတည်းသော ထိရောက်သည့် နည်းလမ်းမှာ နျူကလီးယားလက်နက်အားလုံးကို အပြည့်အဝ ဖျက်သိမ်းရေးသာဖြစ်သည် ဆိုသည့် မြန်မာနိုင်ငံ ၏ ရပ်တည်ချက်ကို ထပ်မံအတည်ပြု ပြောကြားလိုပါကြောင်း၊
(ဂ) နျူကလီးယားလက်နက်များ မပြန့်ပွားရေးစာချုပ်အနေဖြင့် ကမ္ဘာ့နျူကလီးယား လက်နက် ဖျက်သိမ်းရေး နှင့် နျူကလီးယားလက်နက်များ မပြန့်ပွားရေးစနစ်၏ အဓိကမဏ္ဍိုင် ဖြစ်သကဲ့သို့ နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာအသုံးပြုရေး၏ အခြေခံအုတ်မြစ်လည်းဖြစ်ပါကြောင်း၊ စာချုပ်၏ ယုံကြည်စိတ်ချရမှုနှင့် ထိရောက်မှုသည် ဤစာချုပ်ပါ အခြေခံသဘောတရား (၃) ရပ် ဖြစ်သည့် နျူကလီးယားလက်နက်များ ဖျက်သိမ်းရေး၊ လက်နက်မပြန့်ပွားရေးနှင့် နျူကလီးယား စွမ်းအင်ငြိမ်းချမ်းစွာ အသုံးပြုရေးတို့ကို အပြည့်အဝ အကောင်အထည် ဖော်ဆောင်နိုင်ခြင်း တို့ အပေါ်တွင် မူတည်နေကြောင်း၊ နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံများ အနေဖြင့် စာချုပ်ပါ တာဝန်ဝတ္တရားများကို လေးစားလိုက်နာရန်နှင့် ယခင်ကျင်းပပြုလုပ်ခဲ့သည့် ပြန်လည် သုံးသပ်ရေးညီလာခံများမှ ကတိကဝတ်များကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရန် အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့် တိုက်တွန်းပါကြောင်း၊
(ဃ) ကိုးကြိမ်မြောက်နှင့် ဆယ်ကြိမ်မြောက် ပြန်လည်သုံးသပ်ရေးညီလာခံများတွင် သဘောတူညီချက် တစ်စုံတစ်ရာ ချမှတ်နိုင်ခြင်းမရှိခဲ့သည်မှာ စိတ်ပျက်ဖွယ်ရာ ဖြစ်ကြောင်း၊ ထို့ကြောင့် ပြင်ဆင်ရေး ကော်မတီ၏ ယခု တတိယအကြိမ်မြောက် အစည်းအဝေးအနေဖြင့် လာမည့်နှစ်တွင်ကျင်းပမည့် တစ်ဆယ့်တစ်ကြိမ်မြောက် ပြန်လည်သုံးသပ်ရေးညီလာခံ၌ အောင်မြင်သော ရလဒ်ရရှိ နိုင်ရေး အတွက် ဆောင်ရွက်ပေးရာတွင် အရေးပါကြောင်း၊ နိုင်ငံရေးဆန္ဒရှိမှု၊ ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှု နှင့် လိုက်လျောညီထွေ ရှိမှု တို့သည် မကြာခင်ကျင်းပမည့် ပြန်လည် သုံးသပ်ရေး ညီလာခံ၌ သဘောတူညီမှု ရလဒ်တစ်စုံတစ်ရာရရှိရေးအတွက် အခရာကျပါကြောင်း၊
(င) နျူကလီးယားလက်နက်များတားမြစ်ရေးစာချုပ် (TPNW) သည် နျူကလီးယား လက်နက် မပြန့်ပွားရေးစာချုပ် (NPT) ကိုအထောက်အကူဖြစ်စေပြီး၊ စာချုပ်၏ အပိုဒ် (၆) အောက်တွင် ပြဋ္ဌာန်းပါရှိသည့် "ထိရောက်သောအစီအမံများ" ဆိုသည့် အပိုဒ်ကို ကိုယ်စားပြုသည်ဟု ရှုမြင် ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်များတားမြစ်ရေးစာချုပ် (TPNW) စာချုပ် အဖွဲ့ဝင်နိုင်ငံများ၏ တတိယအကြိမ် မြောက် အစည်းအဝေး ကျင်းပခြင်းနှင့် ပထမအကြိမ် ပြန်လည်သုံးသပ်ရေးညီလာခံကျင်းပရန်ဆုံးဖြတ်သည့် အချက်ကို ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံ သည် နျူကလီးယားလက်နက် စမ်းသပ်မှုများ အလုံးစုံတားမြစ်ရေးစာချုပ် (CTBT) အပေါ် ကမ္ဘာ့ နိုင်ငံများ အားလုံးလိုက်နာဆောင်ရွက်မှုအပေါ်အထူးအလေးပေး၍ အဆိုပါ စာချုပ်အား အတည် ပြု ထားခြင်းမရှိသေးသည့်နိုင်ငံများ အထူးသဖြင့် စာချုပ်၏ နောက်ဆက်တွဲ (၂) ပါ အတည်ပြု လက်မှတ် ရေးထိုးခြင်း မပြုရသေးသည့် နိုင်ငံများ အနေဖြင့် စာချုပ် အာဏာ သက်ဝင်မှု ရှိလာ စေရန် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အတည်ပြု လက်မှတ်ရေးထိုးကြရန် တိုက်တွန်းပါကြောင်း၊
(စ) အရှေ့တောင်အာရှ နျူကလီးယားလက်နက် ကင်းမဲ့ဇုန် စာချုပ် ၏ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံသည် အဆိုပါ စာချုပ်ပါ အပိုဒ် (၇) ၏ ပြန်ဋ္ဌာန်းချက်နှင့်အညီ နျူကလီးယား လက်နက်ကင်းမဲ့ဇုန်များ (NWFZs) ထူထောင်ရေးအပေါ် အပြည့်အဝ ထောက်ခံပါကြောင်း၊ မိမိတို့အနေဖြင့် နျူကလီးယား လက်နက်ကင်းမဲ့ဇုန်များသည် နျူကလီးယားလက်နက်များ ကို ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးများကို ပိုမိုအားကောင်းလာစေရန် အရေးပါသော ပံ့ပိုးမှုများပြုလုပ်ပေးနိုင်သည်ဟု ခိုင်မာစွာယုံကြည်ပါကြောင်း၊
(ဆ) မြန်မာနိုင်ငံသည် NPT စာချုပ်၏ အပိုဒ် (၄) အရ ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် နျူကလီးယားစွမ်းအင်ကို အသုံးပြုပိုင်ခွင့်နှင့် နျူကလီးယားစွမ်းအင်နှင့် နည်းပညာ အလွဲသုံးစား မှုကို ကာကွယ်ရာတွင် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ မရှိမဖြစ်သော အခန်းကဏ္ဍကို အသိအမှတ်ပြု ယုံကြည်ပါကြောင်း၊ အဆိုပါအချက်နှင့် စပ်လျဉ်း၍ နျူကလီးယား စွမ်းအင် ဖွံ့ဖြိုးတိုးတက်မှု၏ အဆင့်တိုင်းတွင် IAEA လမ်းညွှန် သတ်မှတ်ချက်များကို တိကျစွာလိုက်နာရန် လိုအပ်သည်ကို အလေးအနက်ထား ပြောကြားလိုပါကြောင်း၊
(ဇ) မြန်မာနိုင်ငံသည် ရွေးကောက်ခံ အရပ်သားအစိုးရ လက်ထက်တွင် နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် နျူကလီးယားပစ္စည်းများ၏ ရုပ်ပိုင်း ဆိုင်ရာ ကာကွယ်မှု ကွန်ဗင်းရှင်းတို့ကို ၂၀၁၆ ခုနှစ် တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး၊ နျူကလီးယားလက်နက် စမ်းသပ်မှုများ အလုံးစုံတားမြစ်ရေးစာချုပ် (CTBT) ကို ၂၀၁၇ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း၊ နျူကလီးယားလက်နက်များတားမြစ်ရေးစာချုပ် (TPNW) ကို ၂၀၁၈ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ဝမ်းနည်းဖွယ်ကောင်းသည်မှာ နျူကလီးယားလက်နက်များ တားမြစ်ရေး စာချုပ် (TPNW) ကိုအတည်ပြုရန်၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ နောက်ဆက်တွဲ သဘောတူညီချက် နှင့် ပြုပြင်ထားသည့် နောက်ဆက်တွဲ သဘောတူညီချက်စာချုပ် တို့ ကို အာဏာသက်ဝင်စေရန် ဆောင်ရွက်မှုတို့သည် ၂၀၂၁ ခုနှစ် တွင် အကြမ်းဖက်စစ်တပ်၏ တရားမဝင်အာဏာသိမ်းရန် အားထုတ်ကြိုးပမ်းမှုကြောင့် ရပ်ဆိုင်း သွားခဲ့ ရပါကြောင်း၊
(ဈ) ပြီးခဲ့သည့်လက မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ဖျက်အားမြင့် ငလျှင် ဘေးအန္တရာယ် ပြီးနောက် တွင်ပင် အကြမ်းဖက်စစ်တပ်သည် အရပ်သားပြည်သူများအပေါ် ခွဲခြားမှုမရှိသော လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် ၎င်းတို့၏ အမည်ခံနျူကလီးယားစွမ်းအင် စီမံကိန်း ဖွံ့ဖြိုးရေးတို့ကိုသာ ပိုမို အာရုံစိုက် နေဆဲဖြစ်ပါကြောင်း၊
(ည) ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိသည့်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာမှုမရှိသည့် အကြမ်းဖက်စစ်အုပ်စုသည် နျူကလီးယား လက်နက်များ မပြန့်ပွားရေးစာချုပ်၏ အပိုဒ် (၃) အရ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) နှင့်လည်း ရိုးသားစွာ ပူးပေါင်းဆောင်ရွက်မှုရှိမည်မဟုတ်ပါကြောင်း၊
(ဋ) သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအတွက် ကြိုတင်ပြင်ဆင်မှုမရှိသော အကြမ်းဖက်စစ်အုပ်စု အနေဖြင့် နျူကလီးယားအရေးပေါ် အခြေအနေ တုံ့ပြန်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်မှု ရှိမည် မဟုတ်ကြောင်း၊
(ဌ) ငလျင်ဘေးအလွန် လူသားချင်းစာနာမှု အကူအညီပေးမှုကို လက်နက်အဖြစ် အသုံးချသော အကြမ်းဖက် စစ်အုပ်စုသည် နျူကလီးယားနည်းပညာကိုလည်း လက်နက်အဖြစ် အသုံးချမည်သာ ဖြစ်ပါကြောင်း၊
(ဍ) ငလျှင်ဒဏ်သင့်အပြီးကာလ၌ ဂျက်လေယာဉ်ဆီကိုတစ်လွဲသုံး၍ အရပ်သားပြည်သူများအပေါ် လေကြောင်း တိုက်ခိုက်မှု စုစုပေါင်း (၂၂၅) ကြိမ် အထိပြုလုပ်ခဲ့သော အကြမ်းဖက် စစ်အုပ်စုသည် နျူကလီးယားစွမ်းအင်ကိုလည်း အလွဲသုံးစားပြုလုပ်ဉီးမည်သာဖြစ်ပါကြောင်း၊
(ဎ) ရိုးရှင်းစွာဆိုရလျှင် အကြမ်းဖက်စစ်အုပ်စု အနေဖြင့် ငြိမ်းချမ်းသော ရည်ရွယ်ချက်အတွက် အကြောင်းပြ၍ စစ်ရေးအတွက် နျူကလီးယား နည်းပညာ ရယူရန် ကြိုးပမ်းလာနိုင်သည့် အပေါ် မိမိတို့အနေဖြင့် အလေးအနက် စိုးရိမ်ပူပန်မိပါကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် နျူကလီးယားစွမ်းအင်အစီအစဉ်အပါအဝင် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ရာတွင် စစ်အာဏာရှင်စနစ်အဆုံးသတ်၍ ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားလာမှသာလျှင် မြန်မာ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း၊
(ဏ) မြန်မာပြည်သူပြည်သားများ၏ အသက်နှင့် အနာဂတ်ကို ကယ်တင်ရန်အတွက် အကြမ်းဖက် စစ်အုပ်စုထံသို့ စစ်လက်နက်ပစ္စည်းများ၊ ဂျက်လေယာဉ်ဆီနှင့် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုး အသုံး ပြုနိုင်သည့် ပစ္စည်းများ စီးဆင်းမှု မရှိစေရေးအတွက် ဆောင်ရွက်ပေးကြရန် အဖွဲ့ဝင်နိုင်ငံအားလုံး ကို မေတ္တာရပ်ခံ တိုက်တွန်း ပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်း အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြ အပ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of
the Republic of the Union of Myanmar to the United Nations
at the General Debate of the Third Session of the Preparatory Committee
for the 2026 Review Conference of the Parties to
the Treaty on the Non-Proliferation of Nuclear Weapons (NPT)
(New York, 30 April 2025)
Mr. President,
I wish to begin by congratulating you and other members of the bureau on your election. You can count on our delegation’s full support for a fruitful outcome of this session.
Myanmar aligns with the statements delivered on behalf of NAM and ASEAN.
We are gathering once again at the height of deepening geopolitical tensions, evolving security alliances and growing mistrust in our multilaterial systems.Risk of nuclear war is higher than at any time in history due to the ongoing modernization of nuclear arsenals, intensification of nuclear rhetoric and increased integration of nuclear weapons in military and security doctrines.
A single use of nuclear weapon, whether by design or accident, will bring catastrophic humanitarian and environmental consequences for generations to come. Therefore, Myanmar reaffirms our position that the only guarantee against the use or threat of use of nuclear weapons is their total elimination.
Mr. President,
NPT remains the cornerstone of the global nuclear disarmament and nonproliferation regime and the foundation for the peaceful use of nuclear energy.
The credibility and effectiveness of the NPT is contingent upon the implementation of all three pillars of the Treaty in all its aspects. In this regard, Myanmar joins others in urging NWS to fulfill their Treaty obligations and to implement their commitments made from the previous review conferences.
The consecutive failure to adopt an outcome document by consensus at the Ninth and Tenth Review Conferences is disappointing. Therefore, the third session of the Preparatory Committee is critical in paving the way for a successful outcome at the Eleventh Review Conference next year. Political will, effective cooperation and flexibility are the key for attaining an outcome document of the forthcoming Review Conference.
Mr. President,
We are of the view that the TPNW complements the NPT and represents the role of “effective measure” under Article VI of the Treaty. Myanmar welcomes the convening of the Third Meeting of State Parties to the TPNW and the decision to hold the first Review Conference.
Myanmar attaches great importance to the universal adherence to the CTBT and calls upon all states that have not ratified it, especially the remaining Annex II states, to do so without delay for its entry into force.
As a state party to the Southeast Asia Nuclear-Weapons-Free Zone, Myanmar supports the establishment of NWFZs in line with Article VII of the Treaty. We believe that NWFZs can contribute to further strengthening global norms against nuclear weapons.
Mr. President,
Myanmar believes in the alienable rights to nuclear energy for peaceful purposes under Article IV of the Treaty and the indispensable role of the IAEA in safeguarding the misuse of nuclear energy and technology. In this regard, Myanmar stresses the strict compliance with the IAEA guidelines at every stage of the nuclear energy development.
Under the elected civilian government, Myanmar ratified the Convention on Nuclear Safety and the Convention on the Physical Protection of Nuclear Materials in 2016; the CTBT in 2017 and signed the TPNW in 2018.
Unfortunately, our plan to ratify the TPNW, put the IAEA Additional Protocol into force and adhere to the Modified Small Quantity Protocol was all derailed by the attempted military coup in 2021.
Even after the devastating earthquake in Myanmar last month, the military junta is more preoccupied by launchingindiscriminate aerial and artillery attacks on civilian population and developing their so-called nuclear power plan.
Here is the truth:
The military junta that is uncooperative with regional and international organizations and does not honour international laws will also be uncooperative with the IAEA under Article III of the Treaty.
The military junta that is unprepared for natural disasters response will also be unprepared for nuclear emergency response.
The military junta that weaponizes humanitarian aid post-earthquake will also be weaponizing nuclear technology.
The military junta that misuses jet fuel by conducting 225 airstrikes against civilian population in post-earthquake will also be misusing nuclear energy.
Simply put, we have a serious concern that the military junta may attempt to acquire nuclear technology for military applications under the guise of peaceful purposes. Any cooperation from the international community, including a nuclear energy programme, should be extended to Myanmar only when the military dictatorship is ended and democracy is restored.
Taking this opportunity, I appeal to all Member States to cut the flow of arms, weapons, jet fuel and dual-use items to the military junta to save the lives of the people of Myanmar and their future.
I thank you.
*****







