top of page
  • Writer's pictureMyanmar Mission To UN

Remarks by Ambassador Kyaw Moe Tun at the Presentation of the 2023 UNODC World Drug Report




Remarks by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Presentation of the 2023 UNODC World Drug Report, held on 26 June 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


United Nations Office on Drugs and Crime ၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာ ထုတ်ပြန်သည့် ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမြင့်တက်ခြင်း၊ မက်တာဖက်တမင် ထုတ်လုပ်မှု မြင့်တက်ခြင်း၊ တရားမဝင် မှောင်ခိုမှုများ မြင့်တက်ခြင်းသည် စစ်တပ်၏ မတရားအာဏာသိမ်းမှု၏ ဆိုးဝါးသောအကျိုးဆက်များစွာထဲမှ အချို့ဖြစ်ဟု ထောက်ပြခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်)


၁။ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ United Nations on Drugs and Crime ၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာ (World Drug Report) ထုတ်ပြန်သည့် အခမ်းအနားနှင့် ဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း မှ ပါဝင် တက်ရောက်ဆွေးနွေးခဲ့ပါသည်။


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ အောက်ဖော်ပြပါအဓိကအချက်များကို ဆွေးနွေးပြောကြား ခဲ့ပါသည်-


(က) နိုင်ငံရေး၊ လူမှုရေးအကြပ်အတည်းများအား ကိုင်တွယ်ဖြေရှင်းရာတွင် တားဆီးကာကွယ်ခြင်းထက် ကျူးလွန်မှုပြုပြီးချိန်မှသာ ဖြေရှင်းမှုကို ပြုလုပ်တတ်ကြကြောင်း၊ ပြဿနာရပ်မဖြစ်ပေါ်ခင် တားဆီး ကာကွယ်ခြင်းသည် ဖြစ်ပွားပြီးမှ ဖြေရှင်းခြင်းထက် ပိုမိုအရေးကြီးကြောင်း၊ သို့ဖြစ်ရာ ယနေ့ ၂၀၂၃ ခုနှစ် အတွက် နိုင်ငံတကာဆောင်ပုဒ်ဖြစ်သည့် “မူးယစ်သားကောင်များအပေါ် ခွဲခြားဆက်ဆံခြင်းများကို ရပ်တန့်ပြီး ကာကွယ်ခြင်းအား ပိုမိုမြှင့်တင်ဆောင်ရွက်စေခြင်း” ဆိုသည့်ဆောင်ပုဒ်မှာ သင့်လျော်ပါကြောင်း၊


(ခ) မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု လွန်စွာရှုပ်ထွေးလှသည့် ရွှေတြိဂံဒေသ၏ အစိတ်အပိုင်းတစ်ခုတွင် ပါဝင်နေကြောင်း၊ မြန်မာနိုင်ငံ ရင်ဆိုင် နေရသော စိန်ခေါ်မှုအခက်အခဲများစွာသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက စစ်တပ် မတရားအာဏာသိမ်းမှုကြောင့် ပိုမိုဆိုးရွားစေခဲ့ကြောင်း၊


(ဂ) UNODC ၏ စစ်တမ်းများအရ ၂၀၁၄ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု ကျဆင်းခဲ့သည်ကို တွေ့ရကြောင်း၊ သို့သော်လည်း ၂၀၂၂ ခုနှစ်တွင် ၂၀၂၁ ခုနှစ် ကထက် ၃၃ ရာခိုင်နှုန်း ဘိန်းစိုက်ပျိုးမှု တိုးလာခဲ့ပြီး တရားမဝင် ရောင်းဝယ် ဖောက်ကားမှုများလည်း ပိုမိုကျယ်ပြန့်လာခဲ့ကြောင်း၊ မက်တာဖက်တမင် ထုတ်လုပ်မှုသည်လည်း သိသာစွာ တိုးတက်လာကြောင်း၊


(ဃ) ယင်းသို့ ပြန်လည်မြင့်တက်လာခဲ့ခြင်းသည် ဒေသတွင်းမတည်ငြိမ်မှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု၊ တရားမဝင်လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် အကျင့်ပျက်ခြစားမှုများ ပိုမိုဖြစ်ပေါ်စေသည့်အပြင်၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာများတွင် ဆိုးကျိုးများ သက်ရောက်လာစေခဲ့ကြောင်း၊


(င) မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့်ဆက်နွယ်မှုကို အသိပညာပေးခြင်းမရှိဘဲ မူးယစ်ဆေးဝါး၏ သားကောင်များအပေါ် ခွဲခြားဆက်ဆံမှုကို ရပ်တန့်နိုင်မည် မဟုတ်ကြောင်း၊ ပြည်သူအဓိကဆိုသည့် ဆောင်ပုဒ်အား လိုက်နာဆောင်ရွက်မည်ဆိုပါက ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် ရင်းနှီးမြှပ်နှံရန် လိုအပ်ကြောင်း၊ စစ်တပ်မှ ပြည်သူ့အဆောက်အဦများဖြစ်သော စာသင် ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများအား တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး ပြည်သူ့ဝန်ဆောင်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ကျောင်းဆရာ/မများအား ဖမ်းဆီးထိန်းသိမ်းထားသည့်အတွက် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ၏ ရည်မှန်းချက်များ ပြည့်မီရန် အလှမ်းဝေးကွာခဲ့ကြောင်း၊


(စ) ကာကွယ်ဆေးဝါးရရှိမှု၊ ပြန်လည်ထူထောင်ရေးဝန်ဆောင်မှု၊ ကုသခွင့်အစီအစဉ်များလည်း ပြုလုပ်နိုင်ခြင်းမရှိဘဲ၊ အခြေအနေအများအပြားတွင် စစ်တပ်မှ ပိတ်ပင်မှုများ ပြုလုပ်ထားကြောင်း၊


(ဆ) ဘိန်းစိုက်ပျိုးထုတ်လုပ်မှု မြင့်တက်ခြင်း၊ မက်တာဖက်တမင်ထုတ်လုပ်မှု မြင့်တက်ခြင်း၊ တရားမဝင်မှောင်ခိုမှုများ မြင့်တက်ခြင်းသည် စစ်တပ်၏ မတရားအာဏာသိမ်းမှု၏ ဆိုးဝါးသော အကျိုးဆက်များစွာထဲမှ အချို့ဖြစ်ကြောင်း၊ ပြည်သူတို့၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးမှု အမြန်ဆုံးပြန်လည်ရရှိမှုသည်သာ ဤစိန်ခေါ်မှုများအတွက် ဖြေရှင်းနိုင်မည့်အဖြေဖြစ်ကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Remarks by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations

at the Presentation of the 2023 UNODC World Drug Report


(New York, 26 June 2023)


Madam Moderator,


At the outset, I wish to congratulate the UNODC on launching the 2023 World Drug Report and thank the entire team for their tireless efforts and hard work on the report. I also thank the distinguished speakers for their insightful presentations.


Madam Moderator,


We tend to grapple with political or social crises and respond to them only when they have reached past the point of prevention. Prevention will always take precedence over intervention. Therefore, it is fitting that today’s theme of the UN International Day for 2023 is “People first: stop stigma and discrimination, strengthen prevention”.


Madam Moderator,


As part of the Golden Triangle, Myanmar has been at the center of the complex, multifaceted landscape of illicit drug trafficking. The preexisting challenges and difficulties we faced were exacerbated by the illegal military coup in February 2021. According to the Myanmar Opium Survey by UNODC, the opium poppy cultivation was shifting towards a downward trend since 2014. However, the cultivation grew 33% greater in 2022 than in the previous year, followed by an increased heroin supply and its illicit trafficking in the wider region. And the production of Methamphetamine has also increased significantly.


Cognizant of the push and pull factors, this renewed expansion poses a significant threat to regional stability on multiple fronts, including but not limited to, transnational organized crimes, illicit trafficking, money laundering, corruption, and negative health and societal impacts.


Madam Moderator,


We cannot stop stigma and discrimination on drugs without realizing the nexus of drugs, education and health. We are of the view that the people-first approach requires investments in education and health sectors. Regrettably, the military junta deploys indiscriminate attacks on public infrastructure, including schools, clinics and hospitals and even detains public school teachers and healthcare workers for providing essential services. Access to drug prevention, rehabilitation services and treatment plans has become infeasible, in many cases, the access has been denied by the military.


In conclusion, Madam Moderator, the increase in opium production, methamphetamine, heroin supply and its illicit trafficking are one of the many ramifications of the illegal military coup in Myanmar. The long-term solution, therefore, is clear. It has to be the restoration of democracy and rule of law in line with the aspiration of the people of Myanmar.


I thank you.



*****






bottom of page