top of page
  • Writer's pictureMyanmar Mission To UN

Remarks by Ambassador Kyaw Moe Tun on military’s air attacks on Pazigyi Village at Media Stakeout





Remarks by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, on the military junta’s barbaric air attacks on Pazigyi Village at the Media Stakeout, held on 13 April 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


စစ်တပ်၏ ပဇီကြီးကျေးရွာရှိ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ လေကြောင်းဖြင့်တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုမြောက်၊ စစ်တပ်သည် မြန်မာပြည်သူများအပေါ် အကြမ်းဖက်စစ်မက်ပြုလုပ်ခြင်းကို ဆက်လက်အရှိန်အဟုန် မြှင့်တင်လျက်ရှိသည်ကို ၎င်းတို့ အစဉ်တစိုက်ကျူးလွန်လျက်ရှိသော တိုက်ခိုက်မှုများမှတဆင့် အတိအလင်း ပြသနေဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ထောက်ပြ


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်)


၁။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်၊ ပဇီကြီး ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ သတင်း မီဒီယာများသို့ ရှင်းလင်းပြောကြားသည့် အစီအစဉ်ကို နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်၌ ၁၃-၄-၂၀၂၃ ရက် (ကြာသပတေးနေ့)၊ နံနက် (၀၉:၅၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ပြီး၊ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Ms. Barbara Woodward နှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့က ရှင်းလင်းပြောကြားခဲ့ကြပါသည်။


၂။ ဦးစွာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် က ပြီးခဲ့သည့် အင်္ဂါနေ့တွင် မြန်မာစစ်တပ်၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များသည် ပြည်သူများအပေါ် သေကြေပျက်စီးမှု ဆိုးဆိုးရွားရွားဖြစ်ပေါ်စေသည့် တိုက်ခိုက်မှု တစ်ရပ်ကို ကျူးလွန်ခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပဇီကြီးကျေးရွာ၌ ဒေသခံအသိုက်အဝန်း များမှ စုဝေးစဉ် စစ်တပ်၏ တိုက်လေယာဉ်များက ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး၊ အသက်ရှင်ကျန်ရစ်သူများနှင့် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေသူများအား စစ်ရဟတ်ယာဉ်များက ထပ်မံ၍ ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း၊ ယခုအချိန်အထိ သေဆုံးသူ (၁၆၈) ဦး ရှိပြီဖြစ်ကြောင်း၊ စစ်တပ်အနေဖြင့် အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ငြင်းဆန်ခြင်းမရှိဘဲ ယခုလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ၎င်းတို့ ကျူးလွန်သည်ဟု ဝန်ခံခဲ့ကြောင်း၊ ဗြိတိန်နိုင်ငံအနေဖြင့် ကလေးငယ်များနှင့် လက်နက်မဲ့အရပ်သားပြည်သူ များအပေါ် ထိုကဲ့သို့သော သရဲဘောကြောင်စွာ တိုက်ခိုက်ခြင်းအား ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချကြောင်း၊ ယင်းလုပ်ရပ်မှာ အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး ယင်းပြစ်မှုအတွက် မည်သို့မျှ ခုခံချေပနိုင်သည့် အကြောင်းအရင်းခံမရှိကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် ဖော်ပြပါ တိုက်ခိုက်မှုကို ရှုတ်ချကန့်ကွက်ရန်နှင့် လုံခြုံရေးကောင်စီမှ ချမှတ်ထားသည့် ဆုံးဖြတ်ချက်အဆို (၂၆၆၉) အား စစ်တပ်မှ အပြည့်အဝအကောင်အထည်ဖော်ရန် တောင်းဆိုရမည်ဟု ယုံကြည်ကြောင်း၊ သို့ရာတွင် လုံခြုံရေးကောင်စီအနေဖြင့် ထိုသို့လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့်အပေါ် စိုးရိမ်ကြောင်း၊ ဗြိတိန်နိုင်ငံ အနေဖြင့်မူ စစ်တပ်မှ မြန်မာပြည်သူများအပေါ် ဖိနှိပ်ခဲ့သည့် လုပ်ရပ်အားလုံးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် ရရာနည်းလမ်းဖြင့် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စစ်တပ် ခေါင်းဆောင်များနှင့် ၎င်းတို့မှ လက်နက်နှင့် စစ်ရေးကိရိယာတန်ဆာပလာများ ရရှိခြင်းနေကို ပိတ်ဆို့ရန် ပစ်မှတ်ထား၍ စစ်တပ်မှ လူပုဂ္ဂိုလ် (၂၀) ဦး နှင့် အဖွဲ့အစည်း (၂၉) ခုတို့ကို အရေးယူပိတ်ဆို့မှုများ ချမှတ်ထားပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်၍ ၎င်းတို့၏ ဒီမိုကရေစီတောင်းဆိုမှုများကို ထောက်ပံ့ပေးနိုင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


၃။ ထို့နောက် မြန်မာအမြဲတမ်းကိုယ်စားလှယ် က ပြောကြားရာတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-


(က) ၂၀၂၃ ခုနှစ်၊​ ဧပြီလ (၁၁) ရက်နေ့သည် မြန်မာနိုင်ငံအတွက် နောက်ထပ်အမှောင်မိုက်ဆုံးနေ့တစ်နေ့ ဖြစ်ကြောင်း၊


(ခ) ယင်းနေ့တွင် လူမဆန်သော စစ်တပ်သည် ပဇီကြီးကျေးရွာအတွင်းရှိ ပြည်သူများ စုဝေးနေသည့် နေရာအပေါ် လေကြောင်းမှတဆင့် ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် MI-35 စစ်ရဟတ်ယာဉ်ဖြင့် ဝေဟင်မှ စက်သေနတ်ဖြင့် ပစ်ခတ်မှုတို့ကို မဆင်မခြင် အလွန်အကျွံပြုလုပ်ခဲ့ကြောင်း၊

(ဂ) ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ညနေပိုင်းအချိန်တွင်လည်း ဖြစ်စဉ်ဖြစ်ပွားရာနေရာတွင် လိုအပ်သည့် ရှာဖွေမှုများနှင့် အရေးပေါ်ကူညီရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နေစဉ် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကို ထပ်မံပြုလုပ်ခဲ့ကြောင်း၊


(ဃ) လက်ရှိလက်ခံရရှိထားသည့် သတင်းအချက်အလက်များအရ စစ်တပ်၏ အလွန်ရက်စက် ကြမ်းကြုတ်သော လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသူရွာသား (၁၆၈) ဦး အသက်သေဆုံးခဲ့ရကြောင်း၊ (၃၅) ဦးမှာ ကလေးငယ်များဖြစ်ပြီး (၆) လသား ရင်သွေးငယ်ပင်ပါဝင်ကြောင်း၊ အမျိုးသမီး (၂၇) ဦးတို့ ပါဝင်ကြောင်း၊


(င) သေဆုံးသူများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့မှာ ဆိုးရွားစွာ မီးလောင်ပျက်စီးနေသဖြင့် အမြင်ဖြင့် မည်သူမည်ဝါဖြစ်သည်ကို ခွဲခြားရန်ပင် မဖြစ်နိုင်ကြောင်း၊


(စ) စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုမြောက်သည်မှာ သိသာထင်ရှားကြောင်း၊ ယခုတစ်ကြိမ်ဖြစ်စဉ်သည် စစ်တပ်မှ ပထမဦးဆုံးအကြိမ် ပြစ်မှုကျူးလွန်ခြင်း မဟုတ်တော့ကြောင်း၊ ယင်းမှာ လူမဆန်သော အကြမ်းဖက်စစ်တပ်မှ ကျူးလွန်ထားပြီးဖြစ်သည့် မြောက်များစွာသော နိုင်ငံတကာပြစ်မှုများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊


(ဆ) ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း၌ စစ်တပ်မှ ကျူးလွန်ထားသည့် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၅၆) ခုရှိကြောင်း၊ တရားမဝင်စစ်အာဏာသိမ်းရန် ကြိုးပမ်းသည့် အချိန်မှစတင်၍ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၆) ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊


(ဇ) ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းတို့က စစ်တပ်အား အကြမ်းဖက်မှုများရပ်တန့်ရန် ကြိမ်ဖန်များစွာ တောင်းဆိုလျက်ရှိစေကာမူ စစ်တပ်သည် မြန်မာပြည်သူများ အပေါ် အကြမ်းဖက်စစ်မက်ပြုလုပ်ခြင်းကို ဆက်လက်အရှိန်အဟုန် မြှင့်တင်လျက်ရှိသည်ကို ၎င်းတို့ အစဉ်တစိုက်ကျူးလွန်လျက်ရှိသော တိုက်ခိုက်မှုများမှတဆင့် အတိအလင်းပြသနေကြောင်း၊


(ဈ) စစ်တပ်၏ ဤလုပ်ရပ်များသည် မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်မှု အပြီးတိုင်ချုပ်ငြိမ်းရန် တောင်းဆိုထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို ၂၆၆၉ (၂၀၂၂ ခုနှစ်) ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းပင်ဖြစ်ကြောင်း၊


(ည) မိမိတို့အနေဖြင့် ဗြိတိန်နိုင်ငံ သံအမတ်ကြီး Ms. Barbara Woodward နှင့် ၎င်း၏ရုံးအဖွဲ့တို့မှ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ထုတ်ပြန်ချက်အား ထုတ်ပြန်နိုင်ရေးအတွက် အားထုတ် ကြိုးပမ်းပေးသည့် အပေါ် ကျေးဇူးတင်ရှိကြောင်း၊


(ဋ) မိမိအနေဖြင့် မြန်မာပြည်သူများကိုယ်စား နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား မြန်မာပြည်သူများ၏ အသက်အိုးအိမ်များကို ကယ်တင်ပေးရန်၊ စစ်အာဏာရှင်၏ ပြစ်ဒဏ်ခတ်ခြင်း ကင်းလွတ်နေမှုအား အပြီးတိုင်ချုပ်ငြိမ်းရန်နှင့် ဒေသတွင်းမတည်ငြိမ်မှု ပိုမိုဆိုးရွားလာခြင်းမှ ကြိုတင်ကာကွယ်နိုင်မည့် ထိရောက်သော အရေးယူဆောင်ရွက်ချက်များကို ချက်ချင်းဆောင်ရွက်ပေးရန် ထပ်လောင်းတောင်းဆိုလိုကြောင်း။


၄။ ဆက်လက်ပြီး သတင်းထောက်အချို့မှ မေးခွန်းများမေးမြန်းခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် ဗြိတိန်အမြဲတမ်းကိုယ်စားလှယ်တို့က ပြန်လည်ဖြေကြားခဲ့ပါသည်။


၅။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် ပြောကြားချက်အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့




Remarks by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations, on the military junta’s barbaric air attacks on Pazigyi Village at the Media Stakeout


(New York, 13 April 2023)


- 11 April 2023 was another darkest day in Myanmar.


- On that day, the inhumane military junta’s aerial bombings and MI-35 helicopter gunship on villagers at the gathering in Pazigyi Village in an indiscriminate and disproportionate manner.


- The air attack took place again in the evening when the search and emergency activities were at the scene.


- According to the information we received so far, the military’s barbaric air attacks killed 168 villagers. Among them are 35 children as young as 6 month-old baby and 27 women.


- The bodies of some victims were so badly burned and destroyed. Visual identification has not been possible.


- This heinous crime of the military junta clearly constitutes war crimes and crimes against humanity. It is not the first one, and it is one of the many international crimes committed by the inhumane military council.


- There were total of 56 air attacks by the military junta during January to March 2023. And there were 66 massacres committed by the military since the illegal coup.


- These attacks showcase the junta’s escalating terror campaign against the Myanmar people, despite the repeated calls by the international community including the United Nations Security Council.


- It clearly violated the UN Security Council Resolution 2669 (2022) which demands an immediate end to all forms of violence throughout the country.


- We thank Ambassador Woodward and her team for the efforts towards the issuance of a UNSC statement.


- On behalf of the Myanmar people, I again call for the international community especially the UN Security Council to take decisive actions to save lives of the people of Myanmar, to end the military impunity and to prevent further destabilization of the region.


- I thank you.



*****











bottom of page